၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဟာ အခုနှစ်ဆိုရင် ၃၂ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။
ဒီ လူထုအရေးတော်ပုံကြီးနဲ့အတူ ပေါက်ဖွားလာတဲ့ သီချင်း တပုဒ်ကတော့ တေးရေးဆရာ နိုင်မြန်မာရဲ့ “ကမ္ဘာမကြေဘူး” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။
“ကမ္ဘာမကြေဘူး” သီချင်းဟာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့ကြသူတွေကို စိတ်ဓာတ်နိုးကြား ခွန်အားပေးနိုင်ခဲ့သလို ဒီနေ့အချိန်အထိလည်း အာဏာရှင်တွေကို တိုက်ပွဲ၀င်တဲ့ တော်လှန်ရေးသီချင်းတပုဒ်အဖြစ် ဆက်လက် ရှင်သန်နေဆဲပါပဲ။
ဒီသီချင်း ဖြစ်ပေါ်လာပုံနဲ့ ရှစ်လေးလုံးအရေးတော်ပုံကာလ ဖြတ်သန်းမှုတွေအကြောင်းကို တေးရေးဆရာ နိုင်မြန်မာ က အခုလိုပဲ ပြောပြပါတယ်။
အင်တာဗျူး – သဇင်လှိုင်
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း
(ယခု ဗီဒီယိုတွင် ထည့်သွင်းထားသော သမိုင်းဝင် ရှစ်လေးလုံးကာလ မှတ်တမ်းတင် ဓာတ်ပုံနှင့် ဗီဒီယိုများအတွက် မူရင်းပိုင်ရှင်များ အားလုံးကို Credit ပေးပါသည်။)
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။