• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၅)

by နေမင်း
21 July 2014
in Politics
A A
ဗိုလ်ချုပ်အောင်ဆန်း

လွတ်လပ်ရေး အကြိုကာလ ဖဆပလ ခေါင်းဆောင် ၂ ဦးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနု

22.3k
VIEWS
Share on FacebookShare on Twitter

ကျနော် ဖော်ပြခဲ့သော အချက်အလက်များအရ ယုတ်မာရက်စက်သော အကျင့်စရိုက်ကို ကျင့်သုံးခဲ့ကြသူများသည် ပြည်ပက လာသူများသာမဟုတ်ဘဲ ပြည်တွင်းက ဇာတ်တူသား စားသူများက အဓိက ဖြစ်သည်ကို ပညာသတိရှိသူများ သိနိုင်လောက်ပြီ ထင်ပါသည်။ နွားကွဲလျှင် ကျားဆွဲခံရသည်မှာ ဓမ္မတာဖြစ်ရာ ပြည်တွင်းမညီညွတ်လျှင် ပြည်ပသားဝံပုလွေတွေကလည်း ပါဝင်လာကြတော့မည်မှာ သဘာဝကျပါသည်။ သို့သော် ပြည်တွင်းမှ နိုင်ငံတော်ဟု အမည်ခံထိုက်သူပုဂ္ဂိုလ်များ ကိုယ်တိုင်ကျူးလွန်နေနိုင်ခဲ့သော နိုင်ငံတော်သစ္စာဖောက်မှု ဖြစ်နေသဖြင့် နိုင်ငံတော်လုပ်ကြံမှု ဖြစ်ရပ်မှန်သမိုင်း ပေါ်ထွက်ရေးမှာ ယနေ့တိုင်ဖြစ်မလာသေးခြင်းသည် ထူး၍မဆန်းသောအကြောင်း ဖြစ်ပါသည်။

နိုင်ငံတော်လုပ်ကြံမှုကြီးကို မှန်မှန်ကန်ကန်မရှူမြင်ဘဲ ဦးစောပြီးလျှင် ပြည်ပကိုသာ အဓိက လက်ညှိုးထိုးပြနေမှုများသည် ပြည်တွင်းက လက်သည်တရားခံများ မိမိတို့ကျူးလွန်မှုကို ရှောင်တိမ်းရန် ဇာတ်လမ်းထွင်သူများသာ ဖြစ်ကြသဖြင့် ၎င်းတို့တင်ပြသော အကြောင်းအရာများကို အထူးသတိပြုဆင်ခြင်ကြပါရန် တိုက်တွန်းအပ်ပါသည်။ နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက်၍ ပြည်ပကို အဓိကလက်သည်အဖြစ် ညွှန်ပြရာတွင် လျှောက်လဲချက် အပေးကောင်းသည့် ပုဂ္ဂိုလ်များမှာ Burmese Nationalist Movements 1940-48 ရေးသူ အငြိမ်းစား ဗိုလ်မှူးချုပ်မောင်မောင်နှင့် ၎င်း၏စာအုပ်ကို အဓိကမှီငြမ်း၍ “ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး” ရေးသူကိုသန်း (ကြည့်မြင်တိုင်) တို့ကို ညွှန်းဆိုရမည် ဖြစ်ပါသည်။ သူတို့ ဖော်ထုတ်ရေးသားချက်များသည် အဓိက လက်သည်တရားခံအဖြစ် နိုင်ငံခြားကို ရည်ညွှန်းလိုလျှင် အကောင်းဆုံး အထောက်အထားများဟု ဆိုနိုင်ကောင်းပါသည်။

DSC_4609

စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။

ဗိုလ်မှူးချုပ်မောင်မောင်နှင့် ဦးသန်းတို့ရေးသော နိုင်ငံတော်လုပ်ကြံမှုဆိုင်ရာ စာအုပ်များကို ဖတ်ရှုလျှင် တရားခံဦးစော၏ နောက်ကွယ်တွင် နယ်ချဲ့သမားတို့ပါဝင်ပုံကို ရေပက်မဝင်အောင် တင်ပြမှုကောင်းလွန်းသောကြောင့် ဗိုလ်ချုပ်အား ဦးစောလုပ်ကြံမည့် သတင်းမှာ လုပ်ကြံမှုမဖြစ်မီကပင် နယ်ချဲ့သမားတို့ ကြိုတင်သိရှိပြီးဖြစ်ကြောင်း၊ လူသတ်လက်နက်များလည်း ဦးစောထံရောက်ရှိနေမှုကို မြန်မာဘက်က ကာယကံရှင် ဦးအောင်ဆန်းလည်း သိရှိပြီး အရေးယူရန် ဘုရင်ခံဒေါ်မန်စမစ်ကို သွားရောက်တင်ပြပြီးဖြစ်ကြောင်း၊ ခြုံ၍ပြောရလျှင် ဦးစော၏လုပ်ကြံမှုသည် လျှို့ဝှက်လုပ်ကြံခြင်း မဟုတ်ဘဲ လူသိရှင်ကြား ကြိုတင်သိမြင်ကြပြီးဖြစ်လျှက် ဗိုလ်ချုပ်တို့အား အတွင်းဝန်ရုံးအတွင်း ကြက်ကလေး ဌက်ကလေး ဝင်ပစ်သလို လုပ်ကြံခဲ့သည့်အဖြစ်အပျက်သဖွယ် ရေးသားထားသည်ကို တွေ့ရပါသည်။

ဤမျှ လူသိရှင်ကြား လွယ်လင့်တကူ လုပ်ကြံမှုတွင် ထိုစဉ်က အာဏာပိုင် မြန်မာအဖွဲ့အစည်းများ ရှိပါလျှက် ဘာကြောင့် လက်ပိုက်ကြည့်နေကြသလဲ ဆိုသော မေးခွန်းကိုမူ ဗိုလ်ချုပ်အပေါ်သာ အားလုံးပုံချသွားသလို တင်ပြဟန်ကို ဦးသန်း၏စာအုပ်တွင် ထူးထူးခြားခြား တွေ့ရပါသည်။ လက်နက်တိုက်မှ လက်နက်များ ပျောက်နေသောကြောင့် လုံခြုံရေး စိတ်မချနိုင်သောအခြေအနေကို ဘုရင်ခံထံ ဗိုလ်ချုပ် သွားရောက်တင်ပြသည်ဟုလည်း ဆိုပါသည်။ လုံခြုံရေးနှင့်ပတ်သက်၍ တင်ပြတိုင်း ဗိုလ်ချုပ်က လုံးဝလက်မခံဘဲ ငြင်းခဲ့သည်ဟု မဆီမလျော် အကြောင်းပြ ရေးသားမှုများလည်း တွေ့ရသည်။ ဗိုလ်ချုပ်ကို အကျိုးသင့် အကြောင်းသင့် ပြန်လည်ရှင်းပြရဲသူ၊ အတိအကျ ငြင်းဆန်ရဲသူမရှိသလိုမျိုး ရေးထားသည်။ ထိုအချိန်က အစိုးရအဖွဲ့တွင် ဦးကျော်ငြိမ်းတဦးသာ ဗိုလ်ချုပ်ကို ခံပြောရဲသူရှိသလို ဦးကျော်ငြိမ်းပြောလျှင်တော့ ဗိုလ်ချုပ်က လက်ခံခဲ့သည်များရှိကြောင်း၊ ဦးကျော်ငြိမ်းမှာ ထိုအချိန်က နိုင်ငံခြားရောက်နေ၍ ယခုလို လုပ်ကြံမှုကြီးဖြစ်ရကြောင်း၊ ဦးကျော်ငြိမ်းရှိလျှင် ထိုသို့မဖြစ်နိုင်ကြောင်း၊ နိုင်ငံခြားမှ ပြန်ရောက်လာသော ဦးကျော်ငြိမ်းကလည်း ဗိုလ်ချုပ်အလောင်းကို ကြည့်၍ သူမရှိသောကြောင့် ယခုလိုဖြစ်ရသည်ဟု အများမြင်ကွင်းတွင် ငြီးတွားပြောကြားကြောင်း ဦးသန်း၏စာအုပ်တွင် ဖော်ပြထားပါသည်။

ဦးသန်း၏ လုပ်ကြံမှုကြီး စာအုပ်ကို ဖတ်ရှုပြီးချိန်တွင် စာရေးသူသည် ပြည်သူ့ရဲဘော် ဗိုလ်စက်ရောင် ပြောကြားချက်အချို့ကို ပြန်လည် သတိရလာ ပါသည်။ “ဦးကျော်ငြိမ်း လူမြင်ကွင်းမှာ ရင်ကွဲပက်လက် ဝမ်းနည်းမှုကို ငါ မယုံဘူး၊ ဒီလူတွေက ဟန်ဆောင်ကောင်းတယ်။ ဦးကျော်ငြိမ်းက သူမရှိလို့ ဒီလိုဖြစ်ရတယ် ပြောပြီးငိုတဲ့ကိစ္စ အဲဒီအချိန် ဗမာပြည်ကွန်မြူနစ်ပါတီက ထုတ်တဲ့ ပြည်သူ့အာဏာဂျာနယ်မှာ ပြိတ္တာတို့ မျက်ရည် မြေမကျကောင်းဘူး ဆိုပြီး လိမ်မနေနဲ့ ဒီကိစ္စ မင်းတို့မှာ တာဝန်ရှိတယ်ဆိုတာ ရေးတယ်။ သူ့တပည့် ရန်ကုန်ဘဆွေ ဦးစောကို လွန်ခဲ့တဲ့ ၁၀ လလောက်က သွားစထားတဲ့ဇာတ်လမ်းကို ဒီအချိန်မှာ အကုန်သိကုန်ပြီကွ၊ ဒါကြောင့် ပြည်သူ့အာဏာဂျာနယ်က ထည့်ပြီး ကလိလိုက်တာ”ဟု ဗိုလ်စက်ရောင် စာရေးသူကို ပြောပြခဲ့သော စကားသည် ဦးသန်းစာအုပ်ပါ ဦးကျော်ငြိမ်းနှင့် ပတ်သက်သောကိစ္စများတွင် စာရေးသူအတွက် တွေးစရာ ဖြစ်၍လာခဲ့ပါသည်။

ဗိုလ်မှူးချုပ်မောင်မောင်မှာ ဆိုရှယ်လစ်ပါတီတွင် ဗဟိုဦးစီးအဖွဲ့ဝင်အဆင့်ရှိသူဖြစ်ပြီး မူလ ပြည်သူ့အရေးတော်ပုံပါတီ လက်ထက်ကစ၍ ပါဝင်ခဲ့သူဖြစ်သည်။ ဦးသန်းမှာလည်း ဆိုရှယ်လစ်ပါတီ တိုင်းအဆင့် ဝါဒဖြန့်ချိရေးမှူး အဆင့်မျိုးရှိသူဖြစ်ရာ ၎င်းတို့ခေါင်းဆောင် ဦးကျော်ငြိမ်းနှင့် ပတ်သက်၍ ရေးသားချက်များကို မှတ်သားသင့်ပါသည်။ ဦးကျော်ငြိမ်းသည် အင်္ဂလိပ်စစ်အရာရှိ ယူနီဖောင်းဝတ်၍ အင်္ဂလိပ်စစ်တပ်မှ လက်နက်များ ထုတ်ယူခြင်း၊ မော်တော်ကားများ ခိုးထုတ်ခြင်းကို ရဲရင့်စွာ လုပ်ဆောင်ခဲ့သည်ဟုလည်းကောင်း၊ မြေအောက် လျှို့ဝှက်လုပ်ငန်း အများအပြားကိုလည်း တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်ဟုလည်းကောင်း ဦးသန်းစာအရ သိနိုင်မည်။

အလားတူ ဦးကျော်ငြိမ်းကို လက်ရုံးတဆူထား၍ နှစ်ပေါင်းများစွာ လက်တွဲလုပ်ဆောင်ခဲ့သူ ဝန်ကြီးချုပ်ဦးနုကလည်း တာတေစနေသား စာမျက်နှာ ၁၂၆ တွင် “(ဦး) ကျော်ငြိမ်းဆိုတဲ့လူဟာ ရန်ဖြစ်ရင် လက်မနှေးချင်ဘူး၊ သူက အရင်ဦးအောင် ချချင်သူ ဖြစ်တယ်” ဟု ဦးကျော်ငြိမ်း၏ စရိုက်ကို ထုတ်ပြထားပါသည်။ စာမျက်နှာ ၁၂၇ တွင် ၁၉၄၈ ခုနှစ် မတ်လ ၁၂ ရက် ရန်ကုန်မြို့လယ်ရှိ အိုးဝေ၊ ပြည်သူ့ဟစ်တိုင်နှင့် စီးပွားရေး သတင်းစာတိုက် ၃ တိုက်ကို ဖျက်ဆီးရန် နောက်ကွယ်မှ အမိန့်ပေးသူဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။ အထက်ပါ သတင်းစာတိုက်များ ဖျက်ဆီးမှုတွင် သာယာဝတီခရိုင်မှ လယ်သမားအချို့ကို ရှေ့တန်းတင်ပြီး ဆိုရှယ်လစ်ပါတီမှ အမတ်များ၊ အတွင်းဝန်များ၊ ပါတီအမာခံဒေါက်တိုင်များက ဝင်ရောက်ဖျက်ဆီးကြသည်ဟု အခြားရေးမှတ်ချက်များလည်း ရှိပါသည်။

ယင်းကဲ့သို့ အာဏာရပါတီနှင့် အစိုးရကိုယ်တိုင်က ပြည်တွင်း နိုင်ငံရေး အဖျက်အမှောင့်လုပ်မှုသည် မြန်မာ့လွတ်လပ်ရေးနှင့် ယှဉ်တွဲ၍ နိုင်ငံတည်စကပင် မကောင်းသော သန္ဓေပါလာမှုကို ဝမ်းနည်းဖွယ် တွေ့ရပါသည်။ ဆိုရှယ်လစ်ပါတီ ဦးစီးအဖွဲ့ဝင် မေမြို့ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ် တာဝန်ယူထားသူ ဗိုလ်မှူးကြီးမောင်မောင် (နောင်ဗိုလ်မှူးချုပ်ဖြစ်လာသူ) အား မြောက်ပိုင်းတိုင်းမှူး ဗိုလ်လက်ျာ၏နေရာကို ပေးချင်သောကြောင့် ဆိုရှယ်လစ်ပါတီခေါင်းဆောင်များ ညွှန်ကြားမှုဖြင့် ဆိုရှယ်လစ်ပါတီ စည်းရုံးရေးမှူး ဦးသန်း(ကိုသန်း- ကြည့်မြင်တိုင်)သည် ၁၉၄၉ ခုနှစ်နှစ်ဆန်းပိုင်းတွင် မိတ္တီလာခရိုင် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် ကိုအေးသောင်(ကနောင်)နှင့် ညှိနှိုင်း၍ မိတ္ထီလာ တောင်သူလယ်သမားနှင့် ပြည်သူများကို စည်းရုံးလျက် “ဗိုလ်လက်ျာအလိုမရှိ” ဟု ဆန္ဒပြပွဲဖြစ်ရန် ကြိုတင်စီစဉ်ခဲ့ပြီး ၎င်းဆန္ဒပြပွဲကို အကြောင်းပြု၍ ဗိုလ်လက်ျာကို တပ်မဲ့ဗိုလ်ချုပ်အဖြစ် စစ်ရုံးသို့ပြန်ခေါ် ချောင်ထိုးကာ ဗိုလ်မှူးကြီးမောင်မောင်ကို မြောက်ပိုင်းတိုင်းမှူး နေရာရအောင် လုပ်ဆောင်ခဲ့ပုံ တပိုင်းတစကို ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး စာမျက်နှာ ၄၃ တွင် တွေ့နိုင်ပါသည်။ စစ်တိုင်းမှူးနေရာ အပြောင်းအရွှေ့အတွက် ဆိုရှယ်လစ်တို့ အကွက်ဆင်မှုများ မြန်မာနိုင်ငံ၌ အမှန်ပင် ဖြစ်ပွားခဲ့ပါသည်။

အမှန်ကိုဆိုရလျှင် ဗိုလ်လက်ျာသည် အနာဂတ် ဗမာ့တပ်မတော်၏ စစ်ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ၇-၉-၄၅ ရက်နေ့ ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ နေရာလွှဲအပ်ခြင်းခံခဲ့ရသူ ဖြစ်ပါသည်။ ထိုစဉ်က တပ်မတော်၏ ဒုတိယစစ်ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်က စောကြာဒိုးကို သတ်မှတ်ခဲ့ပါသည်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ်ပါတီက စည်းရုံးထားသော ဗိုလ်နေဝင်းမှာ ထိုအချိန်က သနက ၄ တွင် ဒု-တပ်ရင်းမှူး (ဗိုလ်မှူး) အဆင့်သာ ရှိသူဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ကန္ဒီစာချုပ်ချုပ်ဆိုပြီးနောက် ဦးနေဝင်း၊ ဒု-တပ်ရင်းမှူး (ဗိုလ်မှူး) ဘဝမှ ၂-၃-၆၂ ရက်နေ့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌဖြစ်ချိန်အထိ ရာထူးတိုးမြှင့်ခံရပုံ ဇယားကို အောက်တွင် အကြမ်းဖျဉ်း ပုံဖော်ပြထားပါသည်။

map၂- ၃-၆၂ မတိုင်မီကာလ ဦးနေဝင်း၏ စစ်ဘက်ရာထူး တိုးမြှင့်ခံရခြင်းများသည် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့၏ အကူအညီ အထောက်အပံ့အရသာ ရာထူးတိုးခြင်းဖြစ်ပါသည်။ ဦးနေဝင်း၏ ကိုယ်ပိုင်အရည်အချင်းအရ ၎င်းပုဂ္ဂိုလ်များနှင့် ကင်းပြတ်၍ ရာထူးတိုးသည်ကို မတွေ့ရပေ။ ဗိုလ်ချုပ်အောင်ဆန်းရှိနေစဉ်ကာလအတွင်း ၁၆-၁၁-၄၆ တွင် ဦးနေဝင်း ဒု-တပ်ရင်းမှူး ဗိုလ်မှူးဘဝမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ လွတ်လပ်ရေးယူခါနီးပြီဖြစ်၍ အင်္ဂလိပ် တပ်ရင်းမှူးနေရာသို့ မြန်မာတပ်ရင်းမှူး အစားထိုးရမည်ဖြစ်၍ ပုံမှန်ရာထူးတိုးခြင်းသာ ဖြစ်ပါသည်။ ၁၉-၇-၄၇ ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်မှ ၂ လအတွင်း ၈-၁၀-၄၇ တွင် ဗိုလ်နေဝင်းသည် ဗိုလ်မှူးချုပ်အဆင့်သို့ ဒုတိယဗိုလ်မှူးကြီးမှ ရာထူးတဆင့် ခုန်ကျော်တိုးခဲ့ခြင်း ဖြစ်ပါသည်။ ဝန်ကြီးချုပ်ဦးနုအား ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့က နိုင်ငံလွတ်လပ်ရေး ရယူတော့မည့်အချိန်တွင် ယုံကြည်ရသော မြန်မာတပ်မှူးများ လိုအပ်သည်ကို အကြောင်းပြု၍ ဆိုရှယ်လစ်ပါတီဝင် ဗိုလ်နေဝင်းအား ရာထူးတိုးပေးထားသင့်ကြောင်း ကျိုးကြောင်းခိုင်လုံစွာ တင်ပြခြင်းကြောင့် ဗိုလ်မှူးချုပ်ဖြစ်လာပြီး ၂၀-၁၂-၄၇ တွင် မြောက်ပိုင်းတိုင်းမှူးတာဝန်ကိုပါ ရရှိခြင်းဖြစ်ပါသည်။

လွတ်လပ်ရေး ရရှိသည့်အချိန်တွင်မူ ဆိုရှယ်လစ်များ ခြေရှုပ်၍ ကွန်မြူနစ်များနှင့်ကွဲကာ နိုင်ငံမတည်မငြိမ်ဖြစ်လာသည်ကို အကြောင်းပြု၍ ဗိုလ်လက်ျာနှင့် စစ်ဦးစီးချုပ် စမစ်ဒွန်း၊ ဒု-ဦးစီးချုပ် စောကြာဒိုး၊ ဗိုလ်မှူးချုပ် အောင်သင်း၊ ရဲဗိုလ်ချုပ် ထွန်းလှအောင်၊ ပြည်စောင့်ရဲတပ်မင်းကြီး ဦးတင်ထွတ်တို့အုပ်စုက အစိုးရအဖွဲ့မှ ဆိုရှယ်လစ်များကို ထုတ်ပယ်ရန် တောင်းဆိုလာချိန်တွင် ဦးကျော်ငြိမ်းသည် ဆိုရှယ်လစ်ပါတီဝင် ဗိုလ်ချုပ်နေဝင်းကို အသုံးချ၍ လက်ဝဲညီညွတ်ရေးကောင်စီတွင် ဥက္ကဋ္ဌနေရာရယူပြီး လက်ယာအုပ်စုအား ရင်ဆိုင်ရန် လက်ဝဲအုပ်စုနှင့် ယာယီညီညွတ်ရေး ရယူခဲ့ပါသည်။ ဤသို့ဖြင့် ဆိုရှယ်လစ်များကို ဦးတည်တိုက်ခိုက်လာသော လက်ယာအုပ်စု၏ ထိုးနှက်ချက်ကို ရင်ဆိုင်ပြီးနောက်မှ လက်ဝဲညီညွတ်ရေးကောင်စီ ဥက္ကဋ္ဌ ရရှိထားသော ဗိုလ်နေဝင်းကို စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး နေရာရရှိအောင် ဦးကျော်ငြိမ်း အကွက်ဆင်ပုံကို ဦးနုရေး တာတေစနေသား စာမျက်နှာ ၁၃၇ တွင် တွေ့ရှိနိုင်သည်။ ဗိုလ်နေဝင်းမှာ ထိုအချိန်က ဦးကျော်ငြိမ်း၏ နယ်ရုပ်တရုပ်ပမာ လှုပ်ရှားခဲ့ရပါသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

၁၃-၈-၄၈ တွင် ဒုစစ်သေနာပတိ/ဗိုလ်ချုပ်ရာထူးကို ဦးကျော်ငြိမ်းကောင်းမှုကြောင့်ပင် ရခဲ့ခြင်း ဖြစ်ပါသည်။ ဗမာ့တပ်မတော်တွင် ကရင်ဗိုလ်ချုပ်များ ကြီးစိုးနေသည့်အတွက် ကရင်-ဗမာပြဿနာကို ဆိုရှယ်လစ်တို့ဖန်တီးခဲ့ပြီးနောက် ၁-၂-၄၉ တွင် စစ်ဦးစီးချုပ် စမစ်ဒွန်းနေရာတွင် ဗိုလ်နေဝင်းအား စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ရရှိအောင် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က အကွက်ဆင် ဖန်တီးပေးခဲ့ပုံကို တာတေစနေသား စာမျက်နှာ ၁၆၂ တွင် တွေ့နိုင်သည်။ ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တာဝန်ကိုပါ ရရှိအောင် ဦးကျော်ငြိမ်း ဖန်တီးပေးခဲ့ကြောင်းကိုပါ တွေ့ရမည်။ ၉-၉-၅၀ တွင် ဗိုလ်နေဝင်းသည် အရပ်ဘက်တာဝန်များမှ ရပ်စဲ၍ တပ်မတော်သို့ ပြန်သွားခဲ့ရပါသည်။ ၁၉၅၂ ခု မတ်လ ၁၀ ရက်တွင် အိမ်ထောင်ရှိပြီးသော ဒေါ်ခင်မေသန်းကို တရားဝင်မယားကြီးရှိပါလျက် ဗိုလ်နေဝင်း ထပ်မံ လက်ထပ်ယူမှုကြောင့် ဦးနုက တပ်မတော်အက်ဥပဒေအရ အရေးယူရန် လုပ်ဆောင်မှု ရှိခဲ့သော်လည်း ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်ချစ်မောင်စသော ဆိုရှယ်လစ် နိုင်ငံရေးသမားများ၏ မေတ္တာရပ်ခံမှုကြောင့် သက်သာရာရခဲ့ခြင်း ဖြစ်ပါသည်။

ဗိုလ်နေဝင်း ကံကောင်းသဖြင့် ရာထူးမပြုတ် အချုပ်မရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ၉-၉-၅၀ တွင် ဗိုလ်နေဝင်း အရပ်ဘက်တာဝန် ပူးတွဲထမ်းဆောင်ရာမှ စစ်ဘက်သို့ ပြန်သွားရပြီးနောက်ပိုင်း ဆိုရှယ်လစ်များသည် ဦးနေဝင်းအပေါ် အထင်ကြီးမှု လျော့နည်းလာခဲ့သည်။ စစ်ရေးနှင့်ပတ်သက်၍ ဘာအရည်အချင်းမျှမရှိဟု မြင်လာကြသည်။ ၁၉၅၂ ခုနှစ် အိမ်ထောင်ရေးပြဿနာ ပေါ်သောအချိန်တွင် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များက ၎င်းကို တပ်မတော်ခေါင်းဆောင်နေရာက ဖယ်ရှားလိုသော ဆန္ဒများ ဖြစ်ပေါ်လာကြပါသည်။ ဗိုလ်နေဝင်းနေရာတွင် ဗိုလ်မှူးချုပ်ကျော်ဇောကို အစားထိုး၍ ရနိုင် မရနိုင် စဉ်းစားလာကြသည်။ ဦးကျော်ငြိမ်းကိုယ်တိုင် အနောက်ဥရောပ လေ့လာရေးခရီးများတွင် ဗိုလ်ကျော်ဇောကို ဒုတိယအဖွဲ့ခေါင်းဆောင် နေရာပေး၍ ခေါ်ယူသွားမှုများ ရှိခဲ့သည်။ ဦးကျော်ငြိမ်း ယုံကြည်အောင် ဗိုလ်ကျော်ဇော လိမ္မာပါးနပ်ခဲ့ပါလျှင် ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်ဗိုလ်ချုပ်မှာ ဗိုလ်ချုပ်ကျော်ဇောဖြစ်၍ ဦးဆောင်ပါတီအဖြစ် မဆလအစား ဗကပဖြစ်နိုင်လောက်သည် ထင်ပါသည်။ ဗိုလ်ကျော်ဇောသည် အရိုးခံဖြင့် ဆိုရှယ်လစ် ဦးကျော်ငြိမ်းအုပ်စု၏ စည်းရုံးမှုကိုလက်မခံဘဲ ဆိုရှယ်လစ်ဆန့်ကျင်ရေးစကားများကိုပင် ပြောဆိုခဲ့သောကြောင့် ဆိုရှယ်လစ်အုပ်စုသည် ဗိုလ်နေဝင်းနေရာကို ဗိုလ်ကျော်ဇောဖြင့် အစားထိုးရေး အစီအစဉ်ကို လက်လျော့လိုက်ရသဖြင့် ဗိုလ်နေဝင်းသည် မိမိနေရာတွင် ဆိုရှယ်လစ်များ မကြိုက်ဘဲ ဆက်တည်မြဲခဲ့ရခြင်း ဖြစ်ပါသည်။

ဗိုလ်ကျော်ဇော အနောက်ဥရောပမှ ဦးကျော်ငြိမ်းနှင့် ပြန်လာသောအချိန် မိမိရာထူးတည်မြဲရေးအတွက် ရင်တထိတ်ထိတ် ဖြစ်နေသော ဗိုလ်နေဝင်း လေဆိပ်တွင် အစိုးရအဖွဲ့အား ကြိုဆိုရင်း ဗိုလ်ကျော်ဇောကို တောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်ခန်းမထဲ၌ ၂ ယောက်တည်း တွေ့ဆုံမေးမြန်းခန်းကို ဗိုလ်ကျော်ဇောက ၎င်းအတ္ထုပ္ပတ္တိစာအုပ် စာမျက်နှာ ၁၅၉ တွင် ရေးသားထားပါသည်။ ထို့ကြောင့် ၉-၉-၅၀ မှ ၂၉-၁၀-၅၈ ခုနှစ် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ဖြစ်ချိန်အထိ ဗိုလ်နေဝင်းသည် ဦးကျော်ငြိမ်း၊ ဦးဗဆွေနှင့် ဆိုရှယ်လစ်တပ်မှူးများ အခြေအနေကြည့်ပြီး မိမိရာထူးတည်မြဲရေးအတွက် စိုးရိမ်မှုဖြင့် အထူးသတိထားနေခဲ့ရသူ အမှန်ဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ချုပ်တည်းခဲ့ရသော ဗိုလ်နေဝင်း၏ ခံစားချက်များသည် ၁၉၆၃ ခုနှစ် သြဂုတ်လအတွင်း ရေကြည်အိုင်အချုပ်ခန်းသို့ ရောက်ရှိလာသော ဦးကျော်ငြိမ်းအပေါ် မည်ကဲ့သို့ဆက်ဆံခဲ့သည်ကို ဦးတင်မောင်ဝင်းရေး နိုင်ငံရေးသမားနှင့် နိုင်ငံရေးစာအုပ် စာမျက်နှာ ၃၃၃-၃၃၅ တွင် လေ့လာသိရှိနိုင်သည်။

၁၉၆၃ ဇွန်လမှ နိုဝင်ဘာလအတွင်း ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရနှင့် တောတွင်း လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးဝင်းစသည့် ဆိုရှယ်လစ်များကို ဗိုလ်နေဝင်းက ကြိုတင် ဖမ်းဆီး ထိန်းသိမ်းထားချိန် ဖြစ်ပါသည်။ ဦးကျော်ငြိမ်း အဖမ်းခံရသည့်အခါ အခြား နိုင်ငံရေးခေါင်းဆောင်များနှင့် မတူပါ။ ရေကြည်အိုင်တွင် အလွန်တရာ အညှင်းခံရသည်ဟု ဆိုပါသည်။ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း မခံရသော်လည်း စိတ်ပိုင်းဆိုင်ရာ ညှင်းဆဲမှုနှင့် စော်ကားမှုကို အတော်ခံခဲ့ရပါသည်။ သူ့ကို အခြားသူများနှင့် တန်းတူ တိုက်ခန်းထဲမထားဘဲ တိရစ္ဆာန်များထားသကဲ့သို့ သံတိုင်ပတ်လည် ကာရံထားသော လှောင်အိမ်ထဲတွင် ထားပါသည်။ ကုတင်နှင့် ခြင်ထောင်တော့ ပေးသည်။ အပြင်မှနေ၍ အလွန်တရာလင်းသော မီးလုံးကြီးများ ထိုးထားသဖြင့် အပြင်ကို မမြင်နိုင်သောအခြေအနေ ဖန်တီးထားသည်။ ဦးကျော်ငြိမ်းနာမည်ကို ခေါ်၍ မကြာခဏ အမှောင်ထဲမှ မဖွယ်မရာ ဆဲရေးတိုင်းထွာကြသည် ဆိုပါသည်။ မခံမရပ်နိုင်ဖြစ်လာသော ဦးကျော်ငြိမ်းက”မင်းတို့ ငါကို ဒီလိုစော်ကားတာ ငါမခံနိုင်ဘူးကွ၊ ဒီလို မင်းတို့စော်ကားတာ ခံနေရတာထက် ကိုယ့်ဘာသာကိုယ် သတ်သေတာက ကောင်းတယ်”ဟု ပြောဆိုပြီး ခြင်ထောင်ကြိုးဖြင့် မိမိကိုယ်မိမိကြိုးဆွဲချရန် ပြင်ဆင်သည့်အခါမှ အစောင့်များ တံခါးဖွင့်၍ ဝင်ဆွဲကြသည်။

ထိုသတင်းကိုကြားသော ဗိုလ်နေဝင်းသည် ထောင်ထဲသို့လာပြီး ဦးကျော်ငြိမ်းကို တွေ့သည်ဟု ဦးကျော်ငြိမ်းကိုယ်တိုင် ဦးဝင်းကို ပြောပြသည့်အကြောင်း ဦးတင်မောင်ဝင်း၏ စာအုပ်တွင်ပါရှိသည်။ ယင်းစာအုပ်တွင်ပင် ဦးဗဆွေက ဦးကျော်ငြိမ်း ကျူးလွန်ခဲ့သည့်အမှုများမှာ ကြီးသဖြင့် ၎င်းကိုသွားပြီး စကားမပြောရဲကြောင်း ဖော်ပြပါရှိပါသည်။ ထိုအချိန်က ရေကြည်အိုင်ထောင်မှူးမှာ မုဒုံတင်ဦး(မျက်မှန်) ဖြစ်ကြောင်း သိရပါသည်။ ပြည်သူ့အရေးတော်ပုံပါတီ၏ ထောက်လှမ်းရေးတာဝန်ခံ ဦးကျော်ငြိမ်းအား မဆလခေတ် ထောက်လှမ်းရေး တာဝန်ခံဖြစ်လာမည့် ဦးတင်ဦး၏ ဆက်ဆံပြုမူပုံ မှတ်တမ်းပင် ဖြစ်ပါသည်။

(နိဂုံးပိုင်းကို ဆက်လက်ဖော်ပြပါမည်)

Your Thoughts …
Tags: General Aung San
နေမင်း

နေမင်း

Contributor

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34.1k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

ကချင်, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသူ

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

by လင်းသန့်
24 January 2015
6.7k

ပြုံးရွှင် ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု၊ နန်စဲန်း၊ အင်ခွန်ဘောက်၊ ခေါန် ရော်မခေါင်၊၊ ကော လင်းဂျာဘောက်၊ လဖိုင်နဲမ်ရာ တို့ ဖြစ်ပြီး...

ဗိုလ်ချုပ်အောင်ဆန်း, နိုင်ငံတော်လုပ်ကြံမှု, အတွင်းဝန်ရုံး, အာဇာနည်,

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၃)

by နေမင်း
18 July 2014
18.1k

တပ်မတော် အတွင်း အုပ်စုဖွဲ့ အာဏာ ချုပ်ကိုင်ရေး ပြဿနာသည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမည့် အဓိက တွန်းအား ဖြစ်လာသည်။ ဒေါက်တာ မောင်မောင်နှင့် ဗိုလ်ကျော်ဇောတို့ ရေးသားသော စာအုပ်များ ယှဉ်တွဲ လေ့လာလျှင် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း, နိုင်ငံတော်လုပ်ကြံမှု, အတွင်းဝန်ရုံး, အာဇာနည်

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၂)

by နေမင်း
17 July 2014
20k

ပဲခူးဘက်မှာ စောရန်နောင်ကို အလျင် လက်ဦးစွာ ဖမ်းမိ၍ ချုပ်နှောင် ခေါ်ဆောင်လာစဉ် ကားပေါ်မှ ထပ်မံထွက်ပြေး ပြန်သဖြင့် ပဲခူး ဆယ်မိုင်ကုန်း ထိပ်တွင် ပစ်သတ် လိုက်ရပါသည် ဟူသော ဇာတ်လမ်းနဲ့ နိဂုံးချုပ်သွား တယ်ကွာ။ ငါ...

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (နိဂုံး)

by နေမင်း
23 July 2014
39.6k

ဦးနေ၀င်း အနေဖြင့် ၁၉၆၂ မှ ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်မှူးကြီး စောမောင် ဖြုတ်ထုတ် ခံရသည့် အချိန်အတွင်း နိုင်ငံရေး လုပ်ကြံမှုများ တွင်သာ ဦးစီးခေါင်းဆောင် အဓိက တာဝန်ရှိသူ အဖြစ် သတ်မှတ်မည် ဆိုလျှင်...

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၄)

by နေမင်း
19 July 2014
22.7k

"ပြည့်သူ့ ရဲဘော်တပ်ဖွဲ့" ကို တပ်ပုံသဏ္ဍာန် ဖွဲ့စည်းထားပြီး ပါတီလည်း မဟုတ်သဖြင့် အချိန်မရွေး ဦးအောင်ဆန်း၏ ကိုယ်ပိုင်တပ် ဖြစ်လာနိုင်သော အခြေအနေသည် လွတ်လပ်ရေး ရခါနီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ထင်ရှားပေါ်ပေါက် ခဲ့သည်ကတော့ အမှန်ပင် ဖြစ်ပါသည်။

Next Post
ဘူတာရုံမှာ သင်္ဘောကြီးတွေ ဆိုက်လိမ့်မယ်

ဘူတာရုံမှာ သင်္ဘောကြီးတွေ ဆိုက်လိမ့်မယ်

Vol.1, No.29, July 20, 2014

Vol.1, No.29, July 20, 2014

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved