• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံသား မဟုတ်သူများအရေး စစ်တွေတွင် ဆန္ဒထုတ်ဖော်

by ချစ်ဆု
7 March 2013
in သတင်း
A A
နိုင်ငံသား မဟုတ်သူများအရေး စစ်တွေတွင် ဆန္ဒထုတ်ဖော်

စစ်တွေသို့ လှေဖြင့် ထွက်ပြေးလာသည့် မွတ်စလင်ဒုက္ခသည်များကို ၂၀၁၂ အောက်တိုဘာ ၃၀ ရက်နေ့က မြင်တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

5.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်ရှိ နိုင်ငံသားမဟုတ်သူများ အရေးနှင့် ပတ်သတ်၍ ပြည်နယ်အစိုးရမှ ပွင့်လင်းမြင်သာမှု မရှိဟု သတ်မှတ်သဖြင့် စစ်တွေမြို့၌ ယနေ့မွန်းလွဲ ၂ နာရီတွင် ဒေသခံ တိုင်းရင်းသားနှင့် ရဟန်းသံဃာများ လမ်းလျှောက် ဆန္ဒပြခဲ့သည်။

ဆန္ဒ ပြရခြင်း အကြောင်းနှင့် ပတ်သတ်၍ ထိုဆန္ဒပြပွဲတွင် ခေါင်းဆောင်ပါဝင်သူ တဦးဖြစ်သည့် ရခိုင် လူမှုကွန်ယက်မှ ကိုကျော်ဇောဦးက “အဓိကကတော့ နိုင်ငံသား မဟုတ်သူတွေရဲ့ အရေးနဲ့ ပတ်သတ်ပြီး ပွင့်လင်းမြင်သာဖို့ပါ။ လတ်တလောမှာ မွတ်စလင် ဒုက္ခသည်တွေကို အိမ်အလုံးပေါင်း ၅၀၀၀ ကျော် ဆောက်ပေးမယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ ပြည်နယ် အစိုးရဘက်က ဘာမှရှင်းလင်းမှု မရှိဘူး။ နိုင်ငံသား မဟုတ်သူတွေကိုလည်း မြေယာပိုင်ဆိုင်ခွင့် မပေးသင့်ဘူး” ဟုဆိုသည်။

ဆန္ဒပြသူများ အနေဖြင့် အစိုးရအဖွဲ့အစည်း များသို့ ၎င်းတို့၏ သဘောထားများ ပါဝင်သည့် အချက် ၆ ချက်ကို တင်ပြ တောင်းဆိုထားကြောင်း သိရသည်။

ထိုအချက်များမှာ ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို လေးစားပေးရန်၊ ဒေသခံ တိုင်းရင်းသားများ၏ သဘောထား မပါဘဲ ဒေသအရေးကို မဆုံးဖြတ်ရန်၊ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသား အခွင့်အရေး မပေးရန်၊၁၉၈၂ ခုနှစ် နိုင်ငံသား ပြစ်မှုဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးရန်၊ နိုင်ငံသား မဟုတ်သူများကို ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူပေးရန်နှင့် ဒေသအရေးနှင့် ပတ်သတ်၍ ပွင့်လင်းမြင်သာမှု ရှိရန်တို့ ဖြစ်သည်။

ထိုကဲ့သို့ မွတ်စလင် ဒုက္ခသည်များကို တူရကီ နိုင်ငံ အကူအညီဖြင့် အိမ်ဆောက်ပေးမည် ဆိုသော သတင်း ထွက်ပေါ် လာခြင်းမှာ ရခိုင်ပြည်နယ်တွင် အိမ်များဆောက်လုပ်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာနက နေပြည်တော်တွင် ဆောက်လုပ်ရေး ကုမ္ပဏီများကို ခေါ်ယူတွေ့ဆုံသည် ဆိုသည့် ကိစ္စကြောင့် ဖြစ်ကြောင်း သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
42
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

အဆိုပါ ဆောက်လုပ်ရေးကိစ္စ အတွက် လေလံလျှောက်ထားခဲ့သော Rakhine Development Cooperation (RDC) မှ ဦးသန်းမြက “အခုတောင် ဆောက်နေကြပါပြီ။ မွတ်စလင် ဒုက္ခသည်တွေအတွက်လို့ ခေါင်းစီးတပ်ပြီးတော့ မပြောပါဘူး။ကျနော်တို့ တင်တဲ့ အသုတ်မှာ ကျနော်တို့မရခဲ့ဘူး။ နောက်အသုတ်တွေတော့ မသိဘူး” ဟု ဆိုသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဦးလှမြင့်က နိုင်ငံသား မဟုတ်သော ဒုက္ခသည်များကို အိမ်ဆောက်လုပ် ပေးမည်ဆိုပါက ဥပဒေစိုးမိုးရေး၊ လုံခြုံရေးတို့ကို ဦးစွာဆောင်ရွက် ပေးပြီးမှသာ နိုင်ငံသား၊ နိုင်ငံခြားသား ခွဲခြားလက်ခံ၍ ဥပဒေနှင့်အညီ ပိုင်ဆိုင်မှု လုပ်ပေးစေလိုကြောင်း ပြောသည်။

ဆန္ဒထုတ်ဖော်မှုမှာ ၂ နာရီတွင် စတင်၍ ၃ နာရီခွဲတွင် လူစုခွဲခဲ့ပြီး လူအင်အား တသောင်းခန့်နှင့် ရဟန်းအပါး ၃၅၀ ခန့် ပါဝင်ကြောင်း သိရသည်။

Your Thoughts …
Tags: ProtestRakhine StateRohingya
ချစ်ဆု

ချစ်ဆု

Contributor

Similar Picks:

ဘင်္ဂလားဒေ့ရှ်, ရခိုင်တိုင်းရင်းသား, အုပ်စုလိုက် ဝင်ရောက်, မောင်တော, ရခိုင်ပြည်နယ်, မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ မောင်တောသို့ အုပ်စုလိုက် ဝင်ရောက်လာနေ

by စနေလင်း
6 February 2014
14.1k

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယခုလဆန်း အတွင်း အုပ်စုလိုက် ၀င်ရောက် လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

အာဏာရှင်, မြန်မာ့တပ်မတော်, ထောက်လှမ်းရေး, ဒေါ်ကြိုင်ကြိုင်, နေဝင်း, သန်းရွှေ

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၅ – ဗိုလ်သန်းရွှေကို ဗိုလ်နေဝင်း ရာထူးတိုးပေးခြင်း

by အောင်ဇော်
6 February 2014
17k

သူ့ရဲ့ခင်ပွန်းဟာ တနေ့ကျရင် မြန်မာနိုင်ငံရဲ့ ဘုရင်ဖြစ်လာမယ်လို့ ဗေဒင်ဆရာက ဟောလိုက်တယ်။ ပထမပိုင်းတော့ ဒေါ်ကြိုင်ကြိုင် ဒီဟောကိန်းကို မယုံဘူး။ သူများတွေသိသွားရင် သူ့ခင်ပွန်း အလုပ်ပြုတ်သွားမှာကိုလည်းစိုးရိမ်တယ်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.4k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

မဲပေးပြီး တရားဝင်လူသတ်ခွင့် မပြုဖို့ ကိုရီးယားရောက် မြန်မာတွေ ဆန္ဒပြ(ရုပ်/သံ)

မဲပေးပြီး တရားဝင်လူသတ်ခွင့် မပြုဖို့ ကိုရီးယားရောက် မြန်မာတွေ ဆန္ဒပြ(ရုပ်/သံ)

by ဧရာဝတီ
4 October 2025
63

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေစုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

by ခင်ဦးသာ
8 June 2012
20.1k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေး

Next Post
ထုတ်ပယ်မှုက NLD ပြိုကွဲရေး လမ်းစလား

ထုတ်ပယ်မှုက NLD ပြိုကွဲရေး လမ်းစလား

နှစ်ကျပ်ခွဲရွာရဲ့ လျှပ်စစ်မီး ပြဿနာ (ရုပ်/သံ)

နှစ်ကျပ်ခွဲရွာရဲ့ လျှပ်စစ်မီး ပြဿနာ (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved