• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

၂၀၂၀ ကိုဗစ်ကာလအတွင်း ရွှေလက်တွဲခဲ့ကြတဲ့ အနုပညာရှင်များ

by ယုဖြူဟန်
31 December 2020
in Entertainment
A A
၂၀၂၀ အတွင်း ရွှေလက်တွဲခဲ့ကြတဲ့ အနုပညာရှင်များ

၂၀၂၀ အတွင်း ရွှေလက်တွဲခဲ့ကြတဲ့ အနုပညာရှင်များ

18.1k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလဟာ လူတိုင်းအတွက် အရာရာ ခက်ခဲခဲ့တဲ့ ကာလဖြစ်သလို ပွဲလမ်းသဘင်များလည်း ကြီးကြီးမားမား ကျင်းပလို့ မရခဲ့ပါဘူး။ ဒီကြားထဲမှာမှ ၂၀၂၀ ၊ ကိုဗစ်ကာလအတွင်း လက်ထပ်ပြီး ရွှေလက်တွဲသွားကြတဲ့ အနုပညာရှင် စုံတွဲများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အဆိုတော် အိမ့်ချစ်တို့ စုံတွဲ

အဆိုတော် အိမ့်ချစ်ကတော့ ဖေဖော်ဝါရီလအတွင်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို သွားလည်စဉ် သူ့ချစ်သူရဲ့ လက်ထပ်ခွင့် တောင်းခံခဲ့ရပြီး ဇွန်လ ၆ ရက်နေ့က နှစ်ဖက်မိဘများရှေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

မင်္ဂလာပွဲကိုတော့ ကိုဗစ်အခြေအနေကြောင့် မကျင်းပရသေးဘဲ လာမယ့် ၂၀၂၁ မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အိမ့်ချစ်ရဲ့ လက်တွဲဖော်ကတော့ အနုပညာလောကထဲက မဟုတ်ပါဘူး။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
139
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

(၂) အဆိုတော် နေဝင်း + အိမ့်ချစ်ချော

Snare အဖွဲ့က အဆိုတော် နေဝင်းနဲ့ Travel Blogger အိမ့်ချစ်ချောတို့ စုံတွဲကတော့ နှစ်ပေါင်းများစွာ တွဲလာတဲ့ စုံတွဲတတွဲဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ New Year ညမှာ လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ပွဲလုပ်လို့ မရတာကြောင့် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီး လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ထပ်ခဲ့တဲ့အချိန်မှာတော့ သူတို့ နှစ်ဦးရဲ့ ချစ်သူသက်တမ်းဟာ ၁၁ နှစ်ရှိပြီ ဖြစ်ပါတယ်။

(၃) သရုပ်ဆောင် စည်ဖြိုး + ခင်လွှမ်း

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူ နှစ်ဦးကတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က နှစ်ဖက်မိဘများရှေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

လက်မထပ်ခင် အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ စည်ဖြိုးဟာ သူ့ရဲ့ချစ်သူ မိန်းကလေးမှာ ကိုယ်ဝန် လွယ်ထားရကြောင်း အသိပေးခဲ့ပြီး မိဘများကလည်း သဘောတူ ကြည်ဖြူမှုဖြင့် လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

(၄) သရုပ်ဆောင် ဘုန်းလျှံ + မေသင်းမောင်

သရုပ်ဆောင် ဘုန်းလျှံနဲ့ မေသင်းမောင်တို့ စုံတွဲကတော့ နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ကိုဗစ် အခြေအနေကြောင့် မင်္ဂလာပွဲနဲ့ မင်္ဂလာဆွမ်းကျွေး ကိစ္စရပ်များတော့ မပြုလုပ်ခဲ့ပါဘူး။ ဘုန်းလျှံရဲ့ လက်တွဲဖော်ဟာလည်း အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်ပါဘူး။

(၅) အဆိုတော် နိုင်းဝမ်းတို့ စုံတွဲ

အဆိုတော် နိုင်းဝမ်းနဲ့ သူ့ရဲ့ချစ်သူတို့ဟာ ဒီဇင်ဘာလ ၉ ရက်နေ့ (အမျိုးသားနေ့) မှာ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ကြပါတယ်။ မင်္ဂလာလက်မှတ် ရေးထိုးတဲ့အချိန်မှာတော့ နိုင်းဝမ်းရဲ့မိဘများက မန္တလေးမြို့မှာ နေထိုင်တဲ့အတွက် ကိုဗစ်ကာလ ခရီးသွားခွင့် မရှိတာကြောင့် မတက်ရောက်နိုင်ခဲ့ကြပါဘူး။ နိုင်းဝမ်းရဲ့ ချစ်သူကတော့ လေယာဉ်မယ်တဦး ဖြစ်ပါတယ်။

(၆) အဆိုတော် အမွန်းတို့ စုံတွဲ

အဆိုတော် အမွန်းကတော့ ပြင်သစ်နိုင်ငံသားချစ်သူနဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလက ကချင်ရိုးရာယဉ်ကျေးမှုများအတိုင်း စေ့စပ်ခဲ့ကြပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ လက်ထပ်တဲ့အချိန်မှာတော့ အမွန်းတို့ချစ်သူ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅နှစ်ရှိပြီ ဖြစ်ပါတယ်။ အမွန်းရဲ့ လက်တွဲဖော်ဟာ နိုင်ငံခြားသားတဦး ဖြစ်တာကြောင့် ဝေဖန်မှုများစွာလည်း ရှိခဲ့ပါတယ်။

(၇) သရုပ်ဆောင် အောင်မြင့်မြတ် + အိမီမီကို

“ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားမှာ “ကိုသိန်းစိုး” လို့ လူသိများတဲ့ သရုပ်ဆောင် အောင်မြင့်မြတ်နဲ့ သူ့ချစ်သူ အိမီမီကိုတို့ဟာလည်း ဒီဇင်ဘာလ ၂၀ ရက်နေ့က ရင်းနှီးတဲ့ မိတ်ဆွေတချို့နဲ့အတူ မင်္ဂလာဦးဆွမ်းကျွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အောင်မြင့်မြတ်ရဲ့ချစ်သူကတော့ Special Effect Makeup Artist တဦး ဖြစ်ပါတယ်။

You may also like these stories:

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၁ ခုနှစ်အတွက် အနုပညာရှင်များရဲ့ နှစ်သစ်ဆုတောင်း

၂၀၂၀ ပြည့်နှစ်အတွက် အလှဆုံး မျက်နှာ ၁၀၀ စာရင်းမှာ ခင်ဝင့်ဝါ ပါဝင်

Your Thoughts …
Tags: ၂၀၂၀ကိုဗစ်ကာလမင်္ဂလာပွဲအနုပညာရှင်အိ့မ်ချစ်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

by Will Jackson
27 September 2025
6.3k

နိုင်ငံသားဖြစ်ခွင့်သည် စစ်အုပ်စု၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

by ဧရာဝတီ
2 November 2025
2.3k

ရွေးကောက်ပွဲနှင့်ပတ်သက်သော ကြွေးကြော်သံများကို တဦးချင်း ဖတ်ပြရမည်ဖြစ်ပြီး ရိုက်ကူးရေးကို စစ်ကော်မရှင်ဘက် ပြုလုပ်မည်ဖြစ်ကာ သတင်းနှင့် ဖျော်ဖြေရေး ပလက်ဖောင်း အားလုံးတွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း၊ ရိုက်ကူးမှုများအား နိုဝင်ဘာလဆန်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 January 2025
1.7k

အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ်ဆိုရင် ဒါက ပြည်သူတွေ အပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

by မောင်ကဝိ
25 August 2025
1.6k

ဦးခင်ရီက အဲဒီ အမျိုးသားရေးအစွန်းရောက်တွေနဲ့ အနုပညာရှင်တွေကို “မိတ်ဆွေတွေ” လို့ ရည်ညွှန်းခေါ်ဝေါ်တယ်။

Next Post
တနှစ်သားလေးပါ

တနှစ်သားလေးပါ

ယမန်နေ့က အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးတွင် လာရောက်အဖမ်းခံသည့် ဦးဝီရသူ / အောင်ကျော်ထက် / ဧရာဝတီ

“မျိုးချစ်” အမည်ခံ ဝရမ်းပြေးများ အဖမ်းခံမှု နောက်ကွယ်မှာ ဘာရှိမလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved