• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
in အင်တာဗျူး
A A
ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ

34.1k
VIEWS
Share on FacebookShare on Twitter

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.4k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
82
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
46

(ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင် ကြီးများနှင့် တွေ့ဆုံ ဆက်ဆံခဲ့ဖူးသော စာရေးဆရာကြီး ဒဂုန်တာရာအား ဧရာဝတီ စာတည်း ကိုစိုးက အာဇာနည်နေ့နှင့် ပတ်သက်သော အမှတ်တရများကို မေးမြန်းခဲ့ပါသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် နေထိုင်လျက် ရှိသည့် ဆရာကြီး ဒဂုန်တာရာကို ၂၀၁၀ ပြည့်နှစ်တွင် ဆက်သွယ် မေးမြန်းချက်မှ ပြန်လည် ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။)

ကျနော်က အခု အသက် ၉၂ ထဲ ရောက်ပြီ။ အဲဒီ အာဇာနည်နေ့ပေါ့ဗျာ။ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်၊ အဲဒီတုန်းက ကျနော်လည်း ငယ် သေးတယ်။ ကျနော်က တက္ကသိုလ် သမဂ္ဂမှာ အမှုဆောင် ၂ နှစ် ဆက်တိုက်ဖြစ်ခဲ့ သေးတယ်။ စစ်မဖြစ်ခင်ပေါ့ဗျာ၊ ၁၉၃၉ – ၄၀၊ အဲဒီတုန်းက ဥက္ကဌ က ကိုလှရွှေ၊ အာဏာရှင် လှရွှေ၊ အဲဒီတုန်းက အာဏာရှင်ဆိုတဲ့ စကားလုံးက အကောင်းဗျ၊ ကောင်းတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ အဲဒီနှစ်တွေက ကျနော်က နေ့ကျောင်းသား နေခဲ့တယ်၊ ကျောင်းဆောင် ဘဝကတော့ ကျနော် စစ်ကိုင်းကျောင်း ဆောင်၊ ဟို တုန်းက အင်း၀ ၊ စစ်ကိုင်း၊ ပင်းယ ၊ ပဲခူး ဆိုပြီး ကျောင်းဆောင်တွေရှိတယ်၊ တက္ကသိုလ်ကိုတော့ ကျောင်းတိုက်လို့ ခေါ်တယ်၊ ကျနော်တို့က ကျောင်းနေဘက်တွေ ဆိုတော့ သူငယ်ချင်းတွေလို ဖြစ်နေတာကိုး။

အဲဒီ ၁၉၄၇ ကျတော့ ကျနော်က အသက် ၂၉ ၊ ၃၀ လောက်ပေါ့၊ အတိအကျ ဆိုရင် ပြန်တွက်မှရမယ်။ နောက်ဥက္ကဌ က မိတ္ထီလာ ကိုလှမောင်၊ ကျနော်တို့ထက်အများကြီး ကြီးတာပေါ့၊ ဦးနုတို့ တန်းပေါ့၊ ဦးနု လောက်တော့ မကြီးဘူး၊ ဦးနု ကို ကျနော်တို့က ကိုကြီးနု ခေါ်တယ်၊ သူတို့ကတော့ နိုင်ငံရေးလို့ နောင် အခါတော့ ခေါ်တာပေါ့ ဗျာ၊ လွတ်လပ်ရေး လှုပ်ရှားမှုပေါ့၊ တပ်ထဲက ဆိုလို့ရှိရင် ဗိုလ် လကျ်ာ၊ ဗိုလ်ဇေယျ၊ ဗိုလ် ရန်အောင် အများကြီးပေါ့ဗျာ၊ ရဲဘော်သုံးကျိပ် ခေါ်တာပေါ့၊ အဲဒီတုန်းက နိုင်ငံရေး မဟုတ်သေးဘူး။

ကျောင်းသား သမဂ္ဂ ဆိုတာက ဟို အောက်စ်ဖို့ တို့၊ ကိန်းဘရစ်ချ် တို့၊ လန်ဒန်မှာ ရှိတဲ့ တက္ကသိုလ်တွေ။ အဲဒီက သမဂ္ဂတွေအတိုင်း ဖွဲ့ထားတာ၊ အခြေအနေက အဲဒီလို။

အဲဒီတုန်းက ကျနော်တို့က လွတ်လပ်ရေး လိုချင်တာပေါ့ဗျာ၊ ကျောင်းသားတွေ ၊ တက္ကသိုလ် သမဂ္ဂ၊ ၁၉၃၅-၃၆ ထင်တယ်၊ ကျောင်းသား သပိတ်ဖြစ်တယ်၊ ပညာရေး အတွက်ပေါ့၊ ကိုအောင်ဆန်းကတော့ ၁၉၃၈ – ၃၉ မှာ သမဂ္ဂ ဥက္ကဌ ဖြစ်တယ်၊ တို့ဗမာ အစည်းအရုံးမှာ သခင်အောင်ဆန်း ဖြစ်သွားတယ်။

ကျနော်တို့ လွတ်လပ်ရေး လှုပ်ရှားမှုမှာ ကိုအောင်ဆန်းက ခေါင်းဆောင်လုပ်ခဲ့တာပေါ့။ သူ့ကို အများကြိုက်ကြတယ်၊ ကိုအောင်ဆန်း က စကားအပြော မတတ်ဘူး။ ဒါပေမယ့် ကျနော်ကတော့ သူနဲ့ ပေါင်းလို့ ရတယ်။ သူက ကျနော့်ကို ခင်တယ်။

အဲဒီတုန်းက မှတ်မိသေးတယ်၊ သူက သခင်အောင်ဆန်းလို့ ခေါ်မှ ကိုအောင်ဆန်း လို့ ခေါ်ရင် သိပ်မကြိုက်ချင်ဘူး၊ အဲဒီတုန်းက သမဂ္ဂက လူတွေကလည်း နိုင်ငံရေးလို့ ခေါ်တဲ့ လှုပ်ရှားမှုလုပ်ကြတာ၊ အဖွဲ့အစည်းလှုပ်ရှားမှု၊ ဦးနုက အဲဒီ ၃၅-၃၆ မှာ ဥပဒေ တန်း ပေါ့၊ ဟို တုန်းက ဥပဒေ တန်းတက်ချင်ရင် ဘီအေ အောင်ပြီးတဲ့ လူမှ တက်လို့ရတယ်၊ သခင်သန်းထွန်းက အဲဒီတုန်းက ဆရာဖြစ် သင် ကောလိပ်မှာ အောင်ပြီးပြီ၊ လူတော်ဗျ၊ ငြိမ်းချမ်းရေးသမား လို့ ကျနော်က ထင်တယ်၊ နောက်မှ ဘယ်လိုဖြစ်သွားလဲမသိဘူး။

ကျနော်က အဲဒီကတည်းက ငြိမ်းချမ်းရေး စိတ်ကလေးက ရှိနေတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ငယ်ငယ်ကတည်းက ကျနော်က အကြမ်းပတန်းတွေ သိပ်မကြိုက်ဘူး၊ အဲဒီအချိန်ကတည်းက စတာဗျ။ ကျောင်းသား သမဂ္ဂထဲမှာ ဒေါက်တာ ဘမော်တို့၊ ဒေါက်တာ ဘဟန်တို့ စတဲ့ သူတွေလည်း ရှိတယ်၊ လွတ်လပ်ရေး အတွက် လှုပ်ရှား သူတွေ၊ အရေးကြီးတဲ့ အချိန်တွေပေါ့၊ ကျနော့်ကို လည်း သူတို့က သမဂ္ဂ ဥက္ကဌ လုပ်စေချင်တယ်၊ ၁၉၄၁ လောက်ကပေါ့၊ ကျနော်ကလည်း ရှေ့တန်း သိပ်နေချင်တဲ့လူ မဟုတ်ဘူး၊ အဲဒီ တုန်း က ဗြီတိသျှ အင်ပါယာကို တိုက်ရမှာ၊ လက်နက်ကိုင်ရမယ်ပေါ့ ဗျာ၊ ကျနော်က လက်နက်ကိုင်တာ ဝါသနာမပါဘူး၊ လက်နက် ကိုင်တာ သိပ်မကြိုက်ဘူး၊ ဟိုတုန်းက ကျနော့်ကို သူတို့က ခေါ်တာ အတွေးသမား အရေးသမား၊ စာရေးတဲ့ ကောင်က ကျနော် တယောက်ပဲ ရှိတာ၊ ဟိုတုန်းက စိတ်ကူးယဉ်တယ်ဆိုတဲ့ စကားလုံးက မပေါ်သေးတော့ အတွေးသမားလို့ ပြောတာပေါ့ဗျာ။ အဲဒီ စနေနေ့ ကိုအောင်ဆန်းတို့ ကျဆုံးမယ့် နေ့က ဗိုလ်ထွန်းလှ ကို ကျနော်က ပြောတယ်၊ ကိုအောင်ဆန်း ကို ပြောလိုက်ပါ၊ ကျနော် ဆောင်းပါး လာယူမယ်၊ အဲဒီတုန်းက သူတို့က ဝန်ကြီးအဖွဲ့ပေါ့၊ ကိုအောင်ဆန်းက အရင် ပဲခူးကျောင်းဆောင်ကနေ ရေကျော်မှာရှိတဲ့ တို့ဗမာ အစည်းအရုံး ဌာနချုပ်မှာနေတယ်၊ သူအိပ်တာ ဖျာလေး တချပ်ပဲ ရှိတယ်၊ တခါတလေ ခေါင်းအုံးက မရှိဘူးနဲ့ တူပါတယ်၊ ခေါင်းက ဆီ က ဖျာမှာ ကွက်နေတယ်၊ အဲဒီမှာ ကျနော် ရောက်သွားတာ၊ ကျနော်က မသိဘူး။

အတွင်းဝန် ရုံးကို ကျနော်ရောက်သွားတော့ ကျနော်က အပေါ်တက်သွားတာ၊ သူတို့ကျဆုံးတဲ့နေရာက အလယ်ခန်း၊ အဝင်ပေါက် ပေါ့၊ ကျနော်က ဝင်သွားတာ၊ ဘာဖြစ်မှန်း ကျနော်က မသိဘူး၊ အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊ ဟာ ကိုယ်ကျိုးနည်းပြီကွ လို့ ပြောတယ်။

ကျနော် ဘာတခုမှ နားမလည်ဘူး၊ ကျနော်တို့ အတွင်းဝန် ရုံးထဲမှာပဲရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်စကား ပြောတယ်၊ မင်းမကြား ဘူးလားတဲ့၊ ဦစောလူတွေ သတ်သွားတာလို့ပြောတယ်၊ ဦးစောလို့ မပြောဘူး၊ ဆေးရုံပို့လိုက်ပြီ၊ ကိုအောင်ဆန်းကို အဝတ်ဖြူ အုပ် ထားတယ်၊ သေသွားပြီ၊ ကျနော် “ဦးအောင်ဆန်း၏ နောက်ဆုံးနေ့”ဆောင်းပါးမှာ ရေးထားတယ်၊ ကျနော် အတွင်းဝန်ရုံးရောက် တော့ ကိုအောင်ဆန်းနဲ့ အာဇာနည်တွေကို သယ်သွားပြီ၊ ကျဆုံးတဲ့အချိန် ၁၀ နာရီခွဲဗျ၊ ကျနော် သွားတော့၊ ကျနော် ကိုအောင်ဆန်း နဲ့ ချိန်းထားတာ၊ မသိဘူးလေ။ ကျနော်က ၁၄ လမ်းမှာ နေတာကိုး။

အဲဒီတုန်းကတော့ ဘာမှ မသိဘူးပေါ့လေ၊ ကျနော့် ဘ၀ မှာ ပထမဆုံး လုပ်ကြံမှုကို ကြုံရတာပဲ၊ ဦးစောအဖွဲ့ ဘာညာလည်း မသိ ဘူး၊ နောက်မှ သိတာ၊ သတ်တာတွေ လုပ်ကြံတာတွေ ပထမဆုံး ကျနော့် တသက်တာမှာ ကြုံဖူးတာပဲ။

ဒေါက်တာ မောင်မောင်ရေးတဲ့ စာအုပ်ရှိတယ်၊ ခေါင်းစဉ်က ဘာဆိုလား၊ ပုဂံ စာအုပ်တိုက်က ထုတ်တာ၊ လုပ်ကြံတဲ့နည်းနဲ့ အာဏာ သိမ်းတာ ဦးစော လုပ်တာပဲ၊ သူ့အဖွဲ့က ဂဠုန် ပါတီလို့ ခေါ်တာလား၊ ဂဠုန် အဖွဲ့လို့ ခေါ်လားပဲ၊ မေးမှ ကျနော်လည်း စဉ်းစားရင်းနဲ့ ပြောရတာ၊ အဲဒီ ဂဠုန် ဦးစော ကို ကြိုးပေးတယ်လေ။

၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းတာ စကြုံဖူးတယ်၊ ဗမာပြည်မှာ စစ်တပ်က အာဏာသိမ်းတာ အရင်က မကြားဖူးဘူး၊ နိုင်ငံရေး သိပ္ပံမှာ အစိုးရ ဆိုတာ ရွေးကောက်တင်မြှောက်ထားတဲ့ဟာ အစိုးရပဲ၊ အာဏာ သိမ်းတယ်ဆိုတာ ကျနော်တို့ အဲဒီမှာ စကြားဖူး တာပဲ၊ ဗိုလ်နေဝင်း စအာဏာသိမ်းတာပဲ။

ဒီဘက်မှာ ရွေးကောက်ပွဲက ၁၉၉၀ မှာ လုပ်တယ်လေ၊ ရွေးကောက်ပွဲမှာ မဲအများဆုံး ရတာ NLD ။ အဲဒီတော့ အစိုးရဆိုတာ ရွေးကောက် တင်မြှောက်ထားတာလို့ ကျနော်တို့က နားလည်ထားတာ၊ ဗိုလ်ချုပ်နေဝင်းက တခါ အာဏာ သိမ်းတယ်၊ သြော် အာဏာသိမ်းအစိုးရ ရှိပါလား၊ အဲဒီလို အခြေအနေတွေက ပြောင်းသွားပြီဗျ၊ ကျနော်တို့ နားလည်ထားတဲ့ နိုင်ငံရေး သိပ္ပံနဲ့က ၊ အခုက စစ်တပ် အာဏာသိမ်း အစိုးရ။

တော်လှန်ရေးဆိုတာ အစိုးရကို တိုက်တဲ့ဟာ။ သူပုန်ပေါ့ဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲ လာအောင် လုပ်တာ။ ကျနော်တို့လည်း ငယ်ငယ်တုန်းက သိပ်နားမလည်ဘူး။ ကြီးမှ သိလာတယ်။ လက်နက်နဲ့ အာဏာသိမ်း တယ်။ တရားမျှတတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲနည်းနဲ့ အာဏာ သိမ်းရမယ်၊ ဒါပဲ။

ငြိမ်းချမ်းရေးသာလျှင် ဒီမိုကရေစီ ပန်းတိုင်ဖြစ်တယ်၊ ငြိမ်းချမ်းရေး နည်းနဲ့သာ မိတ်ဆွေဖြစ်နိုင်မယ်။

ကျနော် ပြောချင်တယ်ဗျာ၊ အာဇာနည်နေ့ကိုလည်း ကျကျနန လုပ်စေချင်တယ်၊ အာဇာနည်တွေ ကျဆုံးတဲ့ အချိန်ကိုလည်း ဥသြ မှုတ်စေချင်တယ်၊ အရင်အတိုင်း ပုံမှန် လုပ်စေချင်တယ်၊ ကောင်းစေချင်တယ်၊ ဒါပါပဲ။     ။

(ဆရာကြီး ဒဂုန်တာရာသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)

Your Thoughts …
Tags: General Aung SanHistoryInterviewsMartyrs Dayဒဂုန်တာယာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကချင်, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသူ

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

by လင်းသန့်
24 January 2015
6.7k

ပြုံးရွှင် ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု၊ နန်စဲန်း၊ အင်ခွန်ဘောက်၊ ခေါန် ရော်မခေါင်၊၊ ကော လင်းဂျာဘောက်၊ လဖိုင်နဲမ်ရာ တို့ ဖြစ်ပြီး...

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

by ဧရာဝတီ
22 March 2014
9.2k

နိုင်ငံခြား သတင်းထောက်တွေက ကျနော့် အကြောင်း မေးတယ်တဲ့။ နေမင်း နေကောင်းလား။ ကျန်းမာရေး ဆိုးနေတယ် ဆိုတာ ဟုတ်လားလို့ မေးတာ။ အဲဒါကို ဗိုလ်ချုပ်ခင်ညွှန့်က ဘာမဆိုင် ညာမဆိုင် NAY MIN IS A...

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

by ရန်ပိုင်
25 March 2014
4k

မန္တလေးတိုင်း အမရပူရ လင်းဇင်းကုန်း သင်္ချိုင်းမှာရှိတဲ့ ထိုင်း ဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက မြန်မာ ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး တရားဝင် လေ့လာမှုတွေ ပြုလုပ်တော့မယ်လို့...

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.5k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

Next Post

ပုသိမ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စင်ကာပူ ကုမ္ပဏီလေ့လာမှုများ ပြုလုပ်မည်

ရန်ကုန်မြို့နဲ့ လမ်းပြဿနာ (ရုပ်သံ)

ရန်ကုန်မြို့နဲ့ လမ်းပြဿနာ (ရုပ်သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

21 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved