• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ နိုင်ငံအဝန်းကျင်းပ

by ကျော်ခ
19 July 2012
in သတင်း
A A
01
02
03
04
05
06
07
08
09
10
5.2k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


အစိုးရဝန်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၀၆ ခုနှစ် မြို့တည်ထောင် ပြီးသည့် အချိန်မှစ၍ ယခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် အာဇာနည်နေ့ အခမ်းအနား ကျင်းပကြောင်း သတင်းရရှိသည်။

နိုင်ငံတော် သမ္မတ ကိုယ်စား နေပြည်တော် ကောင်စီ၏ စီမံမှုဖြင့် မြို့တော်ခန်းမနှင့် နေပြည်တော်ရှိ မြို့နယ် အုပ်ချုပ်ရေး ရုံးများတွင် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင် ကြီးများကို အလေးပြုခြင်းနှင့် ရည်စူး ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

နေပြည်တော် မြို့တော် ခန်းမတွင် ကျင်းပသော အခမ်းအနားကို မြို့ပေါ်ရှိ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများမှ အရာရှိ ကြီးများ အပါအဝင် ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်များနှင့် ကြံ့ခိုင်ရေးပါတီ အမတ်များ တက်ရောက်ကြကြောင်း သိရသည်။

“၆၅ နှစ်မြောက် အာဇာနည်နေ့ကို နေပြည်တော်မှာ နိုင်ငံတော်အဆင့်ကစပြီး သက်ဆိုင်ရာ မြို့နယ်အဆင့်ထိအောင် ကျင်းပ ခြင်းဟာ ဒါပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်။ ဒီလို ကျင်းပတဲ့အခါမှာလည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ၊ အထူူးသဖြင့် ဘယ်တုန်းကမှ ဖိတ်ကြားခြင်းမရှိတဲ့ NLD ကိုယ်စားလှယ်တွေနဲ့ တခြား နိုင်ငံရေး ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြား တာဟာ တော်တော်ထူးခြားပါတယ်” ဟု ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

အလားတူ နေပြည်တော်အပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့ပေါ်နှင့် မြို့နယ်များ၌ ယနေ့ကျရောက် သော ၆၅ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်များကို ဂါရဝပြုခြင်း အခမ်းအနားများ ကျင်းပြကြကြောင်း စုံစမ်းသိရှိရသည်။

အာဏာပိုင်များထံမှ ကျင်းပခွင့် ရရှိထားသော သက်ဆိုင်ရာ မြို့နယ်များ၏ လွပ်လပ်ရေးပန်းခြံများ၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများနှင့် ရုံးများတွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊ တရားနာဆွမ်းကပ်ခြင်းနှင့် အာဇာနည်နေ့အကြောင်း ဟောပြောခြင်းများ ပြုလုပ်ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား မြောက်ဘက်မုခ် အနီး အာဇာနည်ဗိမာန်တွင် ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည် ခေါင်းဆောင် များ၏ မိသားစုဝင်များက လွမ်းသူ့ပန်းခွေများချ၍ တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ကြသည်။

ထိုနည်းတူ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်အဆင့်မှ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ပြီး NLD အပါအဝင် နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင် အသီးသီးလည်း တက်ရောက် ဂါရဝပြုခဲ့ကြသည်။ နံနက် ၈ နာရီတွင် စတင်ကျင်းပခဲ့သော ထိုအခမ်းအနားကို MRTV၊ MRTV-4 နှင့် Skynet ရုပ်သံလိုင်းများက ပြသခဲ့သည်။

အာဇာနည်ဗိမာန်ကို အများပြည်သူများ ဂါရဝပြုနိုင်ရန်အတွက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကိုလည်း အများကြည့်ရှု လေ့လာနိုင်ရန် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ ဖွင့်လှစ်ပေးထားသည်။

တိုင်းပြည်အကျိုးများ သယ်ပိုးရင်း အသက်ဆုံးရှုံးခဲ့ကြရသော အာဇာနည်ခေါင်းဆောင်ကြီးများကို ထားရှိရာ အာဇာနည် ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်တို့ကို ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့များ၊ အလုပ်သမားအဖွဲ့များနှင့် အလွှာ အသီးသီးမှ ထောင်နှင့်ချီ၍ တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ လူအင်အား ၁၀၀ နီးပါးသည် ယနေ့ နေ့လယ်ပိုင်းက အာဇာနည် ကုန်းသို့ သွားရောက်ကာ ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီး များကို အလေးပြု၊ ဦးညွှတ်ကန်တော့ကြကြောင်း သတင်းရရှိသည်။ ၎င်းတို့နှင့် အတူ ထင်ရှားသည့် အနုပညာရှင်တချို့လည်း လိုက်ပါသွားကြကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာက ကြီးမှူးပြီး ရန်ကုန်မြို့တော်ခန်းမတွင် အာဇာနည်ခေါင်းဆောင်ကြီး များအတွက် ဆွမ်းကပ် လှူဒါန်းခြင်း၊ ရေစက်ချ တရားနာခြင်းများ ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားကို မြို့ပေါ်ရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် နိုင်ငံရေး ပါတီတချို့တက်ရောက်ကာ NLD ပါတီကိုလည်း ဖိတ်ကြားခဲ့သဖြင့် ဦးတင်ဦးနှင့် ဦးစိုးဝင်းတို့ တက်ရောက်ခဲ့ကြသည်။

“ကျနော်တို့ကို မနေ့က ညနေ ၄ နာရီကမှ အရေးပေါ် လာဖိတ်လို့ ဒီမနက်သွားပြီး ရေစက်ချ ပေးခဲ့ပါတယ်။ အစိုးရ စစ်ဘက်ဆိုင်ရာ အဖွဲ့တွေ အပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးက တက်ကြပါတယ်။ ရခိုင်ပါတီက ဦးအေးသာအောင် တို့လည်း တက်တာ တွေ့ခဲ့တယ်” ဟု တက်ရောက်ခဲ့သူ NLD ပါတီခေါင်းဆောင် တဦးဖြစ်သည့် ဦးစိုးဝင်းက ဧရာဝတီသို့ ပြောသည်။

မန္တလေးတိုင်း မန္တလေးမြို့တွင် အာဇာနည်များအတွက် ရည်ဆူး ဆွမ်းကပ်ခြင်းများ၊ အာဇာနည်နေ့နှင့် ပတ်သက်၍ ကဗျာရွတ်ခြင်း စာဖတ်ဝိုင်းများ ကျင်းပခြင်းများ ရှိကြောင်းသိရပြီး မန္တလေးတိုင်း အတွင်းရှိ မိတ္ထီလာမြို့တွင် မြို့ခံ အာဏာပိုင်များ၊ NLD ပါတီနှင့် မြို့ခံများက အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အလားတူ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း NLD ပါတီက ဦးဆောင်မှုဖြင့် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပကြောင်း သိရသည်။

ဧရာဝတီတိုင်း ဟင်္သာတ မြို့ပေါ်ရှိ အာဇာနည်ဗိမာန်တွင်လည်း မြို့ပေါ်ရှိ အစိုးရ ဌာနဆိုင်ရာ ရုံးတာဝန်ရှိသူများ အပါအဝင် မြို့ခံများ နိုင်ငံရေးပါတီများမှ လူဦးရေ ၃၀၀၀ ကျော်က အာဇာနည် ခေါင်းဆောင်များကို အလေးပြုခြင်း အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း တက်ရောက်သူ မြို့ခံများက ပြောသည်။

“ဥသြဆွဲတာတို့၊ ဌာနဆိုင်ရာနဲ့ အသင်းအဖွဲ့တွေက အလေးပြု ပန်းခွေချကြတာတို့ လုပ်ကြတယ်၊ ဝမ်းသာပါတယ်ဗျာ။ လုပ်ခွင့် မရတာကြာပြီလေ။ ကျွန်တော်တို့ ဟင်္သာတမှာက မြန်မာနိုင်ငံက ဗိမာန်ပုံစံ ၃ ခုထဲက တခုလည်းရှိ၊ လုပ်ခွင့်လည်း ရတော့၊ အတိုင်းမသိ ဝမ်းသာ မိပါတယ်” ဟု ဟင်္သာတ အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရဝပြုခဲ့သူ မြို့ခံတဦးက ဆိုသည်။

ထို့အတူ ပုသိမ်မြို့ကန်သာယာကွင်းရှိ အာဇာနည် ဂုဏ်ပြုကျောက်တိုင် တွင်လည်း မြို့ခံ ၁၀၀၀ ကျော်က အာဇာနည် ခေါင်းဆောင် များကို ဂုဏ်ပြု အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြသည်။ ပဲခူးတိုင်း ပြည်မြို့တွင်လည်း NLD က စီစဉ်ထားမှုကို ဖျက်သိမ်းပြီး မြို့အာဏာပိုင်များ စီစဉ်ပေးသော မြို့ပေါ်ရှိ သီရိခေတ္တရာ ခန်းမဆောင်တွင် ကျင်းပခဲ့ရကြောင်း ပြည်မြို့နယ် NLD ရုံးတာဝန်ခံ (၁) ဒေါက်တာ ခင်မောင်ဝင်းက ဧရာဝတီသို့ပြောသည်။

မကွေးတိုင်း မကွေးမြို့နှင့် ရေနံချောင်းမြို့ တို့တွင်လည်း အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ရည်စူး၍ NLD ပါတီက ဦးဆောင်ကာ ဆွမ်းကပ်လှူခြင်း၊ အလေးပြုခြင်းများ ပြုလုပ်ခဲ့ပြီး ရေနံချောင်းမြို့တွင် NLD ပါတီ တာဝန်ရှိသူ ဒေါ်ခင်စောဌေးက အခမ်းအနား တက်ရောက်လာသူ မြို့ခံများကို အာဇာနည်နေ့ အကြောင်း ဟောပြောခဲ့သည်ဟု သိရသည်။

“အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးရတာ နိုင်ငံရေးအာဏာကို ဖြတ်လမ်းနည်းနဲ့ ရယူချင်ပြီးတော့မှ နိုင်ငံရေးကို နိုင်ငံရေး နည်းနဲ့ မဖြေရှင်းဘဲနဲ့ လက်နက်နည်းနဲ့ ဖြေရှင်းခဲ့တဲ့အတွက် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တယ်၊ ဒီအကျိုးဆက်က တိုင်းပြည် တခုလုံး အမှောင် တိုက်ထဲ ရောက်တဲ့အထိ ဆုံးရှုံးနစ်နာ ခဲ့တယ် ဆိုတဲ့အကြောင်း ဒေါ်ခင်စောဌေးက တက်လာတဲ့ မြို့ခံ လူထုကို ပြောတယ်” ဟု အခမ်းအနား တက်ရောက်သူ ရေနံချောင်းမြို့ခံ တဦးက ပြောသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင်လည်း အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ပြီး အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိန်း အမှတ် အဖြစ် မနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲခဲ့ကာ အခမ်းအနားကို မနက် ၁၁ နာရီမှ စတင်ကျင်းပခဲ့သည်။ ယင်း အခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့များနှင့် အလွှာအသီးသီးမှ လူများ ထောင်နှင့်ချီ တက်ရောက် ခဲ့သောကြောင့် ရုံးရှေ့လမ်းမကြီးပေါ်တွင် ပြည့်နှက်နေကြောင်း သိရသည်။

NLD ရုံးချုပ်တွင် ကျင်းပသော အာဇာနည်နေ့ အခမ်းအနားသို့ ပါတီခေါင်းဆောင်များ ဖြစ်ကြသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့လည်း တက်ရောက် ခဲ့ကြပြီး အခမ်းအနားတွင် အာဇာနည်နေ့အကြောင်း ဟောပြောချက်၊ သဘာပတိ မိန့်ခွန်းနှင့် ၆၅ နှစ်မြောက် အာဇာနည်နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် လွတ်လပ်ရေး ဗိသုကာ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများ တိုင်းပြည်အတွက် အသက်ပေးသွားသည့်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကြောင်းနှင့် ထိုနေ့သည် တိုင်းရင်းသား အားလုံး၏ အနာဂတ် ပျောက်ဆုံးသည့် နေ့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ ယင်းသို့ ကျူးလွန်ခဲ့ကြ သူများသည် အာဏာကို အရူးအမူး တပ်မက်ပြီး ပြည်သူလူထုအပေါ် မတရား အုပ်ချုပ် လွှမ်းမိုး ဖိနှိပ်ထားလိုသော စိတ်ရိုင်း၊ စိတ်ရူးပေါက်တတ်သည့် အတ္တသားကောင် တဘဝသမားများသာ ဖြစ်ကြောင်း၊ ထိုသို့သော အာဏာရူးများသည့် ခေတ်တိုင်းတွင် ရှိတတ်သည်ကို သတိပြုရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့အပြင် ကမ္ဘာကျော်ပုဂ္ဂိုလ် တဦးဖြစ်သူ အိန္ဒိယနိုင်ငံ၏ လွပ်လပ်ရေးခေါင်းဆောင် နေရူး၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ချီးကျူးမှု၊ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရည်မှန်းချက်၊ နိုင်ငံအပေါ်ထားသော ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် အဆိုအမိန့်များကို ထည့်သွင်းဖော်ပြ ထားးသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
39
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြေ နတ်မောက်မြို့ရှိ ကြေးရုပ်တုအား အလေးပြုရန် မြို့ခံအာဏာပိုင်များက မူလက တားမြစ် ထားသော်လည်း ယမန်နေ့ ညနေက ပြန်လည်ခွင့်ပြုခဲ့သဖြင့် ၁၉၉၁ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် သွားရောက် အလေးပြုခွင့် ရရှိခဲ့ခြင်းဖြစ်ရာ မြို့ခံ NLD က ဦးဆောင်၍ လူ ၁၀၀ ကျော်တို့ သွားရောက် အလေးပြု ပန်းခွေများ ချခဲ့ကြပြီး တရားနာ ဆွမ်းကပ် လှူဒါန်းခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီလိုအခွင့်အရေးတွေ လိုချင်လို့ ဒီမိုကရေစီ တိုက်ပွဲကို ကြိုးစားခဲ့ရတာ။ အဲဒီအတွက် ခံစားခွင့် ရခဲ့ရတယ်။ ကျနော်တို့ အဓိက လိုလားချက်ဖြစ်တဲ့ နောင်လာ နောက်သားတွေ အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အခုလို ဂုဏ်ပြုခွင့် ပေါ်ပေါ်ထင်ထင် လုပ်နိုင်ခွင့် ရခဲ့အတွက် ဝမ်းသာပါတယ်” ဟု နတ်မောက်မြို့ NLD ပါတီမှ တာဝန်ရှိသူ ဒေါက်တာ ဦးခင်မောင်အေးက ပြောသည်။

သို့သော်လည်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာ၊ မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်တု အပါအဝင် ပြည်နယ်နှင့် တိုင်း တချို့ရှိ မြို့ရွာများတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခွင့် မရခဲ့ဟု သိရသည်။

Your Thoughts …
Tags: Martyrs Day
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34.1k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

ဥဩများ ဟွန်းများတီးပြီး အာဇာနည်နေ့ကို အလေးပြု

ဥဩများ ဟွန်းများတီးပြီး အာဇာနည်နေ့ကို အလေးပြု

by ဧရာဝတီ
19 July 2013
9.4k

ရန်ကုန်မြို့ လမ်းမများပေါ်တွင် မော်တော်ကား ဟွန်းသံများ နှင့် ဥသြဆွဲသံများက လုပ်ကြံခံခဲ့ရသော လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအပါများကို နှစ်ပေါင်းများစွာ တိတ်ဆိတ်ခြင်းဖြင့် ဂုဏ်ပြုခဲ့ရခြင်းကို ဖြိုခွဲပစ်လိုက်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့

by ကျော်ဖြိုးသာ
19 July 2013
7.1k

သူ၏ ဘ၀ကို လေ့လာသိရှိလိုပါလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ပြောင်းလဲခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ဟောင်းကို သွားရောက်ကြည့်ရှုနိုင်ပါသည်။

အာဇာနည်ကုန်း, တောင်ကိုရီးယား, မြောက်ကိုရီးယား, ဗုံးခွဲ, အထိမ်းအမှတ်

အာဇာနည်ကုန်း ဗုံးကွဲမှု အထိမ်းအမှတ် ဆောက်လုပ်ရန် စီစဉ်

by မေစစ်ပိုင်
2 January 2014
4.5k

“အထိမ်း အမှတ်အနေနဲ့ အမှတ်အသား တခု ထားဖို့ နှစ်နိုင်ငံ သဘော တူထားပြီးပြီ၊ အဆောက် အအုံ ပုံစံနဲ့ နေရာကိုတော့ ဆွေးနွေးဆဲပဲ”ဟု ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

အာဇာနည်နှင့် အာဇာနည် မျိုးရိုး

အာဇာနည်နှင့် အာဇာနည် မျိုးရိုး

by ဧရာဝတီ
23 July 2013
38.1k

ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ဝန်ကြီး အဖွဲ့သည် ဇူလိုင် ၁၉ ရက်နေ့တွင် မဆုံးရှုံးခဲ့ရပါက ဆိုသော ယူကြုံးမရ အတွေများ အမြဲလိုလို တစ္ဆေခြောက်သလို ယခုအချိန်အထိ တွေးတော ပြောဆိုနေကြဆဲ

အာဇာနည်နေ့ အောက်မေ့ဖွယ် ပုံရိပ်များ

အာဇာနည်နေ့ အောက်မေ့ဖွယ် ပုံရိပ်များ

by အေးချမ်းမြေ့
18 July 2013
4.7k

အာဇာနည်နေ့ကို ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် အဖြစ်ကလွဲပြီး တိုင်းပြည် နစ်နာခဲ့ရတဲ့ နေ့ကြီး တနေ့အဖြစ် မသိကြတော့ပါဘူး။ အာဇာနည် ၉ ဦးလား၊ ၁၀ ဦးလား၊ အယောက် ၃၀ လား ဆိုတာကိုတောင် နဝေတိမ်တောင်

Next Post
လှိုင်သာယာ အစာအဆိပ်သင့် ဖြစ်ပွားမှု (ရုပ်/သံ)

လှိုင်သာယာ အစာအဆိပ်သင့် ဖြစ်ပွားမှု (ရုပ်/သံ)

မိုးထဲ လေထဲ ပြောင်းလဲလာသည့် သမိုင်းဝင် အာဇာနည်နေ့

မိုးထဲ လေထဲ ပြောင်းလဲလာသည့် သမိုင်းဝင် အာဇာနည်နေ့

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved