• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဝရမ်းပြေး လက်ခံထားသူများအတွက် တပ်လှန့်သံ

by ထွန်းထွန်း
18 June 2019
in ဆောင်းပါး
A A
ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝိစိတ္တာ ဘိဝံသ (ခ) ဦးဝီရသ  / ဧရာဝတီ

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝိစိတ္တာ ဘိဝံသ (ခ) ဦးဝီရသ / ဧရာဝတီ

48.8k
VIEWS
Share on FacebookShare on Twitter

ဝရမ်းပြေးဖြစ်သူ မိုက်ကယ်ကျော်မြင့်အား ဖမ်းဆီးစဉ် လက်ခံထားသည့် ယောက္ခမဖြစ်သူ ဦးကျော်မောင်အား ဝရမ်းပြေး လက်ခံမှု ပုဒ်မ ၂၁၆ ဖြင့် အမှုဖွင့် အရေးယူလိုက်ခြင်းသည် အခြားသော ဝရမ်းပြေးများနှင့် ပတ်သက် သူများအား သတိပေး  တပ်လှန့်လိုက်ခြင်းဖြစ်သည်။

မိုကယ်ကျော်မြင့်သည် မေလ ၁၅ ရက်နှင့် ၁၆ ရက်နေ့ညတွင် တောင်ဒဂုံမြို့နယ်အတွင် အစ္စလာမ် ဘာသာရေး ယာယီဝတ်ပြုနေရာ ၃ ခုအား လူအုပ်ဖြင့် ဝိုင်းဝန်းဖိအားပေးခဲ့သည့်အတွက် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဝရမ်းထုတ်ခံ ရပြီး ဇွန်လ ၁၀ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်ရှိ ယောက္ခမဖြစ်သူ ဦးကျော်မောင် နေအိမ်တွင် ဖမ်းမိခဲ့ခြင်းဖြစ် သည်။

မိုက်ကယ်ကျော်မြင့်ကဲ့သို့ပင် အမျိုးသားရေးဆိုကာ ဘာသာရေးလှုံ့ဆော် ဟောပြောမှုများကြောင့် ဖမ်းဝရမ်း ထုတ်ခံရပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသူ အများအပြားလည်း ရှိနေသည်။

ထိုသို့ ဝရမ်းထုတ်ခံရခြင်းမှ ထွက်ပြေးနေသူများတွင် ဦးဝိစိတ္တာ ဘိဝံသ (ခ) ဦးဝီရသူ အပါအဝင်ဖြစ်ပြီး ၎င်းအား ထောက်ခံ အားပေးသူများလည်း ပါဝင်လျှက်ရှိသည်။

ဦးဝီရသူသည် လတ်တလောတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ထွက်ပြေး တိမ်းရှောင်နေသည့်အတွက် အမှုအား ၎င်းမျက်ကွယ်တွင် ဆက်လက် စစ်ဆေး ဆောင်ရွက်ရန် အနောက်ပိုင်းခရိုင်တရားရုံးက ဇွန် ၁၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ပြစ်မှုဆိုင်ရာဥပဒေအရ ဝရမ်းပြေး၊ တရားခံပြေးများအား လက်ခံထားသူ၊ အားပေးကူညီသူ၊ ငွေအားဖြင့် ထောက်ပံ့ ကူညီသူများအား အရေးယူနိုင်ရန် ပုဒ်မများစွာ ပြဌာန်းထားသည်ကို တွေ့ရသည်။

ပြစ်မှုကျူးလွန်သူတဦးအား ငွေကြေး (သို့) ပစ္စည်းအားဖြင့် အားပေးကူညီသူအနေဖြင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၀၉ နှင့် အရေးယူခံရနိုင် ခြေရှိပြီး ပြစ်မှုထင်ရှားပါက မူလပြစ်မှုကျူးလွန်သူ ချမှတ်ခံရသည့် ပြစ်ဒဏ်အတိုင်း ချမှတ် ရန် ပြဌာန်ထားသည်။

ပြစ်မှုတခုခုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ တဦးအား လက်ခံထားသူအနေဖြင့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၁၆ ဖြင့်  အရေးယူခံရနိုင်ခြေရှိပြီး လတ်တလောတွင် မိုက်ကယ်ကျော်မြင့်၏ ယောက္ခမဖြစ်သူ ဦးကျော်မောင်အား အရေးယူလိုက်သည့် ပုဒ်မဖြစ်သည်။

ယင်းပုဒ်မသည့် မူလပြစ်မှုကျူးသူ၏ ပြစ်မှုအလိုက် လက်ခံထားသူအနေဖြင့် အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်သည့် အခြေအနေဖြစ်သည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူတဦးအား သိလျှက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျှက်နှင့်ဖြစ်စေ၊ လွတ်မြောက် စေရန်ဖြစ်စေ လက်သင့်ခံသူသည် ပုဒ်မ ၂၁၂ အရ အရေးယူခံရနိုင်ပြီး မူလကျူးလွန်သူ၏ ပြစ်မှုအလိုက် အမြင့် ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်ဖွယ်ရှိနေသည်။

ဥပမာအနေဖြင့် ဦးကိုနီ လုပ်ကြံခံရမှုတွင် သေဒဏ်ချမှတ်ခံရသည့် အောင်ဝင်းဇော်နှင့် အတူ ကားတစီးပေါ်မှ ဖမ်းမိခဲ့သည့် အောင်ဝင်းထွန်းအား ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရသည်။

ဖမ်းဆီးလိုက်ပြီဖြစ်သည့် မိုက်ကယ်ကျော်မြင့် (ဓာတ်ပုံ – ဧရာဝတီ)

ထိုအခြေအနေတွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ အနေဖြင့် မိုက်ကယ်ကျော်မြင့်အား လက်ခံမှုကြောင့် အရေးယူခံရ သည့် ဦးကျော်မောင် ကဲ့သို့ပင် ဦးဝီရသူ အပါအဝင် ဝရမ်းပြေးဖြစ်နေသူများအား လက်ခံထားသူများကိုလည်း အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွ့ဲဌာနချုပ်မှ ဒုတိယ ရဲမှူးကြီးတဦးက ပြောကြားသည်။

၎င်း ဒုတိယ ရဲမှူးကြီးက “ဝရမ်းပြေးကို လက်ခံထားရင် အရေးယူလို့ ရပါတယ်၊ ရဲက တရားလိုလုပ်ပြီး အရေးယူမှာပါ၊ ကျင့်ထုံး ဥပဒေမှာလည်း လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းပြီးသာပါ” ဟု ဧရာဝတီသို့ပြောသည်။

ဘာသာရေး၊ လူမျိုးရေးအရ ဆူပူမှုများ ဖြစ်စေနိုင်သည့် လုပ်ဆောင်မှုများကြောင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံသူ များအနေဖြင့် လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်နေသူများနှင့် ဖမ်းဆီးခြင်းမခံရသူများစွာ ရှိနေကြောင်း တွေ့ ရသည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းနှင့် အပေါင်းအပါများအား ထောက်ခံကြောင်းပြ သည့်အနေဖြင့် “မင်းတို့ ထမင်းဝအောင်စားထား” စာသားပါ တီရှပ်အကျီၤ ဝတ်ဆင်လျှက် တရားရုံးသို့ လာရောက်ခဲ့ သူများ၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း ဆူပူမှုဖြစ်စေရန် လှုံ့ဆော်ခဲ့သည့် သံဃာအချို့ကို ဖမ်းဆီး အရေးမှု မရှိသည့် အပေါ်တွင်လည်း လူထုက စိတ်ကျေနပ်မှု မရှိခဲ့ကြပါ။

အလားတူ ဦးကိုနီ အသတ်ခံရမှုတွင် နောက်ကွယ်မှစေခိုင်သူအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုထားသည့် တပ်မတော် အရာရှိဟောင်း အောင်ဝင်းခိုင်ကိုလည်း ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိခဲ့သဖြင့် ဝေဖန်မှုများ ခံနေရသည်။

ယင်းသို့ ဝရမ်းထုတ်ခံရသူအချို့သည် ဖမ်းဆီးခံရမှုမရှိသည့်အပြင် လူစုလူဝေးလှုပ်ရှားမှုများနှင့် ဘာသာရေးအရ လှုံ့ဆော်မှုအချို့တွင် ဦးဆောင်ကာ ဆက်လက် ဆောင်ရွက်ခဲ့ကြသော်လည်း ရဲတပ်ဖွဲ့က ထိန်းချုပ်ဟန့်တားနိုင် ခြင်း မရှိခဲ့ပေ။

၂၀၁၇ ခုနှစ်အတွင်းက အစိုးရပြုတ်ကျရေး၊ သာသနာရေးဝန်ကြီး နှုတ်ထွက်ရေး ဆန္ဒပြမှုကြောင့် ဝရမ်းထုတ်ခံရ သည့် ဦးပညာဝံသပင်လျှင် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကမှ ဖမ်းဆီးခြင်းခံခဲ့ရသည်။  ထိုသို့မဖမ်းမခံရမီ ဦး ပညာဝံသသည် မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် တောင်ဒဂုံဆူပူမှုတွင်လည်း ဦးဆောင်ပါဝင်ခဲ့သည်ကို တွေ့ ရသည်။

လက်ရှိ ပုဒ်မ ၁၂၄(က)ဖြင့် ဝရမ်းထုတ်ခံရသည့် ဦးဝီရသူနှင့် ပတ်သက်၍လည်း ရဲတပ်ဖွဲ့က ဝရမ်းပြည့်သည့် အ ထိ ဖမ်းမိခဲ့ခြင်း မရှိသည့်အတွက် အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ၎င်း၏ ဟောပြောဝေဖန်မှုများ ကို ဆက်လက်ဟောပြော လျှက်ရှိနေသည်။

ရဲတပ်ဖွဲ့အနေဖြင့် ဘာသာရေး၊ လူမျိုးရေးအရ ဆူပူမှုများဖြစ်စေနိုင်သည့် လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ထိ ရောက်စွာ ဖမ်းဆီးဟန့်တားနိုင်မှုမရှိခြင်း၊ ထွက်ပြေးတိမ်းရှောင်သူများက ရဲတင်းစွာပေါ်တင် လှုပ်ရှားနေသော် လည်း မဖမ်းနိုင်ခြင်းတို့ကြောင့် ဝေဖန် မေးခွန်းထုတ်ခံနေရသည့် အပြင် လူထု၏ သရော်လှောင်ပြောင်မှုကိုပါ ခံနေရသည်။

ပြီးခဲ့သည့် ဇွန် ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ဦးဝီရသူ ထောက်ခံဆုတောင်းပွဲ နှစ် ခုတွင် ဦးဆောင်သူ သံဃာနှင့် လူပုဂ္ဂိုလ် ၁၄ ဦးအား ငြိမ်းစုစီးဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့သော်လည်း ယခင် ဝရမ်းဟောင်းရှိနေသည့် ဦးပညာဝံသ တပါးတည်းသာ ဖမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မျိုးချစ်ဟုဆိုကာ လှုပ်ရှားသူများအား အမှုဖွင့် ဖမ်းဝရမ်းထုတ်ခြင်းများအပေါ် ဖမ်းဆီးရမိမှုမရှိသည့် အခြေအနေ သည် ယခင်လှုပ်ရှားမှု ဖြစ်ရပ်များတွင်မှာပါ တွေ့ရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
556
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

အထူးသဖြင့် ဇွန်လ ၁၀ ရက်နေ့မှ ဖမ်းဆီးခံလိုက်ရသည့် ဦးပညာဝံသသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်း က ဖမ်းဝရမ်းထုတ်ခံရသူဖြစ်သည့်အပြင် မိုက်ကယ်ကျော်မြင့် ဦးဆောင်ကာ တောင်ဒဂုံမြို့နယ်အတွင် အစ္စ လာမ် ယာယီဝတ်ပြုနေရာများ ပိတ်စေခဲ့မှုတွင်လည်း ပါဝင်လှုပ်ရှားခဲ့သည်ကို တွေ့ရသည်။

မိုက်ကယ်ကျော်မြင့်ကို လက်ခံထားမှုဖြင့် ယောက္ခမဖြစ်သူ ဦးကျော်မောင်အား ဝရမ်းထုတ်ခံရခြင်းမှ ထွက်ပြေး တိမ်းရှောင်နေသူအား လက်ခံထားမှု ပုဒ်မ ၂၁၆ ဖြင့် ပင်းတလဲ နယ်မြေရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

သူ့အပေါ် အမှုဖွင့်အရေးယူလိုက်ခြင်းသည် ဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေသူများအပေါ် သတိပေး တပ်လှန့်လိုက်ခြင်းလည်းဖြစ်ပြီး ၎င်းတို့အား လက်ခံ အားပေးကူညီသူများသည် အမှုဖွင့်အရေးယူခံရမည့် အခြေအနေ ရောက်ရှိနေသည်။

အဓမ္မဝါဒီ တိုက်ဖျက်ရေးကော်မတီမှ ကိုမြတ်ကျော် က “ရဲတပ်ဖွဲ့ဘက်က အမြဲပြောလေ့ရှိတာက တပ်ဖွဲ့ဝင် အင် အား မလုံလောက်တာ၊ နည်းပညာ အားနည်းနေသေးတာတို့ပဲ၊ ဒါကတပိုင်း၊ တဖက်မှာဒီလောက် အမျိုးသား ရေး လှုပ်ရှားမှုတွေထဲ ပါဝင်ပတ်သက်တဲ့သူတွေကို ဖမ်းဝရမ်းထုတ်ထားပေမယ့် အခုထိ ဖမ်းဆီးတာ မရှိသေး တာကတော့ မေးခွန်းထုတ်ရမယ်၊ အခုဦးပညာဝံသကိုပဲ မိသေးတယ်၊ ကျန်တဲ့သူတွေရှိနေသေးတယ်၊ ဒါပေမယ့် အဲ့ဒီသူတွေကိုယ်တိုင်က လှုပ်ရှားမှုတွေထဲ ပါဝင်နေမြဲဖြစ်နေတာ ဘာလို့လဲ” ဟု မေးခွန်းထုတ်ထားသည်။

ပြီခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဦးဝီရသူအား ထောက်ခံကြောင်း ဆုတောင်းပွဲများအား သံဃာအချို့ ဦး ဆောင်ကာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့အချို့၌ ပြုလုပ်ခဲ့ကြပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခြင်းတော့ မရှိခဲ့ကြောင်း သိရ သည်။

ထိုထောက်ခံ ဆုတောင်းပွဲများတွင် ယခင်ပြစ်မှုဟောင်းဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူအချို့ ဦးဆောင်ပါဝင်ခဲ့ သော်လည်း ဦးပညာဝံသ တဦးတည်းသာ ဇွန်လ ၁၀ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

လတ်တလောတွင်လည်း ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူအနေဖြင့် လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ဟောပြောမှုများ ဆက်လက်ပြုလုပ်နေသကဲ့သို့ ၎င်းအား အားပေးထောက်ခံသူများကလည်း လူစုလူဝေးဖြင့် ထောက်ခံ ဆုတောင်းပွဲများ ဆက်လက်ပြုလုပ်လျှက်ရှိနေသည်။

“မင်းတို့ ထမင်းဝအောင်စားထား” စာသားပါ တီရှပ်အကျီၤ ဝတ်ဆင်လျှက် တရားရုံးသို့ လာရောက်ခဲ့ သူများ (ဓာတ်ပုံ – ဧရာဝတီ)

 

ဥပဒေဆိုင်ရာ အကြံပေး ဦးခင်မောင်မြင့် က “ပြစ်မှုဆိုင်ရာအရ ဝရမ်းထုတ်မှုကို ဖမ်းဆီးခြင်းမခံဘဲ ထွက်ပြေး တိမ်းရှောင်နေတဲ့ ပုဂ္ဂိုလ်တယောက်ကို ထောက်ခံတယ်၊ သူ့ကိုအကြောင်းပြုပြီး လူစုလူဝေးလုပ်တယ် ဆိုတာ တွေက ဥပဒေပိုင်းအမြင်နဲ့ကြည့်ရင် နိုင်ငံတော်အစိုးရကို အတိအလင်းဆန့်ကျင်ဆောင်ရွက်တာလို့ အဓိပ္ပါယ် သက်ရောက်ပါတယ်” ဟု ပြောသည်။

အစိုးရအပေါ် ဝေဖန်ဟောပြောသည့်အတွက် ဦးဝီရသူအနေဖြင့် တရားစွဲ ဝရမ်းထုတ်ခံရသကဲ့သို့ တပ်မတော် အား ဝေဖန်းပြောဟောမှုကြောင့် သံဃာအချို့နှင့် လူပုဂ္ဂိုလ်အများအပြား တရားစွဲခံရလျှက်ရှိသည်။

တပ်မတော်အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံရသူများဖြစ်သည့် ဦးသောဘိတ၊ ဦးမင်းထင်  ကိုကိုကြီး၊ ဦးနေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ အစရှိသည့် တရားစွဲခံရသူ အားလုံးသည် ထွက်ပြေးတိမ်း ရှောင်ခြင်းမရှိသကဲ့သို့ ရဲတပ်ဖွဲ့ကလည်း တပ်မတော်က တရားစွဲသူအားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။

ဥပဒေအကြံပေး တဦးဖြစ်သူ ဦးခင်မောင်မြင့်က “ဝရမ်းပြေးခြင်း မပြေးခြင်းက တဦးချင်းရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်မှုအပေါ် မူတည်တယ်၊ ကိုယ်တိုင်ယုံကြည် လက်ခံတဲ့ အမှန်းတရားတခုကို ဝေဖန်ပြောကြားသူတွေက တရားစွဲခံရလဲ ရင်ဆိုင်ကြမှာပါပဲ”ဟု သုံးသပ်သည်။

ရဲတပ်ဖွဲ့သည် တပ်မတော်၏ တရားစွဲဆိုမှုအားလုံးအပေါ် အချိန်နှင့်တပြေးညီ ဖမ်းဆီးနိုင်သော်လည်း ဆူပူမှုဖြစ်စေမည့် လူပုဂ္ဂိုလ်များအား ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ရာတွင် အားနည်မှုများ ရှိနေသည့်အတွက်လည်း ဝေဖန်မေးခွန်းထုတ်ခံနေရသည်။

ယင်းသို့ လူစုလူဝေးဖြင့် လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နေခြင်းအပေါ် နိုင်ငံတည်ငြိမ်အေးချမ်းမှုအား ပျက်ပြားစေမည့် လုပ်ဆောင်မှုများရှိလာပါက ဥပဒေနှင့်အညီပြတ်ပြတ်သားသား ကိုင်တွယ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မေလ ၃၁ ရက်နေ့ တွင် ပြောထားသည်။

ဦးဇော်ဌေး က “ဒီအပေါ်မှာတော့ ကျနော်တို့ လျော့လို့မရဘူး၊ ကြီးသည်ဖြစ်ဖြစ်၊ ငယ်သည်ဖြစ်ဖြစ်၊ နိုင်ငံ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်လာနိုင်တဲ့ အနေအထားတွေရှိတယ်ဆိုရင် ကျနော်တို့က ဥပဒေနဲ့အညီ တိတိ ကျကျ ပြတ်ပြတ်သားသားလုပ်ရမှာ” ဟု ပြောထားသည်။

အမျိုးသားရေး ခေါင်းစဉ်တပ်ကာ လှုပ်ရှားမှုများသည် ပြည်သူအကြား ထိတ်လန့်မှုများ ဖြစ်စေခဲ့သလို တရား ဥ ပဒေ စိုးမိုးရေးအပေါ် စိန်ခေါ်နေသည့် လှုပ်ရှားမှုများဖြစ်နေသည့်အတွက် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများအနေဖြင့် မည်သို့ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

You may also like these stories: 

အမျိုးသားရေး အမည်ခံ နိုင်ငံရေးလှုပ်ရှားမှုကို ထိန်းချုပ်ပါ

ဦးဝီရသူ ထောက်ခံပွဲ ပါဝင်သူများကို လိမ်လည်ခေါ်ခဲ့ခြင်းမရှိဟုဆို

ဦးဝီရသူကို မျက်ကွယ်ဆက်စစ်မည်ဟု တရားရုံးကြေညာ

ဦးဝီရသူ ထောက်ခံပွဲကြောင့် ဘုန်းတော်ကြီးများ အပါအဝင် ၉ ဦးကို အမှုဖွင့်

ဦးဝီရသူကို “မမိသေးဘူးလား” ဟု သမ္မတရုံးက ရဲတပ်ဖွဲ့ကို မေးနေရဟုဆို

Your Thoughts …
Tags: မိုက်ကယ်ကျော်မြင့်ဝရမ်းပြေးဦးဝီရသူ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဦးဝီရသူ ပြန်လာပြီ

ဦးဝီရသူ ပြန်လာပြီ

by အောင်သူရ
24 January 2025
10.1k

“ကြံ့ခိုင်ရေးက ဘူးလက် လှဆွေတို့၊ မင်းကင်း မောင်မြင့်တို့ ခဏခဏ လာကြတယ်”

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

by ကြိုးကြာ
7 July 2024
6.2k

ရန်ကုန်မှာလည်း စီးပွားရေးသမားတွေကြား၊ ခရိုနီတွေကြား စစ်ကြောရေးမှာ နေနည်း၊ ဖြေနည်း၊ ချော့နည်းများ အပြင် ပြေးပေါက် ရှာနေကြသည်။

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

by မောင်ကဝိ
19 August 2024
5.6k

စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေး အစွန်းရောက်တွေဟာ သူ့ရဲ့ မအောင်မြင်တဲ့ ခေါင်းဆောင်မှုကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံ ညည်းတွားနေကြတယ်။

ဦးဝီရသူကို ကယ်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ

ဦးဝီရသူကို ကယ်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ

by အောင်သူရ
21 July 2025
5.6k

ငြိမ်းချမ်းရေးစင်တာဟုဟာ အမည်တပ်ထားသော်လည်း အမုန်းတရားဖြန့်ဝေသူကို ရဲက ဖမ်းဆီးမည့်ကိစ္စအား MPC လူကြီးများက တားမြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

by Nandita Haksar
24 June 2024
2.3k

"ပန်းလေးတပွင့် ကိုင်ထားသူကို စစ်တပ်က ဘာကြောင့် ကြောက်တာလဲ"

ပူတင်ရှေ့မှာ ရိုကျိုးနေတဲ့ စစ်ခေါင်းဆောင် (ရုပ်/သံ)

ပူတင်ရှေ့မှာ ရိုကျိုးနေတဲ့ စစ်ခေါင်းဆောင် (ရုပ်/သံ)

by ဧရာဝတီ
5 March 2025
516

“မလုပ်ရဲတာ ဘာမှမရှိဘူး ”လို့ ကြွေးကြော်ခဲ့ပြီး တိုင်းပြည်ကိုအာဏာသိမ်း၊ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ရာမှာတော့ ဝပ်တွားခယနေရတယ်လို့ စောင့်ကြည်သူတွေက ထောက်ပြကြပါတယ်။

Next Post
၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း အိန္ဒိယနယ်ခြားကို လုံခြုံရေးယူနေသော အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များ / Reuters

အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved