• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

“မျိုးချစ်” အမည်ခံ ဝရမ်းပြေးများ အဖမ်းခံမှု နောက်ကွယ်မှာ ဘာရှိမလဲ

by ထွန်းထွန်း
31 December 2020
in ဆောင်းပါး
A A
ယမန်နေ့က အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးတွင် လာရောက်အဖမ်းခံသည့် ဦးဝီရသူ / အောင်ကျော်ထက် / ဧရာဝတီ

ယမန်နေ့က အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးတွင် လာရောက်အဖမ်းခံသည့် ဦးဝီရသူ / အောင်ကျော်ထက် / ဧရာဝတီ

30.4k
VIEWS
Share on FacebookShare on Twitter

နှစ်ချီထွက်ပြေးနေသည့် အမျိုးသားရေးခေါင်းစဉ်ဖြင့် လှုပ်ရှားနေသူ ဝရမ်းပြေးများ ဆက်တိုက်ဆိုသလို ရဲထံအဖမ်းခံခဲ့သည့် နောက်ကွယ်တွင် အငြင်းပွားဖွယ်လှုံ့ဆော်မှုများ ဖြစ်ပေါ်လာမည်ကို လူထုအနေဖြင့် သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူအချို့က ပြောကြားလိုက်သည်။

ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားရေးဆိုသူ ဝရမ်းပြေးများအနေဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်းမရှိဘဲ ၎င်း တို့စိတ်ကြိုက် ဆန္ဒရှိသည့်အချိန်မှသာ အလွယ်တကူ လာရောက်ဖမ်းဆီးခံနေနိုင်သည့် အခြေအနေသည် အဓိက တာဝန်ရှိသည့် ရဲတပ်ဖွဲ့၏ အားနည်းချက် များစွာရှိနေကြောင်း ဥပဒေဆိုင်ရာ အကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။

ဦးခင်မောင်မြင့်က “ဝရမ်းပြေးတွေက ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ချက်ကြောင့် တရားရုံးရှေ့ကို ရောက်လာတာ မဟုတ်ဘဲနဲ့ ပုန်းအောင်းနေရာကနေ ဘယ်လိုအခုအခံ၊ ဖမ်းဆီးမှုမျိုးမှ မကြုံရဘဲနဲ့ လွယ်လွယ်ကူကူ လာပြီး အဖမ်းခံနေတာသည် ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးရဲ့ စွမ်းဆောင်ရည်ကို ပျက်ရယ်ပြုနေတာပဲလို့ မြင်တယ်။ တရားဥပဒေစိုးမိုးရေး အတွက် အင်မတန် ရှက်ဖွယ်လိလိ ကိစ္စရပ်ပဲဖြစ်ပါတယ်” ဟု ဝေဖန်ခဲ့သည်။

လူသတ်သမားကြည်လင်းအား ထောက်ခံဝန်းရံခြင်း၊ နိုင်ငံတော်အကြီးအကဲများအား ပုတ်ခတ်ဟောပြောခြင်းနှင့် ဘာသာရေး ပုတ်ခတ်ဟောပြောခြင်းများကြောင့်ဟုဆိုကာ တရားစွဲခံရပြီး ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့် မျိုးချစ်ဆိုသူများ အနေဖြင့် ပြန်လည်အဖမ်းခံချိန်တွင်လည်း ဆန္ဒထုတ်ဖော်မှုများနှင့် ဆက်စပ်လျှက်ရှိ နေသည်ကို တွေ့ရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေးတဦးဖြစ်သူ ဦးကိုနီအား လုပ်ကြံ သတ်ဖြတ်ခဲ့သည့် ကြည်လင်းအား “မင်းတို့ ဝအောင်စားထား” ဟုဆိုကာ ထောက်ခံပြသခဲ့သည့် ဟိန်းဝေယံနှင့် မြတ်ဖုန်းမိုရ်တို့သည် ၂ နှစ်ကျော် ထွက်ပြေးနေရာမှ ယခုနှစ် အောက်တိုဘာလအတွင်းနှင့် ဒီဇင်ဘာလအတွင်း လာရောက် အဖမ်းခံခဲ့ရာတွင် မျိုးချစ်ဆိုသူများက ဝန်းရံခဲ့ကြသည်။

သို့သော် ၎င်းတို့မျိုးချစ်ဆိုသူများနှင့် ပတ်သက်ပြီး နောက်ကွယ်မှ ငွေကြေးထောက်ပံ့မှုများ၊ အစီအစဉ်တကျ လှုပ်ရှားခဲ့သည့် အတွင်းရေးများအား ဟိန်းဝေယံဆိုသူက အဖမ်းမခံမီ လူမှုကွန်ရက်ကဆင့် ဖော်ထုတ်ဖွင့်ချခဲ့ပြီး သမ္မတရုံးကလည်း ၎င်းပြောကြားချက်များအား စိစစ်ရန် ညွှန်ကြားခဲ့သည်။

ပုန်းရှောင်နေရာမှ ထွက်အဖမ်းခံခဲ့သည့် ဘူးလက် ဦးလှဆွေ (ဓာတ်ပုံ – ဧရာဝတီ)

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် “မင်းတို့ ထမင်းဝအောင်စားထား” ဟုဆိုကာ ကြည်လင်းအား ထောက်ခံခဲ့သူ များထဲမှ အောင်လင်း၊ ဟိန်းဝေယံ၊ မြတ်ဖုန်းမိုရ်ဆိုသူတို့အား ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၁ နှစ်စီကျခံရန် အင်း စိန်မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

၎င်းတို့ကဲ့သို့ပင် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဦးဝီရသူ (ခ) ဦးဝိစိတ္တာဘိဝံသ အနေဖြင့်မူ နိုင်ငံတော် အကြီးအကဲများအား ပုတ်ခတ်ဟောပြောသည်ဟုဆိုကာ ၂၀၁၉ ခုနှစ်၊ မေလတွင် ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခံရသော်လည်း ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို နိုဝင်ဘာ ၂ ရက်နေ့တွင် အဖမ်းခံခဲ့သည်။

၎င်းအဖမ်းခံခဲ့ပြီးနောက် “အမျိုး၊ဘာသာ၊ သာသနာ စောင့်ရှောက်သူကို မဲပေးကြမည်” ဟူသော ဘာသာရေး ဆက်နွယ်သည့် ရွေးကောက်ပွဲ လှုံ့ဆော်မှုများဖြစ်ပေါ်ခဲ့ပြီး ၎င်းအား ချုပ်ရီမန်ရယူခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် လည်း အနောက်ပိုင်းခရိုင်တရားရုံးရှေ့တွင် မျိုးချစ်ဘုန်းကြီးအချို့နှင့် လူပုဂ္ဂိုလ်အချို့က ဆန္ဒပြမှုပြုလုပ်ခဲ့သည်။

ဦးဝီရသူကဲ့သို့ပင် နိုင်ငံတော်အကြီးအကဲများအား ပုတ်ခတ်ဟောပြောမှုကြောင့်ဟုဆိုကာ ပုဒ်မ ၁၂၄(က)ဖြင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် တရားစွဲခံခဲ့ရသည့် ဦးလှဆွေ (ခ) ဘူးလက်လှဆွေသည်လည်း ထွက်ပြေးတိမ်းရှောင် နေရာမှ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်မှ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ၎င်းအနေဖြင့် တပ်မတော်ထောက်ခံပွဲတွင် အစ္စလာမ်းဘာသာအပေါ် ပုတ်ခတ်ပြောဆိုခဲ့သည်ဟုဆို ကာ သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် ကျောက်တံတားမြို့နယ်တရားရုံးတွင် တရားစွဲခံထားရသေးသည်။

၎င်းအဖမ်းခံသည့် နေ့တွင်ပင် ဘာသာရေးလှုံ့ဆော်မှုကြောင့် အရေးယူခံရဖူးသည့် မိုက်ကယ်ကျော်မြင့် တည် ထောင်ထားသော အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီက ဦးဆောင်ကာ လူဦးရေ ၁၀၀ ကျော်က တပ်မတော် နှင့် အတူရပ်တည်ကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အား ကန့်ကွက်ကြောင်း ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းမှ မြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “နိုင်ငံရေးမှာ တိုက်ဆိုင်တာတော့မရှိဘူး။ ကိုယ်ကျိုးစီးပွား တခုတည်း ကြည့်ပြီးတော့ မင်းသားကြီးမလုပ်ရလို့ ပက်မကြီးထိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုး အပြောမခံရဘဲနဲ့ တိုင်းပြည်မျက်နှာထောက်ပြီးတော့ တိုင်ပြည်တည်ငြိမ်ဖို့ကို ပူးပေါင်းပြီးတော့ တိုင်းပြည်အကျိုးကို ရှေ့ဆက်သွားသင့် တယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။

တပ်မတော်အား ထောက်ခံသည့် ဦးဝီရသူနှင့် ဦးလှဆွေတို့ နှစ်ဦးလုံး အဖမ်းခံချိန်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လှုံ့ဆော်မှုများရှိခဲ့ပြီး ထွက်ပြေးနေသည့် ဦးလှဆွေအနေဖြင့် အဖမ်းမခံမီ သတင်းမီဒီယာတခုနှင့် အင်တာ ဗျူးတွင် လတ်တလော တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီတို့က UEC အပေါ် ထောက်ပြကန့်ကွက်နေသည့် အချက် အလက်များနည်းတူ ထုတ်ပြောခဲ့သေးသည်။

“ဥပဒေနဲ့အညီ ရင်ဆိုင်လာတာကတော့ ကောင်းပါတယ်၊ ဒါပေမယ့် နောက်ကွယ်က ရည်ရွယ်ချက်ကို သိအောင်လုပ်ဖို့လိုတယ်။ ပြဿနာတခုဆီ ဦးတည်ရာရောက်ပြီး အာရုံလွှဲစေမယ့် အနေအထား တခုလို့လည်း ယူဆလို့ရတယ်။ ပြည်သူလူထုကြီးက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အစဉ်အမြဲသတိရှိဖို့လိုတယ်။ နိုင်ငံငြိမ်းချမ်း ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်”

ကြံ့ခိုင်ရေးအမတ်ဟောင်း တဦးဖြစ်သည့် ဦးလှဆွေသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ် လောင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ကန့်ကွက်လွှာတင်သွင်းရာတွင်လည်း ထပ်မံရှုံနိမ့်ခဲ့သည့် ဖြစ်စဉ်အား ရည်ညွှန်း ကာ လက်ရှိ ရွေးကောက်ပွဲကော်မရှင်၏ ကန့်ကွက်လွှာများဖြေရှင်းရေး ခုံအဖွဲ့သည် ထောင်ချောက်တခုသာ ဖြစ် ကြောင်းလည်း ဝေဖန်ခဲ့သေးသည်။

ဦးကိုနီအမှုတွင် တရားလိုဘက်မှ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင် က “ဥပဒေနဲ့အညီ ရင်ဆိုင်လာတာကတော့ ကောင်းပါတယ်၊ ဒါပေမယ့် နောက်ကွယ်က ရည်ရွယ်ချက်ကို သိအောင်လုပ်ဖို့လိုတယ်။ ပြဿနာတခုဆီ ဦးတည်ရာရောက်ပြီး အာရုံလွှဲစေမယ့် အနေအထား တခုလို့လည်း ယူဆလို့ရတယ်။ ပြည်သူလူထုကြီးက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အစဉ်အမြဲသတိရှိဖို့လိုတယ်။ နိုင်ငံငြိမ်းချမ်း ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီသည် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲထက်ပင် နေရာပိုမို အနိုင်ရခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည်လည်း ချို့ယွင်းချက်၊ အားနည်း ချက်အချို့ ရှိခဲ့သည့်တိုင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာအစိုးရများ၊ လေ့လာစောင့်ကြည့် သူများနှင့် နိုင်ငံရေးပါတီအများစုက အသိအမှတ်ပြုခဲ့ကြသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
301
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
120
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.6k

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၁၁၇ နယ်ကျင်းပခဲ့ရာ၌ NLD ပါတီက ၉၂၀ နေရာအနိုင်ရခဲ့ပြီး ကြံ့ခိုင်ရေးပါ တီက ၇၁ နေရာ အနိုင်ရခဲ့သည်။

အခြားတဖက်တွင်မူ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲအချက်အလက်များ ကူးယူခွင့်ရရေး UEC နှင့်အငြင်းပွားခဲ့ပြီး မဲစာရင်းမှားယွင်မှုများအား ထောက်ပြကာ မဲမသမာမှုများရှိနိုင်ကြောင်း စွပ်စွဲထုတ်ပြန်လျှက်ရှိသည့်အပြင် အဓိကအတိုက်အခံပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီကလည်း မဲမသမာမှုများရှိသည်ဟုဆိုကာ စံချိန်တင် အရေအတွက်အဖြစ် ကန့်ကွက်လွှာ ၂၀၀ နီးပါးအား တင်သွင်းထားသည်။

ယင်းကဲ့သို့ တပ်မတော်က ရွေးကောက်ပွဲကိစ္စရပ်များအား ဝင်ရောက်စစ်ဆေးနေမှုသည် ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်စသည့် ရွေးကောက်ပွဲများတွင် မြင်တွေ့ခဲ့ရခြင်းမရှိခဲ့ပေ။ တပ်မတော် သားများကလည်း မဲဆန္ဒရှင်အနေဖြင့် UEC ထံ ကန့်ကွက်လွှာများတင်သွင်းထားကြောင်း တပ်မတော်သတင်းပြန် ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မဲဆန္ဒရှင်အချို့အနေဖြင့်လည်း ထွက်ပေါ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံ၍လည်း မဲမသမာမှုများ ရှိ သည်ဟုဆိုကာ မြို့နယ်အချို့တွင် UEC အားကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်လျှက်ရှိကြသည်။

ဥပဒေရေးရာ အကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က “၂၀၁၅ ရွေးကောက်ပွဲအလွန်ကနေ ၂၀၂၀ ရွေးကောက်ပွဲ အလွန်ကာလအထိ ပြန်ကြည့်လိုက်တဲ့အခါ ဖြစ်စဉ်တွေက စနစ်တကျကို ရေးဆွဲထားတဲ့ ဇာတ်ညွန်းတပုဒ်ကို ကျကျနန ကပြ အသုံးတော်ခံနေတဲ့ဟာက ဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာတာတွေ့ရပါတယ်။ တဦးတယောက်ချင်း သဘောဆန္ဒနဲ့ ဆောင်ရွက်နေတာမဟုတ်ဘဲနဲ့ တဦးတယောက်၊ တဖွဲ့ဖွဲ့က စနစ်တကျ စီမံညွှန်ကြားပြီး ကြိုးကိုင် လှုပ်ရှားနေတဲ့ သဘောမျိုး ကျနော်တို့တွေ့ရတယ်” ဟု သုံးသပ်ထားသည်။

အငြင်းပွားလေ့ရှိသည့် ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲအလွန်ကာလအတွင်း အဖမ်းခံလာသည့် ဦးဝီရသူနှင့် ဦးလှဆွေတို့အား လတ်တလောတွင် အင်းစိန်ထောင်အတွင်း ချုပ်နှောင်ထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက်များကြောင့် တရားရုံးထုတ် စစ်ဆေးနိုင်ခြင်းတော့ မရှိသေးပေ။

ထောင်ဒဏ် ချမှတ်လိုက်ပြီဖြစ်သည့် လူသတ်သမား ကြည်လင်းကို ဝန်ရံခဲ့သူများ (ဓာတ်ပုံ – ဧရာဝတီ)

၎င်းတို့အား တရားစွဲဆိုထားသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)သည် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး ယခုကဲ့သို့ပုဒ်မဖြင့် တရားစွဲဆိုခြင်းသည် မျှတမှုမရှိကြောင်းလည်း ၎င်းတို့က ပြော ထားသည်။

ဝရမ်းပြေးများအနေဖြင့် ယခုကဲ့သို့ တရားဥပဒေအရ ရင်ဆိုင်ရန် ဆုံးဖြတ်မှုသည် ကောင်းမွန်သည့် လုပ်ရပ်ဖြစ်ပြီး ယင်းသို့အဖမ်းခံခြင်းသည် အစိုးရအပြောင်းအလဲ နီးကပ်လာချိန်နှင့် လွတ်ငြိမ်း ချမ်းသာခွင့်များအပေါ် မျှော်လင့်သည့် ရည်ရွယ်ချက်ဖြစ်နိုင်ကြောင်း ယေဘုံယျဆန်သည့် သုံးသပ်ချက်များလည်း တွေ့နေရသည်။

သို့သော် ဥပေဒရေးရာ ဆောင်ရွက်နေသူများကမူ ယခုကဲ့သို့ နှစ်ချီထွက်ပြေးနေသူများအား ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ကိုယ်တိုင်အဖမ်းခံမှသာ ဖမ်းမိသည့်ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့အပေါ် ဝေဖန်မေးခွန်းထုတ်ခဲ့ကြပြီး ဝရမ်း ပြေးဖြစ်နေစဉ် လက်ခံခဲ့သူများကိုလည်း ဖော်ထုတ်ကာ ဥပဒေနှင့် အညီဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း ထောက်ပြကြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက တောင်ဒဂုံမြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူမှုဖြင့် အရေးယူခံရကာ တရားခံပြေးကြေညာခဲ့သည့် မိုက်ကယ်ကျော်မြင့်အား ဝမ်းတွင်းမြို့နယ်ရှိ ယောက္ခမနေအိမ်၌ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တွင် ၎င်းအားလက်ခံထားသည့် ယောက္ခမဖြစ်သူ ဦးကျော်မောင်ကိုလည်း ပုဒ်မ ၂၁၆ ဖြင့် အရေးယူခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

ဦးခင်မောင်မြင့်က “ဝရမ်းပြေးတွေကို ဒီလိုပုန်းအောင်းနေနိုင်အောင် လက်ခံထားသူတွေ၊ အားပေး ကူညီသူတွေကို ဖော်ထုတ်အရေးယူဖို့နဲ့ တာဝန်အသီးသီးရယူထားသည့် ရဲတပ်ဖွဲ့ဝင်တွေ၊ ထွေ/အုပ်တွေ၊ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ တာဝန်ပျက်ကွက် လစ်လျူရှုထားမှုတွေကိုလည်း စစ်ဆေးဖော်ထုတ် အရေးယူမှသာလျှင် တရားဥပဒေစိုးမိုးရေး စနစ်ကြီးက ကောင်းလာမှာဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ယခုကဲ့သို့ ရဲတပ်ဖွဲ့က ခက်ခက်ခဲခဲ လိုက်ဖမ်းခြင်းမျိုး မဟုတ်ဘဲ ဝရမ်းပြေးများကိုယ်တိုင် အဖမ်းခံချင်သည့် အချိန် အများသိစေရန် ကြေညာပြီးမှ ကိုယ်တိုင် အလွယ်တကူ လာရောက် အဖမ်းခံခဲ့ကြသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူထု က စိတ်ဝင်စားနေကြသည်မှာ အမှန်ဖြစ်သည်။

၎င်းတို့ စိတ်ဝင်စားနေကြသည်မှာ “ဝရမ်းပြေးများ ဘာကြောင့် ထွက်ပြေးနေရာကနေ တယောက်ပြီး တယောက် ထွက်အဖမ်းခံနေကြတာလဲ”၊ “ဦးကိုနီ အသတ်ခံရမှုမှာ ရဲကအလိုရှိနေတဲ့ အောင်ဝင်းခိုင် အပါအဝင် ယခု ထွက် အဖမ်းခံသည့် ဝရမ်းပြေးများကို ဘယ်သူက လက်ခံပေးခဲ့သလဲ”၊ “အဖမ်းခံကြတဲ့ ရည်ရွယ်ချက်ရဲ့ နောက်ကွယ်မှာ ဘာတွေရှိမလဲ” ဆိုသည့် သံသယ မေးခွန်းများဖြစ်သည်။

You may also like these stories:

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ NLD က ပြည်လုံးကျွတ် ဆန္ဒခံယူမှာလား

NLD ပါတီ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့်အဖွဲ့ ကချင်သို့ ခရီးစထွက်မည်

ICJ က ဖွဲ့စည်းလိုက်သည့် အထူးကော်မတီ မြန်မာအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲ

Your Thoughts …
Tags: ဘူးလက် ဦးလှဆွေမျိုးချစ်ဝရမ်းပြေး
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

by ကြိုးကြာ
7 July 2024
6.2k

ရန်ကုန်မှာလည်း စီးပွားရေးသမားတွေကြား၊ ခရိုနီတွေကြား စစ်ကြောရေးမှာ နေနည်း၊ ဖြေနည်း၊ ချော့နည်းများ အပြင် ပြေးပေါက် ရှာနေကြသည်။

ပူတင်ရှေ့မှာ ရိုကျိုးနေတဲ့ စစ်ခေါင်းဆောင် (ရုပ်/သံ)

ပူတင်ရှေ့မှာ ရိုကျိုးနေတဲ့ စစ်ခေါင်းဆောင် (ရုပ်/သံ)

by ဧရာဝတီ
5 March 2025
516

“မလုပ်ရဲတာ ဘာမှမရှိဘူး ”လို့ ကြွေးကြော်ခဲ့ပြီး တိုင်းပြည်ကိုအာဏာသိမ်း၊ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ရာမှာတော့ ဝပ်တွားခယနေရတယ်လို့ စောင့်ကြည်သူတွေက ထောက်ပြကြပါတယ်။

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
209

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝိစိတ္တာ ဘိဝံသ (ခ) ဦးဝီရသ  / ဧရာဝတီ

ဝရမ်းပြေး လက်ခံထားသူများအတွက် တပ်လှန့်သံ

by ထွန်းထွန်း
18 June 2019
48.8k

ဝရမ်းပြေးဖြစ်သူ မိုက်ကယ်ကျော်မြင့်အား ဖမ်းဆီးစဉ် လက်ခံထားသည့် ယောက္ခမဖြစ်သူ ဦးကျော်မောင်အား ဝရမ်းပြေး လက်ခံမှု ပုဒ်မ ၂၁၆ ဖြင့် အမှုဖွင့် အရေးယူလိုက်ခြင်းသည် အခြားသော ဝရမ်းပြေးများနှင့် ပတ်သက် သူများအား သတိပေး  တပ်လှန့်လိုက်ခြင်းဖြစ်သည်။

ကြည်လင်းနှင့်အမှုတွဲများရုံးချိန်းသို့ လာရောက်ခဲ့သည့် ဟိန်းဝေယံနှင့် ရဲတပ်ဖွဲ့မှ အလိုရှိနေသူ မြတ်ဖုန်းမိုရ် / မျိုးမင်းစိုး / ဧရာဝတီ

ဝရမ်းထုတ်ထားသည့် မျိုးချစ်အဖွဲ့ဝင် မြတ်ဖုန်းမိုရ် ယနေ့လာအဖမ်းခံ

by ထွန်းထွန်း
11 December 2020
9.7k

ဒုရဲမှူးတင်လတ်က “ဒီနေ့လာအဖမ်းခံတာ ဟုတ်ပါတယ်၊ သူတို့ကို အုပ်ချုပ်ရေးဘက်က တရားစွဲထားတာဖြစ်တဲ့ အတွက် ကျနော်တို့က သွားအပ်ပေးရတာပေါ့၊ အခုတော့ အင်းစိန်ထောင်အချုပ်ကို ပို့လိုက်ပါပြီ”ဟု ပြောသည်။

ပိတ်သိမ်းခံထားရသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ယာယီ ဝတ်ပြုကျောင်း တခု / ထက်ခေါင်လင်း / ဧရာဝတီ

မျိုးချစ်ဆိုသူများ ဖိအားပေး၍ အစ္စလာမ် ယာယီဝတ်ပြုနေရာ ၃ ခုပိတ်ပေးရ

by ထက်ခေါင်လင်း
16 May 2019
36.6k

ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရားဝင် ဝတ်ပြုဆုတောင်းခွင့်ပေးထားသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ အစ္စလာမ် ယာယီ ဝတ်ပြုနေရာ ၃ ခုအား မျိုးချစ်ဆိုသူများ၏ ဖိအားပေးမှုကြောင့် ပိတ်သိမ်းလိုက်ရကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း အုပ် ချုပ်ရေးမှူးရုံးက ပြောသည်။

Next Post
Myanmar FDA ခွင့်ပြုချက်ရထားသည့် FAVIPAC (Favipiravir 200mg) သောက်ဆေး / Pacific-AA Foundation

မြန်မာနိုင်ငံတွင် ကိုဗစ်ကုသဆေး ထုတ်လုပ်မှု အောင်မြင်

ရန်ကုန်-မန္တလေးအမြန်လမ်း၊ ၈၃ မိုင်ရှိ ပဲခူးရိုးမအစပ်မှ သစ်တောကြိုးဝိုင်းအတွင်း ကျက်စားလျက်ရှိ (Great Hornbill) ခေါ် အောင်လောင်ငှက်များ / ထက်ဝေ / ဧရာဝတီ

ငွေတထောင်၊ ဟင်းတခွက်အတွက် ဖြုန်းတီးလိုက်တဲ့ ကမ္ဘာ့သယံဇာတများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved