• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆွစ်ဇာလန်သံရုံး ရန်ကုန်တွင် ဖွင့်မည်

by လဖိုင်
30 October 2012
in သတင်း
A A
ဆွစ်ဇာလန်သံရုံး ရန်ကုန်တွင် ဖွင့်မည်

သံအမတ်ကြီး ခရစ်တော့ ဘာဂနာနှင့် ဇနီး (ဓာတ်ပုံ - Rhone Zeitung)

2.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံးကို နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး မစ္စတာ ခရစ်စတော့ ဘာဂနာ (Christoph Burgener) က ပြောသည်။

ခရစ်စတော့ ဘာဂနာသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်တွင် ရုံးထိုင်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

သံရုံးဖွင့်ပွဲသို့ ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး တက်ရောက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံသည် ပထမဆုံးအကြိမ်အနေနှင့် မြန်မာနိုင်ငံတွင် သံရုံးလာရောက်ဖွင့်လှစ်ခြင်း ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံမူကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန် သံအမတ်ကြီးက ပြောသည်။ ဆွစ်ဇာလန်နိုင်ငံမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ ဈေးကွက်ကို စိတ်ဝင်စားမူရှိပြီး အပတ်စဉ် သံရုံးသို့ ကိုယ်စားလှယ် ၂ ဦး၊ ၃ ဦး လာရောက် စုံစမ်းလျက်ရှိသည်ဟု သံမတ်ကြီး ခရစ်စတော့ ဘာဂနာက ပြောသည်။

ဆွစ်ဇာလန်နိုင်ငံမှ အဏုဇီဝလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊  လမ်းတံတား ဆောက်လုပ်ရေး၊ စက်ပစ္စည်း ကုမ္မဏီများ အများဆုံး စိတ်ဝင်စားကြသော်လည်း နာမည်ကြီး ဘဏ်လုပ်ငန်းများအနေနှင့် ယနေ့အချိန်အထိ ဆက်သွယ်မူ မရှိသေးကြောင်း သိရသည်။

“ကုမ္မဏီတွေက အကြိုဆန်းစစ်တဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။ ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမူ ဥပဒေကိုလည်း အနီးကပ်စောင့်ကြည့်နေပြီး ထွက်လာတဲ့အခါ ဆန်းစစ်သုံးသပ်ချက်တွေလုပ်ပြီး သူများတွေကိုလည်း ဝေမျှသွားဖို့ရှိပါတယ်။ ဆွစ်ဇာလန်က ဘဏ်လုပ်ငန်းတွေ အနေနဲ့ ဒီကိုလာရောက်လုပ်ကိုင်ဖို့ သံရုံးကို စုံစမ်းတာမျိုး ကျနော် သတိမထားမိဘူး” ဟု သံအမတ်ကြီး ခရစ်စတော့ ဘာဂနာက ပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသောအားဖြင့် ယခုနှစ် မေလတွင် ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားသည်များအနက် ကာကွယ်ရေးသုံးပစ္စည်းနှင့် ဖိနှိပ်ရာတွင် အသုံးပြုဖွယ်ရှိသည့် ပစ္စည်းများ ရောင်းချမှုမှအပ ကျန် ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်။

ဆွစ်ဇာလန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမူများပြုလုပ်ရန်၊ အပြန်အလှန်အားဖြင့် မြန်မာလုပ်ငန်းရှင်များ အနေနှင့်လည်း ဆွစ်ဇာလန်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက်  ဆွစ် အာရှကုန်သည်ကြီးများအသင်း၊ ဆွစ်-မြန်မာလုပ်ငန်းရှင်များ ကွန်ယက်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် နိုင်ငံရေးရာဌာနမှူး မစ္စစ် ကိုရင်း ဟင်ချို ပစ်နာနီက ဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီး လာတဲ့အခါကျရင် စီးပွားရေးစကားဝိုင်းတွေ လုပ်ဖို့ရှိပါတယ် ကျမတို့ သံရုံးအနေနဲ့ မြန်မာနဲ့ ဆွစ်ဇာလန်ရဲ့ စီးပွားရေးအရ ချိတ်ဆက်မူကို ပိုအားကောင်းစေလိုပါတယ် ” ဟု ၎င်းက ပြောသည်။

ဆွစ်ဇာလန်နိုင်ငံသည် ၁၉၈၄ ခုနှစ်မှ စတင်ကာ မြန်မာ နယ်စပ်ဒေသများရှိ ဒုက္ခသည်စခန်းများတွင် ကူညီထောက်ပံ့မှုများ ပေးခဲ့သည်။ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က ဆွစ်ဇာလန်နိုင်ငံသည် လူသားချင်းစာနာမူ အကူအညီများ ထောက်ပံ့ပေးခဲ့သည်။

လာမည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဆွစ်ဇာလန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ထောက်ပံ့မည်ဟု သိရသည်။

ငြိမ်းချမ်းရေးအကြံပေး မစ္စစ် ကလောဒင်း ဟိုင်နီ ဒေးလ်က “ကျမတို့အနေနဲ့ မတူညီတဲ့သူတွေ ယှဉ်တွဲနေထိုင်တဲ့ ဓလေ့ရှိပါတယ်။ ကျမတို့ထဲမှာတောင် နှစ်ယောက်က ပြင်သစ်လို ပြောတယ်၊ နှစ်ယောက်က ဂျာမန်လို ပြောပါတယ်။ ဖက်ဒရယ်လစ်ဇင်နဲ့ ပတ်သက်လို့ ကျမတို့ အနေနဲ့ မြန်မာနိုင်ငံကို ကူညီနိုင်တဲ့အပိုင်းတွေ ရှိပါတယ် ” ဟု ပြောသည်။

၁၉၄၈ တွင် ဆွစ်ဇာလန်သည် မြန်မာနိုင်ငံကို အသိအမှတ်ပြုခဲ့ပြီး ၁၉၅၆ အထိ သံတမန်ဆက်ဆံရေး ရှိခဲ့ကြောင့် ဆွစ်ဇာလန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်း၏ အကျယ်အဝန်းမျှသာရှိသော ဆွစ်ဇာလန်နိုင်ငံသည် တရားဝင်ဘာသာစကား ၄ မျိုးခွင့်ပြုထားသည့် ဖက်ဒရယ်နိုင်ငံဖြစ်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းများ အထူးအားကောင်းသည့် နိုင်ငံဖြစ်သည်။

Your Thoughts …
Tags: Economy
လဖိုင်

လဖိုင်

Contributor

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.3k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
189

ကာတွန်း

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းမထူး

ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းမထူး

SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား

SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved