အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ကြိုးစားခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ တပ်မတော်ရဲ့ ထောက်ခံချက် မရခဲ့တာကြောင့် မပြင်ဆင်နိုင်ခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို ထပ်နိုင်တဲ့အခါ အခြေခံ ဥပဒေပြင်ဖို့ အခွင့်အလမ်း ရှိနေပါသေးရဲ့လား။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ အရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဟာ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ပြင်လို့ရမှာ ဖြစ်တာကြောင့် တပ်မတော်က သဘောမတူရင် ပြင်ခွင့်မရနိုင်ဘူးဆိုတာ လက်တွေ့ကျကျ သိရှိခဲ့ပြီးပါပြီ။
အခုတခေါက် နည်းလမ်းကတော့ လက်ရှိ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြည်သူလူထုက လက်ခံခြင်း ရှိ မရှိ လူထု ဆန္ဒခံယူပွဲတခု ပြုလုပ်ပြီး ပြည်သူလူထုက လက်မခံဘူးဆိုရင် လက်ရှိ ဖွဲ့ စည်းပုံကို ပြင်ဆင်တာ သို့မဟုတ် အသစ်ရေးတာမျိုး NLD အနေနဲ့ လုပ်လာနိုင်လေမလား နိုင်ငံရေး လေ့လာစောင့်ကြည့်သူ အသိုင်းအဝိုင်းက တွေးနေကြပါတယ်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဆိုတာက နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာပြည်သူ သိန်းချီ သေဆုံးပြီး မကြာခင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရာမှာ ပြည်သူ ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံခဲ့တယ်လို့ အဲဒီအချိန်က တပ်မတော် အစိုးရက ကြေညာခဲ့တာပါ။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဆိုတာက နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာပြည်သူ သိန်းချီ သေဆုံးပြီး မကြာခင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရာမှာ ပြည်သူ ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံခဲ့တယ်လို့ အဲဒီအချိန်က တပ်မတော် အစိုးရက ကြေညာခဲ့တာပါ။
တပ်မတော် အစိုးရက ဦးဆောင်ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေကို ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံမှာ မြို့နယ် ပေါင်း ၃၂၅ မြို့နယ် ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၇၈ မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီမြို့နယ်တွေက ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ၉၉ ဒသမ ၀၇ ရာခိုင်နှုန်း ဆန္ဒမဲပေးခဲ့တယ်လို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်က ကြေညာခဲ့တာပါ။ နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ ရန်ကုန်တိုင်းက မြို့နယ်ပေါင်း ၄၀ နဲ့ ဧရာဝတီတိုင်းက မြို့နယ် ၇ ခုကိုတော့ နောက်ပိုင်းမှာ ဆက်လက် ကျင်းပခဲ့ပါတယ်။
ဒါပေမယ့် အဲဒီကာလတုန်းက တပ်မတော် အစိုးရက ထုတ်ပြန်ထားတဲ့ ၅/၉၆ ဥပဒေအရ အမျိုးသား ညီလာခံမှာ ဆွေးနွေးတဲ့ အချက်တွေကို ဝေဖန်ရင် အပြင်မှာ ထိုင်ပြောမိရင်တောင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ နှစ် ၂၀ အထိ အရေးယူနိုင်တာ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ မရှိတာ၊ လေ့လာစောင့်ကြည့်ခွင့်တွေ မရှိခဲ့တဲ့ အခြေအနေတခုအောက်မှာ လုပ်ခဲ့ရတဲ့ အဲဒီဆန္ဒခံယူပွဲဟာ ပြည်သူလူထုရဲ့ ဆန္ဒကို မထင်ဟပ်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေ ခဲ့ပါတယ်။
အဲဒါကြောင့် အခုလို အခြေအနေမှာ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြန်လည် ကျင်းပရေး တိုက်တွန်းကြောင်း အဆိုမျိုး တင်သွင်းနိုင်တယ်လို့ ပျဉ်းမနားမြို့က တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
“လွှတ်တော်ထဲက စမယ်ဆိုရင် အဆိုတခု တင်ပြီးတော့ စရမယ်။ ဒီပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုလည်း လွှတ်တော်မှာ အဆိုတင်လိုက်မယ်။ လွှတ်တော် ကိုယ်စားလှယ် တဝက်ကျော်က ထောက်ခံရင် ဒီအဆိုကို ဆက်ပြီး အကောင်အထည် ဖော်ရတယ်။ လွှတ်တော်ရဲ့ လုပ်ထုံး၊ လုပ်နည်း ဥပဒေတွေအရ။ အဲလို အကောင်အထည်ဖော်တဲ့ လမ်းကြောင်းကနေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပြန်လုပ်ရမှာ”လို့ သူက ပြောပါတယ်။
လက်ရှိ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှာလည်း အခြေခံ ဥပဒေသစ်တခု မရေးဆွဲရဖူးဆိုတဲ့ ပြဌာန်းချက်မျိုး မရှိဘဲ ပြင်ဆင်ဖို့ ဆိုရင်သာ အခန်း ၁၂ အတိုင်း ပြင်ဆင်ရမှာ ဖြစ်လို့ ပြည်သူတွေမှာ ဖွဲ့ စည်းပုံ အသစ်တခုကို ရေးဆွဲခွင့် ရှိရမယ်လို့ ဦးခင်မောင်ဇော်က သုံးသပ်ပါတယ်။
“လူထုက သူမကြိက်ရင် ဆန္ဒပြုနိုင်ရမယ်ဗျ။ အခြေခံ ဥပဒေ အသစ်တခု ရေးဆွဲဖို့ အတွက် မဆွဲရဘူးဆိုတဲ့ ပြဌာန်းချက်မျိုးလည်း မရှိဘူး။ အခြေခံ ဥပဒေ အသစ်တခု ဆွဲဖို့အတွက် ဘယ်ခြေလှမ်းတွေ လှမ်းရမယ်ဆိုတဲ့ ပြဌာန်းချက်မျိုးလည်း မရှိ ဘူး။ ပြည်သူလူထုက သူအဆင်ပြေတယ်ဆိုရင် သူ့နည်းနာနဲ့ တောင်းဆိုတယ်။ ပြည်သူ့ရဲ့ ကိုယ်စားလှယ်တွေကလည်း လွှတ်တော်မှာ တောင်းဆိုတယ်ဆိုရင် လုပ်လို့ရတယ်”ဟု ၎င်းက ပြောသည်။
ဒီလို အခြေအနေမျိုးကို ပြည်ထောင်စု လွှတ်တော်ကပဲ တင်တင်၊ ပြည်သူ့လွှတ်တော်ကပဲ တင်တင် အခြေခံ ဥပဒေအသစ် ရေးဆွဲဖို့အတွက် လိုအပ်ခြင်း ရှိ၊ မရှိ ပြည်သူလူထုရဲ့ ဆန္ဒခံယူပွဲ ကျင်းပဖို့ အဆိုပြုလို့ လွှတ်တော်ကိုယ်စားလှယ် တဝက်ကျော်က လက်ခံရင် ဥပဒေနဲ့ ညီတယ်လို့ ဆိုပါတယ်။
ဒီလို အခြေအနေမျိုးကို ပြည်ထောင်စု လွှတ်တော်ကပဲ တင်တင်၊ ပြည်သူ့လွှတ်တော်ကပဲ တင်တင် အခြေခံ ဥပဒေအသစ် ရေးဆွဲဖို့အတွက် လိုအပ်ခြင်း ရှိ၊ မရှိ ပြည်သူလူထုရဲ့ ဆန္ဒခံယူပွဲ ကျင်းပဖို့ အဆိုပြုလို့ လွှတ်တော်ကိုယ်စားလှယ် တဝက်ကျော်က လက်ခံရင် ဥပဒေနဲ့ ညီတယ်လို့ ဆိုပါတယ်။
မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ သူ့အနေနဲ့ NLD ပါတီရဲ့ ဒီလှိုင်း ဂျာနယ်မှာ “သတ္တိရှိရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြန်လုပ်ပါ”လို့ ရေးခဲ့ဖူးပြီး အဲဒီအယူအဆတချို့ကို သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက တင်ပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။
“အဲဒီ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတခု အတည်မဖြစ်ခင်အထိ လက်ရှိ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့ သွားရမယ်။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အသစ်တခုရေးရင် နိုင်ငံရေးပါတီတွေရော တပ်ကရော တိုင်းရင်းသားရော အားလုံး ညှိနှိုင်း ဆွေးနွေးပြီးတော့ ရေးရမယ်ဆိုတဲ့ အယူအဆကို တင်ခဲ့တယ်” လို့ သူက ဆိုပါတယ်။
ဒီလှိုင်းဂျာနယ်မှာ သူရေးခဲ့တုန်းက၂၀၀၈ တုန်းက ၉၂ ဒသမ ၄ ရာခိုင်နှုန်း ထောက်ခံမှု ရထားတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေ တခုဟာ အခု ကာလအတွင်းမှာ ၅၀ ရာခိုင်နှုန်းအောက် ရောက်မသွားဖူးလို့ ယုံကြည်မှုရှိရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြန်လုပ်ပါလို့ ရေးခဲ့တာ ဖြစ်ပါတယ်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ရင် တပ်မတော်နဲ့ တင်းမာမှုတွေ ရှိလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိပေမယ့် တပ်မတော်က ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာဟာ ၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက် ခိုင်းတာ မဟုတ်ဘဲ ပြည်သူလူထုက အများစုက လက်ခံတဲ့ သဘောတူတဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်က စောင့်ရှောက်မှာ ဖြစ်တယ်လို့ နားလည်ကြောင်း သူက ပြောပါတယ်။
“တိုင်းပြည်ကို ပြည်သူလူထု အများစုကြီးက တကယ် ယုံကြည်ထောက်ခံတဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမျိုး အပေါ်မှာ တည်ဆောက်မှာလား။ ဒါမှမဟုတ်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှု မရေရာ မသေချာတဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမျိုး အပေါ်မှာ တည်ဆောက်မလားဆိုတာကို အဖြေထုတ်ဖို့ လိုအပ်တယ်”
“တိုင်းပြည်ကို ပြည်သူလူထု အများစုကြီးက တကယ် ယုံကြည်ထောက်ခံတဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမျိုး အပေါ်မှာ တည်ဆောက်မှာလား။ ဒါမှမဟုတ်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှု မရေရာ မသေချာတဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမျိုး အပေါ်မှာ တည်ဆောက်မလားဆိုတာကို အဖြေထုတ်ဖို့ လိုအပ်တယ်”
လို့ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
တပ်မတော်က ကာကွယ်စောင့်ရှောက်ရမယ့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူလူထု အများစုရဲ့ ထောက်ခံမှုနဲ့ သဘောတူ ရေးဆွဲထားတဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမျိုး ဖြစ်ဖို့ လိုအပ်ပြီး အဲလိုဖြစ်မှသာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက အခြေခိုင်လိမ့်မယ်လို့ ဆိုပါတယ်။
လက်ရှိ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူဟောင်း ဒေါက်တာမျိုးညွှန့်နဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင် တို့ကတော့ ပါတီအနေနဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနည်းနဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ရေးဖို့ ရှိမလား ဆိုတဲ့ မေးခွန်းကိုတော့ တိုက်ရိုက် ဖြေကြားဖို့ ငြင်းဆိုပါတယ်။
ဒေါက်တာ မျိုးညွှန့်က “ကျနော်တို့က အခြေခံ ဥပဒေကို ဥပဒေနဲ့အညီပဲ ပြင်ဆင်ဖို့ ကြိုးစားမှာပါ။ အကြမ်းမဖက်တဲ့နည်းနဲ့ ပြည်သူရဲ့ ထောက်ခံမှုကို ရယူပြီးတော့ ပြင်ဆင်တဲ့နည်းနဲ့ ကြိုးစားမှာပါ”လို့ ပြောပါတယ်။
ဒါပေမယ့် NLD ပါတီ ဒုတိယ ဥက္ကဌ ၂ ဒေါက်တာ ဇော်မြင့်မောင်ကတော့ “ပြည်ထောင်စု သဘောတူညီချက်” ဆိုတဲ့ နည်းလမ်းမျိုးနဲ့ ပြင်ဆင်ဖို့ ကြိုးစားမယ်လို့ ပြောထားတာ ရှိကြောင်း ဖြည့်စွက် ပြောဆိုပါတယ်။
NLD အစိုးရ သက်တမ်းအတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်အဖြစ် ၂၁ ရာစု ပင်လုံညီလာခံမှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ အားလုံး သဘောတူညီကြတဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ပြည်ထောင်စု သဘောတူညီချက်ကတဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းကလည်း ရှိနေပါသေးတယ်။
မုံရွာအောင်ရှင်က NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ပုံဖော်နိုင်မယ့် ဖွဲ့ စည်းပုံ ပေါ်ပေါက်ရေးဆိုတာမျိုး ပါတဲ့အတွက် ဖက်ဒရယ် ကိစ္စတွေ ပြောကြဆိုကြရင်းနဲ့ ဖွဲ့စည်းပုံ ပြင်ဖို့ ကြိုးစားလိမ့်မယ်လို့ ထင်ကြောင်း ပြောပါတယ်။
“(၂၁ ရာစု ပင်လုံ) ညီလာခံကနေ ကြိုးစားမယ်လို့ ထင်တယ်။ ဒါပေမယ့် တပ်မတော်နဲ့က ကြိုညှိရမှာ။ မညှိဘဲနဲ့ ဘယ်ပြင်နိုင်မလဲ”
“(၂၁ ရာစု ပင်လုံ) ညီလာခံကနေ ကြိုးစားမယ်လို့ ထင်တယ်။ ဒါပေမယ့် တပ်မတော်နဲ့က ကြိုညှိရမှာ။ မညှိဘဲနဲ့ ဘယ်ပြင်နိုင်မလဲ” လို့ သူက ပြောပါတယ်။
အခု လွှတ်တော် သက်တမ်းအတွင်း NLD ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ကျိုးစားခဲ့ရာမှာ လွှတ်တော်ထဲက တပ်ကိုယ်စားလှယ်တွေကို လွှတ်တော် တတိယအကြိမ်မှာ ၁၅ ရာခိုင်နှုန်း၊ စတုတ္ထအကြိမ်မှာ ၁၀ ရာခိုင်နှုန်း၊ ပဉ္စမအကြိမ်မှာ ၅ ရာခိုင်နှုန်း တဖြည်းဖြည်း လျှော့ချသွားဖို့ တင်ပြခဲ့ပါတယ်။
ဒါပေမယ့် တပ်မတော်က ပယ်ချခဲ့ပါတယ်။
အခုတကြိမ် NLD ဘက်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတခု လုပ်ပြီး အခြေခံ ဥပဒေကို ပြင်ဖို့ သို့မဟုတ် အသစ်ရေးဖို့ ကြိုးစားလာခဲ့ရင် တပ်မတော်က လက်ခံမလားဆိုတဲ့ မေးခွန်းကို တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သဘောထားထင်မြင်ချက် မပေးခဲ့ပါဘူး။
NLD က ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို နိုင်လိုက်တဲ့အခါ ပြည်သူလူထုရဲ့ ထောက်ခံလာမှုအပေါ်မှာ အသုံးချပြီး ဒီလမ်းကြောင်းကို သုံးလာနိုင်တယ်လို့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပါတယ်။
“ဒီ Constitution မှာက အင်အားစု အသီးသီးရဲ့ အကျိုးစီးပွားတွေ ရှိတယ်။ နောက်တခါ သူတို့ရဲ့ မျှော်မှန်းထားတဲ့ အချက်တွေကို သွားပြီးတော့ ညှိနှိုင်းရမှာတွေ ရှိတယ်။ ဥပမာ စစ်တပ်ဆိုလို့ ရှိရင်လည်း သူ့ရဲ့ Institution အကျိုးစီးပွား ရှိတာကိုး။ တချို့ အဲဒါတွေ ထိပါးလာရင် ပြဿနာတက်နိုင်တယ်လို့ ထင်တယ်။ တပ်နဲ့ မညှိနှိုင်းဘဲနဲ့တော့ တခုခု စလုပ်ဖို့ ခက်မယ်လို့ ကျနော်ထင်တယ်”လို့လည်း ထင်မြင်ချက် ပေးပါတယ်။
You may also like these stories:
ဖက်ဒရယ် အောင်မြင်ရေး ဆက်ကြိုးပမ်းမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ကတိပြု
အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ ဖက်ဒရယ် အခြေခံမူများ ဆွေးနွေးရန် ပြင်ဆင်
ပြည်ထောင်စု သဘောတူစာချုပ်အတွက် အချက် ၂၀ သဘောတူ