• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယခုနှစ် အာဇာနည်နေ့ အခမ်းအနား ဒု သမ္မတ တက်မည်

by ကျော်ခ
18 July 2012
in သတင်း
A A
ယခုနှစ် အာဇာနည်နေ့ အခမ်းအနား ဒု သမ္မတ တက်မည်

၂၀၁၁ ခုနှစ် အာဇာနည်နေ့ အာဇာနည် ဗိမာန်တွင် တပ်မတော်သားများ အလေးပြုနေသည့် မြင်ကွင်း (ဓာတ်ပုံ - Reuters)

6.8k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင်ပြုလုပ်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် ဂါရဝ ပြုမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား မြောက်ဘက်မုခ် အနီး အာဇာနည်ဗိမာန်တွင် ကျင်းပမည်ဖြစ်သော ဇူလိုင်လ ၁၉ ရက် နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အခမ်းအနားကို အရပ်သားဘက်က တက်လာသော ဒု သမ္မတ အနေဖြင့် ပထမဆုံး တက်ရောက်ခြင်းဖြစ်သည်။

RelatedPosts

လေယာဉ်ပစ်ချခံရအပြီး ပုလဲနယ်ကို စစ်တပ်အငြှိုးထားနိုင်ဟု ပအဖ သတိပေး

လေယာဉ်ပစ်ချခံရအပြီး ပုလဲနယ်ကို စစ်တပ်အငြှိုးထားနိုင်ဟု ပအဖ သတိပေး

13 June 2025
3
မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

13 June 2025
9
တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

12 June 2025
142

“သမ္မတကြီး ကိုယ်တိုင် မတက်တာတော့ ဘာလို့လည်းဆိုတာ ကျနော်တို့မသိပါဘူး။ မနက်ဖြန် အခမ်းအနားကို တက်ရောက်ပြီး ပန်းခွေချ ဂါရဝပြုမယ့် ပုဂ္ဂိုလ်တွေ အနေနဲ့တော့ တိုက်ပုံအနက်နဲ့ ခေါင်းပေါင်းတွေ ဝတ်ဆင် ရမယ်လို့ သိရတယ်။ လုံခြုံရေးကိုလည်း ကြိုတင်ပြင်ဆင်ထားတယ်” ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

အခမ်းအနားကို နံနက် ၈ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ယခုနှစ် အာဇာနည်နေ့ကျင်းပပုံကို MRTV၊ MRTV-4 နှင့် Skynet ရုပ်သံလိုင်းများကလည်း အခမ်းအနားကျင်းပရာ အာဇာနည်ဗိမာန်မှတဆင့် တိုက်ရိုတ်ထုတ်လွှင့် ပြသပေးသွားမည် ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အခမ်းအနား တက်ရောက်မည့် သူများအနေဖြင့် အာဇာနည် ဗိမာန် ကွပ်ကဲရေးရုံးကို နံနက် ၇ နာရီ ၁၅ မိနစ် ကြိုတင် ရောက်ရှိ နေရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကိုလည်း အများကြည့်ရှု လေ့လာနိုင်ရန် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အာဇာနည်ဗိမာန်ကို အများပြည်သူများ ဂါရဝပြုနိုင်ရန်အတွက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ထိုသူများအနေဖြင့် အနောက်ရွှေဂုံတိုင် လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ်အမှတ် (၁) မှ ဝင်ရောက်ကာ ဂိတ်အမှတ် (၂) မှ ရွှေတိဂုံ အရှေ့ဘက်မုခ် စောင်းတန်းဖက်သို့ ပြန်လည်ထွက်ခွာရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ကြမည့် လမ်းကြောင်းဖြစ်သော ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင် ၁ လမ်းထိပ်၊ အနောက်ရွှေဂုံတိုင် လမ်းမှ အာဇာနည်လမ်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် စောင်းတန်းအထိ ၁၈ ရက်နေ့ ညနေ ၆ နာရီမှ စတင်ကာ ယာယီပိတ်ထားမည် ဖြစ်သည်။

ထို့အတူ အာဇာနည်ဗိမာန်သို့ တက်ရောက်ရာ အုတ်လှေကားလမ်းနှင့် အနီးရှိ ကျောက်ဆည် ဓမ္မာရုံအနီး လမ်းကြားများကို လည်း လုံခြုံရေးအရ ဖြတ်သန်းသွားလာမှု ယာယီရပ်ဆိုင်း ထားမည်ဟုသိရပြီး ဗိမာန်အနီး စီမံချက်လမ်းကြောင်းများတွင် ယနေ့ ညနေပိုင်းမှ စတင်ကာ လုံခြုံရေးများ ချထားမည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များကပြောသည်။

အာဇာနည်ဗိမာန်နှင့် ဝင်ပေါက် ထွက်ပေါက်များတွင် လုံခြုံရေးအရ CCTV ကင်မရာများ တပ်ဆင်ထားမည် ဖြစ်သကဲ့သို့ ဗိုလ်ချုပ် ပြတိုက် အတွင်း၊ အပြင်နေရာများနှင့် ဂိတ်ပေါက်ဝတို့တွင်လည်း CCTV ကင်မရာများတပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်များသို့ ဂါရဝပြု လေ့လာကြမည့်သူများ အနေဖြင့် ပန်းခွေ၊ ပန်းခြင်း၊ ပန်းစည်း အမျိုးမျိုး၊ ကင်မရာ၊ ဖုန်းနှင့် အိတ်အမျိုးမျိုး ယူဆောင်လာခွင့် မပြုကြောင်း ပွဲကျင်းပရေး ကော်မတီကလည်း ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အာဇာနည်ဗိမာန်သို့ မနက်ပိုင်းတွင် လွမ်းသူ့ပန်းခွေချ ဂါရဝါပြုမည်ဖြစ်ပြီး နေ့လည် ၁၁ နာရီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ပြုလုပ်မည်ဖြစ်သော အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သူတို့က မိသားစုပန်းခွေ သီးခြားအစီအစဉ်နဲ့ ချသွားမှာပါ၊ နေ့ခင်းပိုင်းမှာတော့ ရုံးမှာ လုပ်မယ့် အာဇာနည်နေ့ပွဲကို သူတက်မယ်” ဟု NLD ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။ NLD ရုံးတွင် ပြုလုပ်မည်ဖြစ်သော အခမ်းအနားတွင် အာဇာနည်နေ့အကြောင်း ဟောပြောချက်၊ သဘာပတိ မိန့်ခွန်းနှင့် ကြေညာချက် ထုတ်ပြန်မည်ဟု သိရသည်။

အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရဝပြုရန် နိုင်ငံရေးပါတီများကိုလည်း အာဇာနည်နေ့ ပွဲကျင်းပရေး ကော်မတီက ခွင့်ပြုပေးထားပြီး NLD ပါတီအနေဖြင့် ဦးတင်ဦး၊ ဦးစိုးဝင်း၊ ဦးဟံသာမြင့်၊ ဦးမျိုးညွန့်နှင့် ဒေါ်မြင့်မြင့်စိန်တို့က တက်ရောက် ကြမည်ဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေဖြင့် ၎င်းတို့ကိုယ်တိုင် ပွဲကျင်းပမည့် အစီအစဉ်မရှိသော်လည်း အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရဝပြုရန် အစီအစဉ်ရှိကြောင်း၊ အာဇာနည်နေ့ သဝဏ်လွှာ ထုတ်ပြန်ရန်နှင့် NLD က ပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ရန်ရှိကြောင်း အဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။

“သဝဏ်လွှာ ထဲမှာတော့ အာဏာရှင် သေရင် မင်းဆိုး၊ မင်းညစ်စနစ် အဆုံးသတ်သွားတယ်၊ အာဇာနည် ကျဆုံးရင် သူ့ရဲ့ တန်ခိုးသြဇာ စတင်တယ်၊ အာဇာနည်ဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားတွေ ဆုံးရှုံးနစ်နာမှုတွေထက်ကို သူ့ပြည်သူတွေအတွက် အများရဲ့ အကျိုးစီးပွားအတွက်ကို အဓိကထားပြီးတော့ ဆောင်ရွက်လေ့ရှိတယ်ဆိုတာ ထည့်ရေးထားတယ်” ဟု ကိုကိုကြီးက ဆိုသည်။

အာဇာနည်များ သေဆုံးပြီးသွားပြီးသည့် နောက်တွင် ပြည်သူများ၏ စိတ်ထဲ၌ အာဇာနည်များနှင့် ပတ်သက်၍  စွဲမြဲစွာ ကျန်ရစ် နေခဲ့ကြောင်း၊ အမှန်မှာ မတရားမှု၊ တုံ့ပြန်မှု၊ အကြမ်းဖက်မှု အဓမ္မ စနစ်များသာလျှင် ကျဆုံးသွားခြင်းဖြစ်ကြောင်း၊ အာဇာနည်များ၏ ယုံကြည်ချက်၊ ၎င်းတို့၏ ဦးတည်ချက် ပန်းတိုင်ကို လူအများ စုစည်းပြီး တက်ရောက်ကြရန်၊ မပျောက်မပျက်စေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းကြရန် သဝဏ်လွှာရေး၍ တိုက်တွန်းထားခြင်း ဖြစ်ကြောင်း သူက  ဆက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့တွင်မူ ဒေသခံများက ဗိုလ်ချုပ်၏ ရုပ်တုအား ပန်းခွေချ ဂါရဝပြုရန် တောင်းဆို ထားမှုကို မြို့နယ်အာဏာပိုင် ရဲအဖွဲ့က ခွင့်ပြုခြင်းမရှိခဲ့ပေ။ အလားတူ ပြည်နယ်နှင့် တိုင်းတချို့တွင်လည်း လွတ်လပ်ရေး ပန်းခြံနှင့် ဗိုလ်ချုပ်ကြေးရုပ်တို့ကို ဂါရဝပြုရန် တောင်းဆိုခြင်းများအပေါ် ဒေသဆိုင်ရာ အာဏာပိုင်များက ခွင့်မပြုကြောင်း သိရသည်။

“ကျနော်တို့ဆီကို Report တွေ တက်လာပါတယ်၊ အမျိုးမျိုးဗျ၊ ဥပမာအားဖြင့် အာဇာနည်နေ့ ကိုယ့်ရုံးမှာကိုယ် ကျင်းပတာဟာ ဥပဒေအရ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မလိုဘူး။ အဲဒါကို အများသောအားဖြင့် မတားပါဘူး။ တချို့နေရာတွေမှာ အဲဒါကိုပါ တားတယ်။

အများပြည်သူ နေရာမျိုးမှာ လုပ်မယ်ဆိုရင်တော့ လိုအပ်တယ်ဆိုတာ ကျနော်တို့ကလည်း ပြန်ပြောထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

Your Thoughts …
Tags: Martyrs Day
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

ဥဩများ ဟွန်းများတီးပြီး အာဇာနည်နေ့ကို အလေးပြု

ဥဩများ ဟွန်းများတီးပြီး အာဇာနည်နေ့ကို အလေးပြု

by ဧရာဝတီ
19 July 2013
9.4k

ရန်ကုန်မြို့ လမ်းမများပေါ်တွင် မော်တော်ကား ဟွန်းသံများ နှင့် ဥသြဆွဲသံများက လုပ်ကြံခံခဲ့ရသော လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအပါများကို နှစ်ပေါင်းများစွာ တိတ်ဆိတ်ခြင်းဖြင့် ဂုဏ်ပြုခဲ့ရခြင်းကို ဖြိုခွဲပစ်လိုက်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့

by ကျော်ဖြိုးသာ
19 July 2013
7.1k

သူ၏ ဘ၀ကို လေ့လာသိရှိလိုပါလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ပြောင်းလဲခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ဟောင်းကို သွားရောက်ကြည့်ရှုနိုင်ပါသည်။

အာဇာနည်ကုန်း, တောင်ကိုရီးယား, မြောက်ကိုရီးယား, ဗုံးခွဲ, အထိမ်းအမှတ်

အာဇာနည်ကုန်း ဗုံးကွဲမှု အထိမ်းအမှတ် ဆောက်လုပ်ရန် စီစဉ်

by မေစစ်ပိုင်
2 January 2014
4.5k

“အထိမ်း အမှတ်အနေနဲ့ အမှတ်အသား တခု ထားဖို့ နှစ်နိုင်ငံ သဘော တူထားပြီးပြီ၊ အဆောက် အအုံ ပုံစံနဲ့ နေရာကိုတော့ ဆွေးနွေးဆဲပဲ”ဟု ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

အာဇာနည်နေ့ အောက်မေ့ဖွယ် ပုံရိပ်များ

အာဇာနည်နေ့ အောက်မေ့ဖွယ် ပုံရိပ်များ

by အေးချမ်းမြေ့
18 July 2013
4.7k

အာဇာနည်နေ့ကို ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် အဖြစ်ကလွဲပြီး တိုင်းပြည် နစ်နာခဲ့ရတဲ့ နေ့ကြီး တနေ့အဖြစ် မသိကြတော့ပါဘူး။ အာဇာနည် ၉ ဦးလား၊ ၁၀ ဦးလား၊ အယောက် ၃၀ လား ဆိုတာကိုတောင် နဝေတိမ်တောင်

အာဇာနည်နှင့် အာဇာနည် မျိုးရိုး

အာဇာနည်နှင့် အာဇာနည် မျိုးရိုး

by ဧရာဝတီ
23 July 2013
38k

ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ဝန်ကြီး အဖွဲ့သည် ဇူလိုင် ၁၉ ရက်နေ့တွင် မဆုံးရှုံးခဲ့ရပါက ဆိုသော ယူကြုံးမရ အတွေများ အမြဲလိုလို တစ္ဆေခြောက်သလို ယခုအချိန်အထိ တွေးတော ပြောဆိုနေကြဆဲ

Next Post
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ထိုင်းနှင့် မြန်မာ ဆွေးနွေး

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ထိုင်းနှင့် မြန်မာ ဆွေးနွေး

အာဇာနည်နေ့ အခမ်းအနား အစိုးရ ရုပ်သံ ထုတ်လွှင့်

Please login to join discussion
No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.2k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate