• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

၄၅ ရက်အတွင်း TikTok နဲ့ WeChat ကို ပိတ်မယ်လို့ သမ္မတ ထရမ့် အမိန့်ထုတ်

by မစ်ကီ
7 August 2020
in Trend
A A
ဗီဒီယို ဝေမျှတဲ့ App "TikTok"

ဗီဒီယို ဝေမျှတဲ့ App "TikTok"

4k
VIEWS
Share on FacebookShare on Twitter

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗီဒီယိုဝေမျှတဲ့ App ဖြစ်တဲ့ TikTok ကို ပိုင်ဆိုင်တဲ့ ByteDance  တရုတ်ကုမ္ပဏီ၊ WeChat ကို ပိုင်ဆိုင်တဲ့ Tencent တို့နဲ့ အမေရိကန်နိုင်ငံတွင်း လုပ်ငန်းကိစ္စလုပ်ဆောင်မှုတွေကို နောက် ၄၅ ရက်အတွင်း တားမြစ်မယ့် အမိန့်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

အမေရိကန်ဒစ်ဂျစ်တယ် ကွန်ရက်တွေထဲမှာ မယုံကြည်ရတဲ့ တရုတ် App ကို တွန်းလှန် ဖယ်ရှားဖို့ ကြိုးပမ်းချက် လုပ်ဆောင်နေတယ်လို့ သမ္မတထရမ့် အစိုးရက အခုသီတင်းပတ်ထဲမှာ ပြောကြားထားပြီး တရုတ်ပိုင် ဗီဒီယိုတို မျှဝေတဲ့ TikTok နဲ့ မက်ဆေ့ချ်ပို့ App ဖြစ်တဲ့ WeChat ဟာ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ ခေါ်ဆိုထားပါတယ်။

နာမည်ကျော် ဗီဒီယို ဝေမျှတဲ့ App ဖြစ်တဲ့ Tiktok ဟာ အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှု မြင့်တက်လာချိန်အတွင်း အမျိုးသား လုံခြုံရေးနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ စုဆောင်းနေတယ်လို့ အမေရိကန် ဥပဒေပြုအမတ်တွေနဲ့ အစိုးရအဖွဲ့ရဲ့ ပြောဆိုဝေဖန်မှုကိုလည်း ခံနေရပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
232
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134

အမိန့်ထုတ်ပြန်ချက်ထဲမှာ သမ္မတ ထရမ့်က “တရုတ်ကွန်မြူနစ် ပါတီကို အကျိုးရှိစေမယ့် သတင်းမှားကမ်ပိန်းတွေအတွက် TikTok ကို အသုံးပြုကောင်း ပြုနိုင်ပြီး ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ TikTok ပိုင်ရှင်တွေကို ဆန့်ကျင်ရမယ့် တက်ကြွထက်သန်တဲ့ အရေးယူမှုကို အမေရိကန်နိုင်ငံက လုပ်ဆောင်ရပါမယ်” လို့ ပြောကြားထားပါတယ်။

အဲ့ဒီအမိန့်ထဲမှာ သမ္မတထရမ့်က WeChat ဟာလည်း အသုံးပြုသူတွေရဲ့ ကျယ်ပြန့်တဲ့ သတင်း အချက်အလက်တွေကို အလိုအလျောက် သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို အချက်အလက် စုစည်းမှုတွေကြောင့် တရုတ်ကွန်မြူနစ်ပါတီက အမေရိကန်တွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ စီးပွားရေးဆိုင်ရာ သတင်းအချက်တွေ ရရှိနိုင်ဖို့ ခွင့်ပြုပေးတဲ့အထိ ခြိမ်းခြောက်နေကြောင်းလည်း သမ္မတက ပြောဆိုထားပါတယ်။

အဲ့ဒီ သမ္မတအမိန့်အရ WeChat ဟာ လူပုဂ္ဂိုလ်တဦးတယောက် ဒါမှမဟုတ် ပိုင်ဆိုင်မှု တစုံတခုဆီ လုပ်ငန်း ကိစ္စအလွှဲအပြောင်းတွေ လုပ်ဆောင်တာမျိုးကို လက်ရှိ တည်ဆဲဥပဒေတွေနဲ့ နောက် ၄၅ ရက်အတွင်း ပိတ်ပင်ခံရတော့မှာဖြစ်ပါတယ်။ သမ္မတထရမ့်ဟာ အဲ့ဒီအမိန့်တွေကို နိုင်ငံတကာအရေးပေါ်စီးပွားရေးအာဏာ အက်ဥပဒေအရ ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအက်ဥပဒေအရ အမေရိကန်ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေဟာ ပိတ်ဆို့ခံထားရတဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ ငွေကြေးပိုင်းလွှဲပြောင်းမှု လုပ်ဆောင်တာ ဒါမှမဟုတ် ကုန်သွယ်တာမျိုး ပြုလုပ်နိုင်ခြင်းမရှိအောင် တားမြစ်မယ့် အာဏာကို အစိုးရအဖွဲ့က ရရှိမှာ ဖြစ်ပါတယ်။

Microsoft ကော်ပိုရေးရှင်းထံ TikTok က အမေရိကန်နိုင်ငံတွင်း လုပ်ဆောင်မယ့် လုပ်ငန်းတွေကို ရောင်းချမှုမှာ အစိုးရက တစိတ်တပိုင်း ရရှိမယ်ဆိုရင် အဲ့ဒီရောင်းချမှုကို ထောက်ခံမှာဖြစ်တယ်လို့ သမ္မတထရမ့်က အခုသီတင်းပတ်ထဲမှာပဲ ပြောဆိုခဲ့ပေမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံတွင်းမှာ TikTok ရဲ့ ဝန်ဆောင်မှုတွေကို တားမြစ်မှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

Tencent နဲ့ ByteDance တို့က ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်တစုံတရာ မပေးသေမယ့် Tencent ရဲ့ ရှယ်ယာတွေဟာ ၄ ရာခိုင်နှုန်းလောက် ကျခဲ့တာကို တွေ့ရပါတယ်။

ဝါရှင်တန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး ဗဟိုဌာနမှ နည်းပညာ ကျွမ်းကျင်သူ James Lewis က “ဒါဟာ အမေရိကန်နဲ့ တရုတ်တို့ကြားမှာရှိတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာထဲက အကွဲအပြဲဖြစ်ပါတယ်။ သေချာပေါက် တရုတ်ဘက်က လက်တုံ့ပြန်ပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။

James ရဲ့အဆိုအရ အမေရိကန်နိုင်ငံမှာ WeChat အသုံးပြုသူ ၃ သန်းရှိပြီး အများစုက တရုတ်လူမျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။

Ref:Reuters

You may also like these stories:
TikTok ကုမ္ပဏီထုတ် ပထမဆုံး စမတ်ဖုန်း ထွက်ရှိ
TikTok ရဲ့ တရုတ်ဗားရှင်း Douyin ကို နေ့စဉ်အသုံးပြုသူ သန်း ၄၀၀ အထိရှိလာ
Your Thoughts …
Tags: TikTokWeChat
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မြန်မာအကျပ်အတည်း အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းဖြစ်

မြန်မာအကျပ်အတည်း အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းဖြစ်

by Laura Kelly
4 May 2024
3.6k

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်ဟာ တော်တော်လေး အဆင်ပြေနေတယ်လို့ပြောရင် ချဲ့ကားပြောဆိုတာ ဖြစ်နိုင်ပေမယ့် သူတို့ဟာ ဆက်ဆံရေး တည်ငြိမ်အောင်လုပ်နေတယ်

တရုတ် TikTok အီလွန်မတ်စ်ထံ ရောင်းချဖို့ အလားအလာရှိ

တရုတ် TikTok အီလွန်မတ်စ်ထံ ရောင်းချဖို့ အလားအလာရှိ

by ဧရာဝတီ
19 January 2025
3.4k

TikTok ရဲ့ ပြောရေး ဆိုခွင့်ရှိသူ တဦးကတော့ “စိတ်ကူးယဉ် ဇာတ်လမ်းတွေ အပေါ် မှတ်ချက်ပေးဖို့ မျှော်လင့်မနေပါနဲ့” လို့ တုံ့ပြန်ပါတယ်။

အမေရိကန်မှာ TikTok အသုံးပြုမှု ပိတ်ပင်

အမေရိကန်မှာ TikTok အသုံးပြုမှု ပိတ်ပင်

by ဧရာဝတီ
19 January 2025
1.9k

တရုတ် ရဲ့ TikTok နဲ့ ဆက်နွယ်မှုအပြင် အချက်အလက် များစွာကို ရယူနိုင်ခွင့်ဟာ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက် နေတယ်လို့ လွှတ်တော် အမတ်တွေက ဆိုပါတယ်။

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

by ဧရာဝတီ
11 May 2025
1.8k

အိုင်ယာလန် နိုင်ငံ အချက်အလက် ကာကွယ် စောင့်ကြည့်ရေး အဖွဲ့ရဲ့ အဆိုအရ TikTok ဟာ ဥရောပ တိုက်ရဲ့ အချက်အလက်တွေကို တရုတ်မှာ သိမ်းဆည်းခဲ့တယ်လို့ ကြားနာမှုမှာ ဝန်ခံခဲ့ကြောင်း…

တော်ဝင် မိသားစုကို စော်ကားမှုနဲ့ ထိုင်း ဆိုရှယ်မီဒီယာ ထင်ရှားသူ တဦး အရေးယူခံရ

တော်ဝင် မိသားစုကို စော်ကားမှုနဲ့ ထိုင်း ဆိုရှယ်မီဒီယာ ထင်ရှားသူ တဦး အရေးယူခံရ

by ဧရာဝတီ
7 September 2025
1k

တရားခံရဲ့ နောင်တနဲ့ ပြုပြင် ပြောင်းလဲလိုတဲ့ စိတ်ကြောင့် ထောင်ဒဏ်ကို ၂ နှစ် ဆိုင်းငံ့ပေးခဲ့ပြီး စောင့်ကြည့်ကာလ ၁ နှစ် အတွင်း ၃ လ တကြိမ် အစီရင်ခံရမယ် လို့လည်း…

အမေရိကန်မှာ တရုတ် TikTok ပြန်လည် ခွင့်ပြုရေး ရှယ်ယာ ၈၀ ရာနှုန်းကျော် ရောင်းချမယ်

အမေရိကန်မှာ တရုတ် TikTok ပြန်လည် ခွင့်ပြုရေး ရှယ်ယာ ၈၀ ရာနှုန်းကျော် ရောင်းချမယ်

by ဧရာဝတီ
20 December 2025
231

၂၀၂၅ ဇန်နဝါရီလမှာ ပိတ်ပင်ခဲ့ပြီး အမေရိကန်မှာ ဆက်လက် လည်ပတ်ချင်ရင် အမေရိကန် ကုမ္ပဏီတွေထံ ရောင်းချဖို့ ဖိအားပေးခဲ့တာ ဖြစ်…

Next Post
နိုင်မြန်မာ ပြောတဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှု (ရုပ်/သံ)

နိုင်မြန်မာ ပြောတဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှု (ရုပ်/သံ)

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမှာရှိတဲ့ အားကစားရုံကို ကုတင် ၁၀၀၀ ဆန့်ဆေးရုံအဖြစ် ပြောင်းလဲလိုက်ပါတယ်။

ကိုဗစ်ကြောင့် ဗီယက်နမ်အားကစားရုံကို ဆေးရုံအဖြစ် ပြောင်းလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved