• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နီကယ်စက်ရုံ အလုပ်သမားများ အကြောင်းပြချက်မရှိ လစာဖြတ်ခံနေရ

by နန်းသီရိလွင်
25 February 2013
in သတင်း
A A
နီကယ်စက်ရုံ အလုပ်သမားများ အကြောင်းပြချက်မရှိ လစာဖြတ်ခံနေရ

အလုပ်သမား လစာများကို အကြောင်းပြချက်မရှိ ဖြတ်တောက်နေသည့် တကောင်းတောင် နီကယ်စက်ရုံ မြင်ကွင်း (ဓာတ်ပုံ - နန်းသီရိလွင် / ဧရာဝတီ)

4.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာ အုပ်စုရှိ တကောင်းတောင် နီကယ်စက်ရုံရှိ ဒေသခံ အလုပ်သမား များသည် အကြောင်းပြချက် မရှိဘဲ လုပ်ခလစာများ လျှော့ချ ခံနေရကြောင်း သိရသည်။

“ဒီလဆိုရင် လစာလျှော့တာ ၃ လရှိပါပြီ။ တယောက်ကို လစာ စာရင်းထဲကနေ ကျပ် ၈၀၀၀ ကနေ၊ ၁ သောင်းကျော်အထိ လျှော့ချ ခံနေရပါတယ်။ သတ္တုတွေ ရောင်းမထွက်လို့ ဆိုတဲ့ အကြောင်းပြချက် မျိုးတော့ ပြောတယ်” ဟု တကောင်းတောင် နီကယ်စက်ရုံ လေထု သန့်ရှင်းရေး ဌာနမှ မြန်မာ အလုပ်သမား ခေါင်းဆောင် တဦးက ဧရာဝတီကို ပြောသည်။

လစာ လျှော့ချခံနေရမှုနှင့် ပတ်သက်ပြီး ထီးချိုင့်မြို့နယ် အလုပ်သမားရုံးသို့ တိုင်ကြားထားကြောင်း၊ အရေးယူမှု တစုံတရာ မရှိသေးကြောင်း၊ မူရင်းလစာမှ ကျပ် တသောင်းဝန်းကျင်အထိ ရာထူး၊ လစာအလိုက် လျှော့ချခံနေရကြောင်း၊ သို့ရာတွင်  အချို့ ဌာနများ၌မူ လစာအနည်းငယ် တိုးပေးခြင်းများ ရှိနေသည့်အတွက် အလုပ်သမားများ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

“လုပ်ငန်းလုပ်တဲ့ အချိန်မှာ သက်သာတဲ့ ဌာနတွေကို လစာ လျှော့ချလိုက် ပြီးတော့ မသက်သာတဲ့၊ အလုပ်များတဲ့ ဌာနတွေ ကို လစာ တိုးပေးလိုက်တာ။ တိုးပေးတဲ့ ဌာနက နည်းနည်းလေးပဲ ရှိတယ်။ လစာ တိုးပေးရမှာကို မပေးဘဲနဲ့ ဒီဘက်ဌာနက လျှော့လိုက်တဲ့ ငွေကို ဟိုဘက်ဌာနမှာ ပြန်သွားပေးတဲ့ သဘောမျိုးဖြစ်နေတယ်” ဟု အလုပ်သမား တဦးက ဆိုသည်။

တကောင်းတောင် နီကယ်စက်ရုံတွင် တရုတ်နိုင်ငံမှ ပညာရှင် အလုပ်သမား ၆၀၀ ကျော်နှင့် မြန်မာဒေသခံ အလုပ်သမား ၈၀၀ ကျော်တို့ဖြင့် လည်ပတ်လျှက် ရှိကြောင်း၊ အလုပ်သမားများကို ရာထူးဌာနအလိုက် အခြေခံလစာ ကျပ် ၆ သောင်းမှ၊ ၁ သိန်း ၄ သောင်း ၄ ထောင် အထိ လုပ်ခလစာ ပေးထားကြောင်း၊ စက်ရုံတွင် မနေသည့် ပြင်ပ အလုပ်သမားများအတွက် နေစရိတ်၊ စားစရိတ်နှင့် သွားလာ စရိတ် ကျပ် ၇၀၀၀၀ ခံစားခွင့် ပေးထားကြောင်း သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
71
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
678

“လစာကို ဘယ်လောက် ပေးပါမယ်လို့ စခန့်ကတည်းက အလုပ်ရှင် အလုပ်သမား သဘောတူညီချက် ရှိပြီးသားပါ။ အဲဒါကို ခုလို လျှော့တယ်ဆိုတော့ သဘာဝမကျဘူး။ ကျပ် ၈ ထောင် အလျှော့ခံရတာ ဘယ်လောက်မှ မများဘူး ဆိုပေမယ့် ကျနော်တို့ တကယ့်တကယ် ဝန်ထမ်းဘဝမှာတော့ တအား နစ်နာတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝန်ထမ်းတယောက်ရဲ့ အိုဗာတိုင် ကြေးက လစာမူရင်းအပေါ် မူတည် တွက်ရတဲ့အခါ ၈ ထောင်ဆိုတဲ့ ငွေကြေးဟာ အတော် တာသွားပါတယ်” ဟု အလုပ်သမား ခေါင်းဆောင် တဦးက ဧရာဝတီကို ပြောသည်။

စက်ရုံ အလုပ်သမား များအား လုပ်ခလစာ လျှော့ချခံနေရခြင်းနှင့် ပတ်သတ်ပြီး တကောင်းတောင် နီကယ်စက်ရုံ လည်ပတ်နေသည့် Myanmar CNMC co,Ltd သို့ ဆက်သွယ် မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

တကောင်းတောင် နီကယ်စက်ရုံကို တရုတ်နိုင်ငံ ကုမ္ပဏီတခု ဖြစ်သော China Nonferrous Metal Mining Group (CNMC) က လုပ်ကိုင်ခွင့် ရရှိထားပြီး ၂၀၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင် လည်ပတ်ခဲ့သည်။ တကောင်းတောင် နီကယ် သတ္တုတွင်းမှ တနှစ်လျှင် နီကယ်သတ္တုရိုင်း တန်ချိန် ၁ ဒဿမ ၉၇ သန်း ထွက်ရှိကာ ဖယ်ရိုနီကယ် ကျိုချက်စက်ရုံမှ တနှစ်လျှင် ၈၄,၄၉၅ တန် ထုတ်လုပ် နေကြောင်း သိရသည်။

Your Thoughts …
Tags: Labour Right
နန်းသီရိလွင်

နန်းသီရိလွင်

ဧရာဝတီ

Similar Picks:

စံကောင်း ပီနံစက်ရုံ အလုပ်ရှင် အလုပ်သမား ပြဿနာ လွှတ်တော်အထိ တင်မည်

စံကောင်း ပီနံစက်ရုံ အလုပ်ရှင် အလုပ်သမား ပြဿနာ လွှတ်တော်အထိ တင်မည်

by ချစ်ဆု
7 June 2013
2.2k

အလုပ်ရှင် ဘက်မှ သဘောတူညီထားပြီး ဖြစ်သော အချက်တချို့ကို စာချုပ်ထဲတွင် ထည့်သွင်း မထားသောကြောင့် လွှတ်တော်သို့ တိုင်ကြားမည် ဖြစ်ကြောင်း

မလေးရှားတွင် မြန်မာများ နေထိုင်ခွင့်နှင့် အလုပ်ရရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

မလေးရှားတွင် မြန်မာများ နေထိုင်ခွင့်နှင့် အလုပ်ရရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

by မေစစ်ပိုင်
12 September 2013
2.7k

လဝက နဲ့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန တွေက မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စစ်ဆေးမယ်၊ အလုပ်အကိုင်ရဖို့အတွက် အလုပ်ရှင်၊ အလုပ်သမား တိုက်ရိုက်တွေ့ပြီး ခန့်တဲ့စနစ် လုပ်မယ်

မိုးထိ-မိုးမိ ရွှေလုပ်သားများ နေပြည်တော်သို့ ချီတက် ဆန္ဒပြ

ဆန္ဒထုတ်ဖော်သည့် မိုးထိမိုးမိ ရွှေလုပ်သားများ ရေနီ ဘုန်းကြီးကျောင်းအတွင်း ပိတ်မိ

by နန်းသီရိလွင်
26 November 2012
1k

သူတို့ ချီတက်မယ်ဆိုတဲ့ နေပြည်တော်ကလည်း လက်မခံဘူး။ မိုးထိ မိုးမိကို ပြန်ဖို့ကလည်း သူတို့ကို အရေးယူမယ်လို့ စာကပ်ထားတယ်။

မေဒေးမှာ အလုပ်သမားများ အခွင့်အရေး နှိုးဆော်ခြင်း

မေဒေးမှာ အလုပ်သမားများ အခွင့်အရေး နှိုးဆော်ခြင်း

by သစ္စာနီ
7 May 2013
5.1k

မေဒေးကို အစိုးရက တရားဝင် ရုံးပိတ်ရက်ဟု ကြေညာ ထားသော်လည်း ပုဂ္ဂလိကနှင့် တခြား အဖွဲ့အစည်းပိုင်း၊ စက်ရုံအလုပ်ရုံ တချို့က ပိတ်ရက် အဖြစ် မသတ်မှတ်ဘဲ အလုပ်ဆင်း ခိုင်းသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ် , ကျန်းမာရေး , ဥပဒေ , ILO , UMFCCI

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ ပြဋ္ဌာန်းရေး စီစဉ်နေ

by မေစစ်ပိုင်
28 November 2014
1.9k

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေကို လာမည့် ၂၀၁၅ ခုနှစ် အတွင်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် စတင်စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

ဂျော်ဒန် မြန်မာ အလုပ်သမားအရေး ဖြေရှင်းချက် လက်တွေ့နှင့် ကွဲလွဲ

ဂျော်ဒန် မြန်မာ အလုပ်သမားအရေး ဖြေရှင်းချက် လက်တွေ့နှင့် ကွဲလွဲ

by လင်းသန့်
13 March 2013
6.2k

ပြည်သူ့ လွှတ်တော်တွင် ယမန်နေ့က ဂျော်ဒန်ရှိ မြန်မာ အလုပ်သမား အရေး ဆွေးနွေး ဖြေကြားချက်များသည် လက်တွေ့နှင့် ကွဲလွဲမှုများ ရှိကြောင်း ဂျော်ဒန်ရောက် ဆန္ဒပြ အလုပ်သမားများက ဧရာဝတီကို ပြောသည်။

Next Post
သွေးဖိုး၊ သွေးအိတ်ဖိုး မတတ်နိုင်သူ လူနာများစွာရှိ

သွေးဖိုး၊ သွေးအိတ်ဖိုး မတတ်နိုင်သူ လူနာများစွာရှိ

ပြောင်းလဲသူကြီး

ပြောင်းလဲသူကြီး

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved