• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးဝီရသူ ပြန်လာပြီ

by အောင်သူရ
24 January 2025
in ဆောင်းပါး
A A
ဦးဝီရသူ ပြန်လာပြီ

ဇန်နဝါရီ ၅ ရက်နေ့ လယ်ဝေးမြို့နယ် အောင်းကုန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် အခမ်းအနား/ Yai Myat Aung Facebook

10.1k
VIEWS
Share on FacebookShare on Twitter

ကာလအတန်ကြာ လူမြင်ကွင်းမှ ပျောက်နေခဲ့သော အမျိုးသားရေးအစွန်းရောက် မဘသ ဘုန်းကြီး ဦးဝီရသူ၏ လှုပ်ရှားမှုသည် ဇန်နဝါရီလဆန်းမှစ၍ ပြန်ပေါ်လာခဲ့သည်။

ဦးဝီရသူ ပြန်ပေါ်လာသောနေရာသည် မန္တလေးမြို့တွင် မဟုတ်တော့ပေ။ နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံးချုပ် (USDP) နှင့် အနီးဆုံးနေရာ တခုဖြစ်သော လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဖြစ်သည်။ အဆိုပါ ဘုန်းကြီးကျောင်းအား တိုင်တရာ ဘုန်းကြီးကျောင်းဟုလည်း ခေါ်ကြသည်။

ဦးဝီရသူ နေထိုင်သော အောင်းကုန်းကျောင်းမှာ နိုင်ငံကျော် ရုပ်ရှင်မင်းသမီးကြီး ခင်သန်းနု၏ မွေးဇာတိရွာဖြစ်သော အောင်းကုန်းရွာတွင် တည်ရှိသည်။

အောင်းကုန်းရွာသည် နေပြည်တော် ပျဉ်မနားမြို့ အရှေ့တောင်ဘက် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် တည်ရှိပြီး အဆိုပါ ကျေးရွာရှိ အောင်းကုန်း ဘုန်းကြီးကျောင်းမှာ ရှေးဟောင်းလက်ရာများဖြင့် တည်ဆောက်ထားသော ရှေးဟောင်း ဘုန်းကြီးကျောင်းကြီး ဖြစ်သည်။ ရှေးဟောင်း ကျောင်းတော်ကြီးဟုလည်း ဒေသခံများက ခေါ်ကြသည်။

အောင်းကုန်းရွာသည် နေပြည်တော် ပျဉ်မနားမြို့ အရှေ့တောင်ဘက် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် တည်ရှိပြီး အဆိုပါ ကျေးရွာရှိ အောင်းကုန်း ဘုန်းကြီးကျောင်းမှာ ရှေးဟောင်းလက်ရာများဖြင့် တည်ဆောက်ထားသော ရှေးဟောင်း ဘုန်းကြီးကျောင်း ဖြစ်သည်။ ရှေးဟောင်း ကျောင်းတော်ကြီးဟုလည်း ဒေသခံများက ခေါ်ကြသည်။

အဆိုပါ ရှေးလက်ရာ ကျောင်းကို မြန်မာသက္ကရာဇ် ၁၁၂၁ ခုနှစ်တွင် တည်ဆောက်ထားရှိသဖြင့် ယခုဆိုလျှင် နှစ်ပေါင်း ၂၅၀ ကျော် သက်တမ်းရှိသည်။ ကျောင်းတော်ကြီးအား ၉ နဝင်းကိုက်အောင် ၉ ပေခန်းများဖြင့် လုံးပတ်ညီ ကျွန်းတိုင်လုံးကြီး ၉၉ တိုင်ကိုသုံးပြီး သံဖြင့် မဟုတ်ဘဲ သစ်သားစို့များဖြင့် ဆောက်သည့်စနစ်ကို သုံးကာ တည်ဆောက်ထားခဲ့သည်။

နှစ်ထပ်ကျောင်းဆောင်ကြီးနှင့်အတူ ဘုံ ၇ ဆင့် ထည့်သွင်း တည်ဆောက်ထားပြီး ဘုံ ၇ ဆင့်ရှိ ကျွန်းတိုင်လုံးများမှာ ပေ ၄၀ ကျော် အရှည်ရှိသည်။ ကျောင်းတော်ကြီးတခုလုံးကို ကျွန်းသား ကျွန်းတံခါးများဖြင့်သာ တည်ဆောက်ထားရှိပြီး ရှေးကနုတ် ပန်းပုလက်ရာများ တွေ့မြင်ရကာ ရှေးခေတ်လက်ရာများ မပျောက်ပျက်အောင် ကြိုးစားထိန်းသိမ်းထားသည့် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း ဖြစ်သည်။

ဦးဝီရသူသည် အဆိုပါကျောင်းတိုက်တွင် နေထိုင်သည်မှာ ကြာပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ဦးဝီရသူအား ဖမ်းဝရမ်းထုတ်ခဲ့စဉ်က ဦးဝီရသူအနေဖြင့် အဆိုပါ အောင်းကုန်းကျောင်းတိုက်တွင် ပုန်းအောင်နေထိုင်ခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အဆိုပါကျောင်းတိုက်မှ ထွက်လာပြီး အဖမ်းခံခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဦးဝီရသူ ပြန်လွတ်လာပြီး အဆိုပါကျောင်းတိုက်တွင် ဆက်လက် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ဦးဝီရသူ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျောင်းတိုက်တွင် နေထိုင်သည်ကို ဒေသခံအချို့နှင့် USDP ပါတီ ခေါင်းဆောင်အချို့ သိကြသည်။ အောင်းကုန်းကျောင်းတိုက်သည် မဘသများ၊ စစ်ကောင်စီလော်ဘီများ၏ ဆုံနေကျနေရာ ဖြစ်သည်။

“ကြံ့ခိုင်ရေးက ဘူးလက် လှဆွေတို့၊ မင်းကင်း မောင်မြင့်တို့ ခဏခဏ လာကြတယ်” ဟု ဒေသခံတဦးက ဆိုသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် USDP ပါတီမှ ဦးမောင်မြင့် (မင်းကင်း) နှင့် ဘူးလက် လှဆွေတို့သည် အောင်းကုန်းကျောင်းတိုက်သို့ လာရောက်ကာ ဆန်၊ ဆီနှင့် ငွေကျပ် ၁၅ သိန်း လှူဒါန်းခဲ့သည်။

ဇန်နဝါရီ ၅ ရက်နေ့ လယ်ဝေးမြို့နယ် အောင်းကုန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် အခမ်းအနား/ Yai Myat Aung Facebook

ထို့ပြင် စစ်တပ်ထောက်ခံသူများ စစ်ကောင်စီလော်ဘီများနှင့် USDP ပါတီမှ ခေါင်းဆောင်အချို့သည် အဆိုပါ အောင်းကုန်းကျောင်းတိုက်သို့ မကြခဏ လာရောက်ကာ ဦးဝီရသူနှင့် တွေ့ဆုံကြသည်ဟု ဒေသခံအချို့က ဆိုသည်။

အထူးသဖြင့် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသော လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ ပြည်ထောင်စုနေ့ စသည့်နေများတွင် ဦးဝီရသူနှင့် စစ်ကောင်စီလော်ဘီများ အဆိုပါဘုန်းကြီးကျောင်းတွင် ဆုံကြသည်။

အထူးသဖြင့် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသော လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ ပြည်ထောင်စုနေ့ စသည့်နေများတွင် ဦးဝီရသူနှင့် စစ်ကောင်စီလော်ဘီများ အဆိုပါဘုန်းကြီးကျောင်းတွင် ဆုံကြသည်။

ပြီးခဲ့သည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီလော်ဘီများဖြစ်သော ကျော်စိုးဦး၊ ဇော်ဖုန်းဟိန်း တို့သည် ဦးဝီရသူ နေထိုင်သည့် အောင်းကုန်းကျောင်းတိုက်သို့ လာရောက်ပြီး ဦးဝီရသူအား ဆွမ်းကပ်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီ ထောက်ခံသူ ပေါက်ကိုယ်တော်လည်း မကြာခဏ လာရောက်လေ့ရှိသည်။

လွတ်လပ်ရေးနေ့တွင် အမျိုးသားရေးစိတ်ဓာတ် စကားပြောစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအား အဆိုပါ အောင်းကုန်းကျောင်းတွင် ကျင်းပခဲ့ပြီး စစ်ကောင်စီလော်ဘီများဖြစ်သော ကျော်စိုးဦး၊ ဇော်ဖုန်းဟိန်း၊ နောင်တော်လေးနှင့် မပုတုတို့ ဆုတက်ရောက်ယူခဲ့ကြသည်။

လွတ်လပ်ရေးနေ့၌ ဦးဝီရသူ နေထိုင်ရာကျောင်းသို့ လာရောက်ခဲ့သည့် ကျော်စိုးဦး၊ ဇော်ဖုန်းဟိန်းနှင့် မပုတု စသည့် စစ်ကောင်စီလော်ဘီများအား USDP ပါတီခေါင်းဆောင်အချို့က ထိုနေ့တွင် ပါတီရုံးချုပ်သို့ ခေါ်ယူတွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ဦးဝီရသူတော့ မပါဝင်ပေ။

“ဦးဝီရသူနားမှာ အမြဲနေတာက နောင်တော်လေး၊ ဦးဝီရသူက အခုနောက်ပိုင်း သူသိပ်မပြောတော့ဘူး၊ သူပြောချင်တာတွေကို နောင်တော်လေးကို ပြောခိုင်း ရေးခိုင်းတာ” ဟု ဒေသခံတဦးက ဆိုသည်။

သို့သော် ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကျပြီးနောက် အာရက္ခတပ်တော် (AA) ကို အမေရိကန်က ထောက်ပံ့ပေးသဖြင့် နပခအား သိမ်းဆည်းနိုင်ခြင်း ဖြစ်သည်ဟု ဦးဝီရသူက မကြာခဏ ပြောဆိုလေရှိသည်ဟု စုံစမ်းသိရှိရသည်။

စစ်ကောင်စီအနေဖြင့်လည်း AA ကို အမေရိကန်အစိုးရက လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေကြောင်း တရုတ်အစိုးရထံ တိုင်ကြားသဖြင့် တရုတ်အစိုးရ တာဝန်ရှိသူများက AA ခေါင်းဆောင်များအား ခေါ်ယူ မေးမြန်းခဲ့သည်ဟုဆိုသည်။

AA ခေါင်းဆောင်များက အမေရိကန်မှ မထောက်ပံ့ကြောင်းနှင့် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများဖြင့်သာ စစ်ကောင်စီအား ပြန်လည် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း တရုတ်အစိုးရအား ရှင်းပြခဲ့ရသည်။

စစ်ကောင်စီ၏ စွပ်စွဲမှုများ ဖြေရှင်းရန် AA အနေဖြင့် စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်များဖြင့် စစ်ကောင်စီစခန်းများအား ပစ်ခတ်နေသည့် ဗီဒီယိုကို သေချာရိုက်၍ သတင်းထုတ်ပြန်ပြခဲ့ရသည်။

ကာလအတန်ကြာ ပျောက်နေသော ဦးဝီရသူသည် ယခုအခါ လူမှုကွန်ရက်မီဒီယာတွင် ပြန်ပေါ်လာပြီ ဖြစ်သည်။ သူ ပြန်ပေါ်လာသောနေရာသည် နေပြည်တော်၊ လယ်ဝေးဖြစ်ပြီး USDP ရုံးချုပ်နှင့် ၁၀ မိနစ်ခန့် ကားမောင်းသွားလျှင် ရောက်သည့်နေရာဖြစ်သည်။

စစ်ကောင်စီလော်ဘီများ၊ မဘသများနှင့် USDP ခေါင်းဆောင်များ ဆုံရပ်နေရာလည်း ဖြစ်သည်။ မန္တလေးထက်စာလျှင် ယခုနေရာသည် ဦးဝီရသူအတွက် ပိုမိုလုံခြုံသည့်နေရာလည်း ဖြစ်သည်။

စစ်ကောင်စီလော်ဘီများ၊ မဘသများနှင့် USDP ခေါင်းဆောင်များ ဆုံရပ်နေရာလည်း ဖြစ်သည်။ မန္တလေးထက်စာလျှင် ယခုနေရာသည် ဦးဝီရသူအတွက် ပိုမိုလုံခြုံသည့်နေရာလည်း ဖြစ်သည်။

“ဒီနေရာက ဆုံရပ်လို ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် စစ်တပ်ထောက်ခံရေး၊ စစ်တပ်ကို ကျားကန်ပေးရေး၊ ရွေးကောက်ပွဲနည်းလမ်းနဲ့ အသက်ဆက်ဖို့လုပ်ရေး စတာတွေကို ကြိုတင်ပြင်ဆင် ကိုင်နေတဲ့သဘော တွေ့ရတယ်” ဟု ဒေသခံ နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင် USDP ပါတီမှ ခေါင်းဆောင်များနှင့် စစ်ကောင်စီလော်ဘီများသည် ဦးဝီရသူ နေထိုင်သည့် အောင်းကုန်းကျောင်းတိုက်သို့ အလာစိပ်နေကြသည်။

ဦးဝီရသူအနေဖြင့်လည်း လူမြင်ကွင်းသို့ ပြန်ထွက်လာသည်။ သူတို့အနေဖြင့် တခုခုကြံစည်နေကြပြီဟု သုံးသပ်နေကြသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
451
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

You may also like these stories:

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

ဦးဝီရသူအား အမှုရုတ်သိမ်းကာ လွှတ်ပေး

ဦးဝီရသူကို စစ်ကောင်စီ၏ သဘောဆန္ဒအတိုင်း လွတ်ငြိမ်းခွင့် ပေးလို့ မရ

စစ်ခေါင်းဆောင် နုတ်ထွက်ရန် တောင်းဆိုသည့် မဘသဘုန်းကြီး ခဏသာ ခေါ်ယူစစ်ဆေးခံရ

တိမ်းရှောင်နေတဲ့ ဦးဝီရသူ ပြန်လာ အဖမ်းခံ

Your Thoughts …
Tags: SliderUSDPစစ်ကောင်စီစစ်အာဏာသိမ်းမှုမဘသရွေးကောက်ပွဲဦးဝီရသူ
အောင်သူရ

အောင်သူရ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီကို အသက်ရှုပေါက် ဖြစ်စေတဲ့ တရုတ်ပေါ်လစီ (ရုပ်/သံ)

စစ်ကောင်စီကို အသက်ရှုပေါက် ဖြစ်စေတဲ့ တရုတ်ပေါ်လစီ (ရုပ်/သံ)

BGF ရတက်ပွေမယ့် ကျားဖြန့်ဖမ်းပွဲ

BGF ရတက်ပွေမယ့် ကျားဖြန့်ဖမ်းပွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved