• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ဈေးပိုမို သက်သာတဲ့ Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ ထွက်ရှိ

by Nigma
7 January 2020
in IT
A A
Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ

Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ

8k
VIEWS
Share on FacebookShare on Twitter

ရက်သတ္တပတ် အတော်ကြာ ကောလာဟလတွေ ထွက်ရှိပြီးနောက်မှာ Samsung က Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းတွေကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ မနှစ်က မိတ်ဆက်ပေးခဲ့တဲ့ Samsung ရဲ့ ထိပ်တန်းမော်ဒယ် Flagship စမတ်ဖုန်းတွေကို တန်ဖိုးသင့် Lite ဗားရှင်းအဖြစ် ပြန်လည် ထုတ်လုပ်ပေးလိုက်တာပါ။

ဈေးပိုမို သက်သာသွားပေမယ့် မူလ Flagship ဖုန်းတွေက အမြင့်စားစွမ်းဆောင်ရည်တွေကို မပျက်မယွင်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့ တရားဝင် မကြေညာရသေးပါဘူး။

 

Samsung Galaxy S10 Lite နဲ့ Note 10 Lite တို့မှာ Full HD+ ရုပ်ထွက် အရည်အသွေးရှိ ၆ ဒဿမ ၇ လက်မအရွယ် Super AMOLED မျက်နှာပြင်ကို တူညီစွာ အသုံးပြုထားပါတယ်။ “Infinity-O” အမည်ရ ရှေ့ကင်မရာကို မျက်နှာပြင်အလယ်တည့်တည့်မှာ အပေါက်ဖောက် ထည့်သွင်းထားတဲ့ ဒီဇိုင်းနဲ့ပါ။

4,500mAh ဘက်ထရီ ကိုယ်စီနဲ့ ဖြစ်ပြီး၊ 6GB RAM သို့မဟုတ် 8GB RAM နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Storage ကတော့ 128GB တမျိုးတည်း ရရှိမှာပါ။ ဖုန်းနှစ်လုံးက အထက်ပါ အချက်တွေကလွဲလို့ ကျန်အတွင်းပိုင်း အချက်အလက်တွေမှာ လွန်စွာ ကွာခြားမှု ရှိပါတယ်။

 

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
235
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
135

Galaxy S10 Lite က Snapdragon 855 Chipset နဲ့ ဖြစ်ပြီး၊ Galaxy Note 10 Lite ကတော့ Samsung ကိုယ်တိုင်ထုတ် Exynos 8895 Chipset နဲ့ပါ။ ကျောကင်မရာ ၃ လုံးတွဲ တူညီပေမယ့် အသုံးပြုထားတဲ့ ကင်မရာတွေတော့ မတူပါဘူး။ S10 Lite မှာက 5MP မိုက်ခရိုကင်မရာ၊ “Super Steady OIS” စနစ်ပါဝင်တဲ့ 48MP မြင်ကွင်းကျယ်ကင်မရာ နဲ့ ၁၂၃ ဒီဂရီအထိ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 12MP Ultra-wide ကင်မရာအတွဲပါ။

 

Note 10 Lite မှာကတော့ 12MP Ultra-wide ကင်မရာ ၁ လုံး၊ OIS နဲ့ Dual Pixel နည်းပညာ ပါဝင်တဲ့ 12MP မြင်ကွင်းကျယ် ကင်မရာ ၁ လုံးနဲ့ နောက်ထပ် OIS ပါဝင်တဲ့ 12MP Telephoto ကင်မရာ ၁ လုံးတို့ ဖြစ်ပါတယ်။ 32MP ရှေ့ကင်မရာ ၁ လုံးစီ ပါဝင်တာတော့ တူညီပါတယ်။

 

နောက်ထပ် ကွာခြားချက် တခုကတော့ မူလ မော်ဒယ်တွေအတိုင်း Note 10 Lite မှာပဲ S-Pen အသုံးပြုနိုင်တာပါ။ S10 Lite မှာတော့ Pen ပါလာမှာ မဟုတ်ပါဘူး။ Note 10 Lite မှာ ထည့်သွင်းပေးထားတဲ့ S Pen က ၂၀၁၈ မှာ Note 9 နဲ့အတူ မိတ်ဆက်ပေးခဲ့တဲ့ S Pen အသစ်ပါ။ Bluetooth စနစ်သုံး S Pen နဲ့ ဖုန်းကို အလှမ်းတနေရာက ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။

ထူးခြားချက်အနေနဲ့ မူလ Galaxy Note 10 ဖုန်းတွေမှာ 3.5mm နားကြပ်ပေါက် မပါဝင်ခဲ့ပေမယ့် ယခု Note 10 Lite မှာတော့ နားကြပ်ပေါက် ပြန်ပါလာပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ မူလ S10 ဖုန်းတွေမှာ နားကြပ်ပေါက် ပါဝင်ခဲ့သော်လည်း ယခု S10 Lite မှာတော့ ပါဝင်ခြင်း မရှိပါဘူး။ Lite မော်ဒယ် နှစ်မျိုးလုံးက Android 10 စနစ်အခြေခံ One UI 2 နဲ့ ထွက်ရှိလာမှာပါ။

Samsung Galaxy S10 Lite နဲ့ Note 10 Lite တို့ကို ယခုနှစ် ပထမ သုံးလပတ်ကုန်မှာ စတင်ရောင်းချပေးမယ်လို့ သိရပါတယ်။ ဈေးနှုန်း မသိရသေးပေမယ့် ခန့်မှန်းခြေအားဖြင့် S10 Lite က ယူရို ၆၅၀ ဝန်းကျင်နဲ့ Note 10 Lite က ယူရို ၆၀၀ ဝန်းကျင်လောက် ရှိနိုင်ပါတယ်။

Ref: The Verge, GSM Arena, Samsung

You may also like these stories:

ဖုန်းဈေးကွက်မှာ အမြတ်ငွေ အများဆုံး ဖုန်းကုမ္ပဏီအဖြစ် Apple ဆက်လက် ရပ်တည်

Samsung ရဲ့ ဒုတိယမြောက် ခေါက်ချိုးဖုန်း W20 5G ကို တရုတ်နိုင်ငံမှာ မိတ်ဆက်

Punch-hole မျက်နှာပြင်နဲ့ MatePad Pro တက်ဘလက်ကို Huawei မိတ်ဆက်

Your Thoughts …
Tags: Galaxy S10 LiteNote 10 Liteစမတ်ဖုန်း
Nigma

Nigma

Contributor

Similar Picks:

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

by ဧရာဝတီ
28 June 2025
894

ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

by ဧရာဝတီ
27 September 2025
415

နည်းပညာနဲ့ ထိတွေ့မှု လွန်ကဲခြင်းရဲ့ သက်ရောက်မှုတွေ အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခြင်းက ဒီညွှန်ကြားချက်ကို ထွက်ပေါ်လာစေတာ ဖြစ်ပြီး ဂျပန်မှာ ပထမဆုံးအကြိမ် ဖြစ်မယ်လို့ ဆိုပါတယ်…

စမတ်ဖုန်းတွေကနေ ထွက်ရှိလာတဲ့ ရောင်ပြန်အလင်းတွေဟာ ကလေးငယ်တွေရဲ့ မျက်စိကို ထိခိုက်စေနိုင်ပါတယ်

ကလေးငယ်တွေကို စမတ်ဖုန်း ပေးမသုံးသင့်တဲ့ အကြောင်းအရင်း

by ဟယ်လ်သင်
11 March 2019
5.6k

ကလေးတွေအနေနဲ့ စမတ်ဖုန်းတွေကိုပဲ အသုံးပြုနေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ရေရှည်မှာ အဝလွန်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းများ

Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းအသစ်များ ထွက်ရှိ

by Nigma
13 February 2020
9k

Xiaomi Mi 10 နဲ့ Mi 10 Pro ဟာ ကျောကင်မရာ ၄ လုံးတွဲ ပါဝင်တာချင်း တူညီသော်ငြား အသုံးပြုထားတဲ့ ကင်မရာတွေမှာတော့ ကွာခြားမှုရှိပါတယ်။

ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro စမတ်ဖုန်း

108MP နဲ့ ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro ကို Xiaomi မိတ်ဆက်

by Nigma
7 November 2019
6.8k

Mi CC9 Pro ဟာ အလွန်တရာ ပါးလျတဲ့ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာပါ ပထမဆုံးဖုန်း ဖြစ်တယ်လို့ Xiaomi က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာထားပါတယ်။

မကြာခင် အသစ် မိတ်ဆက်မယ့် Vivo S စီးရီးဖုန်းအသစ် "Vivo S1"

Vivo S စီးရီးဖုန်းအသစ် “Vivo S1” ကို မြန်မာနိုင်ငံတွင် မကြာခင် မိတ်ဆက်မည်

by Nigma
13 July 2019
6.9k

Vivo S1 မှာ MediaTek ရဲ့ Octa-core Helio P65 Chipset အသစ်ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ Helio P65 ဟာ ပြီးခဲ့တဲ့ ဇွန်လကမှ မိတ်ဆက်ခဲ့တဲ့ MediaTek Chipset...

Next Post
ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်  / ချစ်ပိုး / ဧရာဝတီ

"မိုးအောင်ရင်အမှု ပြစ်မှု ထင်ရှားရင် ပြစ်ဒဏ် စီရင်မယ်"လို့ တရားရုံးပြန်ကြာရေး အရာရှိ ပြော

မင်းသမီး Jennifer Aniston ၊ မင်းသား ဘရက်ပစ်

ဘရက်ပစ်ရဲ့ ကျေးဇူးတင်စကားအပေါ် ဇနီးဟောင်းရဲ့ တုံ့ပြန်မှု အွန်လိုင်းမှာ လူပြောများနေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved