• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

လက်ထပ်အပြီး ၁၆ နှစ်ကြာမှ မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့ မင်းသား Wu Chun

by မစ်ကီ
11 June 2020
in Entertainment
A A
မင်းသား Wu Chun တို့ မင်္ဂလာပွဲ

မင်းသား Wu Chun တို့ မင်္ဂလာပွဲ

16k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာတော့ ထိုင်ဝမ်အမျိုးသားအဆိုတော်အဖွဲ့ Fahrenheit မှ အဖွဲ့ဝင်ဟောင်း Wu Chun ဟာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘရူနိုင်းနိုင်ငံမှာ မင်္ဂလာပွဲ အခမ်းအနားကို ဆင်နွှဲခဲ့ပြီး “Before Wedding” အစီအစဉ်အနေနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။

အသက် ၄၀ အရွယ်မင်းသား Wu ဟာ ၂၀၀၄ ခုနှစ်တုန်းက ဇနီးဖြစ်သူ Lin Liying ကို လက်ထပ်ခဲ့ချိန်မှာ မင်္ဂလာပွဲ မလုပ်ခဲ့ရဘူးလို့ အဲ့ဒီ အစီအစဉ်အစပိုင်းမှာ ပြောကြားခဲ့ပါတယ်။ မင်္ဂလာပွဲမှာ သူဟာ လက်ထပ် ကတိကဝတ်စကားကို နောက်ထပ်တကြိမ် ပြောဆိုခဲ့ပြီး လွန်ခဲ့တဲ့ ၂၄ နှစ်၊ သူတို့နှစ်ဦး စတင်တွဲခဲ့ချိန်ကစလို့ သူ့ဘေးနားမှာ ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ထပ်လက်စွပ်နဲ့ အတူ ဒူးထောက်ပြီး နောက်တကြိမ် ချစ်ခွင့်ပန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ပြီးတော့ နှစ်ပေါင်း ၁ သောင်းအထိ ချစ်ပါ့မယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ဇနီး Lin က သူ့ရဲ့ ချစ်ခွင့်ပန်မှုကို မျက်ရည်တွေနဲ့ လက်ခံခဲ့ပါတယ်။

ဒါ့အပြင် မင်းသားနဲ့ ဇနီးတို့ဟာ တူညီတဲ့ ဆေးရုံတခုမှာ ၅ နာရီစီခြားပြီး မွေးဖွားခဲ့ကြတယ်ဆိုတာကို သိနိုင်တဲ့ မွေးစာရင်းကိုလည်း မြင်တွေ့ခွင့်ရခဲ့ကြပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲအခမ်းအနားမှာ အသက် ၉ နှစ်အရွယ် သမီးလေး Xinyi က ပန်းကြဲခဲ့တာကိုလည်း တွေ့ရပါတယ်။

သူတို့နှစ်ဦးရဲ့ သားလေး Max ကတော့ အသက် ၆ နှစ်ရှိနေပြီဖြစ်ပါတယ်။ မင်းသား Wu က Weibo လူမှုကွန်ရက်မှာ သူ့မင်္ဂလာပွဲက ဓာတ်ပုံတွေကို ဝေမျှခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်နေချိန်မှာ လက်ထပ်ပွဲကို ကျင်းပနိုင်အောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ ထုတ်လုပ်ရေး အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၀၄ ခုနှစ်တုန်းက သူလက်ထပ်လိုက်ပြီဖြစ်ကြောင်း မင်းသား Wu ရဲ့ ပြောကြားချက်ကြောင့် သူ့ရဲ့ ပရိသတ်တွေကြားမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ သူဟာ ၂၀၀၉ ခုနှစ်ကတည်းက လက်ထပ်ခဲ့ပြီးဖြစ်တယ်လို့် ပြန်လည်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၁၃ ခုနှစ်တုန်းက မီဒီယာတခုရဲ့ အမေးကို ပြန်လည်ဖြေကြားရာမှာတော့ သူလက်ထပ်ခဲ့တဲ့ခုနှစ်ကို မမှတ်မိတဲ့အကြောင်း ပြန်လည်ရှင်းလင်းခဲ့ပြီး အဲ့ဒီကိစ္စအကြောင်း ပရိသတ်ရှေ့မှာ ဝန်ခံရမှာ အရမ်းရှက်မိတယ်လို့ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

ဒါ့အပြင် ကလေးတွေရဲ့ မွေးနေ့ကို သူတို့နှစ်ဦးရဲ့ မွေးနေ့နဲ့ ချိန်ညှိဖို့ ဇနီးကို ခွဲစိတ်ရက်ကို လိုချင်တဲ့ရက် အတိအကျ ဖြစ်အောင် အတင်းအကျပ် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ငြင်းဆိုခဲ့ပါတယ်။ သမီးလေးဖြစ်တဲ့ Xinyi ဟာ မင်းသား Wu ရဲ့ မွေးနေ့ ဖြစ်တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ သားလေးဖြစ်တဲ့ Max ဟာ ဇနီး Lin ရဲ့ မွေးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့ကြတာဖြစ်ပါတယ်။

Ref: straitstimes

You may also like these stories:

HBO Max ကနေ “Gone with the Wind” ရုပ်ရှင် ဖယ်ရှားခံရ

လိင်ပြောင်းအမျိုးသမီးတွေဟာလည်း အမျိုးသမီးတွေပဲလို့ Daniel Radcliffe ပြော

အသားဖြူဝင်းအောင် ပြုလုပ်မှုကို ထောက်ခံတဲ့ ဘောလိဝုဒ် အနုပညာရှင်များ ဝေဖန်ခံရ

Your Thoughts …
Tags: Wu Chunမင်္ဂလာပွဲ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်္ဂလာစကား ပြောသူ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ဖွဲ့တွေ ယူတာကို သိပ်သဘောမကျသလို ဖြစ်နေကြောင်း သိရသည် / Cheery Zahau Facebook မှ

“စိန်စီသောည”ကို အမှတ်ရစေခဲ့တဲ့ နေပြည်တော်က “ထိန်ရီသောည”

by ထက်နိုင်ဇော်
8 January 2018
69k

ဦးဝင်းထိန်ရဲ့ သားဖြစ်သူ မင်္ဂလာပွဲကို အကြောင်းပြုပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုမှုတွေ ပွက်ပွက်ညံသွားတယ်။

သရုပ်ဆောင် စည်ဖြိုးတို့ စုံတွဲ  /  Si Phyo's Facebook

မင်္ဂလာလက်မှတ် ရေးထိုးလိုက်ပြီဖြစ်တဲ့ သရုပ်ဆောင် စည်ဖြိုးတို့ စုံတွဲ

by ယုဖြူဟန်
5 November 2020
11.2k

အသိသက်သေများအဖြစ် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)တို့ ဇနီးမောင်နှံနဲ့ အကယ်ဒမီ မင်းမော်ကွန်းတို့ဇနီးမောင်နှံတို့က လက်မှတ် ရေးထိုးပေးခဲ့ကြပါတယ်။

၂၀၂၀ အတွင်း ရွှေလက်တွဲခဲ့ကြတဲ့ အနုပညာရှင်များ

၂၀၂၀ ကိုဗစ်ကာလအတွင်း ရွှေလက်တွဲခဲ့ကြတဲ့ အနုပညာရှင်များ

by ယုဖြူဟန်
31 December 2020
18.1k

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူ နှစ်ဦးကတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က နှစ်ဖက်မိဘများရှေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အင်္ဂပူမြို့အဝင် ဆိုင်းဘုတ် / ဧရာဝတီ

အင်္ဂပူ၌ မင်္ဂလာပွဲကျင်းပသည့် သတို့သားနှင့် သတို့သမီးဖခင်တို့ တရားစွဲခံရ

by ဆလိုင်းသန့်စင်
9 April 2020
10.9k

သတို့သမီး၏ ဖခင်ဖြစ်သူ ဦးမြင့်ရွှေနှင့် သတို့သား ကိုဇင်မင်းစိုးတို့အား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းလှိုင်က သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) ဖြင့် အင်္ဂပူမြို့နယ်၊ မဲဇလီနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့

အိန္ဒိယအချမ်းသာဆုံးသူဌေးကြီးရဲ့ သမီးရဲ့ မင်္ဂလာပွဲ

ဒေါ်လာသန်း ၁၀၀ အကုန်အကျခံ ကျင်းပခဲ့တဲ့ အိန္ဒိယအချမ်းသာဆုံးသူဌေးကြီးရဲ့သမီး မင်္ဂလာပွဲ

by မစ်ကီ
13 December 2018
11.7k

သတို့သမီးရဲ့ အကြိုက်နှစ်သက်ဆုံး အဆိုတော် ဘီယွန်းစေးရဲ့ ဖျော်ဖြေပွဲ တခုအပါအဝင် သဲကန္တာရ အတွင်းမှာ ရှိတဲ့ ရာဂျစ်စတန်ပြည်နယ်က Udaipur မြို့ရဲ့ နန်းတော်တခုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် စည်ဖြိုးတို့စုံတွဲ / နိုင်ငံကြီးသား ရုပ်ရှင် Facebook Page

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတဲ့အချိန် မင်္ဂလာပွဲကို ချက်ချင်း စီစဉ်မှာပါ”လို့ စည်ဖြိုး ပြော

by ယုဖြူဟန်
26 August 2019
21.1k

ဘဝအတွက် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိသွားပြီပေါ့။ သူများသားသမီးကို တာဝန်ယူဖို့ အတွက်။ အဲဒါဆိုရင်တော့ ချက်ချင်းကောက် လုပ်ဖြစ်မှာပါ”လို့ စည်ဖြိုးက ပြောပါတယ်။

Next Post
နာမည်ကျော် Zara အမှတ်တံဆိပ် ဖက်ရှင်ဆိုင်

ကမ္ဘာတဝှမ်းရှိ Zara ဆိုင်ခွဲပေါင်း ၁၂၀၀ ကျော်ကို ပိတ်သိမ်းမည်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ်  / မင်းအောင်ခိုင် / ဧရာဝတီ

ပုဏ္ဏားကျွန်းတွင် AA က တပ်အရာရှိ ၁ ဦးကို သတ်ပြီး ၁ ဦး ဖမ်းဆီးသွား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved