• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန် လမ်းဘေးဈေးသည် တွေကို ဒဏ်ငွေတပ် အရေးယူနေ ဟုဆို

by မေစစ်ပိုင်
23 September 2013
in သတင်း
A A
လမ်းဘေးဈေးသည်, ရန်ကုန်, ပလက်ဖောင်း, စည်ပင်

ရန်ကုန်မြို့လယ် ပလက်ဖောင်းပေါ်တွင် ရောင်းချနေသည့် လမ်းဘေးဈေးသည်များကို မြင်တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

2.1k
VIEWS
Share on FacebookShare on Twitter

စည်းကမ်းချက်နဲ့ မညီတဲ့ ရန်ကုန်မြို့ ပလက်ဖောင်းပေါ်က ပျံကျ လမ်းဘေးဈေးသည် တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒဏ်ငွေတပ် အရေးယူမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လုံခြုံရေး၊ စည်းကမ်း ထိန်းသိမ်းရေးဌာနနဲ့ စီမံရေးရာဌာနတို့ ပူးပေါင်းပြီး ကော်မတီ လက်အောက်မှာရှိတဲ့ ဌာန ၂၀ လောက်က ဝန်ထမ်းတွေနဲ့အတူ ရှင်းလင်းရေး လုပ်နေကြတာ ဖြစ်ပါတယ်။

“ကျနော်တို့တတွေက သတ်မှတ်ချိန်အတိုင်း မရောင်းတဲ့ဈေးသည်၊ လမ်းမပေါ်တက်ပြီး ဈေးဗန်းခင်းတဲ့ ဈေးသည်တွေနဲ့ ကားပါကင်မှာ ရောင်းချနေတဲ့ ဈေးသည်တွေကို မရောင်းဖို့ ပြောတယ်၊ မရဘူးဆိုရင်တော့ တရားစွဲပြီး ငွေဒဏ်ရိုက် တယ်”လို့ စီမံရေးရာဌာန အနောက်ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသန်းလှက ဧရာဝတီကိုပြောပါတယ်။

ပလက်ဖောင်းတွေ တနေ့တခြား ကျဉ်းမြောင်း လာသလို တချို့ ပလက်ဖောင်းနေရာ တွေမှာ ပျံကျ လမ်းဘေး ဈေးသည် တွေက နေရာယူထားတာကြောင့် လမ်းသွားလမ်းလာ ပြည်သူတွေအတွက် လမ်းလျှောက်ဖို့ နေရာ ဆိုတာ မရှိတော့ သလောက် ရှားပါးလာတာ တွေ့ရပါတယ်။

လမ်းဘေး ဈေးသည်တွေတင် မကဘဲ လမ်းမတန်း ဈေးဆိုင်ခန်းကြီးတွေက ကားပါကင် နေရာတွေမှာ၊ ပလက်ဖောင်းတွေမှာ ကြော်ငြာဆိုင်းဘုတ်တွေနဲ့ ပစ္စည်းခင်းကျင်း ရောင်းချနေတာတွေကိုလည်း တရားစွဲ အရေးယူမှုတွေရှိတယ်လို့ သိရပါတယ်။

စည်ပင်က လမ်းဘေး ဈေးသည်တွေကို ရှင်းလင်းရေး လုပ်ပေမယ့်လည်း ၃၉ လမ်း၊ လသာမြို့နယ်နဲ့ ရန်ကုန်ဆေးရုံကြီးရှေ့ မျက်နှာစာ စတဲ့ နေရာတွေမှာ ဈေးသည်တွေက ပြန်ရန်ရှာတဲ့ ပြဿနာမျိုးတွေ ရှိနေတယ်လို့ အနောက်ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသန်းလှက ပြောပါတယ်။

“ဈေးသည် ရှင်းလင်းရေးလုပ်တဲ့ စည်ပင်ဝန်ထမ်းကို ဓားနဲ့ထိုးတာ၊ ရန်ရှာတာတွေ ရှိနေတယ်၊ ကျနော်တို့မှာ ရှင်းလင်းရေး လုပ်ရ၊ တရားခံလည်း ဖမ်းနေရတယ်၊ အဲဒီလို ရန်မူနေတော့ တချို့ဝန်ထမ်းတွေက ဈေးသည်ရှင်းဖို့ မလုပ်ချင်ကြ တော့ဘူး” လို့ ဦးသန်းလှက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၃ ပတ်လောက်က လသာမြို့နယ်မှာ လမ်းဘေးဈေးသည် ရှင်းလင်းရေးလုပ်နေတဲ့ စည်ပင်ဝန်ထမ်းတဦးကို ဈေးသည်က ဓားနဲ့ထိုးလိုက်တာကြောင့် ဆေးရုံတက်နေရဆဲဖြစ်ပြီး ဓားနဲ့ထိုးတဲ့ တရားခံ ဈေးသည်ကိုတော့ ဒီနေ့အချိန်အထိ မမိသေးဘူးလို့ သိရပါတယ်။

“အဓိက အနေနဲ့ ကားပါကင် လုပ်မယ်ဆိုတဲ့ နေရာတွေမှာ ရောင်းနေတဲ့ လမ်းဘေး ဈေးသည်တွေကို ဦးစားပေးပြီးတော့ ရှင်းတယ်၊ လူသွားလူလာများတဲ့ လမ်းမတန်းတွေမှာ ဈေးသည်တွေကို နေ့ပိုင်းအချိန် ရောင်းချခွင့် ပြုမထားဘူး။ ညဘက် မှာတော့ အချိန်သတ်မှတ်ပြီး ရောင်းခိုင်းတယ်။ မလိုက်နာတဲ့ ဈေးသည်တွေကိုတော့ ဒဏ်ငွေ ၁၀၀၀၀ ကျပ် ရိုက်တယ်” ဟု
အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ဧရာဝတီကို ပြောပြပါတယ်။

ရန်ကုန်မြို့တွင်း စည်ပင်သာယာ နယ်နိမိတ်ဖြစ်တဲ့ မြို့နယ် ၃၃ မြို့နယ်က လမ်းဘေးဈေးသည်တွေကို ဈေးမရောင်းချဖို့ အချိန်၊ နေရာတွေ ဇူလိုင်လ ၂ ရက်က စတင် သတ်မှတ်လိုက်ပြီး ဖြစ်ပါတယ်။ ပျံကျ ဈေးသည်တွေကို ညနေ ၃ နာရီ ကနေ ည ၈ နာရီ အထိ သတ်မှတ်နေရာတွေမှာ ဈေးရောင်းချခွင့် ပေးထားပြီး လက်ရှိ အနေအထားအရ မြို့တွင်း ၆ မြို့နယ်မှာ ပျံကျရောင်းချနေတဲ့ လမ်းဘေးဈေးသည် ၅၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

နေ့ဘက် အချိန်မှာ လမ်းဘေးဈေးသည်တွေ ရှင်းလင်းနေပေမယ့် ပန်းဆိုးတန်းလမ်း၊ ၃၂ လမ်း၊ ၃၁ လမ်း၊ ၃၈ လမ်း၊ ဆိပ်ကမ်းသာလမ်း၊ ရွှေဘုံသာလမ်း၊ ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ အနော်ရထာလမ်း စတဲ့ လမ်းမကြီးတွေပေါ်မှာတော့ မနက်မိုးလင်းတာနဲ့ လမ်းဘေးဈေးသည်တွေက အစီအရီ ဈေးဗန်းခင်း ရောင်းချ နေကြတာ တွေ့ရပါတယ်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
3
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
1
စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

13 January 2026
31

“စီမံချက်နဲ့ ဖမ်းတယ်သာ ဆိုတယ်၊ လမ်းဘေးဈေးသည်တွေက ပလက်ဖောင်းတွေပေါ်မှာ နေရာအပြည့်ယူပြီး ရောင်းနေ တုန်းပါပဲ။ ဈေးဝယ်မယ့်သူက သူဝယ်ချင်တယ်ဆိုရင် ဘယ်နေရာ ရောင်းရောင်း လာဝယ်မှာပေါ့၊ အခုက ပလက်ဖောင်းက ကျဉ်းရတဲ့အထဲ ဈေးသည်တွေ လူအသည်းအသန် ခေါ်တာ ရှောင်ရတယ်၊ သူတို့ ဈေးဗန်းတိုက်မိတာ၊ လူတိုက်မိတာမျိုး ဖြစ်ရင်တော့ အဆဲတောင်ခံရတယ်” လို့ နေ့စဉ် ရုံးတက်ရုံးဆင်းကိစ္စနဲ့ သွားလာနေရသူ ကိုမြတ်မင်းက ပြောပါတယ်။

လမ်းဘေး ဈေးသည်တွေ နေရာယူရောင်းချနေတဲ့ မြို့ထဲ ပလက်ဖောင်းတွေ တနေ့တခြား ကျဉ်းမြောင်း လာတာကတော့ ကားရပ်နားဖို့ နေရာတွေ လုပ်နေရတာကြောင့်လို့ သိရပါတယ်။

“ကားသွားဖို့ လမ်းတွေ ကျယ်နေရင်တော့ ပလက်ဖောင်းတွေကို ဖျက်စရာမလိုပေမယ့် ကားတွေက များလာတော့ ကားရပ်နားဖို့ နေရာတွေ လုပ်ပြီး ပလက်ဖောင်း နေရာကို အနည်းဆုံး အနေအထားလောက်အထိပဲ ချန်ထားလို့ရတယ်။ ချဲ့စရာ လမ်းမရှိတော့ ပလက်ဖောင်းကို ဖျက်လိုက်ရတာပေါ့” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
လမ်းတံတား အင်ဂျင်နီယာဌာန ဒု – ဌာနမှူး ဦးမျိုးလွင်က ရှင်းပြပါတယ်။

မြို့တွင်း ၆ မြို့နယ်ဖြစ်တဲ့ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လမ်းမတော်နဲ့ ဒဂုံမြို့နယ်တွေမှာ လူသွားစင်္ကြန် ပလက်ဖောင်းတွေကို သွားလာလို့ရရုံ အနေအထားလောက်ပဲ နေရာချန်၊ ဖျက်ပြီး ကားရပ်နားဖို့ နေရာတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ထဲ လမ်းဘေး လူသွားစင်္ကြန်တွေက တနေ့တခြား ကျဉ်းလာပြီး ပျောက်ကွယ်လုနီးပါး ဖြစ်လာသလို၊ ပျံကျ လမ်းဘေး ဈေးသည်တွေက ရှိတဲ့ လူသွားစင်္ကြန် ပလက်ဖောင်းတွေမှာ ဆိုင်ခန်းငယ်တွေ ဖွင့်ပြီး လမ်းသွားလမ်းလာတွေ အတွက် လမ်းသွားစရာ မရှိသလောက် နေရာ အပြည့်ယူနေတာ၊ လမ်းတဘက်တချက်မှာ ဖွင့်ထားတဲ့ ဆိုင်ခန်းကြီးတွေ ကလည်း သူတို့ကုန်ပစ္စည်းတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေကို ပလက်ဖောင်းပေါ်အထိ နေရာယူပြီး ဈေးရောင်းချနေကြတာ တွေ့နေရပေမယ့် သက်ဆိုင်ရာက ထိထိရောက်ရောက် သတိပေးတားမြစ်တာ၊ အရေးယူတာမျိုး မရှိသလောက်ကို နည်းနေသေးတယ် လို့ လမ်းသွားလမ်းလာ ပြည်သူတွေက ပြောဆိုနေကြပါတယ်။

ကားတင်သွင်းခွင့်တွေ ပြုပြီးနောက်ပိုင်း ကားတွေ အသုံးပြုမှု များလာသလို၊ လမ်းမတွေပေါ်မှာ ယာဉ်ရပ်နားကြ တာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ တဖြည်းဖြည်းနဲ့ များလာကြောင်း၊ ဒါကြောင့် ယာဉ်ရပ်နားဖို့ နေရာတွေ လုပ်ပေးမယ်ဆိုရင် လမ်းပေါ် ယာဉ်ရပ်နားတာတွေ လျော့သွားပြီး ယာဉ်ကြောပိတ်ဆို့မှု ကိုလည်း ဖြေရှင်းနိုင်တာကြောင့် ပလက်ဖောင်း စင်္ကြန်တွေကို ဖျက်ပြီး ကားပါကင်တွေ လုပ်နေရတာ ဖြစ်တဲ့ အကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။

“ကျနော်တို့ကတော့ ပလက်ဖောင်းတွေကို သွားလို့ရအောင် နေရာချန်ထားပေးပေမယ့် အဲဒီနေရာတွေမှာ ပျံကျဈေးသည် တွေက ဈေးရောင်းနေရင် အဆင်မပြေပါဘူး။ အများပြည်သူ သွားတဲ့လမ်းမှာ အဲဒီလိုတွေ မဖြစ်စေချင်ဘူး” လို့ လမ်းတံတား အင်ဂျင်နီယာဌာန ဒု-ဌာနမှူး ဦးမျိုးလွင်က ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ယာဉ်ကြောပိတ်ဆို့မှု၊ လမ်းပိတ်ဆို့မှု နည်းအောင် လမ်းဘေး ဈေးသည် ရှင်းလင်းရေးနဲ့ ကားပါကင်နေရာတွေ ချဲ့ဖို့ လုပ်နေသလို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကလည်း ယာဉ်မရပ်ရ နေရာတွေ ထုတ်ပြန်ကြေညာတာ၊ ယာဉ်ကြောကျပ်တဲ့ တချို့နေရာတွေမှာ ကားကြီးတွေ ပေးမဖြတ် တော့တာမျိုးတွေနဲ့ ယာဉ်ကြောပိတ်ဆို့တဲ့ ပြဿာနာကို ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။

Your Thoughts …
Tags: YangonYCDC
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

စစ်တပ်ဖိနှိပ်မှုကြားက ရန်ကုန်လူထုရဲ့ တုန့်ပြန်မှု (ရုပ်/သံ)

by ဧရာဝတီ
10 December 2025
576

အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ လူထုရဲ့ အထွေထွေကြပ်တည်းမှုတွေကြားမှာပဲ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်လုံးကျွတ် အသံတိတ်သပိတ်ကိုပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ

ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ

by ဧရာဝတီ
20 September 2024
355

ကုန်စျေးနှုန်းကျဆင်းရေး အပါအဝင် စစ်မှုထမ်းဥပဒေနှင့် စစ်ကောင်စီကို အလိုမရှိကြောင်း သပိတ်အင်အားစုများနှင့် ပြည်သူများ ပူပေါင်းပြီး ရန်ကုန်မြို့ ကားလမ်းမတနေရာတွင် ယနေ့ ချီတက်ဆန္ဒပြခဲ့သည်။

ဗဟန်းမြို့နယ်တွင် ပြုလုပ်ခဲ့သော လေလွှင့်ခွေး ဖမ်းဆီးမှု / အောင်ကျော်ထက် / ဧရာဝတီ

အန္တရာယ်ကြီးလာတဲ့ လေလွင့်ခွေး ပြဿနာ ရန်ကုန်စည်ပင် ရှင်းနိုင်မလား

by ဇူးဇူး
24 June 2019
50k

YCDC ၏ ဖြေရှင်း ဆောင်ရွက်နေမှုများကို အားမလို အားမရဖြစ်မှုကြောင့် ပြစ်တင်ဝေဖန်သံများ လည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိပေသည်။

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

by မေရီကို
30 October 2012
14.2k

ကျနော်တို့ လူလတ်ပိုင်းဖြစ်လာတဲ့ ဒီအချိန် သိသိသာသာလေး ပျောက်လာချင်သလားလို့။ အမှန်က မဖြစ်သင့်ဘူးဗျ။ ကျနော်တို့ ခုနောက်ပိုင်း လူငယ်တွေ ဘယ်လောက် အလုပ်များနေတယ်ဆိုဆို ရိုးရာတခုကို ထိန်းသိမ်းသင့်တယ်လေ

ဧည့်စာရင်း, ရန်ကုန်

ဘယ်အချိန်အထိ ဧည့်စာရင်း တိုင်နေရဦးမှာလဲ

by သွေး (စစ်ကိုင်း)
2 October 2013
4.7k

ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကြတဲ့ တခြားသောအရပ်က လူတွေလိုပဲ ကျမတို့ဟာ အိမ်ငှားနေရပါတယ်။ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ မဟုတ်တဲ့နေရာမှာ အခက်အခဲတွေကလည်း အများကြီးပါ။ အိမ်ငှားနေတဲ့ သက်တမ်း တလျှောက်လုံးမှာ မဖြစ်မနေ လုပ်ရတာက “ဧည့်စာရင်း” ပါပဲ။

တောင်းရမ်းသူများကို စီမံချက်ဖြင့် ဖမ်းဆီးနေ

တောင်းရမ်းသူများကို စီမံချက်ဖြင့် ဖမ်းဆီးနေ

by မေစစ်ပိုင်
2 September 2013
2.3k

တောင်းရမ်း စားသောက် နေသူများနှင့် အခြေအနေ မဲ့များကို “ဝရဇိန်စီမံချက်” ဟု အမည် ပေးထားသော တောင်းစားသူ ပပျောက်ရေး စီမံချက်ဖြင့် လတ်တလော လိုက်လံဖမ်းဆီးကာ ထိန်းသိမ်းနေ

Next Post
ကချင်ဒုက္ခသည်, လူကုန်ကူးမှု, စားနပ်ရိက္ခာပြတ်လပ်

ကချင် နယ်စပ် ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်

ဦးရွှေမန်း နှင့် ရခိုင် လူမှု အဖွဲ့များ တွေ့ဆုံမည်

ဦးရွှေမန်း နှင့် ရခိုင် လူမှု အဖွဲ့များ တွေ့ဆုံမည်

Please login to join discussion
No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

7 hours ago
2.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.4k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved