Travel

ဇူလိုင်လမှစပြီး နိုင်ငံတကာခရီးသွားများအား စပိန်ကို လာရောက်ခွင့်ပြုမည်

Want create site? Find Free WordPress Themes and plugins.

COVID-19 ကပ်ရောဂါဆိုးရဲ့ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ နိုင်ငံတွေထဲမှာ စပိန်နိုင်ငံလည်း ပါဝင်ပါတယ်။ စပိန်နိုင်ငံမှာ ရောဂါကူးစက်သူပေါင်း ၂၈၂,၄၈၀ ယောက်ရှိခဲ့ပြီး ၂၆,၈၃၇ ယောက် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း စပိန်အစိုးရအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကစပြီး အသွား အလာ ကန့်သတ်ထားခဲ့ပါတယ်။

ဥရောပနိုင်ငံတွေထဲမှာဆိုရင်လည်း စပိန်နိုင်ငံဟာ COVID-19 ကို ထိန်းချုပ်နိုင်ဖို့ အတင်းကျပ်ဆုံး ပိတ်ပင်မှုတွေ ချမှတ်ခဲ့တဲ့ နိုင်ငံစာရင်းထဲ ပါဝင်ခဲ့ပါတယ်။ မေလ ၂၃ ရက်နေ့တုန်းကလည်း စပိန်အစိုးရရဲ့ Lockdown အစီအမံကို လူထောင်ပေါင်းများစွာ ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး နိုင်ငံခေါင်းဆောင်အချို့ကို COVID-19 ကူးစက်မှု ကိုင်တွယ်ရာမှာ ညံ့ဖျင်းတဲ့ အတွက် ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

စပိန်အစိုးရအနေနဲ့ မေလအတွင်း ပိတ်ပင်ကန့်သတ်မှုတွေကို လျှော့ချခဲ့ပေမယ့် မက်ဒရစ်နဲ့ ဘာစီလိုနာမြို့မှာတော့ ကန့်သတ်မှုတွေကို ဆက်လက် ဆောင်ရွက်နေဆဲပါပဲ။ မက်ဒရစ်နဲ့ ဘာစီလိုနာမြို့ဟာ စပိန်နိုင်ငံမှာ COVID-19 ကူးစက်မှုကို အဆိုးရွားဆုံး ခံစားနေရတဲ့ မြို့တွေ ဖြစ်ပါတယ်။

စပိန်အစိုးရကတော့ Lockdown အစီအမံတွေကြောင့် ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး သေဆုံးမှု ပမာဏကိုလည်း လျှာ့ချပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်လအတွင်း စပိန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေက ၁ သန်းနီးပါး ရှိခဲ့ပါတယ်။

စပိန်ဝန်ကြီးချုပ်ဖြစ်သူ Pedro Sa’nchez ကတော့ ဇူလိုင်လက စတင်ပြီး နိုင်ငံခြားသားခရီးသည်တွေ ကို လာရောက်ခွင့်ပြုမယ်လို့ မေလ ၂၅ ရက်နေ့က ကြေညာခဲ့ပါတယ်။ စပိန်အစိုးရအနေနဲ့ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသည်တွေရဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုတွေကိုလည်း တာဝန်ယူသွားမယ်လို့ ပြောကြားထားပါတယ်။

လွန်ခဲ့တဲ့နှစ်တွေကတော့ စပိန်နိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးသွားအရေအတွက်က တနှစ်ကို သန်း ၈၀ ကျော် ရှိခဲ့ပါတယ်။ လာမယ့် ဇူလိုင်ကစပြီး အားလပ်ရက်တွေကို စပိန်နိုင်ငံမှာ ကုန်ဆုံးနိုင်မှာဖြစ်တဲ့အကြောင်း စပိန်ဝန်ကြီးချုပ်က ပြောပါတယ်။

ဥရောပနိုင်ငံတွေအဖို့တော့ မကြာခင် နွေရာသီကာလကို ရောက်လာပါတော့မယ်။ နွေရာသီကာလအတွင်း နိုင်ငံခြားသား ခရီးသည်ပေါင်းများစွာ စပိန်ကမ်းခြေတွေမှာ အပန်းဖြေဖို့ လာရောက်လေ့ ရှိကြပါတယ်။

စပိန်အစိုးရအနေနဲ့ မေလ ၂၅ ရက်နေ့ကစပြီး နိုင်ငံသားတွေကို ကမ်းခြေတွေမှာ အနားယူနိုင်ဖို့ ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။ စပိန်ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒေသအစိုးရတွေအနေနဲ့ လူဦးရေ ကန့်သတ်ဖို့နဲ့ တဦးနဲ့ တဦး အကွာအဝေးတွေကို သတ်မှတ်ပေးထားဖို့ အကြံပြုထားပါတယ်။

Ref: breakingtravelnews, dw

You may also like these stories:

ထိုင်းခရီးသွားလုပ်ငန်းကို ဇူလိုင်လအတွင်း ပြန်စတင်စေချင်

ခရီးသွားတွေ အလာနည်းနေသေးတဲ့ ဘူတန်နိုင်ငံ

ဗီယက်နမ် နိုင်ငံတကာလေကြောင်းလိုင်းများ ဇွန် ၁၀ ရက်နေ့ ပြေးဆွဲရန် အဆိုပြုထား

Did you find apk for android? You can find new Free Android Games and apps.
Loading