• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် WLB ဆက်လက် ရပ်တည်မည်

by ညိမ်းပြည့်စုံ
19 December 2012
in Women
A A
ပြည်တွင်း ငြိမ်းချမ်းရေးအတွက် WLB ဆက်လက် ရပ်တည်မည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတခုတွင် ရှင်းလင်းပြောကြားနေသည် WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို (ဝဲဘက်) (ဓာတ်ပုံ - ဧရာဝတီ)

5.3k
VIEWS
Share on FacebookShare on Twitter

ပြည်ပအခြေစိုက် အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) Women’s League of Burma(WLB) သည် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်၊ စစ်ပွဲများရပ်ဆိုင်းသွားရန် ဖိအားပေးနိုင်သည့် အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း WLB မှ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။

“ငြိမ်းချမ်းရေးရဖို့အတွက် အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ ရပ်ဖို့လိုတယ်။ အဲဒီလိုရပ်ဖို့ကို ဖိအားပေးနိုင်တဲ့ အဖွဲ့အဖြစ် ဆက်လက် ရပ်တည်ချင်သေးတယ်။ ဒါကြောင့် ပြည်ပမှာပဲ ဆက်လက်ရပ်တည်နေဦးမယ်”ဟု ဒေါ်တင်တင်ညိုက ပြောဆိုသည်။

ပြည်ပတွင် ဆက်လက်ရပ်တည်နေရခြင်းသည် အိန္ဒိယ၊ တရုတ်၊ ထိုင်း နိုင်ငံများနှင့် နယ်စပ်ဒေသများတွင် အခက်အခဲ ဒုက္ခ ကြုံနေသော အလုပ်သမားများ၊ ဒုက္ခသည်များ သန်းချီ ရှိနေသေးခြင်းကြောင့် ၎င်းတို့အား ကူညီဆောင်ရွက်ပေးရန်အတွက်လည်း ပါဝင် သည်ဟု သိရသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း၌ အစိုးရတပ်များနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIA)တပ်များသည် တိုက်ပွဲများ ဆက်တိုက် ဖြစ် ပွားနေသည်။ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံပြည်သူ သောင်းနှင့် ချီ၍ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများနှင့် နီးစပ်ရာ တောတောင်များအတွင်း စစ်ဘေးရှောင် နေကြရသည်။ ထို စစ်ဘေး ဒုက္ခသည်များသည် အမိုး အကာ၊ စားရေ ရိက္ခာ၊ အဝတ်အထည်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်ရှိကြောင်း အကူအညီ ပေး နေသူများက ပြောသည်။

WLB တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်စောစံငြိမ်းသူ ကလည်း ပြည်တွင်းတွင် အခြေစိုက်၍ လုပ်ငန်းများမပြုလုပ်နိုင်သေး သော်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများတိုးချဲ့ရန် စီမံချက်များ ရှိကြောင်း၊ လက်ရှိ နိုင်ငံရေးရပ်တည်ချက်အရ ပြည်တွင်းသို့ အပြီးပြောင်းရွှေ့လာရန်မှာ ခက်ခဲနေသေးကြောင်း ပြောသည်။

အဖက်ဖက်က အသွင်ကူးပြောင်းနေသည့် အခြေအနေမှ ချောချောမွေ့မွေ့ဖြင့် အဆင်ပြေသည့်အချိန်အထိ ပြည်ပတွင် ရပ်တည် မည်ဖြစ်ပြီး တချို့လုပ်ငန်းများအား မြန်မာနိုင်ငံတွင် တိုးချဲ့၍ ချိတ်ဆက်မှုများ လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
147
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

အဆိုပါ WLB မှ ကိုယ်စားလှယ် ၆ ဦးသည် ပထမဆုံး အကြိမ် ပြည်တွင်းခရီးစဉ်အဖြစ် သီတင်းတပတ်ခန့် ရန်ကုန်မြို့သို့ လာရောက် လေ့လာခြင်း ဖြစ်ကြောင်း သိရသည်။

WLB ကိုယ်စားလှယ်များသည် ရခိုင် တိုင်းရင်သားရေးရာ ဝန်ကြီး နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ အပါအဝင် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အမျိုးသမီး လွှတ်တော်အမတ်များ၊ အမျိုးသမီး ခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် တွေ့ဆုံကြသည်။

ဒေါ်တင်တင်ညိုက“ကျမတို့ရဲ့ နိုင်ငံရေးပြောင်းလဲမှုအပေါ် အမြင်သဘောထား၊ နိုင်ငံရေးရပ်တည်ချက်၊ ငြိမ်းချမ်းရေးမူဝါဒအပြင် အမျိုးသမီး တွေရဲ့ပါဝင်မှုစတဲ့ လုပ်ဆောင်ချက်တွေနဲ့ သက်ဆိုင်ရာ ပါတီ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစီမံချက်၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ် အမြင်၊ ရပ်တည်ချက်တွေကို အပြန်အလှန်ဆွေးနွေးဖြစ်တယ်”ဟု ပြောသည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများက အမျိုးသမီးများကို နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲရေး ၊ ဦးဆောင် အခန်းကဏ္ဍ များတွင် ပါဝင်စေလိုသော ဆန္ဒကို တွေ့ရ၍ ကျေနပ်ကြောင်း WLB သဘာပတိ အဖွဲ့ဝင် ဒေါ်မော်သိုးမြက ပြောဆိုသည်။

WLB သဘာပတိ အဖွဲ့ဝင် တဦး ဖြစ်သူ ဒေါ်နာဗစ်ဘွန်ကလည်း ရန်ကုန်မြို့သို့ လာရောက်ခြင်းသည် လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများအပေါ် အမြင်၊ သဘောထား၊ သုံးသပ်ချက်များအား လေ့လာနိုင်ရန် ဖြစ်သည်ဟု ဆိုသည်။

“ပြည်တွင်းက အမျိုးသမီးအဖွဲ့တွေ ဘာတွေလုပ်ဆောင်ပြီးပြီလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ သွားနေလဲ၊ ပြည်တွင်း ပြည်ပက အမျိုးသမီးအဖွဲ့အစည်းတွေပေါင်းပြီး ညီလာခံတခု ထွက်ပေါ်လာနိုင်တဲ့ အနေအထားရောက်အောင် ဘယ်လိုလုပ်ဆောင် သွားနိုင် မလဲဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီခရီးစဉ်ကို အကောင်အထည် ဖော်တာဖြစ်တယ်”ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို သွားမည်ဆိုပါက လူထုအခြေပြု အဖွဲ့အစည်းများက ပို၍အရေးကြီးပြီး ပြည်သူ အား လုံး ပါဝင်သည့် ပြောင်းလဲမှုကသာ စစ်မှန်သည့် ဒီမိုကရေစီ လမ်းကြောင်းကို ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်နာဗစ်ဘွန် က ဆက်လက် ပြောဆိုသည်။

“ကျမတို့နေထိုင်တဲ့နေရာတွေ ဘယ်လိုပဲကွဲကွဲ ကျမတို့အားလုံးရဲ့ရည်မှန်းချက်က စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်တခု တည်ထောင်နိုင် ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့၊ ပြည်သူအားလုံးရဲ့ဘဝကို အာမခံချက်ပေးနိုင်တဲ့၊ ကောင်းမွန်စွာ ပုံဖော် ပေးနိုင်တဲ့ အစိုးရတရပ် လိုလားတယ်။ ဒီလို အစိုးရတရပ်ဖြစ်လာအောင်လည်း ကျမတို့က ဝန်းရံပြီး အားဖြည့်မယ်လို့ပဲ စဉ်းစားပါတယ်”ဟု ဒေါ်စောစံငြိမ်း သူ က ပြောသည်။

WLB သည် တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ပြန်လည် သင့်မြတ်ရေး၊ အမျိုးသမီးများအကြမ်းဖက်မှု ဆန့်ကျင်ရေး၊ နိုင်ငံရေး စွမ်းရည်မြှင့်တင်ရေး စသည့် လုပ်ငန်းစဉ်များအား အဓိကလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်များနှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့ တိုက်ပွဲများ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင်စတင်ဖြစ်ပွားခဲ့ပြီး ထိုစစ်ပွဲများ၊ ပဋိပက္ခများ ငြိမ်းအေးသွားရန် WLBအဖွဲ့အပြင် လူထုအခြေပြုအဖွဲ့အစည်းများ၊ အနုပညာရှင်များက မိမိတို့ပါဝင်နိုင်သည့်ဘက်မှ ကူညီလုပ်ဆောင်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Your Thoughts …
Tags: WLB
ညိမ်းပြည့်စုံ

ညိမ်းပြည့်စုံ

ဧရာဝတီ

Similar Picks:

မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

by David Scott Mathieson
25 October 2023
3.1k

စစ်အာဏသိမ်းပြီးနောက် လက်နက်ကိုင်အဖွဲ့အစည်း အများအပြား ပျံ့နှံ့ပေါ်ပေါက်လာသောကြောင့် စေ့စပ်ညှိနှိုင်းမှုနှင့် ပါဝင်မှုအဆင့်များကို စီစဉ်ရာတွင် စဉ်းစားတွေးခေါ်မှု အများအပြား လိုအပ်သည်။

စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

by ဧရာဝတီ
14 November 2022
5.3k

စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲရုံးနှင့် ထိုရုံးမှတပ်မှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကြောရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အဓိက တာဝန်ရှိသူဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ရပ်တည်ချက်ခိုင်မာသူ (သို့) ပဒိုနော်စီဖိုးရာစိန် (ရုပ်/သံ)

ငြိမ်းချမ်းရေးအတွက် ရပ်တည်ချက်ခိုင်မာသူ (သို့) ပဒိုနော်စီဖိုးရာစိန် (ရုပ်/သံ)

by ဇော်မြတ်ခန့်
28 July 2024
389

နှစ်ပေါင်း ၇၀ ကျော် ရပ်တည်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပထမဆုံး အမျိုးသမီး ဒုတိယဥက္ကဌ ဖြစ်ခဲ့သူ ပဒိုနော်စီဖိုးရာစိန်ဟာ ဇူလိုင်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ မယ်စရင်းမြို့က သူ့ရဲ့နေအိမ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

by ဧရာဝတီ
5 April 2022
29.5k

ထိုသို့တင်သွင်းခဲ့သည့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများတွင် အလှမယ် သင်းသင်း မဟုတ်သည့် ပုံများ ပါဝင်သလို၊ သင်းသင်း ဟုတ်သည်ဟု သက်သေ မပြနိုင်သည့် ပုံများပင် ပါဝင်သည်ဟု သင်းသင်းသာမက၊ ၎င်း၏ ရှေ့နေကပါ ဧရာဝတီကို ပြောသည်။

၁၉  နှစ်ပြည့် အခမ်းအနားမှ WLB အဖွဲ့ဝင်များ

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) ကို လူ့အခွင့်အရေးဆိုင်ရာဆု ချီးမြှင့်

by ဧရာဝတီ
24 November 2021
8.7k

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေး ချိူးဖောက်မှုများအား နိုင်ငံတကာသို့ စည်းရုံး လှုံ့ ဆော်ရာတွင် ထင်ထင်ရှားရှား ဦးဆောင်မှု ပေးနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ချီးမြှင့်ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်က ထုတ်သည့် အဆိုပါ ထုတ်ပြန်ချက်တွင်...

အမျိုးသမီးအရေး, ဒေါ်တင်တင်ညို, အကြမ်းဖက်မှု, အစိုးရ

“အမျိုးသမီးအရေး ဆိုတာ ယဉ်ကျေးမှုနဲ့ အလှအပကိုပဲ အာရုံစိုက်ဖို့မဟုတ်ဘူး”

by ဧရာဝတီ
16 January 2014
4.2k

အမျိုးသမီးတွေဟာ စစ်ပွဲဖြစ်တဲ့ နေရာတိုင်းမှာ အဓမ္မ ပြုကျင့်ခံရတယ်။ အဓမ္မ အကျင့်ခံရတိုင်း မှာလည်း အရေးယူမှု တစုံတရာ မရှိခဲ့ဘူး။ ဒီလို အနေအထားတွေဟာ ကျမတို့ အခု ဖော်ဆောင် နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး အတွက်...

Next Post

အမေရိကန်က မြန်မာ အရာရှိများကို သင်တန်းပေးတော့မည်

အပစ်အခတ် ရပ်စဲရုံဖြင့် ဒေသမဖွံ့ဖြိုးနိုင်

အပစ်အခတ် ရပ်စဲရုံဖြင့် ဒေသမဖွံ့ဖြိုးနိုင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved