• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးစည်ပင်ကြောင့် ငလျင်သင့်အိမ်များပြင်ရန် အခက်ကြုံ

by ဧရာဝတီ
15 May 2025
in သတင်း
A A
မန္တလေးစည်ပင်ကြောင့် ငလျင်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးရှိ ငလျင်ဒဏ်သင့်သော နေအိမ်များ ဖြိုဖျက်နေစဉ်/ဧရာဝတီ

3.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ငလျင်သင့်အိမ်များ ပြုပြင်ပါက အင်ဂျင်နီယာတို့၏ ထောက်ခံချက်ပါမှ ပြင်ရမည်ဟု ကန့်သတ်လိုက်သဖြင့် မြို့ခံများ အခက်တွေ့နေသည်။

မေ ၁၀ရက်က ထုတ်ပြန်ချက်၌ စည်ပင်သာယာရေးကော်မတီ ဧရိယာ ၆ မြို့နယ်အတွင်း လိမ္မော်ရောင်အဆင့်၊ အနီရောင် အဆင့် သတ်မှတ်ခံရသည့် အဆောက်အအုံပိုင်ရှင်များ ပြန်လည်ပြင်ဆင်လိုပါက PE၊ RSE လိုင်စင်ရ အင်ဂျင်နီယာ များ၏ ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Method Statement နှင့်အတူ အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ပြန်လည်လျှောက် ထားရန်ပါရှိသည်။

ချမ်းမြသာစည်မြို့နယ်နေသူတဦးက “ကျနော့် ၂ ထပ်ခွဲတိုက်က မပြိုပေမယ့် တိုင်တွေ နည်းနည်းထိတယ်။ အင်ဂျင်နီယာနဲ့ ဆောက်ခဲ့တာဆိုတော့ သူတို့ပဲ လာစစ်ပေးပြီး ပြင်လို့ရတယ် ဆိုလို့ပြင်နေတာ တချို့ဟာတွေ ပြီးနေပြီ။ အဲဒါကို စည်ပင်က လာပြီး တားလို့ ရပ်ထားရတယ်၊ သူတို့လာတားသွားတာ ၁၀ ရက်ကျော်ပြီ အခုထိ ဘယ်သူမှ လာမစစ်ကြဘူး။ ငလျင်က လှုပ်နေဆဲဆိုတော့ ညဆိုရင် အိမ်ရှေ့လမ်းမပေါ်မှာပဲ ထွက်အိပ်နေရတာ။ စစ်ဆေးမယ်ဆိုပြီး လာလည်း မစစ်ပေး ပြင်တော့လည်း မပြင်ရနဲ့ဆိုတော့ နေဖို့အတွက် တော်တော်အခက်အခဲဖြစ်နေတယ်” ဟု ပြောသည်။

မန္တလေး စည်ပင်ကမူ မတ်လ ၂၉ ရက်ကတည်းက ယာဉ်၊ စက်၊ ယန္တရား၊ ဝန်ထမ်းအင်အားသုံး၍ ရှင်းလင်းရေးနှင့် ပြန် လည်ထူထောင်ရေးကို ယာဉ်၊ စက်၊ ယန္တရား၊ ဝန်ထမ်းအင်အားဖြင့် လုပ်ဆောင်နေကြောင်း၊ လုံးဝပြိုကျသည့် အဆောက် အဦ ၄၀၀၀ နီးပါးရှိပြီး အမြန်ဆုံးနှင့် အန္တရာယ် အကင်းဆုံးဖြစ်အောင် ရှင်းလင်းမှုကို အချိန်ယူဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတဦးက “အိမ်ပိုင်ရှင်တွေကိုလည်း သက်ဆိုင်ရာမြို့နယ် အလိုက်အသိပေး စာတွေ ပို့ထားပါတယ်၊ အားလုံးကို လမ်းညွှန်ချက်တွေအညီ လုပ်ဆောင်နေတာပါ။ ငလျင်လှုပ်ပြီးတဲ့ အချိန်ကနေ ဒီနေ့ အထိ အပြိုအပျက် ရှင်းလင်းတာတွေကို စက်ယန္တရား ယာဉ် လူအင်အားနဲ့ လုပ်ပေးနေတယ်၊ အဓိကတော့ ဆောက်လက် စတွေပေါ့၊ အကယ်၍ ပင်မတိုင်တွေ ပျက်စီးနေတယ်ဆိုရင် ဆက်ပြီး ဆောက်ခွင့်မပြုဘဲ သတ်မှတ်ချက်တွေ နဲ့ အညီ ပြန်ဆောက်ရမယ်၊ အခုက ပြန်လည်ထူထောင်ရေးတွေ စနစ်တကျဖြစ်စေဖို့အတွက်ပါပဲ” ဟု ပြောသည်။

သို့သော် မန္တလေးစည်ပင်သာယာရေးကော်မတီမှ အဆောက်အဦအပေါ် အဆင့်သတ်မှတ်ချက် စစ်ဆေးခြင်း၊ တိမ်းစောင်း နေ၍ အန္တရာယ်ကြောင့် ဖြိုဖျက်ပြင်ဆင်ရန် လျှောက်ထားခြင်းတို့အား အချိန်တိုအတွင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသလို ငွေကြေးပေးဆောင်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်းစိစစ်ပေးနေမှုက စံချိန်စံညွှန်းသုံးသပ်ချက် မပါဘဲ လူနေထိုင်မှု ရ မရကိုသာ အဓိက စစ်ပေးနေခြင်းဖြစ်သည်။

မန္တလေးရှိ ငလျင်ဒဏ်သင့်သော နေအိမ်များ ဖြိုဖျက်နေစဉ်/ဧရာဝတီ

ထိုသို့ စည်ပင်သာယာရေးကော်မတီသို့ နေအိမ်ပြုပြင်ရန် တင်ပြပါက အချိန်ကာလ မည်မျှကြာမှ ခွင့်ပြုပေးမည်ကို မသိ၍ အိမ်ပြုပြင်ဆောက်လုပ်ရာတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်လာမည်ကို မြို့ခံများ စိုးရိမ်နေသည်။

မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူတဦးက “အချို့အိမ်တွေဆိုရင် တံခါးအလုံပိတ်ပြီး ပြင်နေတာမျိုးတွေ ရှိတယ်။ လက် သမားတို့ ပန်းရံတို့ခေါ်ပြီး မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ပြင်နေကြတာမျိုးတွေပေါ့၊ အဲဒီလိုပြင်တာတွေမှာ အုတ်ဖောက်စက် ကျောက်စက်တွေပါသုံးကြတော့ နေရင်းထိုင်ရင်း ကိုယ့်အိမ်တွေပါ တုန်ခါပြီး ငလျင်လှုပ်သလို ခံစားရတယ်” ဟု ပြော သည်။

ထိုသို့ ပြင်ဆင်ရာတွင် ပတ်ဝန်းကျင်အိမ်များ၏ တိုင်တန်းမှုများကြောင့် ဖြိုချခြင်း၊ ပြင်ဆင်ခြင်းများ ရပ်နားရမှုများ ရှိသလို အချို့နေရာများ၌ အုပ်ချုပ်ရေးအဖွဲ့များထံသို့ ခံဝန်ထိုးရသည်အထိ ဖြစ်နေသည်။

မန္တလေး စည်ပင်သာယာ၏ ထုတ်ပြန်ချက်တွင် ငလျင်ဒဏ်သင့်အဆောက်အဦများ ဖြိုဖျက်ပြီးပါက အကာအရံဖြင့် အမြင်တင့်တယ်စွာထားရှိမည်ဟုလည်း အသိပေးခြင်း များ ပြုလုပ်ထားသလို လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူမည်ဟု ဆိုထားသည်။

စစ်ခေါင်းဆောင်က ငလျင်ပြန်လည်ထူထောင်ရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှတဆင့် မန္တလေးတိုင်းအတွက် ငွေကျပ် ၆၀ ဘီလီယံ လက်ဝယ်ပေးအပ်ခဲ့သည်ဟုဆိုသော်လည်း မြေပြင်တွင် အစိုးရအစီအစဉ်ဖြင့် ငွေကြေးကူညီမှု မရောက်သေးကြောင်း ငလျင်ဘေးသင့်သူများက ဆိုသည်။

အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားအများစုမှာ အိမ်ဆောက်ပစ္စည်းဈေးနှုန်းမြင့်များခြင်းနှင့် လက်သမားခ ဈေးမြင့် ခြင်း၊ အလုပ်သမား ငှားရမ်းရခက်ခဲခြင်း အစရှိသည်တို့ကြောင့် ဖြိုဖျက်ရှင်းလင်းရေးများ မလုပ်ဆောင်နိုင် သေးသလို ပြန် လည်ထူထောင်ရေးအတွက်လည်း ငွေကြေးအကူအညီများ လိုအပ်နေကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်နေသူများက ဆိုသည်။

ထို့အတူ မန္တလေးမြို့တွင် မေ ၁၃ မှစ၍ ဘိလပ်မြေတအိတ် ကျပ်နှစ်သောင်းနှုန်းဖြင့် ရောင်းချပေးသည်ဟု ထုတ်ပြန်ထားရာ အဆိုပါ ဈေးဖြင့်ဝယ်ယူနိုင်ရန် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ပေး သည့်ဆိုင်များသို့ သွားရောက် ဝယ်ယူရမည်ဖြစ်ကြောင်း၊ ထိုသို့ ရောင်းချပေးမှုများမှာ ပြိုပျက် အဆောက်အဦများအတွက် မပါဝင်သေးဘဲ လူနေထိုင်ရန် သင့်တော်သည့်အဆောက်အဦများ ပြင်ဆင်နိုင်ရေး ရပ်/ကျေး အဆင့်မှ မြို့နယ်အဆင့်သို့ စာရင်းတင်ပြထားသူများကိုသာ လိုအပ်ချက်အတိုင်းအတာဖြင့် ရောင်းချပေးမည်ဟု သိရသည်။

ငလျင်ကြောင့် မေ ၁ ရက် ညနေ ၆ နာရီထိ သေဆုံးသူ ၃၈၃၅ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၀၅ ဦးရှိပြီး လူနေအိမ် ၆ သောင်းကျော်၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၅၄၇၄ ကျောင်း၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဆေးရုံဆေးခန်း ၅၇၆ ခန်း၊ တံတား ၁၇၂ စင်း၊ ဘုရားစေတီပုထိုးပေါင်း ၅,၆၂၀ ဆူ ပြိုကျပျက်စီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

You may also like these stories:

စစ်ကိုင်းငလျင်က စစ်ကောင်စီ အရှိုက်ကို ထိုးလိုက်သည်

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
3
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
3
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
14

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

အပူပေါ်အပူဆင့်တဲ့ ငလျင်သင့်မန္တလေး

Your Thoughts …
Tags: ငလျင်ဘေးသင့်နေအိမ်စည်ပင်သာယာယာမန္တလေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

Next Post
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved