• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

သရေခေတ္တရာ မြို့ဟောင်းဇုန်၌ နေအိမ်များ ကျူးကျော်ဆောက်လုပ်ခြင်း မရှိရန် စီစဉ်

by မေစစ်ပိုင်
27 July 2015
in Culture
A A
ပျူ မြို့ဟောင်း, သရေခေတ္တရာ, ယဉ်ကျေးမှု ဝန်ကြီးဌာန

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ မြို့ဟောင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

2.8k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း တမြို့ ဖြစ်သည့် သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်း နေအိမ်များ ကျူးကျော်ဆောက် လုပ် လာခြင်းမရှိစေရန် အတွက် တိုးချဲ့ရပ်ကွက် ပြုလုပ်ပေးရန် စီစဉ်နေသည်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နှင့် ၅ မိုင်ခန့်တွင် တည်ရှိသည့် သရေခေတ္တရာ မြို့ဟောင်းဇုန်နယ်မြေအတွင်း ကျေးရွာ ၁၉ ရွာ နှင့် ဘုန်းတော်ကြီးကျောင်း ၁၁၅ ကျောင်းရှိကြောင်း၊ ထို့ကြောင့် ဇုန်နယ်မြေအတွင်း လူဦးရေတိုးပွားလာမှုနှင့် နယ်မြေ ချဲ့ထွင်လာမှုမဖြစ်စေရန် ရည်ရွယ်၍ နယ်မြေသစ်တခုရှာပြီး တိုးချဲ့ရပ်ကွက် ပြုလုပ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း၍ စီစဉ်နေခြင်းဖြစ် ကြောင်း သိရသည်။

“ဇုန်နယ်မြေမှာ ရှိနေတဲ့ရွာတွေကတော့ မပြောင်းရဘူး။ ဒါပေမယ့် လူဦးရေးတိုးတက်လာရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး တိုင်ပင်ကြတော့ မြို့ရွာနေထိုင်မှုအတွက် တိကျတဲ့အဖြေလိုအပ်တယ်ဆိုတယ်။ ဒါကြောင့် မြို့သစ်တိုးချဲ့ရမယ်။ ဘယ်တော့လောက် ဆို တာ တော့ ခန့်မှန်းမရနိုင်သေးဘူး။ ဒါက လူကြီးတွေက စီစဉ်နေကြတာဆိုတော့လေ”ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ကမ္ဘာ့အမွေအနှစ် များဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က ဧရာဝတီသို့ ပြောသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
42
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

ဇုန်နယ်မြေ၌ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း ကျူးကျော် ဝင်ရောက်နေထိုင်သည့် အိမ်ခြေ ၁၀၀ ကျော်ရှိခဲ့သည့် အတွက် အဆောက်အအုံ တိုးချဲ့ရန်နှင့် အထပ်မြင့်ပြင်ဆင်မည်ဆိုပါက ကမ္ဘာ့အမွေအနှစ်များ ဌာနခွဲသို့ တင်ပြ၍ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

“တားမြစ်ထားတာတွေ မလုပ်ဖို့ စည်းရုံးရေးလုပ်ရတယ်။ မြေနီ ကျောက်စရစ်တွေတူးတော့ တောင်တွေက သဘာဝအတိုင်း မရှိတော့ဘူး အပင်တွေပျက်စီးတယ်။ ကျွဲနွားတွေဝင်ပြီး ကျောင်းတော့၊ ဇုန်ထဲက ရှေးဟောင်းအဆောက်အအုံတွေထဲ ဝင်လာတော့ ပျက် စီးကုန်မှာစိုးရိမ်လို့ သတိပေးရတယ်”ဟု သရေခေတ္တရာဇုန် စီမံခန့်ခွဲမှုကော်မတီ မှ ဦးစိုးမိုးအောင် က ရှင်းပြသည်။

ယင်းဇုန်နယ်မြေရှိ ကျေးရွာ ဒေသခံများသည် ရွှေကျင်ခြင်း၊ မြေနီတူးဖော်ခြင်း၊ ကျောက်စရစ်တူးဖော်ခြင်း၊ ကျွဲနွားဆိတ်များ ကျောင်း ခြင်း၊ အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်းနှင့် လယ်ယာစိုက်ပျိုးခြင်းများ ပြုလုပ်ကြကြောင်း၊ ထို့ကြောင့် ဇုန်နယ်မြေအတွင်း ရပ်၊ ကျေးပိုင်နယ်မြေမှတ်တိုင်များနှင့် ဇုန်နယ်မြေမှတ်တိုင်များ စိုက်ထူခြင်း၊ ရွှေကျင်ခြင်း၊ မြေနီ၊ ကျောက်စရစ်တူးဖော်ခြင်းများကို တားမြစ်ခြင်းနှင့် ထွန်ယက်စိုက်ပျိုးရာတွင် စက်ယန္တရားများ မသုံးရန် စည်းရုံခြင်းတို့အပြင် ဆိုင်းဘုတ်များ စိုက်ထူ၍ တားမြစ်ထားကြောင်း သိရ သည်။

“ဥပဒေ အရ တားမြစ်ထားပေမယ့် ဒေသခံတွေနစ်နာမှာလည်း စိုးရိမ်လို့ စည်းရုံးတဲ့နည်းနဲ့ပဲ ဖြေရှင်းနေတယ်။ ကမ္ဘာ့ အမွေအနှစ်ကို ကာကွယ် ထိန်းသိမ်းဖို့လိုအပ်သလို ဒေသခံတွေတိုးတက်ဖို့ကလည်း စိန်ခေါ်မှု တရပ်ဖြစ်တယ်”ဟု ကမ္ဘာ့အမွေအနှစ်များ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က ဆိုသည်။

ထိုသို့ တားမြစ်ချက်များနှင့် စည်းရုံးမှုများကို မလိုက်နာပါက ယဉ်ကျေးမှု အမွေအနှစ်ဒေသဆိုင်ရာ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၄ အရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဇုန်စီမံခန့်ခွဲမှုကော်မတီ မှ သိရသည်။

လက်ရှိတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ပျူမြို့ဟောင်းများဖြစ်သည့် ဗိဿနိုး၊ သရေခေတ္တရာနှင့် ဟန်လင်းမြို့ဟောင်းများ ရှိ ဒေသခံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြို့ဟောင်းများနှင့် မြို့တွင်းပြေးဆွဲကားငယ်များ ပြေးဆွဲစေခြင်း၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် ရွေ့လျား ဈေးဆိုင်ငယ်များ ဖွင့်လှစ်စေပြီး စီးပွားရေးအခွင့်အလမ်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။

သရေခေတ္တရာ မြို့ဟောင်း၊ ဗိဿနိုး မြို့ဟောင်းနှင့် ဟန်လင်း မြို့ဟောင်းတို့ကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့အမွေအနှစ် (World Heritage List) စာရင်းတွင် ထည့်သွင်းခဲ့သည်။

Your Thoughts …
Tags: Heritage
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

UNESCO, မြစေတီ ကျောက်စာ, ရာဇကုမာရ် ကျောက်စာ, ဂူပြောက်ကြီး ကျောက်စာ, မြင်းကပါရွာ, ကမ္ဘာ့ အမွေအနှစ်, ပုဂံပြတိုက်

မြစေတီ ကျောက်စာ ကမ္ဘာ့ အမွေအနှစ် စာရင်းသွင်းရန် ကြိုးပမ်း

by ရန်ပိုင်
17 February 2014
5.3k

မြစေတီ ကျောက်စာဟု လူအများသိသော ကျန်စစ်သားမင်းကြီး၏ သားတော် ရာဇကုမာရ် မင်းသား ရေးထိုးခဲ့သည့် ပုဂံခေတ် ကျောက်စာကို ကမ္ဘာ့ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ် စာရင်း (Memory of The World Register) သွင်းရန်

နှစ် ၁၂၀ ကျော်ပြီ ဖြစ်တဲ့ စိန်တုံးမိဖုရားကျောင်း

နှစ် ၁၂၀ ကျော်ပြီ ဖြစ်တဲ့ စိန်တုံးမိဖုရားကျောင်း

by စနေလင်း
14 July 2014
14.6k

နှစ် ၁၂၀ ကျော်ပြီ ဖြစ်တဲ့ “ရတနာဘုံမြင့်” လို့ အမည် ပေးထားတဲ့ ရှေးဟောင်း ဘုန်းကြီးကျောင်းကြီး ပါ။ စိန်တုံး မိဖုရားကျောင်း လို့လည်း လူသိများ ပါတယ်။ လက်ရှိ အနေအထား မှာတော့ အုတ်တိုက်...

သရေခေတ္တရာ ပျူမြို့ဟောင်းကို လေ့လာခြင်း

သရေခေတ္တရာ ပျူမြို့ဟောင်းကို လေ့လာခြင်း

by ကောင်းမြတ်မင်း
13 March 2015
1.9k

ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသနက ထိန်းသိမ်း စောင့်ရှောက်လျှက် ရှိပေမယ့် မကြာသေးမီက ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တဦးက ကြံစိုက်ပျိုးဖို့ ထွန်ယက် တာကြောင့် ပျူတိုက်လို့ ခေါ်တဲ့ ရှေးဟောင်းကုန်း ၇ ခု...

ရန်ကုန်မြို့လယ်က သမိုင်းဝင် ဂျူး ဘုရားကျောင်း

ရန်ကုန်မြို့လယ်က သမိုင်းဝင် ဂျူး ဘုရားကျောင်း

by အေးချမ်းမြေ့
16 May 2014
21.2k

ဒါဟာ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှု အတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲ တခုပါပဲ။ ကျနော်တို့ဆီကို ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ လာတယ်။ မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေက အစ ဂျူး ဘုရားကျောင်းကို လာပြီး ဖရောင်းတိုင်...

ဟော်နန်းအိုသို့ အလည်တခေါက်

ဟော်နန်းအိုသို့ အလည်တခေါက်

by ရန်ပိုင်
22 September 2012
16.1k

ဆင်ငိုမြက်များ ဖုံးနေသော ခြံအ၀င် လမ်းလေးနှင့် အဖြူရောင် ဆေးသား ပြယ်လွင့်နေသည့် သော့ခတ် ထားသော သံတံခါး ကြီးကို ကြည့်ခြင်းဖြင့် ဤခြံသည် လူအ၀င် အထွက် နည်းပါးမှန်း သိသာလှ၏။

စစ်ကိုင်း မဟာသိမ်တော်ကြီး နံရံဆေးရေး ပန်းချီများ ထိန်းသိမ်းရေး ထိုင်း ကူညီမည်

စစ်ကိုင်း မဟာသိမ်တော်ကြီး နံရံဆေးရေး ပန်းချီများ ထိန်းသိမ်းရေး ထိုင်း ကူညီမည်

by ရန်ပိုင်
12 August 2014
2.9k

စစ်ကိုင်းမြို့ မဟာ သိမ်တော်ကြီး အတွင်းရှိ နံရံဆေးရေး ပန်းချီများအား ထိုင်းနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနက နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ပြုပြင် ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

Next Post
မုန်တိုင်း, ဘင်္ဂလား ပင်လယ်အော်, မိုး/ဇလ, မုန်တိုင်းငယ်

ဘင်္ဂလား ပင်လယ်အော် မုန်တိုင်းငယ်ကြောင့် ဒေသတချို့ မိုးကြီး၍ လေပြင်း တိုက်နိုင်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved