• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား

by ကျော်ခ
30 October 2012
in သတင်း
A A
SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား

အစိုးရတပ်က ဖမ်းဆီးထားသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားသစ်များ (ဓာတ်ပုံ - မြဝတီ / Facebook)

7.6k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ထဲတွင် စစ်သင်တန်းပြုလုပ်နေသော ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSA-N) တပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ်များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

မူဆယ်ခရိုင်ထဲတွင် SSA-N က အသစ်စုဆောင်းထားသော တပ်ဖွဲ့ဝင်များကို သင်တန်းပေးနေကြောင်း ဒေသခံများ၏ သတင်းပို့မှုမှတဆင့် နယ်မြေခံ အစိုးရ စစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ စစ်တပ်အာဘော် မြဝတီ အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

“ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး အဖွဲ့ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း” ဟု မြဝတီ အွန်လိုင်း သတင်းတွင် ရေးသားထားသည်။

သင်တန်းပေးနေသူများသည် SSA-N ဝမ်ဟိုင်း ဌာနချုပ် တပ်မဟာ (၁) လက်အောက်ခံ တပ်အရာရှိများဖြစ်ကြောင်း၊ နယ်မြေခံ အစိုးရ စစ်ကြောင်းက ယင်းသို့ ဝင်ရောက်ဖမ်းဆီးရာတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး SSA-N ခေါင်းဆောင် တချို့လွတ်မြောက်သွားပြီး နှစ်ဦးကျဆုံးသွားကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသူများအနက် တပ်ကြပ်ကြီး အဆင့်ရှိသူ အိုက်ရီ (ခေါ်) ရီဆာ အပါအဝင် စိုင်းဆမ်လှ၊ ကွန်ခမ်းနှင့် လှခိုင်တို့မှာ ဝမ်ဟိုင်း ဌာနချုပ်မှဖြစ်ကြောင်း၊ ကျန်တပ်ဖွဲ့ဝင် ၄၄ ဦးမှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူနှင့် လားရှိုး အပါအဝင် မြို့/ရွာ ၇ ခုမှ အဓမ္မ လူသစ် စုဆောင်း ခံရသူများဖြစ်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။

နယ်မြေခံ အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့များက စုဆောင်းခံထားရသော တပ်ဖွဲ့ဝင် ၄၄ ဦးကို သက်ဆိုင်ရာ မိဘ၊ ဆွေမျိုးများနှင့် ဆက်သွယ်အကြောင်းကြားနေလျက်ရှိပြီး တရားဝင်လွှဲပြောင်း အပ်နှံပေးသွားမည်ဟုဆိုသည်။

၎င်းတို့ တပ်ဖွဲ့ဝင် ၄၈ ဦး အစိုးရ စစ်တပ်၏ ဖမ်းဆီးခံရမှု၊ နှစ်ဦး သေဆုံးမှု၊ တပ်သားစုဆောင်းမှုတို့ကို SSA-N ကလည်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။ သို့သော် မြဝတီသတင်းစာ၌ ဖော်ပြသကဲ့သို့ တပ်သားစုဆောင်းရာတွင် အတင်းအဓမ္မ စုဆောင်းခြင်းမရှိကြောင်း SSA-N ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ဧရာဝတီသို့ ပြောသည်။

“ဟုတ်တယ်၊ အဲဒီပုံစံပါပဲ။ သေတာက ၂ ယောက်လို့ပြောတာပဲ။ ဒါပေမယ့် အတင်းအဓမ္မ တပ်သား စုဆောင်းတာတို့ ဘာတို့က သူတို့ ကျနာ်တို့ကို စွပ်စွဲပြောဆိုနေကျစကားပဲ။ ကျနော်တို့ အပစ်ရပ်စဲထားတာတောင် ရန်သူသဘောမျိုး သောင်းကျန်းသူလို့တောင် အခေါ်အဝေါ်မျိုးနဲ့ သုံးထားတာကိုး” ဟု ဗိုလ်မှူး စိုင်းလှက ဆိုသည်။

ယခုအခါ SSA-N နှင့် အစိုးရတို့အကြား တရားဝင် အပစ်ခတ်ရပ်စဲထားပြီး အစိုးရအနေဖြင့် တိုင်းရင်းသား အားလုံး၏ ယုံကြည်မှုကို ရယူရန်လိုအပ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်ဆဲကာလတွင် ယခုကဲ့သို့ ပြဿနာမျိုးမလိုလားကြောင်း သူက ဆက်ပြောသည်။

SSA-N အနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုကိုသာ ရှေးရှုသွားမည်ဖြစ်ပြီး ယခုဖြစ်ရပ်နှင့် ပတ်သက်၍ လက်တုန့်ပြန်ခြင်း၊ အငြင်းပွားနေခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယခုဖြစ်ရပ်ကြောင့် အစိုးရနှင့် နှစ်ဖက်ဆွေးနွေးပွဲများ အပေါ် ထိခိုက်မှုရှိမည် မဟုတ်ဘဲ ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
553
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တာဝန်ရှိသူများနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ လားရှိုးမြို့တွင် ယခုလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က  ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုတွင် နယ်မြေဖွံ့ဖြိုးရေးကို ဇောင်းပေး ဆွေးနွေးခဲ့ပြီး စစ်ရေး တင်းမာမှုအခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့ကြောင်း သိရသည်။

SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရန် အချက် အပါအဝင် ပြည်ထောင်စုအဆင့် ပဏာမ ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ယင်းသို့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ယခု အောက်တိုဘာလထိ တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။

Your Thoughts …
Tags: PeaceShan StateSSA
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

by Bertil Lintner
20 March 2024
17.5k

ရှမ်းတပ်များကို အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်တွင် ညီညွတ်စေရန် ပထမဆုံး ကြိုးစားပြီးနောက် နှစ်ပေါင်း ၆၀ ကြာသည့်တိုင် ၎င်းတို့သည် ကွဲပြားနေဆဲဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

by မိုင်းခြိူဝ်းဇာရ်
24 September 2023
8.1k

ကွတ်ခိုင်မြို့နယ်၊ မန်ပလန်ရွာအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိတဲ့ SSPP စစ်ကြောင်း နဲ့ နယ်မြေခံ TNLA လှုပ်ရှားတပ်တွေအကြားမှာ နာရီဝက်ကျော်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့...

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း

အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း

by ရဲမျိုးဟိန်း
22 August 2024
6.3k

လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများသည် ပြင်ဦးလွင်၊ မတ္တရာနှင့် စစ်ကိုင်းမှ မန္တလေးသို့ ဘက်စုံချီတက်ရန် ပြင်ဆင်နေပုံရသည်။

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

by ဧရာဝတီ
15 November 2024
3.4k

မေးစရာ မေးခွန်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဆင်ရေးများကို အကောင်အထည် မည်သို့ဖော်မည်နည်း။ အရင်အတိုင်း ပြောက်ကျားပစ်ပြီး ပြန်ဆုတ်ခွာမည်လား၊ စစ်တပ်ကို ချေမှုန်းပြီး လွတ်မြောက်ဒေသ ထူထောင်နိုင်မည်လား။

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

by ဧရာဝတီ
2 September 2024
359

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအပါအဝင် ပြည်သူတရပ်လုံး ခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် တရားမျှတမှု ရရေးကို တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သည့်အချိန်တွင် ပြည်တွင်းတရားစီရင်ရေးစနစ် နဲ့ပါ ကြိုးပမ်းရင် ပိုမို မြန်ဆန်နိုင်မယ်လို့ ဆရာမ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

Next Post
သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံတွေ ထိန်းသိမ်းစေလို (ရုပ်/သံ)

သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံတွေ ထိန်းသိမ်းစေလို (ရုပ်/သံ)

ရခိုင်တွင် ဥပဒေအရ စစ်အုပ်ချုပ်ရေး ကြေညာနိုင်

ကျောက်နီမော်ဒေသ နှစ်ဘက်တင်းမာမှု ဖြစ်ပွား

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved