သတင်းတို
၃၄ ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစည်းအဝေး မြန်မာနိုင်ငံတွင် ကျင်းပမည်
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့ ကန်တော်ကြီး ဟိုတယ်တွင် ၃၄ ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာ အဆင့်မြင့် အရာရှိများ အစည်းအဝေး (34th ASEAN Officials On Drug Matter- 34 ASOD) ကို စက်တင်ဘာ ၂၄ ရက်နေ့မှ မှ ၂၇ ရက်နေ့ အထိ ကျင်းမည် ဖြစ်ပြီး အာဆီယံနိုင်ငံများမှ အရာရှိများ အပြင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ နှင့် အမေရိကန် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး အုပ်ချုပ်မှု အဖွဲ့ (DEA)၊ သြစတြေးလျ ရဲတပ်ဖွဲ့ (AFP)၊ ကုသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်း ဆိုင်ရာရုံး (UNODC) တို့မှ အဆင့်မြင့် အရာရှိများ တက်ရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။