IT

TikTok ကုမ္ပဏီထုတ် ပထမဆုံး စမတ်ဖုန်း ထွက်ရှိ

Want create site? Find Free WordPress Themes and plugins.

အင်တာနက် အသုံးပြုသူတွေအကြား ရေပန်းစားလျက်ရှိတဲ့ TikTok App ပိုင်ရှင် ByteDance ရဲ့ ပထမဆုံး စမတ်ဖုန်း ထွက်ရှိလာပါပြီ။ ByteDance အနေနဲ့ ကိုယ်ပိုင် စမတ်ဖုန်းထုတ်ဖို့ ကြိုးစားနေကြောင်း ယခုနှစ်အစောပိုင်းကတည်းက သတင်းထွက်နေခဲ့တာပါ။ ယနေ့မှာ “Smartisan Jianguo Pro 3” အမည်နဲ့ တရုတ်ဈေးကွက်အတွက် တိတ်တဆိတ် မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

တရုတ်ဖုန်းကုမ္ပဏီ Smartisan က တာဝန်ယူထုတ်လုပ်ပေးထားပြီး၊ Smartisan အမှတ်တံဆိပ်နဲ့ပဲ ရောင်းချသွားပါ။ ကျောကင်မရာ ၄ လုံး၊ Snapdragon 855 Plus Chipset တွေ ပါဝင်တဲ့ မော်ဒယ်မြင့် ဖုန်းတလုံး ဖြစ်ပါတယ်။

TikTok ပိုင်ရှင်ကုမ္ပဏီထုတ် ဖုန်းဖြစ်တာနဲ့အညီ Smartisan Jianguo Pro 3 မှာ TikTok အတွက် အထူးလုပ်ဆောင်ချက်အချို့ ထည့်သွင်းပေးထားပါတယ်။ ဖုန်း Lockscreen ကနေတင် TikTok တရုတ်ဗားရှင်း Duoyin App ကို တန်းသုံးနိုင်တာမျိုးပါ။

Smartisan Jianguo Pro 3 ကို အနိမ့်ဆုံး 8GB RAM နဲ့ 128GB Storage မော်ဒယ်ကနေ အမြင့်ဆုံး 12GB RAM နဲ့ 256GB Storage ပါတဲ့ မော်ဒယ်အထိ ရွေးချယ်နိုင်မှာပါ။ ၆ ဒဿမ ၃၉ လက်မအရွယ် FHD+ AMOLED မျက်နှာပြင်၊ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာ၊ ကျောကင်မရာ ၄ လုံး စတဲ့ Flagship အင်္ဂါရပ် အပြည့်အစုံ ပါဝင်ပါတယ်။

ကျောကင်မရာ ၄ လုံးမှာ အဓိကကင်မရာကို 48MP Sony IMX586 ဆန်ဆာ အသုံးပြုထားပြီး၊ ကျန်သုံးလုံးကတော့ 13MP မြင်ကွင်းကျယ်ဆန်ဆာ၊ 8MP Telephoto ဆန်ဆာ နဲ့ အနီးကပ်ရိုက်ချက်တွေအတွက် 5MP Super-macro Lens တို့ပါ။ ရှေ့ Selfie ကင်မရာကတော့ 20MP ဆန်ဆာ တခုတည်း ဖြစ်ပါတယ်။

ဖုန်းကင်မရာထဲမှာ TikTok App ထဲက Filter နဲ့ Effects တွေကိုလည်း တပါတည်း ထည့်ပေးထားပါတယ်။ အဆိုပါ Effects တွေကို အချိန်ကန့်သတ်မထားတဲ့ ဗီဒီယိုတွေမှာလည်း စိတ်ကြိုက် ထည့်သုံးနိုင်မှာပါ။ TikTok လို စက္ကန့် ၆၀ စာ အထိပဲ မကန့်သတ်ထားပါဘူး။

ကြီးမားတဲ့ 4,000mAh ဘက်ထရီ၊ 18W Quick Charge 4+ အားအမြန်သွင်းစနစ် စတဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေလည်း အစုံအလင် ပါဝင်ပြီး၊ တန်ဖိုး ၂,၈၉၉ ယွမ် (၄၁၀ ဒေါ်လာခန့်) နဲ့ တရုတ်မှာ စတင်ဝယ်ယူနိုင်ပါပြီ။ အဖြူ၊ အနက်နဲ့ အစိမ်း သုံးရောင် ရွေးချယ်နိုင်ပြီး၊ လောလောဆယတော့ တရုတ်ဈေးကွက်မှာပဲ ရောင်းချပေးဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Digit, Engadget

You may also like these stories:

သုံးခေါက်ချိုး ဖုန်းဒီဇိုင်းကို TCL ပြသ

ကျောကင်မရာသုံးလုံး ပါဝင်တဲ့ Maimang  8 ဖုန်းကို Huawei မိတ်ဆက်

Light နှင့် ပူးပေါင်းကာ ကင်မရာအများအပြား ပါဝင်သည့် ဖုန်းများကို Xiaomi နှင့် Sony တို့ ထုတ်လုပ်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading