• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ငလျင်လှုပ်ပြီး ၂ လအကြာ မန္တလေးရှိ ယာယီစခန်းများ မေလကုန်အပြီး ပိတ်ခိုင်း

by ဧရာဝတီ
28 May 2025
in သတင်းတို
A A
ငလျင်လှုပ်ပြီး ၂ လအကြာ မန္တလေးရှိ ယာယီစခန်းများ မေလကုန်အပြီး ပိတ်ခိုင်း

မန္တလေးမှ ငလျင်ရှောင် ယာယီစခန်းများ/ ဧရာဝတီ

2k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ရှိ စာသင်ကျောင်း၊ အားကစားကွင်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများတွင် ခိုလှုံနေသော ငလျင်ဘေးသင့် ပြည်သူ များအား မေလကုန်အပြီး ဖယ်ရှားပေးရန် စစ်ကောင်စီမှ အသိပေးလာသောကြောင့် နေအိမ် ပြိုကျ ပျက်စီးသူများ နေထိုင်ရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း မြို့ခံများထံက သိရသည်။

သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ အသိပေး အကြောင်းကြားခဲ့ခြင်းဖြစ်ကာ ငလျင်ဘေးသင့်များအနေဖြင့် မိမိအစီအစဉ်ဖြင့် ရွှေ့ပြောင်းရမည် ဖြစ်သလို နေထိုင်ရေးအခက်အခဲများ ရှိပါက အစိုးရအဖွဲ့ စီစဉ်ပေးသည့်နေရာများသို့ ရွှေ့ပြောင်းနေထိုင်နိုင်ကြောင်း သိရသည်။

“ ကျမတို့အိမ်တွေက တကယ်ကို နေလို့မရဘူးဆိုရင် သူတို့ ထားတဲ့နေရာမှာ နေနိုင်မယ်ဆိုရင် လိုက်နေကြပါပေါ့၊ ယာယီတဲတွေလည်း စီစဉ်ပေးထားတယ်၊ ထောက်ပံ့ကြေးတွေ အလှူတွေ လာရင်လည်း ပေးမယ်၊ လိုက်နေကြပါလို့တော့ ပြောတယ်၊ ဘယ်နေရာမှာ လိုက်နေရမယ်ဆိုတာတော့ ထည့်ပြောမသွားဘူး၊ အဲဒါကြောင့်ကျမတို့လည်း ကိုယ့်အိမ်ရှေ့မှာပဲ ဖြစ်သလိုနေမယ်ဆိုပြီး ပြန်ခဲ့ကြတာ”ဟု ချမ်းအေးသာစံ မဂ်လာဈေးဟောင်း မီးလောင်ပြင်ကွင်းမှ ရွှေ့ပြောင်းခဲ့သူတဦးက ပြောသည်။

မန္တလေးမြို့တွင် ငလျင်ဘေးသင့်ယာယီစခန်းများအဖြစ် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် အောင်သုခဘုန်းကြီးကျောင်း၊ မန္တလေးတောင်ခြေ စူဠာမုနိဘုရားအနီး၊ စိန်ပန်းကျောင်း တိုက်၊ စိန်ပန်းဝါဆိုကျောင်း၊ အသောကရာမကျောင်းတိုက်၊ ဗထူးအားကစားကွင်း၊ မန္တလာသီရိအားကစားကွင်း၊ လမ်း ၆၀၊ ၁၄ လမ်း ယာယီတဲများအပြင် စာသင်ကျောင်းများတွင်လည်း ဖွင့်လှစ်ပေးထားသလို လက်ရှိအချိန်၌ စာသင်ကျောင်းများ အတွင်း ဖွင့်လှစ်ထားသည့် ငလျင်ဘေးသင့် ယာယီစခန်းများအားလုံး ပိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမရပူရရှိ တောင်သမန်အင်းစောင်း မယ်ဇယ်တန်းတွင်လည်း ငလျင်ဘေးသင့်ယာယီစခန်း ဖွင့်လှစ်ထားသလို လမ်းမများဘေး၌ ယာယီတဲထိုးနေထိုင်သူများလည်းရှိကြောင်း သိရသည်။

“အမရပူရထဲက စာသင်ကျောင်းထဲကစခန်းတွေကတော့ အကုန်လုံးနီးပါး ရွှေ့ပြီးသွားပြီ၊ မယ်ဇယ်တန်းဘက်ပဲ ကျန်နေတာ ရှိတယ်၊ Camp တွေမှာ နေကြတာက တချို့က အလှူငွေ အလှူပစ္စည်းလေးတွေ ရဖို့ နေကြတာမျိုး ရှိတယ်၊ တချို့ကျတော့ လည်း ဘေးဝန်းကျင်က တိုက်တွေ ပြိုမှာ စိုးလို့ ယာယီစခန်းမှာနေကြတာမျိုးတွေ ရှိတယ်၊ ဖယ်ခိုင်းပြီဆိုတော့ အိမ်ပြန်ပြီး နေလို့မရသေးတဲ့သူတွေကတော့ တော်တော်ဒုက္ခများနေကြတယ်”ဟု အမရပူရမြို့မှ ငလျင်ဘေးကူညီပေးနေသူတဦးက ပြောသည်။

ငလျင်ကြောင့် နေအိမ်အပျက်အစီးများကို အမရပူရမြို့နယ်အတွင်း တွေ့ရစဉ်/ ဧရာဝတီ

ငလျင်ဘေးသင့် ယာယီစခန်းများမှ ရွှေ့ပြောင်းခိုင်းမှုကြောင့် အချို့မှာ အိမ်၊ တိုက်ခန်းများ ငှားရမ်းနေထိုင်ကြရသလို အချို့မှာ ဆွေမျိုးနေအိမ်များ၊ ကွင်းပြင်ကျယ်နေရာများ၌ ယာယီရွက်ဖျင်တဲများထိုး၍ နေထိုင်ကြပြီး တချို့ ရပ်ကွက်အတွင်း အဆောက်အအုံကြီးများနှင့် လွတ်ကင်းသည့်လမ်းပေါ် ပြောင်းရွှေ့နေထိုင်သူများလည်း ရှိကြောင်း သိရသည်။

“ ခရိုင်မှူးဆိုတဲ့သူ ကိုယ်တိုင် ဆင်းလာပြီးတော့ ကိုယ့်နေရာမှာ နေလို့ရရင် နေကြပါ၊ ဘယ်လိုမှ နေလို့မရဘူးဆိုရင်လည်း သူတို့ စီစဉ်ပေးတဲ့နေရာမှာ နေနိုင်မယ်ဆိုရင် လိုက်နေကြပါဆိုပြီး ကောင်းကောင်းမွန်မွန်ပဲ ပြောပါတယ်၊ ဘယ်သူမှ လိုက် မနေကြဘဲ ရပ်ကွက်ထဲမှာပဲ ဖြစ်သလို ပြန်နေ နေကြတယ်”ဟု ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင် ရပ်ကွက်နေသူတဦး က ပြောသည်။

လက်ရှိအချိန်ထိ အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား အများစုမှာ ပြိုကျပျက်စီးမှုများကို ဖြိုဖျက်ရှင်းလင်းရေးများ မလုပ်ဆောင်နိုင်သေးသလို ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအကူအညီများလည်း လိုအပ်နေကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအစီအစဉ်ဖြင့် ရတနာပုံရေကူးကန်ကွင်းအတွင်း၌ သံဖရိန်များဖြင့် ယာယီနေအိမ်များ ဆောက်လုပ်ပေးထားမှုအပါအဝင် ငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်း ၄ ခုထိရှိကြောင်း၊ အဆိုပါစခန်း များ၌ အမှန်တကယ်နေအိမ်ပြိုပျက်ပြီး နေထိုင်ရေးအခက်အခဲရှိသူများကိုသာ လက်ခံပေးကြောင်း သိရသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
135
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.2k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
889

You may also like these stories:

မန္တလေးစည်ပင်ကြောင့် ငလျင်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးမှ အိမ်အများစု ငွေကြေးအခက်အခဲကြောင့် မရှင်းလင်းနိုင်

ငလျင်သင့် ပြိုကျပျက်စီးအိမ်များပါ မီတာခ ဆောင်ခိုင်း

Your Thoughts …
Tags: ငလျင်ပိတ်သိမ်းမန္တလေးယာယီစခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

by အောင်သူရ
12 April 2025
14.7k

ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ လမ်းများ၊ ဆေးရုံများ စစ်တပ်အဆောက်အဦ များစွာ ပျက်စီးသွားခဲ့သည်။

Next Post
ကျောက်ခေတ်အခြေခံ လစာနဲ့ မိုးပျံနေတဲ့ ကုန်စျေးနှုန်း (ရုပ်/သံ)

ကျောက်ခေတ်အခြေခံ လစာနဲ့ မိုးပျံနေတဲ့ ကုန်စျေးနှုန်း (ရုပ်/သံ)

ပဲခူးရိုးမအစပ်က စစ်ကောင်စီစခန်း ချေမှုန်းခံရ (ရုပ်/သံ)

ပဲခူးရိုးမအစပ်က စစ်ကောင်စီစခန်း ချေမှုန်းခံရ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved