ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ပိုင် X ဟာ မှတ်ပုံ မတင်ထားတဲ့ Crypto company ရဲ့ကြော်ငြာကို ခွင့်ပြု ခဲ့တာကြောင့် ဆိုပြီး စပိန်နိုင်ငံ စတော့ စျေးကွက် ကြီးကြပ်ရေး အဖွဲ့ (CNMV) က ဒေါ်လာ ၅ ဒသမ ၈ သန်း (ယူရို ၅ သန်း) ဒဏ်တပ်လိုက်ပါတယ်။
X ဟာ Quantum AI ဆိုတဲ့ trading platform ရဲ့ ကြော်ငြာကို လက်ခံပေးခဲ့တာ ဖြစ်ပြီး အဆိုပါ ပလက်ဖောင်းဟာ CNMV မှာ မှတ်ပုံ တင်ထားခြင်း မရှိသလို Warning list ထဲမှာ ပါဝင်နေကြောင်း ကြာသပတေးနေ့ က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Crypto လိုမျိုး ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေဟာ CNMV မှာ မှတ်ပုံတင်ထားဖို့ လိုပါတယ်။
အခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ X (Twitter အမည်ပြောင်း) ကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ခြင်း မရှိပါဘူး။
ဒဏ်ငွေ အတွက် စပိန် တရားရုံးချုပ်မှာ အယူခံ ဝင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
ရင်းနှီး မြှုပ်နှံသူတွေကို မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် ကာကွယ်ပေးနိုင်ဖို့ အတွက် ၂၀၂၂ ခုနှစ်မှာ CNMV ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
Ref : Reuters













