မြန်မာတွင် ဒီဇင်ဘာလ သို့မဟုတ် လာမည့်နှစ်အစောပိုင်းတွင် ရွေးကောက်ပွဲပုံစံတမျိုးမျိုး လုပ်မည်မှာ သေချာသလောက်ရှိပြီး ထို့ကြောင့် အတိတ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများကို သတိရရန် အရေးကြီးသည်။
စစ်တပ်သည် ရွေးကောက်ပွဲရလဒ်များကို မလေးစားသည့်အကြောင်း ပြည်တွင်းပြည်ပမှ လူများ သိသည်။ ၁၉၇၃ နှင့် ၂၀၀၈ ခုနှစ်များက ဆန္ဒခံယူပွဲများနှင့် ၁၉၈၈ ခုနှစ် မတိုင်မီက တပါတီ အုပ်ချုပ်ရေးအောက်မှ ရွေးကောက်ပွဲများကဲ့သို့ပင် စစ်မှန်ယုံကြည်ရသည့် ရွေးကောက်ပွဲ လုံးဝ မရှိပေ။
ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံး ရွေးကောက်ပွဲများကို ၁၉၄၇ ခုနှစ် ဧပြီလတွင် စနစ်ကျသော ပါလီမန်အတွက် မဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ကျင်းပသည်။ နေရာပေါင်း ၂၅၅ အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံး ရွေးကောက်ပွဲများကို ၁၉၄၇ ခုနှစ် ဧပြီလတွင် စနစ်ကျသော ပါလီမန်အတွက် မဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ကျင်းပသည်။ နေရာပေါင်း ၂၅၅ အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။
နေရာ ၂၁၀ သည် မြန်မာပြည်မအတွက်ဖြစ်ပြီး ၎င်းနေရာများအနက် ၂၄ နေရာသည် ကရင်ပြည်နယ်အတွက်၊ ၄ နေရာသည် အင်ဂလို-ဗမာများအတွက် ဖြစ်သည်။ ကျန် ၄၅ နေရာသည် နယ်စပ်ဒေသများအတွက် ဖြစ်သည်။
လုံခြုံသော ရွေးကောက်ပွဲဝန်းကျင် ဖြစ်စေရန်အတွက် မဲရုံများကို ဖျက်ဆီးရန် ခြိမ်းခြောက်နေသည့် သခင်စိုး၏ အလံနီကွန်မြူနစ် သူပုန်များကို ဗြိတိန်၊ အိန္ဒိယနှင့် မြန်မာတပ်များသည် Operation Flush စစ်ဆင်ရေး ပြုလုပ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ပြည်သူ့ရဲဘော်အဖွဲ့က “ပြည်သူများကို မဲရုံများသို့ ပို့ဆောင်ပေးသည်” ဟု သမိုင်းဆရာ ဟုဂျ် တင်ကာ၏ အဆိုအရ သိရသည်။
သို့တိုင် နိုင်ငံအစိတ်အပိုင်း အများအပြားတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိဘဲ မဲပေးသူ ၄၉.၈ ရာခိုင်နှုန်းသာ ရှိသည်။ ရလဒ်မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) အတွက် နေရာ ၁၇၃ နေရာဖြစ်သည်။ ဖဆပလသည် ထိုစဉ်က အဓိက လွှမ်းမိုးသည့် နိုင်ငံရေးပါတီဖြစ်ပြီး ထိုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လွတ်လပ်ရေးအကြိုကာလ အစိုးရတခုလုံးနီးပါး လုပ်ကြံခံရသည်အထိ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည်။
ထိုစဉ်က မြေပေါ်ပါတီဖြစ်နေသေးသော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အနေဖြင့် ရွေးကောက်ပွဲ မဝင်သော်လည်း အဆင့်နိမ့် အဖွဲ့ဝင် ၇ ဦးသည် တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ခံရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) သည်လည်း ထိုရွေးကောက်ပွဲကို သပိတ်မှောက်သည့်တိုင် ကရင်လူငယ်အဖွဲ့ချုပ် (KYO) အဖွဲ့ဝင် ၁၉ ဦး ရွေးကောက်ခံရသည်။ တိုင်းပြုပြည်ပြုလွှတ်တော်သည် ဇွန်လ ၉ ရက်နေ့တွင် တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲခြင်းကို စတင်ကြီးကြပ်သည်။ ထိုဖွဲ့စည်းပုံကို အတည်ပြုပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးတွင် စတင်သက်ဝင်သည်။
ပါလီမန်ရွေးကောက်ပွဲများကို ၁၉၅၀ ပြည့်နှစ်များတွင် နှစ်ကြိမ်ကျင်းပသည်။ နိုင်ငံရေးနှင့်လူမျိုးစု စစ်ပွဲများ ကျေးလက်ဒေသများတွင် ဖြစ်ပွားနေသောကြောင့် ပထမတကြိမ်ကို ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဧပြီလအထိ လပေါင်းများစွာ ကျင်းပရသည်။
ပါလီမန်ရွေးကောက်ပွဲများကို ၁၉၅၀ ပြည့်နှစ်များတွင် နှစ်ကြိမ်ကျင်းပသည်။ နိုင်ငံရေးနှင့်လူမျိုးစု စစ်ပွဲများ ကျေးလက်ဒေသများတွင် ဖြစ်ပွားနေသောကြောင့် ပထမတကြိမ်ကို ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဧပြီလအထိ လပေါင်းများစွာ ကျင်းပရသည်။
ဗကပသည် ၁၉၄၇ ခုနှစ်၊ မတ်လတွင် တောခိုပြီး လက်နက်ကိုင်တော်လှန်ရေး စတင်ကာ ကရင်နှင့် အခြားလူမျိုးစုများကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသည်။
မဲပေးသူအရေအတွက် အလွန်နည်းပြီး မဲပေးခွင့်ရှိသူ ၈ သန်းအနက် ၁.၅ သန်းခန့် သို့မဟုတ် ၂၀ ရာခိုင်နှုန်းအောက်သာ ပါဝင်ကြသည်။ ပြည်သူ့လွှတ်တော် (Chamber of Deputies) တွင် နေရာ ၂၅၀ ရှိခဲ့သင့်သော်လည်း ၁၁ နေရာကို လစ်လပ်နေရာအဖြစ် စာရင်းသွင်းထားသည်။
ကျန် ၂၃၉ နေရာအနက် ဖဆပလ က ၁၄၇ နေရာနှင့် ၅၂ နေရာကို မဟာမိတ်ပါတီများနှင့် အဖွဲ့အစည်းများက ရသည်။ လက်ဝဲသမားအုပ်စုများ၏ မဟာမိတ် ပြည်သူဒီမိုကရက်တပ်ဦး (PDF) က ၁၉ နေရာရသည်။ လွတ်လပ်သော ရခိုင်ပါလီမန်အုပ်စု (IAPG) က ၆ နေရာရပြီး ၁၅ နေရာကို အမျိုးမျိုးသော ပါတီငယ်များအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များက ရသည်။
၁၉၅၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် လုပ်သည့် နောက်ရွေးကောက်ပွဲများကို ဖဆပလ က လွှမ်းမိုးသည်။ ယခုတကြိမ်တွင် မဲပေးသူအရေအတွက် ပိုမိုမြင့်မားလာပြီး ၄၈ ရာခိုင်နှုန်းရှိကာ ရွေးကောက်ပွဲများကို မဲဆန္ဒနယ် ၂၄၀ တွင်ပြုလုပ်သည်။ ကျန် ၁၀ နေရာကို လုံခြုံရေးအခြေအနေ တိုးတက်လာသောအခါမှ ဆုံးဖြတ်ရန် ချန်ထားခဲ့သည်။
ဖဆပလ က ၁၄၇ နေရာ အနိုင်ရပြီး လက်ဝဲဝါဒီ အမျိုးသားညီညွတ်ရေးတပ်ဦး (NUF) က ၄၈ နေရာနိုင်ကာ ညီညွတ်သော တောင်ပေါ်ပြည်သူများ ကွန်ဂရက် (UHPC) က ၁၄ နေရာရသည်။ ရခိုင်အမျိုးသား ညီညွတ်ရေးအဖွဲ့ချုပ် (ANUO) က ၅ နေရာရသည်။ ကျန်နေရာများကို ပါတီငယ်များက အနိုင်ရပြီး အချို့မှာ ရှမ်းများနှင့် ကချင်များကို ကိုယ်စားပြုသော ပါတီများဖြစ်သည်။

သို့သော် ထိုကိစ္စတွင် ဖဆပလသည် ၁၉၅၁-၅၂ ကကဲ့သို့ မဟာမိတ်ပါတီများနှင့် အဖွဲ့များကို များများ စုစည်းနိုင်ခြင်း မရှိသောကြောင့် ၎င်း၏ မှတ်သားစရာ အကောင်းဆုံး ကျဆုံးမှုဖြစ်သည်။
ထိုအချိန်များတွင် သူပုန်များကို အများအားဖြင့် ထိန်းချုပ်ထားနိုင်သော်လည်း နိုင်ငံရေးဖရိုဖရဲ အခြေအနေကြောင့် ဝန်ကြီးချုပ် ဦးနု ဇွန်လတွင် နုတ်ထွက်ရပြီး အာဏာကို သူ့လက်ထောက် ဦးဗဆွေသို့ လွှဲပေးရသည်။ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဦးနု ဝန်ကြီးချုပ်ရာထူး ပြန်ယူပြီးသော်လည်း ဖဆပလတွင် ကြီးမားသော အကွဲအပြဲဖြစ်သည်။
ဦးဗဆွေနှင့် သူ့လုပ်ဖော်ကိုင်ဖက် ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းသည် “တည်မြဲ ဖဆပလ” အမည်ဖြင့် ခွဲထွက်ပြီး ဦးနုအုပ်စုသည် “သန့်ရှင်း ဖဆပလ” ဖြစ်လာသည်။
၁၉၅၈ ခုနှစ်၊ အောက်တိုဘာလသို့ ရောက်သောအခါ အခြေအနေသည် ထိန်းသိမ်းမရအောင် ဖြစ်လာပြီး ဗိုလ်ချုပ်နေဝင်း ကြားဝင်ကာ အိမ်စောင့်အစိုးရကို ထူထောင်စေသည်။ ရွေးကောက်ပွဲသစ် ကျင်းပနိုင်ပြီးသည်အထိသာ အုပ်ချုပ်မည်ဟု အိမ်စောင့်အစိုးရက ကတိပြုပြီး စစ်တပ်သည် ထိုကတိကို အမှန်တကယ် လိုက်နာခဲ့သည်။
၁၉၆၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်ထောင်စုပါတီဟု အမည်ပြောင်းထားသည့် ဦးနု၏ “သန့်ရှင်း ဖဆပလ” တောင်ပြိုကမ်းပြိုနိုင်ကာ နေရာ ၂၅၀ အနက် ၁၅၈ နေရာတွင် အနိုင်ရသည်။ “တည်မြဲ ဖဆပလ” သည် နေရာ ၄၁ နေရာသာ ရသည်။
၁၉၆၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်ထောင်စုပါတီဟု အမည်ပြောင်းထားသည့် ဦးနု၏ “သန့်ရှင်း ဖဆပလ” တောင်ပြိုကမ်းပြိုနိုင်ကာ နေရာ ၂၅၀ အနက် ၁၅၈ နေရာတွင် အနိုင်ရသည်။ “တည်မြဲ ဖဆပလ” သည် နေရာ ၄၁ နေရာသာ ရသည်။
လက်ဝဲဝါဒီ အမျိုးသားညီညွတ်ရေးတပ်ဦး (NUF) သည် ၃ နေရာအထိ ကျဆင်းသွားသည်။ ကျန်နေရာများကို တိုင်းရင်းသားနှင့် ပါတီငယ်များက ရသည်။ မဲပေးသူအရေအတွက် ၆၀ ရာခိုင်နှုန်းရှိပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။
ထို့နောက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်လာသည်။ ဗိုလ်နေဝင်းနှင့်စစ်တပ်က အာဏာသိမ်းပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ ထိပ်တန်းနိုင်ငံရေးသမား အားလုံးကို ဖမ်းသည်။ ဗဟိုချုပ်ကိုင်သည့် စစ်အာဏာရှင်စနစ်က မြန်မာ၏ ထိခိုက်လွယ် ဖက်ဒရယ်ဒီမိုကရေစီကို အစားထိုးလိုက်သည်။
ယခုတကြိမ်တွင်မူ စစ်တပ်သည် မည်သည့် အရပ်သားနိုင်ငံရေးသမားကိုမှ အာဏာလွှဲမပေးတော့ပေ။ တော်လှန်ရေးကောင်စီဟု အမည်ပေးထားသည့် စစ်အုပ်စုက ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံသစ် ချမှတ်ပြီး စစ်တပ်က ခေါင်းဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တခုတည်းကသာ ကိုယ်စားလှယ်လောင်းများ တင်သွင်းသည့် တပါတီနိုင်ငံ ထူထောင်သည်အထိ အုပ်ချုပ်သည်။ ရွေးကောက်ပွဲများသည် အပေါ်ယံ ဟန်ပြသာဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို မပြဋ္ဌာန်းမီ ဆန္ဒခံယူပွဲကို ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသည်။ ထောက်ခံမဲနှင့် ကန့်ကွက်မဲ မဲပုံး နှစ်ခုကို ကန့်လန့်ကာနောက်တွင် ဝှက်ထားပြီး မဲရုံထောင့် နှစ်ခုတွင် ချထားသည်။ ထိုကန့်လန့်ကာနှင့် ကြမ်းပြင်သည် ၁၅ မှ ၂၀ စင်တီမီတာအထိ လွတ်နေသောကြောင့် ပြည်သူများ မည်သို့မဲပေးသည်ကို အရာရှိများ အလွယ်တကူ သိနိုင်သည်။
သို့သော် မဲပေးသူအချို့သည် ကန့်ကွက်မဲပေးနိုင်ကြသည့်တိုင် အာဏာပိုင်များက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ၉၀.၁၉ ရာခိုင်နှုန်းက ထောက်ခံသည်ဟု ကြေညာသည်။
၁၉၇၄ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်သူ့လွှတ်တော်ပုံစံသစ် နေရာ ၄၅၁ နေရာလုံးကို မဆလပါတီက အလိုအလျောက်နိုင်ပြီး မဲပေးသူအရေအတွက် ၉၄.၆၁ ရာခိုင်နှုန်းရှိသည်ဟု တရားဝင်ကြေညာသည်။
၁၉၇၄ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်သူ့လွှတ်တော်ပုံစံသစ် နေရာ ၄၅၁ နေရာလုံးကို မဆလပါတီက အလိုအလျောက်နိုင်ပြီး မဲပေးသူအရေအတွက် ၉၄.၆၁ ရာခိုင်နှုန်းရှိသည်ဟု တရားဝင်ကြေညာသည်။
ကိုယ်စားလှယ်အဖွဲ့ဝင်အရေအတွက် အတက်အကျရှိနေသောကြောင့် မဆလပါတီသည် ၁၉၇၈ ခုနှစ်တွင် ၄၆၄ နေရာ၊ ၁၉၈၁ ခုနှစ်တွင် ၄၇၅ နေရာနှင့် ၁၉၈၅ ခုနှစ်တွင် ၄၈၉ နေရာရသည်။ ရွေးကောက်ပွဲများကို မဆလ အစိုးရ မထိန်းချုပ်ဘဲ အမျိုးမျိုးသော နိုင်ငံရေးနှင့်လူမျိုးစုသူပုန်များ ထိန်းချုပ်ထားသည့်နေရာတွင်ပင် ကျင်းပသည်ဟု ဆိုသည်။
အရပ်ဘက် ဝတ်စုံဝတ် စစ်အရာရှိများနှင့် မဆလ အုပ်ချုပ်ရေးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင် အဆုံးသတ်သွားသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဟုခေါ်သည့် စစ်အုပ်စုသစ် ဖွဲ့စည်းသည်။
သို့သော် အများအပြားကို အံ့သြစေသည်မှာ တပါတီစနစ်ကို ဖျက်သိမ်းလိုက်ပြီး ထိုစဉ်က စစ်အုပ်စုခေါင်းဆောင် စောမောင်က “လွတ်လပ်ပြီး တရားမျှတသော” ရွေးကောက်ပွဲဟု သူခေါ်သည့် ရွေးကောက်ပွဲကို ကျင်းပရန် ကတိပြုသည်။
မဆလကို စစ်တပ်လိုလားသည့်အဖွဲ့အစည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အဖြစ် ပြောင်းလဲလိုက်သည်။ ဗိုလ်ချုပ်များသည် ထိုပါတီ၏ အရေးပါမှုနှင့် လူထုထောက်ခံမှုကို ပိုတွက်ခဲ့ခြင်း ဖြစ်နိုင်သည်။
နဝတ ပြန်ကြားရေးအရာရှိတဦးဖြစ်သူ ဦးရဲထွဋ်က ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလတွင် စာရေးသူအား “NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကို ကျယ်ပြန့်တဲ့ လူထုထောက်ခံမှု ရှိတယ်လို့ ခင်ဗျားတို့ နိုင်ငံခြားသားတွေက ယူဆတယ်။ မြို့ပြတွေမှာ သူတို့ကို ထောက်ခံသူတချို့ ရှိကောင်း ရှိပေမဲ့ ကျေးလက်ဒေသတွေမှာ ပြည်သူက ကျနော်တို့ကိုပဲ ထောက်ခံတယ်” ဟု ပြောခဲ့ကြောင်း ပြန်လည်သတိရမိသည်။
NLD ကို ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သော်လည်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီက မြန်မာနိုင်ငံ ခံစားခဲ့သော ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် အဓိက အင်အားစု မကြာမီ ဖြစ်လာသည်။
၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲများကို ကျင်းပပြီး မဲပေးသူအရေအတွက် ၇၃ ရာခိုင်နှုန်းရှိကာ NLD တောင်ပြိုကမ်းပြို အနိုင်ရသည်။ ပြည်သူ့လွှတ်တော်နေရာ ၄၈၅ နေရာအနက် မြို့ပြတွင်သာမက ကျေးလက်တွင်ပါ ၃၉၂ နေရာ အနိုင်ရသည်။
၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲများကို ကျင်းပပြီး မဲပေးသူအရေအတွက် ၇၃ ရာခိုင်နှုန်းရှိကာ NLD တောင်ပြိုကမ်းပြို အနိုင်ရသည်။ ပြည်သူ့လွှတ်တော်နေရာ ၄၈၅ နေရာအနက် မြို့ပြတွင်သာမက ကျေးလက်တွင်ပါ ၃၉၂ နေရာ အနိုင်ရသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ၂၃ နေရာ အနိုင်ရပြီး ဒုတိယနေရာတွင်ရှိကာ မွန်ဒီမိုကရက်တစ်တပ်ဦးက ၅ နေရာနှင့် အမျိုးမျိုးသော ပါတီများ၊ တသီးပုဂ္ဂလိကများက ၅၅ နေရာ အနိုင်ရသည်။
စစ်တပ်ကျောထောက်နောက်ခံပြု တစညပါတီသည် ၁၀ နေရာမျှဖြင့် နိဂုံးချုပ်သွားသည်။ ထိုပါတီသည် လူထုမဲ ၂၀ ရာခိုင်နှုန်းကျော် အနိုင်ရသည်ဟု စောဒက တက်ကောင်းတက်နိုင်သော်လည်း နိုင်သူအကုန်ယူစနစ်အောက်တွင် ထိုပါတီသည် အထိနာသွားပြီး စစ်တပ်သည် လုံးဝသစ်လွင်သည့် နိုင်ငံရေးစင်မြင့်တခု ဖန်တီးရသည်။
၁၉၉၃ ခုနှစ်တွင် ထိုစင်မြင့်သည် ပြည်ထောင်စုကြံ့ခိုင်ရေးအသင်း (USDA) ဖြစ်လာပြီး ၂၀၁၀ ပြည့်နှစ်တွင် ယနေ့ မိမိတို့သိကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်လာသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် “တလွဲပါတီ” အနိုင်ရသောကြောင့် စည်းမျဉ်းများကို ပြောင်းလဲရန် လိုအပ်လာသည်။ ရွေးကောက်ပွဲအပြီး နှစ်လအကြာ ဇူလိုင်လ ၂၇ ရက်နေ့တွင် နဝတသည် ကြေညာချက် ၁/၉၀ ကို ထုတ်ပြန်ပြီး စစ်အုပ်စုတွင်သာ ဥပဒေပြုခွင့်အာဏာရှိကြောင်းနှင့်ပြည်သူက ရွေးကောက်သည့် ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော်အတွက် ဖွဲ့စည်းပုံသစ်ရေးဆွဲရန်သာ တာဝန်ရှိကြောင်း ကြေညာသည်။

ထိုကြေညာချက် ထွက်ပြီး ရက်ပိုင်းအတွင်း လျှို့ဝှက်ရဲ ဆန်သော စစ်ထောက်လှမ်းရေးသည် ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ်များကို အကြီးအကျယ် စစ်ဆင်ရေး ပြုလုပ်သည်။ ထိုနှစ်ကုန်သောအခါ ၆၅ ဦး ဖမ်းဆီးခံရပြီး တဒါဇင် နီးပါးသည် အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ ထွက်ပြေးသည်။ အများအပြားက ဆန္ဒအလျောက် နုတ်ထွက်ကြသည်။
ထို့ကြောင့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကို မည်သည့်အခါကမှ မခေါ်ယူခဲ့ပေ။ ထိုအစား ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၈၅ ဦးအနက် ၁၀၀ ခန့်၊ ရွေးကောက်ခံ မဟုတ်ဘဲ စစ်တပ်က စိတ်တိုင်းကျ ရွေးချယ်ထားသည့် အခြားသူ ၆၀၀ ခန့်နှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန် အမျိုးသားညီလာခံ တက်ရသည်။
မျှော်လင့်ထားသည့်အတိုင်း မဲပေးသူအရေအတွက် လုံးဝ လိမ်လည်သည်။ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု အမည်ပြောင်းထားသည့် စစ်အုပ်စုက ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို မဲဆန္ဒရှင် ၉၄.၂ ရာခိုင်နှုန်းက ထောက်ခံပြီး ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်ဟု ဆိုသောနေရာများတွင် မဲပေးခွင့်ရှိသူ ၉၉ ရာခိုင်နှုန်း လာရောက်သည်ဟု ကြေညာသည်။
နောင် ၁၈ နှစ် ကြာသည့် ၂၀၀၈ ခုနှစ်၊ ဧပြီလရောက်သည့်အခါမှသာ ထိုလုပ်ငန်းပြီးစီးပြီး ဆန္ဒခံယူပွဲ ကျင်းပခြင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း မဲပေးသူအရေအတွက် လုံးဝ လိမ်လည်သည်။ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု အမည်ပြောင်းထားသည့် စစ်အုပ်စုက ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို မဲဆန္ဒရှင် ၉၄.၂ ရာခိုင်နှုန်းက ထောက်ခံပြီး ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်ဟု ဆိုသောနေရာများတွင် မဲပေးခွင့်ရှိသူ ၉၉ ရာခိုင်နှုန်း လာရောက်သည်ဟု ကြေညာသည်။
အချို့ မဲဆန္ဒနယ်များတွင် ၁၀၀ ရာခိုင်နှုန်းထက် ကျော်သူများက ထောက်ခံမဲပေးသည်ဟုပင် ဆိုသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အယုံအကြည်ရှိစေရန် ထိုစကားကို ပြင်ဆင်ပြောရသည်။
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ထိုရွေးကောက်ပွဲကိုလည်း မဲလိမ်သည်ဟု လေ့လာစောင့်ကြည့်သူ အားလုံးက သဘောတူခဲ့သည်။ မဲပေးခွင့်ရှိသူ ၇၇ ရာခိုင်နှုန်း မဲပေးသည်ဟုဆိုပြီး USDP က တောင်ပြိုကမ်းပြိုနိုင်ကာ ပါလီမန်သစ်၏ အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်လုံးတွင် ခိုင်မာသော လူများစု အနေအထားရသည်။
ထို့ပြင် ထိုလွှတ်တော် နှစ်ရပ်လုံးတွင် စစ်တပ်က နေရာအားလုံး၏ ၂၅ ရာခိုင်နှုန်းကိုလည်း ရယူထားသည်။ USDP သည် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နေရာ ၃၃၀ အနက် ၂၅၉ နေရာတွင် အနိုင်ရပြီး အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နေရာ ၂၂၄ နေရာအနက် ၁၆၈ နေရာတွင် အနိုင်ရသည်။
စစ်တပ်က အောက်လွှတ်တော်သို့ ကိုယ်စားလှယ် ၁၁၀ နှင့် အထက်လွှတ်တော်သို့ ကိုယ်စားလှယ် ၄၆ ဦး ခန့်သည်။ တစည က အောက်လွှတ်တော် ၁၂ နေရာနှင့် အထက်လွှတ်တော် ၅ နေရာတွင် အနိုင်ရပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က အောက်လွှတ်တော်နေရာ ၁၈ နေရာနှင့် အထက်လွှတ်တော်နေရာ ၃ နေရာ အနိုင်ရပြီး ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) က အောက်လွှတ်တော် ၉ နေရာနှင့် အထက်လွှတ်တော် ၇ နေရာတွင် အနိုင်ရသည်။
၁၉၇၀ ပြည့်နှစ်များကကဲ့သို့ပင် စစ်ဝတ်စုံကို အရပ်ဝတ်စုံဖြင့် အစားထိုးထားသည့် စစ်အရာရှိများ အဓိကပါဝင်သော အရပ်သားအစိုးရသစ်ကို ဖွဲ့စည်းသည်။ သမ္မတသစ် ဦးသိန်းစိန်သည် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး ယခင်က စစ်အုပ်စု ခန့်အပ်သည့် နအဖ အတွင်းရေးမှူးနှင့် ဝန်ကြီးချုပ်အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ လုပ်ခဲ့သူဖြစ်သည်။
သို့သော် ဦးသိန်းစိန် အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် NLD အပါအဝင် နိုင်ငံရေးပါတီများ ပွင့်ပွင့်လင်းလင်း လှုပ်ရှားရန် ခွင့်ပြုခဲ့သည်။ စာနယ်ဇင်း ဆင်ဆာတည်းဖြတ်မှုကို ရုတ်သိမ်းပြီး လူထုအခြေပြု အဖွဲ့အစည်းသစ်များကို ဖွဲ့စည်းစေခဲ့သည်။
ဦးသိန်းစိန်အစိုးရသည် “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်” ကိုလည်း စတင်ခဲ့ပြီး ထိုမှတဆင့် နိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အစိုးရသစ်၊ စစ်တပ်တို့နှင့် ဆွေးနွေးရန် ဖိတ်ခေါ်သည်။ ထိုကိစ္စများအားလုံးက ဦးသိန်းစိန်သည် “ဗမာ ဂေါ်ဘာချက်ဗ်” ဖြစ်သည်၊ နိုင်ငံသည် “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” ကို ဖြတ်သန်းနေသည်ဆိုသည့်အမြင်များ ဖြစ်စေခဲ့သည်။
ဦးသိန်းစိန်အစိုးရသည် “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်” ကိုလည်း စတင်ခဲ့ပြီး ထိုမှတဆင့် နိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အစိုးရသစ်၊ စစ်တပ်တို့နှင့် ဆွေးနွေးရန် ဖိတ်ခေါ်သည်။ ထိုကိစ္စများအားလုံးက ဦးသိန်းစိန်သည် “ဗမာ ဂေါ်ဘာချက်ဗ်” ဖြစ်သည်၊ နိုင်ငံသည် “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” ကို ဖြတ်သန်းနေသည်ဆိုသည့်အမြင်များ ဖြစ်စေခဲ့သည်။
ထိုအမြင်သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် NLD ပါဝင်ပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ကျင်းပသည့် ၃၃၀ နေရာအနက် ၂၅၈ နေရာနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ကျင်းပသည့် နေရာ ၁၆၈ နေရာအနက် ၁၃၈ နေရာတွင် တောင်ပြိုကမ်းပြို အနိုင်ရသောအခါ ပိုမို ခိုင်မာလာစေသည်။
USDP သည် ပြည်သူ့လွှတ်တော် နေရာ ၂၆ ခုနှင့် အမျိုးသားလွှတ်တော် ၁၁ နေရာတွင် အနိုင်ရသည်။ ပြည်သူ့လွှတ်တော်အတွက် မဲပေးခွင့်ရှိသူ ၆၉.၇၂ ရာခိုင်နှုန်းနှင့် အမျိုးသားလွှတ်တော်အတွက် မဲပေးခွင့်ရသူ ၆၉.၈၂ ရာခိုင်နှုန်း မဲပေးသည်ဟု ဆိုသည်။
SNLD သည် ပြည်သူ့လွှတ်တော်တွင် ၁၅ နေရာ အနိုင်ရပြီး အမျိုးသားလွှတ်တော်တွင် ၂ နေရာ အနိုင်ရကာ ၂၄ နေရာသည် အခြားနိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလက အနိုင်ရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နှင့် NLD ကို အစိုးရဖွဲ့ခွင့်ပေးသော်လည်း သူ၏ သား နှစ်ဦးသည် မြန်မာနိုင်ငံသားများ မဟုတ်သောကြောင့် သမ္မတဖြစ်ခွင့် မရှိပေ။
ယခုတကြိမ်တွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့်ကိစ္စသည် ဂေါ်ဘာချက်ဗ် ပြောသည့် စနစ်ဟောင်းကို ပြန်လည်ပြုပြင်ခြင်း “ပယ်ရက်စထရိုက်ကာ” မရှိဘဲ တံခါးဖွင့်ခြင်း “ဂလပ်စနော့” ဖြစ်သည့်ကိစ္စဖြစ်သည်။
တံခါးဖွင့်ပြီး လွတ်လပ်ခွင့်ပြုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ် အထွတ်အထိပ်ရောက်သည့် အခြေခံအာဏာစနစ်ကို အရာမယွင်း ထိန်းထားပေးသည်။
စစ်အုပ်စုသည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို ထိန်းချုပ်ထားရုံသာမက အရေးအပါဆုံး ဝန်ကြီး သုံးဦး ခန့်အပ်ခွင့်လည်း ပေးသည်။ ကာကွယ်ရေး၊ ရဲနှင့်ပြည်တွင်း လုံခြုံရေးကို တာဝန်ယူသည့် ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများဖြစ်ပြီး စစ်ဝတ်စုံဝတ်များကို နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်မှ တိုင်းရင်းသားအုပ်စုများနှင့် ဆက်ဆံရေးကို လုံးဝ ထိန်းချုပ်နိုင်စေသည်။
စစ်အုပ်စုသည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို ထိန်းချုပ်ထားရုံသာမက အရေးအပါဆုံး ဝန်ကြီး သုံးဦး ခန့်အပ်ခွင့်လည်း ပေးသည်။ ကာကွယ်ရေး၊ ရဲနှင့်ပြည်တွင်း လုံခြုံရေးကို တာဝန်ယူသည့် ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများဖြစ်ပြီး စစ်ဝတ်စုံဝတ်များကို နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်မှ တိုင်းရင်းသားအုပ်စုများနှင့် ဆက်ဆံရေးကို လုံးဝ ထိန်းချုပ်နိုင်စေသည်။
အရေးပါသော မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးမဆိုကို လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၁ ပုံကျော်က ထောက်ခံမည်ဖြစ်ပြီး ထိုဖြစ်ဖွယ်မရှိသည့် ဖြစ်ရပ်ဖြစ်လာပါက ဆန္ဒခံယူပွဲလုပ်ရန် လိုအပ်မည်ဖြစ်သည်။
တံခါးဖွင့်ရန် ဗိုလ်ချုပ်များ၏ ဆုံးဖြတ်ချက်အတွက် အကြောင်းရင်းသည် ထင်ရှားသည်။ နိုင်ငံတွင် နဝတနှင့် ဆက်ခံသူ နအဖသည် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ၊ သပိတ်မှောက်မှုများကြောင့် တရုတ်နိုင်ငံကို လွန်စွာမှီခိုနေရသည်။ ထိုမှီခိုမှုကို ချိန်ခွင်လျှာညှိရန်နှင့် ကျန်တကမ္ဘာလုံးနှင့် ဆက်ဆံရေး တိုးတက်ရန် အလျှော့ပေးမှုအချို့ လုပ်ရန်လိုသည်။ ထိုကိစ္စသည် အလုပ်ဖြစ်သည်။ မြန်မာသည် နိုင်ငံတကာအပယ်ခံဘဝမှ အနောက်နိုင်ငံများ၏ အချစ်တော် ညတွင်းချင်း ဖြစ်လာသည်။

သို့သော် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ဒုတိယ အောင်ပွဲသည် စစ်တပ်က လက်ခံနိုင်သည်ထက် ကျော်လွန်နေပြီး နိုင်ငံတကာနှင့် ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်သူများက ထိုရွေးကောက်ပွဲသည် မှားယွင်းမှုအချို့ ရှိသော်လည်း အများအားဖြင့် လွတ်လပ်မျှတသည်ဟု ပြောသည်။
ဗိုလ်ချုပ်များသည် မဲစာရင်းမှားယွင်းမှုအကြောင်း စတင်ပြောဆိုလာသည်။ NLD ဒုတိယအကြိမ် အစိုးရဖွဲ့စည်းမည့်အချိန် စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကြားဝင်စွက်ဖက်ပြီး အာဏာသိမ်းကာ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့တခုလုံးကို ဖမ်းဆီးသည်။
ထို့နောက် ဖြစ်ခဲ့သည်များကို သေချာ မှတ်တမ်းတင်ထားသည်။ မြန်မာသည် ဆယ်စုနှစ်များစွာကြာသည့် ပြည်တွင်းစစ် ခေတ်သစ်သို့ ရောက်လာသည်။ လက်နက်ကိုင် ဗမာလူမျိုးစုအုပ်စုများနှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် စစ်အုပ်စုသစ် အာဏာသိမ်း စစ်ကောင်စီ (စကစ) ကို တိုက်ခိုက်ကြပြီး ယခင် မကြုံဖူးသလောက်ဖြစ်သော အကြမ်းဖက်မှုများ တနိုင်ငံလုံးတွင် ဖြစ်ပွားသည်။
ယခုအခါ “စစ်ကော်မရှင်” ဟု အမည်ပြောင်းထားသည့် စစ်အုပ်စုသည် လွတ်လပ်မျှတသည့်ရွေးကောက်ပွဲ ကျင်းပပေးမည်၊ ထိုရွေးကောက်ပွဲများ လွတ်လပ်မျှတပါက ရလဒ်များကို လေးစားလိုက်နာမည် ဆိုသည်ကို သွက်သွက်ခါအောင် ရူးသွပ်နေသူများသာ လက်ခံမည်ဖြစ်သည်။
ယခုအခါ “စစ်ကော်မရှင်” ဟု အမည်ပြောင်းထားသည့် စစ်အုပ်စုသည် လွတ်လပ်မျှတသည့်ရွေးကောက်ပွဲ ကျင်းပပေးမည်၊ ထိုရွေးကောက်ပွဲများ လွတ်လပ်မျှတပါက ရလဒ်များကို လေးစားလိုက်နာမည် ဆိုသည်ကို သွက်သွက်ခါအောင် ရူးသွပ်နေသူများသာ လက်ခံမည်ဖြစ်သည်။
NLD ကို ဖျက်သိမ်းထားပြီး ယခုတကြိမ်တွင် စစ်တပ်သည် USDP က ကစားပွဲတွင် တခုတည်းသောပါတီ ဖြစ်စေရန် ပြုလုပ်ထားသည်။
သို့သော် ထိုရလဒ်ကို နိုင်ငံတကာ အသိုက်အဝန်းက လက်ခံမည်လား။ မြန်မာ၏ အနီးကပ် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သည် ထိုရလဒ်ကို လက်ခံမည်မှာ သေချာသည်။ တရုတ်နိုင်ငံသည် မြန်မာတွင် လွှမ်းမိုးသည့် အနေအထားကို ထိန်းသိမ်းထားလိုပြီး အိန္ဒိယသည် နေပြည်တော်မှ အာဏာပိုင်များနှင့် ပိုမိုနီးကပ်စေခြင်းဖြင့် တန်ပြန်လိုသည်။
ဘင်္ဂလားဒေ့ရှ်အတွက် လက်တွေ့ကျသော နိုင်ငံရေးရှိသည်။ နယ်စပ်၏ ၎င်းတို့ဘက်ခြမ်းတွင် အားအင်ချိနဲ့နေသည့် ရိုဟင်ဂျာ မွတ်ဆလင်ဒုက္ခသည် ၁ သန်းကျော်ကို ပြန်လည်ပို့ဆောင်ရန် နည်းလမ်းရှာနေပြီး ထိုကိစ္စသည် နေပြည်တော်နှင့် ညှိနှိုင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည့်ကိစ္စဖြစ်သည်။
မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံရေး ယခင်မူများကို အကဲဖြတ်ရပါက ဂျပန်၊ အာဆီယံနိုင်ငံများနှင့် သြစတြေးလျသည်ပင် ထိုကိစ္စသည် “မှန်ကန်သောလမ်းကြောင်း” ဟု စောဒကတက်နိုင်သည်။ နော်ဝေနှင့် ဆွစ်ဇာလန်ကဲ့သို့ နိုင်ငံများသည် ၎င်းတို့ “ကြားဝင်စေ့စပ်နိုင်သည်” ဟု ထင်နိုင်သည်။
သို့သော် မြန်မာဗိုလ်ချုပ်များသည် မည်သည့်အခါမှ ထိုသို့သော ပြင်ပလူများ၏ စကားကို နားမထောင်ဘဲ တန်ဖိုးမည်မျှ ပေးဆပ်ရသည်ဖြစ်စေ အာဏာဆက်လက် တည်မြဲရေးကိုသာ လုပ်ဆောင်မည်ဖြစ်သည်။
ထိုကိစ္စသည် မြန်မာ ဒီမိုကရေစီအင်အားစုများ ရင်ဆိုင်နေရသည့် ဝမ်းနည်းစရာ ပကတိအခြေအနေဖြစ်သည်။ စစ်မှန်သော အပြောင်းအလဲသည် အာဏာသိမ်း စစ်အုပ်စုအတွင်းမှ လာခဲ့ရမည်ဖြစ်ပြီး ကြိုမြင်နိုင်သော အနာဂတ်တွင် ထိုသို့ဖြစ်ရန် လွန်စွာ ဖြစ်နိုင်ဖွယ် မရှိပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ A Look Back at Myanmar’s Checkered Election History ကို ဘာသာပြန်သည်။)
You may also like these stories:
ရွေးကောက်ပွဲအောင်မြင်ရင်လည်း စစ်အာဏာရှင်စနစ် ဆက်ရှင်သန်နေဦးမှာပဲ (ရုပ်/သံ)
ကပ်ရောဂါကို အန်တုပြီး မဲပေးခဲ့ကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲ (ရုပ်/သံ)
ရွေးကောက်ပွဲအတုမှာ ဗိုလ်ချုပ်တွေ၊ စစ်ဝန်ကြီးတွေ ရှေ့ဆုံးက ဝင်ပါ
ရွေးကောက်ပွဲမဲဆွယ်မှု ကြံ့ခိုင်ရေးပါတီကိုသာ တွေ့နေရ
စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်
ရွေးကောက်ပွဲ စောင့်ကြည့်သူ ASEAN စေလွှတ်မည် မဟုတ်
စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တိုင်းရင်းသားတွေပြော (ရုပ်/သံ)














