• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

လက်ပံတန်း အဓိကရုဏ်း တမင်ဖန်တီး ရိုက်နှက်တာလား

by မေစစ်ပိုင်
16 March 2015
in Human Rights
A A
လက်ပံတန်း, ရဲ တပ်ဖွဲ့ , ကျောင်းသား , NNER

မတ်လ ၁၀ ရက်က လက်ပံတန်းမှာ ကျောင်းသားတွေကို ရဲ တပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲနေတဲ့ မြင်ကွင်းတခု (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

6.2k
VIEWS
Share on FacebookShare on Twitter

“လူပုံစံကသာ ပါးလှပ်လှပ်လေး။ ဒါပေမယ့် စိတ်ဓာတ်က အရမ်းမာတဲ့ ကလေး” လို့ ဒေါ်ခင်ခင်ယုက ပြောပြတယ်။ ဒေါ်ခင်ခင်ယု က လက်ပံတန်းဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေထဲက တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ရဲ့ မိခင်ဖြစ်ပါတယ်။ သူ့သား အဖမ်းခံရတော့ ကျန်းမာရေးကို စိတ်ပူလို့ဆိုပြီး ကိုမင်းသွေးသစ်ကို ဖမ်းချုပ်ထားရာ သာယာဝတီထောင် ကို လိုက်လာတယ်လို့ သိရတယ်။

“ညှိနှိုင်းလို့ အဆင်ပြေသွားပြီ ကြားတုန်းကတော့ အန်တီက သမ္မတကြီး ကျန်းမာ၊ ချမ်းသာပါစေလို့ ဆုတောင်းပေးမိသေးတယ်။ နေ့လယ် ၁၁ နာရီနောက်ပိုင်း ဖုန်းတွေဆက်လို့မရတော့ဘဲ သတင်းတွေမှာ ပါလာတော့မှ သိတော့တယ်။ သူတို့ အဓိကရုဏ်း ဖန်တီး ပြီးတော့ ရိုက်နှက်တာတွေလေ၊ လူမဆန်ဘူး။ သားသမီးချင်း၊ ညီအစ်ကို မောင်နှမချင်း မစာနာ တိရစ္ဆာန်တွေ ဖမ်းသလို ကျောင်း သားတွေကို လက်တွေလိမ်ချိုး၊ ဂုတ်တွေကိုရိုက်နှက်နဲ့ လုပ်သွားတာ တွေ့ရတယ်”လို့ ဒေါ်ခင်ခင်ယုက ပြောပြတယ်။

အသား ညိုညို၊ ဆံပင်အရှည်နဲ့ စကားကို ခပ်အေးအေး ပြောတတ်လေ့ရှိတဲ့ ကိုမင်းသွေးသစ်က ရန်ကုန် အနောက်ပိုင်းခရိုင် တက္ကသိုလ် ဒုတိယနှစ် ရုက္ခဗေဒဘာသာရပ်နဲ့ ပညာသင်နေတဲ့ ကျောင်းသားတဦးဖြစ်ပါတယ်။ သူက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် တဦးဖြစ်ပြီး လယ်သမား၊ အလုပ်သမားစတဲ့ ကိစ္စတွေမှာ ပြည်သူတွေဘက်က ကူညီဆောင်ရွက်မှုတွေ လုပ်ခဲ့သလို ပရဟိတ စာသင်ကြားတာကိုလည်း လုပ်နေတဲ့သူတဦး ဖြစ်ပါတယ်။

လတ်တလောမှာတော့  အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် သာယာဝတီ အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ် ၅ ခု နဲ့ တရားစွဲ ဖမ်းဆီးခံထား ရပါတယ်။

မတ်လ ၁၁ ရက် ည ၈ နာရီကျော်မှာ ဖမ်းထားတဲ့ ကျောင်းသားတွေကို လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ပြီး ရမန်ယူခြင်းနဲ့ ပုဒ်မ တပ် တရားစွဲဆိုတာလုပ်တော့ ဖမ်းဆီးခံကျောင်းသားတွေရဲ့ မိဘတွေက ကျောင်းသားတွေနဲ့ တွေ့ဖို့ ကြိုးစားတယ်။ ဒါပေမယ့် တရားရုံးရှေ့မှာ ရဲအင်အား အများအပြားနဲ့ လုံခြုံရေးယူထားတာကြောင့် မိဘတွေအားလုံး ကျောင်းသားတွေကို တွေ့ခွင့်မရကြ ဘူး။

ကိုမင်းသွေးသစ်ရဲ့ မိခင် ဒေါ်ခင်ခင်ယု၊ မဖြိုးဖြိုးအောင်ရဲ့ မိဘ ၂ ဦး နဲ့ မရည်မိုမိုအောင်ရဲ့ မိခင် ဒေါ်အေးအေးမော် တို့ကလည်း လက်ပံတန်းတရားရုံးရှေ့ ရဲလုံခြုံရေးတွေကြားထဲကနေ သူတို့သားသမီးတွေ ရုံးထုတ်မှာ ပါလာသလား ဆိုတာကို ရှာဖွေ ကြည့်ခဲ့ကြတယ်။

မတ်လ ၁၁ ရက်ညပိုင်းက ဖမ်းဆီးခံကျောင်းသားတွေကို လက်ပံတန်းတရားရုံးမှာ ရုံးထုတ်အပြီး အချုပ်ကား ပြန်ထွက်လာတော့မှ မိဘတွေနဲ့ အုပ်ထိန်းသူတချို့က နာမည်တွေကို အော်ခေါ်ပြီး အချုပ်ကားတွေဆီ လက်တွေ လှမ်းပြကြတယ်။ အချုပ်ကားထဲက ဖမ်းဆီးခံကျောင်းသားတွေလည်း လက်တွေပြန်ပြကြတယ်။ စိတ်မပူဖု့ိ ပြန်အော်ပြောနေတာတွေ ကြားရတယ်။

လက်ပံတန်းမှာ ရဲတွေရဲ့ ဖမ်းဆီးရိုက်နှက်မှုတွေကို မိဘတွေမြင်ပြီး သူတို့သားသမီးတွေရဲ့ ကျန်းမာရေးနဲ့ ထောင်တွင်းမှာ နေထိုင် စားသောက်ရမယ့်ပုံစံ စိတ်ပူနေကြတယ်။ ဒါပေမယ့် ယနေ့အချိန်ထိ အာဏာပိုင်တွေက ဘယ်သူနဲ့မှ တွေ့ခွင့်မပေးသေးဘူး။

“ဒီနိုင်ငံမှာ ပညာသင်ရတာ ကျူရှင်လခတွေ အများကြီးအကုန်ခံပြီး ပညာသင်ရတယ်။ စာတခုတည်း ဘွဲ့ရလည်း ဘာမှလုပ်လို့ မရဘူး။ အဲဒီလို စုတ်ပြတ်နေတဲ့ ပညာရေးစနစ်ကို ပြင်နိုင်အောင် ကျောင်းသားတွေက ကြိုးစားကြတယ်။ အဲဒါကိုအစိုးရက ကူညီ ရမှာလေ။ အခုက ကူညီချင်ယောင်ဆောင်ပြီး ဖြိုခွင်းတယ်။ ရဲတွေက ဘာသာရေး အဓိကရုဏ်းတွေမှာ လူနည်းစုလူမျိုးတွေ အသတ်ခံရတာတွေကိုတော့ လက်ပိုက်ကြည့်နေတယ်။ ရဲအင်အား မလုံလောက်သလို လုပ်တယ်။ ကျောင်းသားတွေက ပညာရေး စနစ်အတွက် ဆန္ဒပြတော့ ရဲအင်အား အကြီးအကျယ်သုံးပြီး ချတယ်။ ရဲတွေရဲ့ လုပ်ပုံလုပ်နည်းက ပြောင်းပြန်ဖြစ်နေတယ်” လို့ လက်ရှိ ဖမ်းဆီးခံထားရတဲ့ ကျောင်သားသပိတ် ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေဝင်းက ဧရာဝတီကို ပြော တယ်။

မတ်လ ၁၂ ရက်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာနက လက်ရှိ အမှန်တကယ် ကျောင်းတက်နေကြတဲ့ ကျောင်းသား ကျောင်းသူ ၂၇ ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ အရ ခံဝန်ချက် လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက် တယ်။ မိဘအုပ်ထိန်းသူလက်ထဲ ပြန်ထည့်ပေးတယ်။

လွတ်လာတဲ့ ကျောင်းသားကျောင်းသူတချို့ရဲ့ မိဘ၊ အုပ်ထိန်းသူတွေကတော့ သူတို့သားသမီးတွေက နောက်ထပ် လှုပ်ရှားမှုတွေလုပ်မှာ စိုးရိမ်တဲ့ပုံစံမျိုးတွေ တွေ့ရတယ်။ တချို့ မိဘတွေကတော့ သူတို့သားသမီးက အမျိုးသား ပညာရေးပြုပြင်ပြောင်းလဲဖို့ လုပ် တာဖြစ်တဲ့အတွက် ဂုဏ်ယူကြတယ်။

“ကျနော့်သားက ခိုးယူတာ၊ ဆိုးသွမ်းနေတာ မဟုတ်ဘူး။ မြန်မာ့ပညာရေး ကောင်းမွန်ဖို့အတွက် လုပ်တာဖြစ်တာကြောင့် သူ့လုပ် ရပ်အပေါ် ဂုဏ်ယူတယ်။ အားပေးထောက်ခံတယ်” လို့ မတ်လ ၁၂ ရက်က လွတ်လာတဲ့ ကျောင်းသားတဦးရဲ့ ဖခင်က မျက်ရည် အဝဲသားနဲ့ လက်ပံတန်းမြို့နယ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့မှာ ဧရာဝတီကို ပြောပြတယ်။

လက်ပံတန်းမှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုမှာ ကျောင်းသားကျောင်းသူ ၁၂၇ ဦး၊ သံဃာ ၁၀ ပါးနဲ့ သတင်းသမားတချို့ကို အစိုးရအာဏာပိုင်တွေက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တယ်။ အဲဒီမှာ လက်ပံတန်း ဒေသခံ တချို့လည်း ဖမ်းဆီးခံရတဲ့အထဲ ပါသွားလို့ မိဘဆွေမျိုးတွေက သာယာဝတီထောင်အထိ လိုက်လံ စုံစမ်းနေတာ တွေ့ခဲ့ရတယ်။

“ကျမတို့ကို ဖမ်းဆီးပြီးတော့ အမျိုးသမီးရဲမေတွေကလည်း ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ ပြောတယ်။ တယောက်ချင်းစီရဲ့ မျက်နှာတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး ဒီလိုကောင်မတွေကို ဖမ်းလို့ရပြီဆိုတာ ဖေ့စ်ဘုတ်ပေါ်တင်ပြီး အောင်ပွဲခံမယ် ပြောတယ်။ ညီမတို့ အချိန်အတိုင်းအတာတခုကို စောင့်နေတာ၊ ကိုယ်ထိလက်ရောက် ကျုးလွန်မှု၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုတွေအပေါ် ပြန်ပြီးတရားစွဲဖို့ အစီအစဉ်ရှိတယ်” လို့ ပြန်ပြီးလွတ်လာတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မသိမ့်သိမ့်ခိုင်က ဧရာဝတီကို ပြောပြတယ်။

ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရပြီး လွတ်မြောက်လာခဲ့တဲ့ ကုန်ထုတ်ဓာတုမေဂျာ ကျောင်းသူ မရည်မိုမိုအောင်ကလည်း “ကျမတို့ရဲ့ ဒေါင်း အလံကို ဖျက်ဆီးတာကို မကျေနပ်ဘူး။ တရားမျှတမှု ရှိရှိနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စကို မဖြေရှင်းလို့ မကျေနပ်ဘူး။ မိန်းကလေးတွေကို မတရားရိုက်နှက် နှိပ်စက်စရာ မလိုဘူး။ ကျောင်းဝင်းထဲမှာ ဖမ်းဆီး ခံထားရတဲ့ ကျောင်းသားတွေကို ရဲတွေက တန်းစီရိုက်နှက် တယ်။ ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး အခုလိုလုပ်တာကို မကျေနပ်ဘူး။ အမျိုးသားပညာရေး ဥပဒေကို ပြင်ပေးပါလို့ အစိုးရကို တောင်းဆိုချင်တယ်။ ပြည်သူ့ရဲတပ်ဖွဲ့ ကူညီပါရစေဆိုပြီး အကြမ်းဖက်လုပ်ရပ်ကို နောက်မလုပ်ပါနဲ့လို့ ပြော ချင်တယ်”လို့ ဆိုပါတယ်။

အဲဒီလိုဖမ်းဆီးမှုကြောင့် ကျောင်းသားကျောင်းသူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံတင်ထားရတယ်လို့ ပြန်လည် လွတ်မြောက်လာတဲ့ ကျောင်းသားတွေက ဆိုတယ်။

လွတ်မြောက်လာတဲ့ ကျောင်းသားကျောင်းသူတွေက သူတို့ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဖြစ်ရပ်တွေကို ပြန်ပြောပြချိန်တိုင်းမှာ မျက်ရည် တွေဝဲလာသလို အသံတွေပါ တုန်ရီလာတာ တွေ့ခဲ့ရတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ကိုင်ပုံကို သူတို့ ခံပြင်းကြတယ်။ အစိုးရက ကတိပေးထားတဲ့အတိုင်း မလုပ်တဲ့အပေါ် သူတို့ စိတ်နာကြတယ်လို့ ပြောပြကြတယ်။

“နှစ်ဖက် ခဲတွေနဲ့ ပစ်နေချိန် ကျနော်က ဝင်တားတယ်။ တားတာ မရတော့ဘူး။ မရတော့ဘဲ ရဲဘက်က အရင်အကြမ်းဖက်တာ။ ကျနော့်လက်မောင်းကို နံပါတ်တုတ်နဲ့ ရိုက်တယ်။ လက်မောင်းထိပြီး သူတို့ ဝင်စီးတော့ ကျနော်တို့ ပြေးတယ်။ ပြေးတော့ ဘုန်းကြီး ကျောင်းထဲမှာ ကျနော်တို့ အသာတကြည်ပဲ အဖမ်းခံတယ်” လို့ သထုံ စိုက်ပျိုးရေးသိပ္ပံကျောင်းသား ကိုစိုးလွင်ကျော်က ဆိုပါတယ်။

သူက ဆက်လက်ပြီး “တဖက်ကို ၁၀ ယောက်စီ အချုပ်ကားပေါ်မတင်ခင် ကျနော်တို့ကို ရိုက်တယ်၊ အားလုံးကို။ ကျနော်က လက် မောင်းမှာ တချက်ထိတယ်။ ကျောကုန်းက ၇ ချက် လောက်ထိတယ်။ တဖက်ကို ၁၀ ယောက်စီ လမ်းလုပ်ပြီးတော့ လမ်းကြားထဲကို သွားခိုင်းပြီးတော့ ရိုက်တာ။ အချုပ်ကားပေါ် တက်ရင်းနဲ့ ရိုက်တာ”လို့ ပြန်လွတ်လာတဲ့ ကိုစိုးလွင်ကျော်က ရှင်းပြတယ်။

လက်ပံတန်းဆန္ဒပြမှုမှာ ဖမ်းထားတဲ့ ကျောင်းသားကျောင်းသူတွေ အားလုံးကို မတ်လ ၁၁ ရက်က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ရမန်ကြီး ၁၄ ရက် ယူထားခဲ့တယ်။ သူတို့ကို ဥပဒေ နဲ့ ဆန့်ကျင်တဲ့ အစုအဝေးမှာ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲထားပြီး ဖြစ်ကြောင်း သာယာဝတီ ခရိုင်ရဲမှူး အုန်းစိန်က ဧရာဝတီကို ပြောပြတယ်။ ဒါပေမယ့် ဖမ်းထားသူတွေရဲ့ အမည်စာရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ဦးစိုးထွန်းက “အကြမ်းမဖက်ပါနဲ့လို့ ပြောထားလျက်သားနဲ့ နောက်ဆုံး ဝင်ချလာပြီးတော့ ခဲတွေကလည်း ပလူပျံပြီးတော့ ထွက်လာတယ်။ ကျနော်တို့ လက်မခံနိုင်တာကတော့ ရိုက်နှက် ဖြိုခွင်းတဲ့ ကိစ္စပဲ။ ကျောင်းသားတွေက လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အရ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတာ။ အဲဒါကို အခုလို အကြမ်းဖက် ဖမ်းဆီး တာမျိုး လုပ်တဲ့အတွက် ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါ။ အစိုးရရဲ့ အခုလို လုပ်ရပ်ကို လုံးဝကန့်ကွက် ရှုတ်ချပါတယ်” လို့ ဆိုတယ်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
71
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
678

ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းခြင်းက လူ့အခွင့်အရေး ချိုးဖောက်ရာရောက်ပြီး ဆန္ဒပြ ကျောင်းသားများကို မည့်သည့် အခြေအနေတွင်မဆို ဖမ်းဆီးအရေးယူခြင်း မပြုလုပ်ဟု အစိုးရပေးထားတဲ့ ကတိမှာလည်း မတည်တော့ကြောင်း မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ဒေါက်တာသိန်းလွင်က ပြောဆိုတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးအတွက် သင်တန်းများ ပို့ချနေတဲ့ ဥရောပသမဂ္ဂကလည်း လက်ပံတန်း အဖြစ်အပျက်မှာ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားတယ်လို့ သိရတယ်။

၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်များရဲ့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ၊ အမေရိကန် အစိုးရ၊ အမေရိကန် လွှတ်တော် အမတ်များ၊ ဥရောပ သမဂ္ဂ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး Jen Psaki က “လွတ်လပ်စွာ စုရုံးခွင့်ဆိုတာ ဘယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာမဆို ရှိရတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းတာ ကျမတို့ ရှုတ်ချပါတယ်” လို့ ပြောဆိုခဲ့တယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေ ဖြစ်တဲ့ ဂျိုးစ် ခရော်လီ နဲ့ စတိဗ် ချာဘို့ တို့ကလည်း “မြန်မာ အာဏာပိုင်များနှင့် ၎င်းတို့ ငှားရမ်းထားသော လူဆိုးလူမိုက်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ကိုင်တွယ်မှု အပေါ် ရွံရှာမိကြောင်း၊ ကျောင်းသားများသည် ပညာရေး မူဝါဒအပြောင်းအလဲကို တောင်းဆိုနေခြင်းသာဖြစ်ပြီး သူတို့ကို ရန်သူဟု မသတ်မှတ်သင့်ကြောင်း” ဟု မတ်လ ၁၀ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေက ကြေညာချက်တွေထုတ်ပြန် ရှုတ်ချခဲ့ပေမယ့် အစိုးရကတော့ လက်ပံ တန်းဖြစ်ရပ်မှာ ကျောင်းသားတွေကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အစိုးရသတင်းစာတွေနဲ့ ရုပ်သံတွေမှာ ကြေညာနေတာ ဒီနေ့အထိ ဖြစ်ပါတယ်။     ။

Your Thoughts …
Tags: Education
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

လိင်ပညာပေး

အမျိုးသားတို့ သုက် လွှတ် မစောစေဖို့

by အေးမင်း
21 May 2016
101.6k

အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစား ရလေ့ ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက...

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

by အေးမင်း
27 April 2016
203k

လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ လိင်တံကျိုးခြင်း၊ မအင်္ဂါ စုတ်ပြတ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်းခြင်းတို့ဟာ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်

ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

by အေးမင်း
9 July 2016
141.1k

တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့...

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

by အေးမင်း
16 July 2016
108.2k

မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင်...

ကျန်းမာရေး , လိင်ပညာပေး

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု

by အေးမင်း
28 May 2016
185.6k

လိင်မှုဆိုင်ရာ စွမ်းရည်တွေကို အမြင့်ဆုံးမြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ၅ ခုကတော့ အလေးမခြင်း၊ Kelgel လေ့ကျင့်ခန်း ၊ ယောဂ လေ့ကျင့်ခြင်း၊ ရေကူးခြင်းနဲ့ လမ်းမြန်မြန်လျှောက်ခြင်းတို့ ဖြစ်ပါတယ်

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

by အေးမင်း
27 June 2015
422k

သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်

Next Post

ဖမ်းဆီးထားသည့် ဆန္ဒပြ အလုပ်သမား ၁၃ ဦးကို အာမခံဖြင့် ပြန်လွှတ်

၆ ပွင့်ဆိုင်တွေ့ဆုံပွဲက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ပါ့မလား

၆ ပွင့်ဆိုင်တွေ့ဆုံပွဲက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ပါ့မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved