• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ ရပ်နားရတော့မလား

by ဧရာဝတီ
25 November 2011
in သတင်း
A A
ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ ရပ်နားရတော့မလား

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီတွင် တွေ့ရသော တောင် ကိုရီးယားသွားမည့် သူများ (ဓာတ်ပုံ - Popular News)

4.2k
VIEWS
Share on FacebookShare on Twitter

အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော ပြည်ပအလုပ်အကိုင် အေဂျင်စီ အများစုမှာ စီးပွားရေး ကောင်းမွန်ခြင်းမရှိတော့ဘဲ တွက်ခြေမကိုက်ဖြစ်ကာ လုပ်ငန်းများရပ်နားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

“အေဂျင်စီတွေ အတော်ကိုရုန်းကန်ရတယ်။ ပြည်ပနိုင်ငံတွေက လုပ်သားခေါ်တာတွေ နည်းလာတယ်။ မြန်မာနိုင်ငံက လူတွေက နိုင်ငံခြားသွား အလုပ်လုပ်ချင်ကြပေမယ့် အရင်းအနှီး မတတ်နိုင်ကြဘူး။ အေဂျင်စီ အနည်းဆုံး ၂၀ ကနေ
၃၀ လောက်အထိ ကုမ္ပဏီသက်တမ်း မတိုးဘဲ ဖျက်သိမ်းတာမျိုးတွေ ရှိလာနိုင်ပါတယ်” ဟု ကမာရွတ်မြို့နယ်မှ ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီပိုင်ရှင် တဦးက ဧရာဝတီသို့ ပြောသည်။

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီတွင် တွေ့ရသော တောင် ကိုရီးယားသွားမည့် သူများ (ဓာတ်ပုံ - Popular News)

မလေးရှား၊ စင်ကာပူ၊ ယူအေအီးအပါအဝင် ပြည်ပနိုင်ငံများက အထွေထွေလုပ်သား ခေါ်ယူမှုနည်းပါးလာခြင်း၊ လုပ်သား အများစု စရိတ်မတတ်နိုင်ခြင်း၊ တောင်ကိုရီးယားနှင့် မြန်မာအစိုးရအကြား နားလည်မှု စာချွန်လွှာရေးထိုးပြီး မြန်မာ အလုပ်သမားများကို ဝန်ဆောင်ခ သက်သာစွာနှင့် လစာကောင်းမွန်သော တောင်ကိုရီးယားနိုင်ငံသို့ ပိုမို ပို့ဆောင်လာခြင်းတို့ ကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀၀ ကျော် ရှိသည့်အနက် အများစုမှာ စီးပွားရေး မကောင်းမွန်တော့ဘဲ ဆက်လက် ရပ်တည်ရန် အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီအများစုသည် မလေးရှားနိုင်ငံမှ အလုပ်သမားခေါ်ယူမှု အပေါ်တွင်သာ အဓိကထား အလုပ်လုပ်ကိုင် ခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး နှေးကွေးလာချိန်မှ စပြီး မလေးရှားနိုင်ငံမှ အလုပ်သမား ခေါ်ယူမှု တဖြည်းဖြည်း လျော့ကျလာခဲ့ကြောင်း၊ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်များတွင် မလေးရှားနိုင်ငံမှ အလုပ်သမားခေါ်ယူမှု ရှိခဲ့ သော်လည်း သွားရောက်မည့်သူ နည်းပါးလွန်းသည့်အတွက် ဝန်ဆောင်ခအကြွေး စနစ်ဖြင့် မလေးရှား နိုင်ငံသို့ မြန်မာအလုပ်သမား ပို့ဆောင်မှု များပြားလာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်မူ မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်လာမှုနှင့် မလေးရှားနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တရားမဝင် နေထိုင်သူများကို အလုပ်လုပ် ခွင့်ပြုလာခြင်းတို့ကြောင့် မလေးရှား သွားရောက်အလုပ်လုပ်လိုသူ မရှိသလောက် ရှားပါးလာကြောင်း သိရသည်။

“အရင် မလေး ၁ ရင်းဂစ်ကို မြန်မာငွေ ၃၀၀ ကျော်လောက်အထိ ရှိပေမယ့် အခုဆို ၂၄၀ နဲ့ ၂၅၀ ကြားမှာပဲရှိတယ်။ အရင်က တလကို ကျပ် ၁ သိန်းခွဲလောက် အိမ်ပြန်ပို့နိုင်ပေမယ့် အခုငွေဈေးနဲ့က တလကို ၁ သိန်းအောက်ပဲ အိမ်ပြန်ပို့နိုင်တယ်။နောက်ပြီး မလေးရှားမှာ တရားမဝင်နေတဲ့သူတွေကို အလုပ်လုပ်ခွင့်ပြုလိုက်တော့ အလုပ်သမားခေါ်တာတွေ လုံး၀ ရပ်နေတယ်” ဟု ရှမ်းတောင်တန်း ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ ဝန်ထမ်းတဦးက ပြောသည်။

အလုပ်သမားဝန်ကြီးဌာနက မြန်မာအမျိုးသမီးများကို ပြည်ပနိုင်ငံများသို့ အလုပ်သမားအဖြစ် ပို့ဆောင်ခွင့်မရှိဟု ဆိုကာ
တင်းကျပ်မှုများ ပြုလုပ်နေခြင်းကလည်း ပြည်ပအလုပ်အကိုင် အေဂျင်စီများအတွက် အခက်အခဲဖြစ်စေကြောင်း သိရသည်။

“အထည်ချုပ်လို လုပ်ငန်းမျိုးတွေက အမျိုးသမီး ဦးစားပေးခေါ်တာများတယ်။ အခု အလုပ်သမားဝန်ကြီးဌာနက အမျိုးသမီး တွေကို နိုင်ငံရပ်ခြား အလုပ်သမားအဖြစ် ပို့တာမျိုး တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေတော့ အလုပ်ခေါ်စာရထားပြီးတဲ့ အမျိုးသမီးတွေ နိုင်ငံခြားထွက်ဖို့ မလွယ်ဘူးဖြစ်နေတယ်” ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ ပိုင်ရှင် တဦးက
ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

စင်ကာပူ အလုပ်အကိုင်များမှာ ကျွမ်းကျင်အလုပ်သမားများသာ အဓိက ခေါ်ယူပြီး ဝန်ဆောင်ခစရိတ် များပြား လွန်းသည့် အတွက် မြန်မာအလုပ်သမား အများစုမှာ မတတ်နိုင်ကြကြောင်း ကြားသိရသည်။

“စင်ကာပူမှာ အလုပ်မယ်ဆိုရင် ဂဟေဆော်၊ ပိုက်ဆက်၊ သံချည်သံကွေးလို သင်တန်းမျိုးတွေကို မြန်မာပြည်မှာ အရင် တက်ရမယ်။ အဲဒီအလုပ်သင်တန်းတွေက သင်တန်းကြေးချည်းပဲ ကျပ် ၂ သိန်းလောက် ကုန်တယ်။ သင်တန်းဆင်းပြီးရင်
အလုပ်ရှင်နဲ့ အင်တာဗျူးဖြေရတယ်။ အောင်မှ စင်ကာပူသွား အလုပ်လုပ်လို့ရတယ်။ စင်ကာပူသွားဖို့က အေဂျင်စီဝန်ဆောင်ခ တဦးကို အနည်းဆုံး ကျပ်သိန်း ၂၀ အထက်မှာရှိတယ်။ ဒီက အလုပ်သမားတွေက မတတ်နိုင်ကြဘူး” ဟု စင်ကာပူနိုင်ငံသို့
အလုပ်သမားပို့နေသော ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။

စင်ကာပူနိုင်ငံမှ အလုပ်ခေါ်စာများ ရရှိနေသော်လည်း သွားရောက်လိုသည့် အလုပ်သမား ရှားပါးလွန်းသည့် အတွက် အေဂျင်စီများ အခက်အခဲဖြစ်ရသည်။

ယူအေအီးအပါအဝင် အရှေ့အလယ်အပိုင်းဒေသမှ အလုပ်သမားခေါ်ယူမှု တချို့ရှိသော်လည်း ယဉ်ကျေးမှု၊ ရေမြေသဘာ၀ မတူညီသော ယင်းဒေသများသို့ မြန်မာအများစု သွားရောက်အလုပ်မလုပ်လိုကြကြောင်း၊ သွားရောက် အလုပ်လုပ်ကိုင်သော
မြန်မာအလုပ်သမားများမှာလည်း အဆင်မပြေသဖြင့် အများစုမှာ မိခင်ဌာနေနိုင်ငံသို့ ပြန်လာကြကြောင်း သိရသည်။

မြန်မာအစိုးရနှင့် တောင်ကိုရီးယား အစိုးရတို့အကြား နားလည်မှုစာချွန်လွှာရေးထိုးပြီး EPS (Empolyment Permit System) အရ မြန်မာအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမား ဝန်ကြီးဌာနက ပို့ဆောင်ပေးလျက်ရှိနေရာ တောင် ကိုရီးယား နိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် မြန်မာလူငယ် သောင်းဂဏန်းနှင့်ချီ၍ ကြိတ်ကြိတ်တိုး လျှောက်ထားမှု ရှိနေသည်ကို တွေ့ရသည်။

မြန်မာလူငယ်များသည် စင်ကာပူ၊ မလေးရှား၊ ယူအေအီး အလုပ်အကိုင်များကို စိတ်မဝင်စား ကြတော့ဘဲ တောင်ကိုရီးယား အလုပ်အကိုင်ကိုသာ အဓိက စိတ်ဝင်စားနေကြဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

တောင်ကိုရီးယား အလုပ်အကိုင်သည် အစိုးရအချင်းချင်း (Government to Government) ဆောင်ရွက်သည့် အစီအစဉ် ဖြစ်သောကြောင့် မြန်မာအလုပ်သမား တဦးလျှင် တောင်ကိုရီးယားသွားရန် စရိတ် ကျပ် ၈ သိန်းသာ ပေးသွင်းရကြောင်း၊
တောင်ကိုရီးယား ရောက်လျှင် တလ ကျပ် ၉ သိန်းနှင့် ၁၀ သိန်းအကြား ရရှိနိုင်ခြင်းတို့ကြောင့် လူငယ်အများစု စိတ်ဝင်စားကြ ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကိုရီးယား သွားဖို့ဆိုရင် ကိုရီးယားအရည်အချင်းစစ် စာမေးပွဲဖြေရမယ်။ အောင်ရင် ကိုရီးယား အလုပ်ရှင်တွေဆီ
အလုပ်သမားရဲ့ ကိုယ်ရေးအကျဉ်း ပို့ပေးမယ်။ အလုပ်ရှင်ကြိုက်လို့ ခေါ်ရင် သွားခွင့်ရမယ်။ ဝန်ဆောင်ခအပြင်
အပိုငွေ ဘာမှ ပေးစရာမလိုဘူး။ ဝန်ဆောင်ခသက်သာပြီး လစာက အရမ်းများတော့ စင်ကာပူ၊ မလေးရှားနဲ့ ယူအေအီး နိုင်ငံတွေထက် ပိုသွားချင်နေကြတာပါ” ဟု အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူက ရှင်းပြသည်။

အလုပ်သမားဝန်ကြီးဌာန၏ တွက်ချက်မှုအရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်နေသော အလုပ်သမား အရေအတွက် ၂ သန်းကျော် ၃ သန်းနီးပါး ရှိပြီး အများစုမှာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြကြောင်း သိရသည်။

တရားဝင်လိုင်စင်ဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီ ဖွင့်လှစ်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနတွင် စပေါ် ကျပ်သိန်း ၅၀ ပေးဆောင်ရပြီး လိုအပ်သော စာရွက်စာတမ်း ပြည့်စုံမှသာ လိုင်စင်ချပေးလေ့ရှိသည်။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည်ခွင့် ရတော့မည်

ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည်ခွင့် ရတော့မည်

မြောက်ကိုရီးယား-မြန်မာ နျူကလီးယားကိစ္စ အမေရိကန် ထုတ်ပြော

မြောက်ကိုရီးယား-မြန်မာ နျူကလီးယားကိစ္စ အမေရိကန် ထုတ်ပြော

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved