• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ရှေ့ဆက် မတိုးတော့တဲ့ ပြုပြင်ပြောင်းလဲရေး နောက်ကွယ်မှာ ဦးသန်းရွှေ ရှိနေသလား

by ဧရာဝတီ
13 October 2014
in Politics
A A
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ , သမ္မတဦးသိန်းစိန်, ပြုပြင်ပြောင်းလဲရေး , ဒီမိုကရေစီ , ဒေါ်အောင်ဆန်းစုကြည်, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်, နိုင်ငံရေး

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ် သွားရောက်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ – Reuters)

17.5k
VIEWS
Share on FacebookShare on Twitter

“ပြုပြင်ပြောင်းလဲရေး” လုပ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရ အာဏာရယူပြီး ၃ နှစ်ကျော်ကြာ မြင့်လာ တဲ့ အချိန် မှာတော့ မြန်မာ့ပြုပြင်ပြောင်းလဲရေးက ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်သွားတာမို့ သမ္မတဦးသိန်းစိန်အစိုးရရဲ့ နောက်ကွယ်မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေရဲ့ သြဇာ လွှမ်းမိုးမှု ဆက်လက်ရှိနေဆဲလားဆိုပြီး မေးခွန်းထုတ်မှု တွေရှိလာပါတယ်။

ဦးသိန်းစိန် သမ္မတအဖြစ် စတင်တာဝန်ယူချိန်က “ဒီမိုကရေစီ” ၊ “တရားဥပဒေစိုးမိုးရေး” ၊ “ငြိမ်းချမ်းရေး”  ၊ “သန့်ရှင်း တဲ့အစိုးရ” ၊ “ကောင်းမွန်တဲ့ အုပ်ချုပ်ရေး” ၊ “လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး” စတဲ့ ပြုပြင် ပြောင်းလဲရေး စကားလုံး တွေကို သူ့မိန်းခွန်းတွေမှာ တွင်တွယ်ကျယ်ကျယ်သုံးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ “တည်ငြိမ်အေးချမ်းရေး” ၊ “ပြုပြင် ပြောင်းလဲရေး စိတ်ရှည်သည်းခံမှုလို” ၊  “ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မရောရာ” ဆိုတဲ့ ပြုပြင် ပြောင်းလဲရေး ရှေ့မဆက်ချင်တဲ့ စကားလုံးမျိုးတွေ သုံးနှုန်း ပြောဆိုလာပါတယ်။ သမ္မတရာထူးစတင်တာဝန်ယူချိန်က ပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေနဲ့ လက်ရှိအချိန်မှာ ပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေက ကွာခြားလွန်းလှပြီး ဆန့်ကျင်ဘက် ဒွိဟ အခြေ အနေတွေ ရှိနေပါတယ်။

ဒါကြောင့်ပဲ ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်း၊ စီးပွားရေးအသိုင်းအဝိုင်းနဲ့ မြန်မာ့အရေး စိတ်ဝင် စားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက သမ္မတဦးသိန်းစိန်အစိုးရရဲ့ နောက်ကွယ်မှာ ဦးသန်းရွှေ ဆက်လက်တည်ရှိနေသလား၊ ဦးသန်းရွှေကို မလွန်ဆန်နိုင်လို့ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ ရှေ့ဆက်မတိုးနိုင်တော့တာလား ဆိုပြီး မေးခွန်းတွေ ထုတ် လာကြပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးတွေဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး စတဲ့ကိစ္စ တွေမှာ ရှေ့ဆက်ဘာမှ မလုပ်နိုင်တဲ့အထိကို ရပ်တန့်နေပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ အစိုးရဝန်ကြီးဟောင်းတွေက မီဒီယာတွေနဲ့ တွေ့တိုင်း “နေပြည်တော်မှာ အေးအေးဆေးဆေး စာဖတ်နေတယ်” လို့ ညွှန်းဆိုဖြေကြားမှုတွေကြောင့် စာဖတ်နေသူကြီးရယ်လို့ ခေါ်ဆိုခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက လက်ရှိအချိန်မှာ စိတ်ပိုင်းဆိုင်ရော၊ ကိုယ်ကာယပိုင်းဆိုင်ရာ မှာပါ ကျန်းမာရေး အလွန် ကောင်းမွန် နေပါ တယ်။ သိပ်မကြာသေးခင်ကပဲ ရန်ကုန်ကို ခေတ္တလာရောက်သွားပါသေးတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အနေ နဲ့ စာဖတ်နေရုံတင်မကပဲ ရန်ကုန်-နေပြည်တော် အသွားအလာရှိနေတာမို့ သူ အရင်လိုပဲ သွားလာနိုင်တုန်း၊ စီမံ ခန့်ခွဲ နိုင်တုန်း ဆိုတာ သိသာထင်ရှားစေပါတယ်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
58
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
42
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
286

လက်ရှိအစိုးရရဲ့ ခေါင်းဆောင် သမ္မတဦးသိန်းစိန်၊ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆိုသူတွေက ဦးသန်းရွှေ ကိုယ်တိုင်ကိုယ်ကျ  ရွေးချယ် တင်မြှောက်ခဲ့သူတွေဖြစ်တာမို့ ဦးသန်းရွှေအနေနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းလိုပဲ အငြိမ်းစား ယူပြီးသည့်တိုင် နိုင်ငံရေးမှာ သြဇာကြီးမားနေမလားဆိုပြီး မေးခွန်းထုတ်သူတွေလည်းရှိနေပါတယ်။ လက်ရှိ မြန်မာ့ နိုင်ငံရေးအခြေအနေက  ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေကို ဆိုက်ရောက်နေတာမို့ ဒီအခြေအနေကို ကျော်လွန်ဖို့ အဖြေတခုတော့ လိုအပ်နေတာအမှန်ပါပဲ။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုထားပေမယ့် အခုအချိန်အထိ ဖြစ်မလာသေးပါဘူး။ တချိန်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား နိုင်ငံရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေး မှုတွေ မရှိခဲ့ဘဲ မပြေလည်ခဲ့တဲ့အတွက် အခုအချိန်အထိ တွေ့ဆုံဆွေးနွေးရေး ဆက်လုပ်ရမယ့် အခြေအနေတွေ ဆက်လက် ဖြစ်ထွန်းနေတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။

နိုင်ငံရေးသုံးသပ်သူတချို့ကတော့ ဦးသန်းရွှေက အစိုးရသစ်ရဲ့ စီမံအုပ်ချုပ်မှုတွေမှာ တိုက်ရိုက်ပါဝင်မှု မရှိပေမယ့် လက်ရှိ အစိုးရခေါင်းဆောင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ ဘာပဲလုပ်လုပ် ဦးသန်းရွှေ ဘက်က စဉ်းစား အလုပ်လုပ်ပေးတာ၊ ကိုယ့်အပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့သူရဲ့ကျေးဇူးကို ထောက်ရှုခြင်းအားဖြင့် ကျေးဇူး မကန်းဘဲ  ဦးသန်းရွှေ မကြိုက်တာ၊ မနှစ်သက်တာကို မလုပ်တာကြောင့် ပြုပြင်ပြောင်းလဲရေးတွေ ရှေ့ဆက်မတိုးနိုင် တော့တာလို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေအနေနဲ့လည်း တရားဝင်အာဏာစွန့်ပြီးတဲ့အချိန်မှာ သူရဲ့လုံခြုံရေးအတွက် သေချာ စီမံထားပေမယ့် သူမရှိတော့တဲ့နောက်ပိုင်း သူ့မျိုးဆက်နဲ့ အသိုင်းအဝိုင်းအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အတိုက်အခံ နိုင်ငံရေးအုပ်စုတွေရဲ့ အန္တရာယ်ထက်  တချိန်က လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့် အပါအဝင် ထောက်လှမ်းရေးရဲ့ တန်ပြန်ဒုက္ခပေးမှာကိုတော့ အမြဲပဲ ပူပန်နေပါတယ်။ သူအပူပန်ဆုံးက ဗိုလ်ချုပ်ကြီးခင်ညွှန့် ဦးဆောင် တဲ့ ထောက်လှမ်းရေးအင်အားစုတွေ နိုင်ငံရေးလောကထဲပြန်ဝင်လာပြီး သူတို့ကို ဒုက္ခပေးမှာ အလွန် စိုးရိမ် ပုံရှိတယ်လို့ သိရပါတယ်။ ကော်ဖီဆိုင်နဲ့ ပန်းချီပြခန်းဖွင့်ထားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်အိမ်ကို ထောက်လှမ်းရေးဟောင်းတွေ ဘယ် လောက် အဝင်အထွက်ရှိနေမလဲ၊ ဘာတွေကြံစည်နေလဲဆိုတာကို ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေရဲ့ အသိုင်းအဝိုင်းက အမြဲ တမ်း နားစွင့်နေပါတယ်။

ဒါ့အပြင် ဦးသန်းရွှေ အစိုးရိမ်ဆုံး၊ အပူပန်ဆုံး နောက်ထပ် ကိစ္စတခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီး အတိုက်အခံ အင်အားစုတွေ အာဏာရလာမှာကိုပဲဖြစ်ပါတယ်။ ။ ဦးသန်းရွှေ အပါအဝင် စစ်အစိုးရခေါင်းဆောင်တွေကို အကာ အကွယ်ပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်လိုက်ပြီဆိုတာနဲ့  ဦးသန်းရွှေနဲ့ တချိန်က စစ်အာဏာရှင် အသိုင်း အဝိုင်းအတွက် မလုံခြုံတော့တဲ့ အနေအထား ဆိုက်ရောက်မှာ အသေအချာပါပဲ။

နိုင်ငံရေးလေ့လာသူတွေကတော့ လက်ရှိပြုပြင်ပြောင်းလဲရေးတွေ ရှေ့ဆက်တိုးပြီး အကြွင်းမဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ဖြစ်ဖို့ဆိုရင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။

Your Thoughts …
Tags: Than Shwe
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ခေါင်းဆောင်နဲ့ ဖက်ရှင်

ခေါင်းဆောင်နဲ့ ဖက်ရှင်

by မစပ်စု
23 February 2013
15.8k

သမ္မတကြီးက ချင်း တိုင်းရင်းသားတွေရဲ့ ရိုးရာ ဂျက်ခုပ် အထည်တွေကို တနေ့တမျိုး မရိုးရလေအောင် ၀တ်ဆင်ခဲ့တာကို ဓာတ်ပုံမှတ်တမ်း တွေကနေ တွေ့ကြရပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

by သာလွန်ဇောင်းထက်
18 January 2013
15.8k

သူအခြေတည်ခဲ့တဲ့ စနစ်ပဲ အောင်မြင်စေချင်မှာပေါ့။ ဒါကတော့ ကျိန်းသေပါတယ်။ မအောင်မြင်စေချင်ဘူး၊ မျက်နှာလွှဲ ခဲပစ် ထားခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး တပ်မတော်အပေါ် သြဇာညောင်းဆဲ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး တပ်မတော်အပေါ် သြဇာညောင်းဆဲ

by သာလွန်ဇောင်းထက်
15 October 2012
25.3k

တပ်မတော်ပေါ်မှာ သြဇာညောင်းသလားဆိုတော့ အမိအဖလို ဖြစ်နေတာကိုး။ ရှိနိုင်တာပေါ့။ သို့သော်လည်းပဲ ကျနော် သိသလောက်တော့ တပ်မတော်သည် လက်ရှိ သမ္မတကြီး အောက်ထဲမှာ ရှိနေတာပဲ။

စစ်အစိုးရလက်ထက် ဥပဒေမဲ့ပြုကျင့်မှုများ တိုင်ကြားနိုင်

စစ်အစိုးရလက်ထက် ဥပဒေမဲ့ပြုကျင့်မှုများ တိုင်ကြားနိုင်

by သာလွန်ဇောင်းထက်
21 February 2013
32.8k

စစ်အစိုးရ လက်ထက် ဥပဒေမဲ့ ပြုကျင့်မှုများကို တိုင်ကြားနိုင်သည်ဟု ဆိုသော်လည်း အရေးယူ ဆောင်ရွက်မှု ပြုမည်၊ မပြုမည်ကို ရှင်းလင်းစွာ ပြောဆိုခြင်း မရှိပေ။

ဦးသန်းရွှေနှင့် အငြိမ်းစား ၆၉ ဦးအတွက် ထောက်ပံ့ကြေးကိစ္စ ထပ်မံ စစ်ဆေးမည်

by ခင်ဦးသာ
26 November 2012
2.6k

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ် ၆၀ ကျော်၏ ထောက်ပံ့ငွေကြေး တောင်းခံမှု ကိစ္စကို ဥပဒေနှင့်ညီ၊ မညီ ထပ်မံ စစ်ဆေးသွားမည်

Next Post
ခရိုနီ, အခြေခံအဆောက်အဦ, ငွေကျပ် တန်ဖိုးလျော့ကျခြင်း, နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု, တရုတ်ကုမ္ပဏီများ

မြန်မာပြည် စီးပွားရေး ဝိရောဓိများ

ခရီးသွား

ပွင့်လင်းရာသီ အပန်းဖြေခရီးသွားသူ ပိုများလာ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

24 hours ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved