• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ

by ရဲနည်
18 June 2019
in သူ့အတွေး သူ့အမြင်
A A
၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း အိန္ဒိယနယ်ခြားကို လုံခြုံရေးယူနေသော အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များ / Reuters

၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း အိန္ဒိယနယ်ခြားကို လုံခြုံရေးယူနေသော အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များ / Reuters

37.8k
VIEWS
Share on FacebookShare on Twitter

လတ်တလော ဖြစ်ပွားနေသည့် ရခိုင်စစ်ပွဲ၊ တပ်မတော်က လွန်ခဲ့သော ၆ လက အပစ်ရပ်ကြေညာခဲ့သော တရုတ်-မြန်မာ နယ်စပ်မှ ကချင် ပလောင်နှင့် ကိုးကန့်စစ်ပွဲအပြင် နှစ် ၃၀ ငြိမ်းချမ်းရေး အထိမ်းအမှတ် စစ်အင်အားပြခဲ့သော ဝ တပ်ဖွဲ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှ ခပ်ခွာခွာ စနေလာသော ကရင်တပ်ဖွဲ့များအပေါ် သတင်း မီဒီယာများအပါအဝင် မြန်မာလူထု၏ စိတ်ဝင်စားမှုက မြင့်သော်လည်း အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က ပဋိပက္ခကမူ အများအာရုံဝင်စားမှုမှ ကင်းလွတ်နေခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာရှိ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ္ပလန် NSCN-K ၏ ဗဟိုဌာနချုပ် တကား စခန်းကို မြန်မာ့တပ်မတော်က တပ်ရင်း ၆ ရင်း အင်အား ၄၀၀ ကျော်ဖြင့် ဝင်ရောက်၍ ထိန်းချုပ်လိုက်ခြင်းနှင့် ၎င်း၏ ကေဒါ အနည်းငယ်နှင့် အိန္ဒိယအစိုးရကို ဆန့်ကျင်ပုန်ကန်နေသော အခြားသော လက်နက်ကိုင် အဖွဲ့များမှ ကေဒါများကို ဖမ်းဆီး ထိန်းသိမ်းခြင်းမှာ ပိုမိုကျယ်ပြန့်သော နိုင်ငံရေး ကစားပွဲ ဖြစ်သည်။

ယင်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းမှ နယ်ခြားစောင့် ရဲစခန်း ၄ ခုကို ဇန်နဝါရီလ ၄ရက်နေ့တွင် ရာနှင့်ချီသော AA တိုက်ခိုက်ရေးသမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း၏ နောက်ဆက်တွဲဖြစ်သည်။

မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလစ်တနာ၏ အဆိုအရ မြန်မာနိုင်ငံမြောက်ပိုင်း ဝေးကွာသောဒေသမှ နာဂတိုင်းရင်းသားများသည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် လက်နက်ကိုင်တိုက်ခိုက်မှုပြုလုပ်ပြီး အိန္ဒိယလုံခြုံရေးတပ်များ လက်လှမ်းမမီသည့် နယ်စပ်ကိုဖြတ်ကျော်ကာ ပြန်လည်ဆုတ်ခွာသော လက်နက်ကိုင်များကို ခိုလှုံခွင့်ပေးနေသည်မှာ ကာလကြာမြင့်လှပြီဖြစ်သော်လည်း ယင်းကို အမြစ်ဖြတ်ရန် မြန်မာနိုင်ငံက လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ သို့မဟုတ် စိတ်ထက်သန်မှု မရှိခဲ့ပေ။

သို့သော် ထိုအခြေအနေမှ ရုတ်ချည်း ပြောင်းလဲသွားပြီး တကားကို မြန်မာ့တပ်မတော်က ဝင်ရောက်စီးနင်းခြင်းသည် အသေးစိတ် စဉ်းစားပြင်ဆင်ထားသည့် သေနင်္ဂဗျူဟာ ကျသော စစ်ဆင်ရေး တခုဖြစ်ပုံရသည်။ မြန်မာပြည် အနောက်ပိုင်းတွင် ချဲ့ထွင်အခြေစိုက်လာသော AA ကို အိန္ဒိယက ထောက်ပံ့ရေးလမ်းကြောင်း ဖွင့်မပေးရေး ရည်မျှော်သော အပေးအယူအနေနှင့် အိန္ဒိယကို ဆန့်ကျင်နေသူများ မြန်မာ့မြေပေါ်တွင် အခြေမစိုက်နိုင်ရေး ရည်ရွယ်သော စစ်ဆင်ရေးဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအခြေပြု နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ- ခက်ပလန် (NSCN-K) သည် အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေသော အာသံနှင့် ကသည်း သူပုန်များကို လက်ခံပြီး ခိုလှုံခွင့် ပေးထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဟု စစ်ရေးလေ့လာစောင့်ကြည့်သူများက ဆိုကြသည်။

မဏိပူရ်ပြည်နယ် ချန်ဒယ်တွင် အိန္ဒိယစစ်သား ၁၉ ဦး သေဆုံးစေသော တိုက်ခိုက်မှုအပြီး တလအကြာ ၂၀၁၅ ခုနှစ် ဇွန်လတွင် အိန္ဒိယတပ်များက NSCN-K ကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ယုံကြည်နိုင်ဖွယ်ရှိသော စစ်ဆင်ရေးနှင့်အတူ ဒေလီအစိုးရသည် နေပြည်တော်သို့ နယ်ခြားဒေသ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် စည်းရုံးသိမ်းသွင်းလာခဲ့သည်။

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လက်အောက်ခံ ချင်းတွင်းမြစ်အနီးမှ တကားရှိ နာဂ အဖွဲ့၏ ဌာနချုပ်နှင့် စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ လေရှီးနှင့် လဟယ်မှ အခြားသော စခန်းများကို ပုန်းခိုရန်နေရာ၊ လေ့ကျင့် ရေးစခန်း၊ ထောက်ပံ့မှုများ ပို့ဆောင်ပေးရန်နှင့် မြန်မာနှင့် အိန္ဒိယအရှေ့မြောက်ပိုင်း ၂ ဘက်လုံးမှ အခြား လက်နက်ကိုင် အဖွဲ့များ စခန်းတထောက်နားရာ ဖြစ်ကြောင်း အိန္ဒိယ စစ်ဘက် ထောက်လှမ်းရေးက သတင်းများ နေပြည်တော်သို့ ဝေငှပေးခဲ့နိုင်ဖွယ် ရှိကြောင်း အိန္ဒိယသတင်းစာများက ဆိုသည်။

နယူးဒေလီမှ အိန္ဒိယ ခေါင်းဆောင်ပိုင်းက မြန်မာ့ တပ်မတော်နှင့် နေပြည်တော် အစိုးရအနေဖြင့် အိန္ဒိယ အရှေ့မြောက်ပိုင်းမှ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ မြန်မာ့မြေပေါ်မှနေ၍ လှုပ်ရှားခွင့်မပေးရန် တွန်းအားကို တိုးမြှင့်ခဲ့သော်လည်း မြန်မာ၏ တုံ့ပြန်ချက်မှာ တချက်ခုတ် သုံးချက်ပြတ်စေမည့် နည်းလမ်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကချင်ပြည်နယ် လိုင်ဇာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ အကူအညီဖြင့် တည်ထောင်ခဲ့သည့် AA သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်းသို့ တိုးချဲ့လာသည်။ AA က ကုလားတန်မြစ်တဖက် အိန္ဒိယ နယ်စပ်နှင့် နီးသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တွင် စခန်းများ စတင်ထူထောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်ကုန်ပိုင်းလောက်တွင် AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မြို့နယ် ၄ ခု (ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း နှင့် ကျောက်တော်) ၏ အစွန်များသို့ ဆင်းလာခဲ့ကြသည်။ ထိုသို့ ဖြန့်ကျက်လာမှုကို နောက်မှ ထောက်ပံ့မှု မပေးနိုင်ရေး အိန္ဒိယ၏ အကူအညီကို မြန်မာ့တပ်မတော်က လိုလားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ အိန္ဒိယ နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့များကလည်း နယ်ခြားကို AA ဖြတ်ကူးဝင်မလာစေရေး ပိတ်ဆို့ ပေးခဲ့သည်။

NSCN-K ၏ တကားစခန်းကို မြန်မာ့တပ်မတော်က ဝင်ရောက်စီးနင်းထားမှုသည် မြန်မာနိုင်ငံ အနောက်ပိုင်းရှိ AA စတင်အခြေစိုက်ရာ ချင်းပြည်နယ်နှင့် AA ၏ ဗဟိုစခန်းလုပ်ထားသော လိုင်ဇာမြို့ တည်ရှိရာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ကြားတွင် ရှိနေသော စစ်ကိုင်းတိုင်း အပါအဝင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးကို ဖြတ်တောက်သကဲ့သို့လည်း ဖြစ်သောကြောင့် စစ်ရေးအရ ဗျူဟာကျလှသည်။

မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလင့်တနာက အိန္ဒိယအစိုးရကို ဆန့်ကျင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ခိုလှုံသည့်စခန်းများ တည်ဆောက် ထားကြသည်မှာ ၁၉၆၀ ပြည့်နှစ် များကပင်ဖြစ်ပြီး ယခင်က ထိုလက်နက်ကိုင်များသည် မြန်မာနိုင်ငံ မြောက်ပိုင်းမှ တောတောင် ထူသော နေရာများကို ဖြတ်သန်းလျက် လက်နက်နှင့် စစ်သင်တန်းအတွက် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြကြောင်း သူ၏ Myanmar and India becoming brothers in arms ဆောင်းပါးတွင် ဆိုသည်။

NSCN-K ဌာနချုပ်ကို တိုက်ခိုက်ခဲ့ပြီး များမကြာမီတွင် မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ချက်တခုတွင် စစ်ဆင်ရေးကို အိန္ဒိယ ဘက်ခြမ်းမှ ရရှိသည့် လျှို့ဝှက်သတင်း ကို အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။ ကသည်းနှင့် အာသံ စခန်းအားလုံးကို ဇန်နဝါရီလ ၂၉ နေ့တွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှု နှင့် ဖေဖော်ဝါရီ ၈ ရက်မှ ၁၉ ရက်အတွင်း ပြုလုပ်ခဲ့သော နောက်ထပ် တိုက်ခိုက်မှုတွင် သိမ်းယူခဲ့သည်ဟု အဆိုပါ ကြေညာချက်က ဆိုသည်။ ၎င်းတို့ကို NSCN-K အဖွဲ့ဝင်များအဖြစ် ဖော်ပြခဲ့သည်။

ထို့နောက် တပ်မတော်က တရားလိုလုပ်၍ ခန္တီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ရာ မေ ၁၅ ရက်က ၆ ကြိမ်မြောက် ရုံးချိန်းတွင် အာသံနှင့် ကသည်း သူပုန် ၂၄ ဦးအား ခန္တီးခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။

တကားမှ အဖြစ်အပျက်များသည် လတ်တလော တိုးတက်လာနေသော အိန္ဒိယနှင့် မြန်မာ့တပ်မတော်များကြား နီးစပ်လာနေမှု၏ ရလဒ်တခု ဖြစ်သည်။ လေ့လာစောင့်ကြည့်သူများ ပြောသည့်အတိုင်းဆိုလျှင် “ပြည်တွင်းဖြစ် ဆူပူသောင်းကျန်းမှုကိုသာမက နယ်စပ်ဖြတ်ကျော် ဆူပူမှုကိုလည်း တုန့်ပြန်ရာတွင် မြန်မာနိုင်ငံ၏ အယူအဆ အပြောင်းအလဲတရပ်”လည်း ဖြစ်သည်။

အိန္ဒိယ သတင်းစာ India Express က လတ်တလော ဖော်ပြချက်တွင် အိန္ဒိယနှင့် မြန်မာ တပ်မတော်များ အကြား ပူးပေါင်း၍ Sunshine စစ်ဆင်ရေး ၁ ကို ယခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ ဆောင်ရွက်ခဲ့သလို၊ စစ်ဆင်ရေး ၂ ကိုလည်း မေလ ၁၆ ရက်နေ့မှ ဇွန် ၈ ရက် အထိ အိန္ဒိယ-မြန်မာ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့သည် ဟု ဖော်ပြထားသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း “သူ့နယ်မြေ ကိုယ့် လက်နက်ကိုင်တပ်၊ ကိုယ့်နယ်မြေ သူ့ လက်နက်ကိုင်တပ် ဝင်တာမျိုး အဲဒီလိုတော့ မရှိပါဘူး။ အချင်းချင်း ပေါင်းပြီးတော့ ဆောင်ရွက်တာတော့ ရှိတယ်။ ဖမ်းဆီး အရေးယူနေတာ ပူးပေါင်း အစည်းအဝေးတွေ ဆောင်ရွက်နေတာတော့ ရှိပါတယ်။ ဒါတွေကတော့ အိန္ဒိယ တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ တခြား အိမ်နီးချင်း နိုင်ငံတွေနဲ့ လည်း ဒီလိုမျိုး ဆောင်ရွက်လေ့ ရှိပါတယ်” ဟု ပြောသည်။

စောင့်ကြည့်ရန် ကျန်နေသေးသည်မှာ မြန်မာ့တပ်မတော်က NSCN-K ဌာနချုပ်ကို မည်မျှကြာအောင် ဆက်လက်ထိန်းသိမ်းထားမည်နည်း ဆိုသည်ပင်။

ဘာတေးလင့်တနာက လက်နက်ကိုင်များနှင့် ပတ်သက်သော အိန္ဒိယနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက မည်သို့ မြင်သည်ဆိုသော အချက်မှာ နာဂများက ထိုပူးပေါင်းဆောင်ရွက်မှုကို မြင်သောအမြင်ထက် ပိုမို အရေးပါသည်ဟု ရေးသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာ ပြဿနာ ဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်ကို ဗြိတိန်က လေ့ကျင့်မှုများ ဆိုင်းငံ့ခဲ့အပြီး အိန္ဒိယသည် မြန်မာ့တပ်မတော်အတွက် တွဲဘက် လေ့ကျင့်စရာ သင်တန်းကျောင်းတခု ဖြစ်လာနေခဲ့သည်။ စစ်လက်နက်ပစ္စည်း အထောက်အပံ့များပင် ရနေကြောင်း အတည်မပြုနိုင်သော သတင်းများက ဆိုသည်။

တဘက်တွင်လည်း တရုတ်နိုင်ငံက အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေသည်။

နေပြည်တော်တွင် ၂၀၁၇ ခုနှစ်အလယ်ပိုင်းက ပြုလုပ်ခဲ့သော ဒုတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ(ပြည်ထောင် စု ငြိမ်းချမ်းရေး ညီလာခံ) တွင် တရုတ်နိုင်ငံက မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မဟာမိတ် အဖွဲ့ တက်ရောက်ရန် တရုတ်က အောင်မြင်စွာ စေ့စပ်ညှိနှိုင်းပေးခဲ့သည်။ ကချင်၊ ဝ၊ ပလောင်၊ ကိုးကန့်၊ ရှမ်း၊ မိုင်းလားအဖွဲ့နှင့် AA တို့ ဖြစ်သည်။ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် NCA လက်မှတ်မထိုးရသေးသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ(FPNCC) တွင် ပါဝင်သည့် အဖွဲ့ဝင်များ ဖြစ်ကြသည်။

တရုတ်နိုင်ငံက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် နေပြည်တော်မှ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးသူများနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် AA မှ ကိုယ်စားလှယ်များ ကူမင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ပေးခဲ့သေးသည်။

သို့သော် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တခု သဘောတူ ချုပ်ဆိုနိုင်ရေး ညှိနှိုင်းနေရာ တပ်မတော်ဘက်မှ ရခိုင်ပြည်နယ်တွင် AA တပ်ဖွဲ့၏ တည်နေရာကို အသိအမှတ် မပြုချေ။ ယခင် အဖြူရောင်နယ်မြေအဖြစ် သတ်မှတ်ထားသော နယ်မြေများဖြစ်သောကြောင့်ဟု တပ်မတော်ဘက်က ပြောဆိုသည်။

တပ်တည်ရှိရေးကိစ္စ သဘောကွဲလွဲမှုမှာ AA သာမက မြောက်ပိုင်းမဟာမိတ်ဝင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပလောင်တပ်ဖွဲ့ TNLA တို့နှင့်ပါ ဖြစ်ပွားနေသဖြင့် ငြိမ်းချမ်းရေးသို့ ဦးတည်သော အပြန်အလှန် ကတိကဝတ်တခု လက်မှတ်ရေးထိုးနိုင်ရေးက မဝေးသော အနာဂတ်တွင် ဖြစ်လာစရာ မမြင်ပါ။ ထို့သို့သော ရှေ့မတိုးနောက်မဆုတ် ဖြစ်နေမှုက ယခုနှစ် ကျင်းပရန် ကြံရွယ်ထားသော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး တတိယအကြိမ် ညီလာခံကိုလည်း မကျင်းပရန် ဖြစ်လာစေခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူတွင်သာမက မြန်မာနိုင်ငံတွင် ခေတ်သစ်ပိုးလမ်းမစီမံကိန်း အစိတ်အပိုင်းများတွင် ရင်းနှီးမြှုပ်နှံလိုသူ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်ပေါ်ပြောင်းလဲနေမှုကို မည်သို့ တုံ့ပြန် ဆောင်ရွက်မည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်စရာဖြစ်လာသည်။

သေချာသည်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ပဏာမ အပစ်ရပ်စာချုပ် မထိုးနိုင်လေ ရခိုင်စစ်ပွဲ မရပ်တံ့လေပင်။ ရခိုင်စစ်ပွဲ ဆက်ဖြစ်လေ မြန်မာက အိန္ဒိယကို ဆက်လိုအပ်လေပင်။ အပြန်အလှန်အနေဖြင့် နာဂနယ်မြေထဲမှ မြန်မာ့တပ်မတော် ပြန်လည်ဆုတ်ခွာမည့် အလားအလာ ပို နည်းပါးလေ ဖြစ်တော့သတည်း။

ဆက်စပ်ဖတ်ရှုရန်

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
82
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
30
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
95

တပ်မတော် အပစ်ရပ်စာချုပ်ကို ချိုးဖောက်နေဟု NSCN-K ပြော

တပ်မတော် သဘောထားတင်းမာလျှင် ဆွေးနွေးပွဲ ထိခိုက်နိုင်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော 

အာသံနှင့် ကသည်းသူပုန် ၂၄ ဦးကို ထောင် ၂ နှစ်စီ ချမှတ် 

အိန္ဒိယ သူပုန်များကို လက်ခံထား၍ နာဂ ဌာနချုပ်ကို သိမ်းကြောင်း တပ်မတော်ထုတ်ပြန် 

Your Thoughts …
Tags: နာဂနိုင်ငံရေးကျားကွက်များအိန္ဒိယ-မြန်မာ နယ်ခြား
ရဲနည်

ရဲနည်

ဧရာဝတီ

Similar Picks:

အာသံရိုင်ဖယ်အတိုက်ခံရပြီး မြန်မာဘက်မှ နာဂအဖွဲ့ကို အိန္ဒိယလက်တုံ့ပြန်

အာသံရိုင်ဖယ်အတိုက်ခံရပြီး မြန်မာဘက်မှ နာဂအဖွဲ့ကို အိန္ဒိယလက်တုံ့ပြန်

by မေရီခိုင်
22 October 2025
5.9k

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN - K (YA)က အိန္ဒိယစစ်တပ်၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး အပြစ်မဲ့ အရပ်သားများနှင့် ကလေးသူငယ်များကို တိုက်ခိုက်သည့် လက်မခံနိုင်ကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံတကာစံနှုန်း ဥပဒေများ ထင်ရှားစွာ ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ်...

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

by ဧရာဝတီ
16 July 2025
281

အိန္ဒိယစစ်တပ်က နယ်စပ်စည်းမျဥ်းကနေ ကျော်လွန်ပြီး မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်က ကျေးရွာတွေကို ဇူလိုင်လ ၁၃ ရက်နေ့မှာ UAV ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အဖွဲ့ဝင်များကို မြန်မာနယ်နိမိတ်အတွင်း စစ်ရေးလေ့နေသည်ကို တွေ့ရစဉ်  / PLA

အိန္ဒိယသူပုန်များနှင့် ပြန်ပေါင်းထုပ်နေရသော မြန်မာစစ်တပ်

by Bertil Lintner
11 December 2021
13k

အိန္ဒိယသည် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တော်လှန်ရေးနေ့ စစ်ရေးပြပွဲသို့ ကိုယ်စားလှယ် (စစ်သံမှူး) စေလွှတ်သည်။

နာဂဒေသမှာ ငွေလိမ်ခံရသူတွေကို လက်နက်ကိုင်တွေက ခြိမ်းခြောက်ဖမ်းဆီးနေ (ရုပ်/သံ)

နာဂဒေသမှာ ငွေလိမ်ခံရသူတွေကို လက်နက်ကိုင်တွေက ခြိမ်းခြောက်ဖမ်းဆီးနေ (ရုပ်/သံ)

by ဧရာဝတီ
23 December 2024
172

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ္မရာမြို့မှာ ငွေကြေးလိမ်လည်ခံရတဲ့ နစ်နာသူတွေကို လက်နက်ကိုင်တွေက ဖမ်းဆီးရိုက်နှက်ပြီး ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။

နာဂတိုင်းရင်းသား လူဦးရေအားဖြင့် ၄ သန်းခန့် ရှိပြီး မြန်မာပြည်ဘက်ရှိ လူဦးရေမှာ စုစုပေါင်း နာဂလူဦးရေ၏ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိသည် / Reuters

နာဂ တို့၏ လာရာနဲ့ လားရာ

by Banner Tort Reign
23 August 2017
7.8k

နာဂ အရေးသည် နာဂ မဟုတ်သူများ အတွက် မဆိုထားနှင့် နာဂလူမျိုးများ အတွက်ပင်လျှင် ရှုပ်ထွေးလှသည်။ မတူညီသော နိုင်ငံရေး လားရာများ ကြားတွင် မည်သည့်ဘက် လိုက်ရမည်ကို နာဂ ပြည်သူအများစုမှာ ဝေခွဲမရ ဖြစ်ကြရသည်။

ဒန် ကျေးရွာအနီး မိုင်တိုင် ၁၄၆ ရှိ နိုင်ငံတကာ ကုန်သွယ်ရေး စင်တာ (ITC) အထိမ်းအမှတ် ကျောက်တိုင်နှင့် ရွာသူကြီး / Bidhayak Das

အိန္ဒိယ-မြန်မာ နယ်စပ်စည်းရိုးကြောင့် သောကရောက်နေရသည့် နာဂများ

by Bidhayak Das
28 May 2018
22.6k

ဝင်ပေါက်၏ ရှေ့တည့်တည့်တွင် တည်ရှိသော ဘန်ကာများထဲမှ ကျနော်တို့ကို ချိန်ရွယ်ထားသည့် မောင်းပြန် စက်သေနတ်များက ဆီးကြိုနေသည်။

Next Post
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ

ဟောင်ကောင် ပြည်သူများ စံချိန်တင် ချီတက် ဆန္ဒပြခဲ့ကြပြီး တောင်းဆိုချက်များအနက် တခုမှာ ကျွန်း၏အကြီးအကဲ အမှုဆောင် အရာရှိချုပ် ကာရီ လမ် နုတ်ထွက်ရေး ဖြစ်သည် / Reuters

ရှီကျင့်ဖျင်ကို ခေါင်းကိုက်စေသော ဟောင်ကောင် အကျပ်အတည်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved