• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့

by ကျော်ဖြိုးသာ
19 July 2013
in သတင်း
A A
as01
as02
as03
as04
as05
as06
as07
7.1k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


ဇူလိုင် ၁၉ ရက်နေ့သည် ခေတ်သစ် မြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၁၉၄၇ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့်နေ့ဖြစ်သည့် အတွက်  အာဇာနည်နေ့ အခန်းအနားများ ကျင်းပကြသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
219
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
481
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
190

စစ်အစိုးရက ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီးချိန်မှစ၍ ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားသူရဲကောင်း ဆိုသည့် ဂုဏ်ကိုလျော့ကျအောင် ပြုလုပ်ခဲ့သော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဗိုလ်ချုပ်ကို လေးစားစိတ်ဝင်စားမှုများ ပြန်လည်နိုးကြား တက်ကြွလာနေပြီ ဖြစ်သည်။

သူ၏ ဘဝကို လေ့လာသိရှိလိုပါလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ပြောင်းလဲခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ဟောင်းကို သွားရောက်ကြည့်ရှုနိုင်ပါသည်။

ဗဟန်းမြို့နယ် ကန်တော်ကြီးကန်အနီးရှိ တောင်ကုန်းလေးပေါ်က အိမ်တွင် ဇနီး ဒေါ်ခင်ကြည်၊ သားသမီးများဖြစ်သော အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်တို့နှင့် အတူ နေထိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို  နိုင်ငံရေး ပြိုင်ဖက်ဟု သဘောထားသည့် ဂဠုန်ဦးစော၏ နောက်လိုက်များက လုပ်ကြံခဲ့ချိန်၌ ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၂နှစ်အရွယ်သာရှိသေးသည်။

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့ပြီးနောက် ဒေါ်ခင်ကြည်နှင့် သားသမီးများသည် အဆိုပါနေအိမ်တွင် သားလတ်ဖြစ်သူ အောင်ဆန်းလင်း ခြံဝန်းအတွင်းမှ ရေကန်ငယ်တွင် ရေနစ်ကွယ်လွန်ခဲ့သည့် ၁၉၅၃ ခုနှစ် အထိနေထိုင်ခဲ့ကြသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်လျှက်ရှိသော ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

၁၉၄၈ ခုနှစ်တွင် မြန်မာအစိုးရက ကန်တော်ကြီးအနီးမှ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ကို ကျပ်ငွေ ၃၀၀၀၀ ဖြင့် ပြန်လည် ဝယ်ယူခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဖြစ် ၁၉၆၂ ခုနှစ်တွင် ပြောင်းလဲပစ်ခဲ့သည်။

ခန်းနားလှပသော အဆောက်အဦးကို ပြတိုက်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း၏ တကိုယ်ရေ အသုံး အဆောင်များ၊ စီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် အနက်ရောင် ဝူစလေကား နှင့် ၁၉၄၀ အစောပိုင်းနှစ်များ က အင်္ဂလန်နိုင်ငံ ခရီးစဉ်တွင် အိန္ဒိယ နိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဂျာဝါဟာလာနေရူး လက်ဆောင်ပေးခဲ့သည့် ကုတ်အကျၤ ီ စသည်တို့ ကို ပြသထားသည်။

အသုံးချ မက္ကင်းနစ် နှင့် လေကြောင်းကာကွယ်ရေး၊ နိုင်ငံရေးဘောဂဗေဒ တို့သာမက ဒီအိပ်ချ် လောရင့်စ်၏ လက်ရွေး စင် ဝတ္ထုတိုများအထိ ပါဝင်သည့် ဘာသာရပ်မျိုးစုံသော စာအုပ် ၂၄၀ ခန့်သည် စာပေဝါသနာရှင်များအတွက် စိတ်ဝင်စား စဖွယ်ဖြစ်သည်။

အောက်ထပ်တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် မိသားစု၏ ဓာတ်ပုံများ၊ ပန်းချီကားများရှိ ပြီး အပေါ်ထပ် ရှိ သီးသန့် အစည်းဝေးခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း အချို့မှ ကောက်နှုတ်ချက်များဖြင့် တန်ဆာဆင်ထားသည်။ ထိုအထဲတွင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ နှင့် ပတ်သက်၌ လမ်းညွှန်ရှင်းလင်းစဉ်က ပြောကြားခဲ့သည့် “ ကမ္ဘာပေါ်မှာ ပြည့်စုံကောင်းမွန်တဲ့ အခြေခံဥပဒေဆိုတာ မရှိဘူး” ဆိုသည့် စကားလည်းပါဝင်သည်။

ပြတိုက်ကို တနင်္လာနေ့ နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ အပ နေ့စဉ် မနက် ၈နာရီမှ ညနေ၄ နာရီအထိ ဖွင့်လှစ်ပေးထား ပြီး ဝင်ကြေးအဖြစ် လူကြီး (နိုင်ငံသား/နိုင်ငံခြားသား) တဦးလျှင် ၃၀၀ကျပ်နှင့် အသက် ၁၂ နှစ်အောက် ကလေး တဦးလျှင် ၁၀၀ ကျပ်ကောက်ခံသည်။ အာဇာနည်နေ့ တွင်မူ မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုသည်။

ကင်မရာ၊ မိုဘိုင်းဖုန်းနှင့် အမ်ပီဖိုး စသည့်ပစ္စည်းများ ယူဆောင်မသွားမိစေရန်တော့ ဂရုစိုက်ဖို့လိုပါသည်။ အဆိုပါပစ္စည်း များ ယူဆောင်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။ ပြတိုက်မှူးဖြစ်သူ ဦးကျော်အေးက “ပြတိုက်လုံခြုံရေး အတွက်” ဟု ရှင်းပြသည်။

Your Thoughts …
Tags: General Aung SanMartyrs DayMuseum
ကျော်ဖြိုးသာ

ကျော်ဖြိုးသာ

ဧရာဝတီ

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

ကချင်, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသူ

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

by လင်းသန့်
24 January 2015
6.7k

ပြုံးရွှင် ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု၊ နန်စဲန်း၊ အင်ခွန်ဘောက်၊ ခေါန် ရော်မခေါင်၊၊ ကော လင်းဂျာဘောက်၊ လဖိုင်နဲမ်ရာ တို့ ဖြစ်ပြီး...

ဗိုလ်ချုပ်အောင်ဆန်း, နိုင်ငံတော်လုပ်ကြံမှု, အတွင်းဝန်ရုံး, အာဇာနည်,

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၃)

by နေမင်း
18 July 2014
18k

တပ်မတော် အတွင်း အုပ်စုဖွဲ့ အာဏာ ချုပ်ကိုင်ရေး ပြဿနာသည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမည့် အဓိက တွန်းအား ဖြစ်လာသည်။ ဒေါက်တာ မောင်မောင်နှင့် ဗိုလ်ကျော်ဇောတို့ ရေးသားသော စာအုပ်များ ယှဉ်တွဲ လေ့လာလျှင် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (နိဂုံး)

by နေမင်း
23 July 2014
39.6k

ဦးနေ၀င်း အနေဖြင့် ၁၉၆၂ မှ ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်မှူးကြီး စောမောင် ဖြုတ်ထုတ် ခံရသည့် အချိန်အတွင်း နိုင်ငံရေး လုပ်ကြံမှုများ တွင်သာ ဦးစီးခေါင်းဆောင် အဓိက တာဝန်ရှိသူ အဖြစ် သတ်မှတ်မည် ဆိုလျှင်...

ဗိုလ်ချုပ်အောင်ဆန်း, နိုင်ငံတော်လုပ်ကြံမှု, အတွင်းဝန်ရုံး, အာဇာနည်

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၂)

by နေမင်း
17 July 2014
20k

ပဲခူးဘက်မှာ စောရန်နောင်ကို အလျင် လက်ဦးစွာ ဖမ်းမိ၍ ချုပ်နှောင် ခေါ်ဆောင်လာစဉ် ကားပေါ်မှ ထပ်မံထွက်ပြေး ပြန်သဖြင့် ပဲခူး ဆယ်မိုင်ကုန်း ထိပ်တွင် ပစ်သတ် လိုက်ရပါသည် ဟူသော ဇာတ်လမ်းနဲ့ နိဂုံးချုပ်သွား တယ်ကွာ။ ငါ...

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၅)

by နေမင်း
21 July 2014
22.2k

အာဏာရ ပါတီနှင့် အစိုးရ ကိုယ်တိုင်က ပြည်တွင်း နိုင်ငံရေး အဖျက်အမှောင့် လုပ်မှုသည် မြန်မာ့ လွတ်လပ်ရေးနှင့် ယှဉ်တွဲ၍ နိုင်ငံ တည်စကပင် မကောင်းသော သန္ဓေပါလာမှုကို ၀မ်းနည်းဖွယ် တွေ့ရပါသည်။

Next Post
ဥဩများ ဟွန်းများတီးပြီး အာဇာနည်နေ့ကို အလေးပြု

ဥဩများ ဟွန်းများတီးပြီး အာဇာနည်နေ့ကို အလေးပြု

အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၃)

အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၃)

Please login to join discussion
No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate