ဒီတပတ် အစီအစဉ် ကတော့ အစိုးရက လက်ရှိ ဖော်ဆောင်နေတဲ့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိသလဲ၊ အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အပိုင်းတွေ မှာ ဝင်ရောက်ပါဝင် သင့်သလဲ၊ အမျိုးသမီးတွေ ပါဝင်လာနိုင်အောင် ဘယ်လိုမျိုးတွေ လုပ်ဆောင်သင့် သလဲဆိုတဲ့ အချက်တွေကို ဧရာဝတီ သတင်းဌာနရဲ့ သတင်းထောက်ဖြစ်တဲ့ ကိုလင်းသန့်နဲ့ အတူ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အထွေထွေအတွင်းရေးမှုးဖြစ်သူ မတင်တင်ညိုနဲ့ ကချင်အမျိုးသမီးများ အစည်းအရုံး ထိုင်းနိုင်ငံက မမွန်းနေလီ တို့က ပါဝင်ဆွေးနွေး တင်ပြထား ပါတယ်။
ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း
ဦးခင်ညွန့်က သူ့လက်ကို စားပွဲပေါ်မှာ ဆန့်ချပြီး “ကျနော် လူသတ်သမား မဟုတ်ပါဘူး” “ကျနော် သူတို့ကို ထောင်ထဲကို ပို့ခဲ့တာ မဟုတ်ပါဘူး” “ခိုင်းတဲ့ အမိန့်အတိုင်း လုပ်ရ တာပါ”လို့ ပြောပါတော့တယ်။











