• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗြိတိန် – သြစတေးလျ နှစ်နိုင်ငံပေါင်းပြီး မြန်မာပြည်ကို ဒေါ်လာသန်း ၅၀၀ ကျော် ကူညီမည်

by အေးချမ်းမြေ့
31 January 2013
in သတင်း
A A
ဗြိတိန် – သြစတေးလျ နှစ်နိုင်ငံပေါင်းပြီး မြန်မာပြည်ကို ဒေါ်လာသန်း ၅၀၀ ကျော် ကူညီမည်

Mr. Mark Lowcock နှင့် Mr. Peter Baxter တို့က မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမည့်ကိစ္စ သတင်းထောက်များအား ရှင်းလင်းစဉ် (ဓာတ်ပုံ - အေးချမ်းမြေ့ / ဧရာဝတီ)

4.7k
VIEWS
Share on FacebookShare on Twitter

ဗြိတိန်နိုင်ငံနှင့် သြစတေးလျနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်းပြီး မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာ သန်း ၅၀၀ ကျော် ထောက်ပံ့သွားမည်ဟု သိရသည်။

ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက ထောက်ပံ့ကူညီသွားမည် ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနေသည့် ပဋိပက္ခ ဖြစ်ပွားခဲ့သော တိုင်းရင်းသား ဒေသများရှိ ကလေးများ အပါအဝင် မြန်မာပြည် အတွင်းရှိ ဆင်းရဲ နွမ်းပါးသော ကလေးငယ် ၂ သန်းကျော်ကို အရည်အသွေးကောင်းမွန်သော မူလတန်းပညာ သင်ကြားနိုင်ရန် အတွက် ယင်း ငွေကြေးအများစုကို အသုံးပြု သွားမည်ဖြစ်ကြောင်း ဗြိတိန် – သြစတေးလျ နှစ်နိုင်ငံ ပူးပေါင်းကူညီရေး အဖွဲ့က ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

RelatedPosts

KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

18 July 2025
11
အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.7k
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

18 July 2025
70

ယနေ့မွန်းလွဲ ၁၂ နာရီက ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းရှိ သြစတေးလျန်း ကလပ်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန၏ အမြဲတမ်းအတွင်းရေးမှူး Mark Lowcock နှင့် သြစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် Peter Baxter တို့က မြန်မာပြည်၏ ပြောင်းလဲမှုကို ကြိုဆိုကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် ကတိကဝတ် ပြုခဲ့ပြီးဖြစ်ကြောင်း သတင်းထောက်များကို ရှင်းလင်းခဲ့သည်။

မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရာတွင် ပညာရေးကိစ္စ အပါအဝင် လယ်သမားများ ဝင်ငွေ တိုးတက်ရေး၊ ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၏ ကျန်းမာရေး ဝန်ဆောင်မှု ပိုမို တိုးတက်စေရေး၊ တိုင်းရင်းသား လူမျိုးစု ဒေသများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လက်တွေ့ကျသော စီးပွားရေး ကူညီထောက်ပံ့မှုများ ပေးရေး၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်ရေး၊ လွှတ်တော်၏ လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရေး၊ တရားဥပဒေ စိုးမိုးရေး စသည်တို့အတွက် အားဖြည့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အမြန်ဆုံးရပ်ဖို့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကိုရော၊ အစိုးရ ဘက်ကိုပါ ပြောခဲ့ပါတယ်။ စစ်ဖြစ်နေတဲ့ နေရာက ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားပေးဖို့ ပြောပြီးပြီ ဖြစ်ပါတယ်” ဟု Mr. Peter Baxter က ဆိုသည်။

တိုင်းရင်းသား ဒေသများအတွင်း ပဋိပက္ခ ကိစ္စများ၊ စစ်မက်များ ဖြစ်ပွားခဲ့ခြင်းသည် ကူညီထောက်ပံ့ရေး အဖွဲ့များအတွက် စိန်ခေါ်မှုများ ဖြစ်လာနိုင်ကြောင်း၊ ထိုဒေသများရှိ ပြည်သူများသည် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရသော်လည်း ယခုအခါတွင် တိုးတက်ရန် အခွင့်အရေးများ ရသင့်ပြီ ဖြစ်ကြောင်း၊ တိုင်းပြည်အနေဖြင့် အကောင်းဘက်ကို ဦးတည် ပြောင်းလဲနေချိန်တွင် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများအတွက် ကူညီသွားမည် ဖြစ်ကြောင်း Mr.  Mark Lowcock ကလည်း ပြောသည်။

ယင်းအဖွဲ့အနေဖြင့် မြန်မာပြည်တွင်းရှိ ကျောင်းများတွင် ကျောင်းသားများ ယခုပိုမို တက်ရောက် ပညာသင်ကြားနိုင်ရေး အတွက် အဓိကထား ကူညီသွားမည်ဖြစ်ကြောင်း၊ ငွေကြေးမတတ်နိုင်သူများ အတွက် အနစ်နာခံ သင်ကြားပေးနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကိုလည်း အားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“အစိုးရဟာ အခွန်ပေးမယ့် ပြည်သူတွေကို တာဝန်ခံရမယ်၊ အခွန်ပေးမယ့် ပြည်သူတွေရဲ့ အရင်းအမြစ်တွေကိုလည်း ကောင်းမွန်စွာ အသုံးချရမယ်လို့ တာဝန်ရှိသူတွေကို ကျနော်တို့ ပြောခဲ့ပါတယ်။ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးဖို့အတွက် စိန်ခေါ်မှုတွေ ဘယ်လောက် ကျန်သေးလဲ ဆိုတာက အဓိကမကျပါဘူး။ အောင်မြင်မှု ဘယ်လောက် ရခဲ့ပြီလဲ ဆိုတာသာ အဓိကပါ” ဟု Mr. Peter Baxter က ဆိုသည်။

ဗြိတိန် – သြစတေးလျ ပူးပေါင်းကူညီရေး အဖွဲ့သည် ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်လုန်း မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ ဒေသများသို့ မကြာခင်ရက်ပိုင်းက သွားရောက်လေ့လာ၍ ပြည်သူများနှင့် တွေ့ဆုံကာ စစ်တမ်းများလည်း ကောက်ယူခဲ့သည့် အပြင်၊ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီမည့် အစီအစဉ်များ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ဝန်ကြီးဦးအောင်မင်း၊ အတိုက်အခံ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ စီးပွားရေးနှင့် လူမှုရေး ကဏ္ဍမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: AidUK
အေးချမ်းမြေ့

အေးချမ်းမြေ့

ဧရာဝတီ

Similar Picks:

မြန်မာ့ သွေးစွန်းကျွန်းသစ် တင်သွင်းသည့်  ဗြိတိန် ဇိမ်ခံ ရွက်လှေသင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို ဒဏ်ငွေရိုက်

မြန်မာ့ သွေးစွန်းကျွန်းသစ် တင်သွင်းသည့် ဗြိတိန် ဇိမ်ခံ ရွက်လှေသင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို ဒဏ်ငွေရိုက်

by ဧရာဝတီ
28 November 2024
486

ဘွန်းမောက်တရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကြားနာပြီး ဒေါဆက်ခရိုင်၊ ပိုးလ်မြို့ အခြေစိုက် Sunseeker International ကို ပေါင်ငွေ ၃၅၈,၇၆၀ ဒဏ်ငွေရိုက်သည်။

UK ဂီတ အနုပညာရှင် ၁၀၀၀ ကျော် အသံတိတ် အယ်လ်ဘမ် ထုတ်ပြီး AI မူပိုင်ခွင့် ဥပဒေကို ဆန့်ကျင်

UK ဂီတ အနုပညာရှင် ၁၀၀၀ ကျော် အသံတိတ် အယ်လ်ဘမ် ထုတ်ပြီး AI မူပိုင်ခွင့် ဥပဒေကို ဆန့်ကျင်

by ဧရာဝတီ
2 March 2025
479

တင်သွင်းထားတဲ့ ဥပဒေပြောင်းလဲမှုတွေဟာ AI ဖန်တီးသူတွေ အနေနဲ့ ဥပဒေ ခွင့်ပြုချက်ရရင် ဘယ်လို အကြောင်း အရာကို မဆို AI လေ့ကျင့်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပြီး မူရင်း ဖန်တီးရှင်တွေဟာ တားဆီးပိုင်ခွင့် မရှိတော့ဘူးလို့ ဆိုပါတယ်။

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

by ဧရာဝတီ
17 June 2025
157

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်နဲ့ ဗြိတိနိုင်ငံ (UK) က အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။

NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်  / NUG

“1 Billion ဆိုရင် လုံလောက်ပါတယ်”

by ဧရာဝတီ
4 May 2022
20.3k

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း ၂ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်များ

စစ်တပ်နှင့် ပတ်သက်သူများကို ဗြိတိန်နှင့် အမေရိကန်က ထပ်တိုးဒဏ်ခတ်

by ဧရာဝတီ
26 March 2022
7.8k

လက်ရှိအချိန်အထိ အမေရိကန်အစိုးရသည် မြန်မာနိုင်ငံမှ လုပ်ငန်းအဖွဲ့အစည်း ၂၇ ခုနှင့် လူပုဂ္ဂိုလ် ၇၀ တို့ကို ဒဏ်ခတ်အရေးယူ ပိတ်ဆို့ထားကြောင်း၊ အကြမ်းဖက်မှုများ ရပ်တန့်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိသည်အထိ စစ်အာဏာရှင်အဖွဲ့အား ဒဏ်ခတ်အရေးယူမှုများ ဆက်လက်...

NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် / NUG

“လူထုတော်လှန်ရေးက တနှစ်ကျော်ကြာလာပြီ”

by ဧရာဝတီ
3 May 2022
16.5k

NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နွေဦးတော်လှန်ရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို ပြောပြပါတယ်။

Next Post
စစ်တပ်က အဓမ္မ သိမ်းထားသည့် မြေယာများ ပြန်ရနိုင်ခြေ နည်းပါး

စစ်တပ်က အဓမ္မ သိမ်းထားသည့် မြေယာများ ပြန်ရနိုင်ခြေ နည်းပါး

နံသာတောင်က ပညာတန်ဆောင် (ရုပ်/သံ)

နံသာတောင်က ပညာတန်ဆောင် (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate