ဟားခါးမြို့သည် လူဦးရေ ၂၀၀၀၀ ကျော်ရှိပြီး တောင်မြေ ပြိုကျမှုကြောင့် မြို့တွင်းပျက်စီးသွားသည့် လူနေအိမ် ၃၇၅ အိမ်နှင့် ရွာများမှ ၄၇ အိမ် ပျက်စီးခဲ့သည်။ ရပ်ကွက် ၆ ခုရှိသည့် အနက် ၅ ခုမှာ ပျက်စီးမှု များစွာ ဖြစ်ပေါ်ခဲ့သည်။ ဟားခါးမြို့နှင့် အနီးတဝိုက်တွင် မြေသား ပြိုကျမှုကြောင့် နေအိမ်များနှင့် စေတီပုထိုး အချို့ ပျက်စီးခဲ့ပြီး ဒေသခံများ အတွက် လမ်းပန်းဆက်သွယ်ရေး အခြေအနေမှာလည်း ခက်ခဲနေဆဲ ဖြစ်သည်။ ထိုအခြေအနေများကို အလွတ်တန်း ဓာတ်ပုံ သတင်းထောက်တဦးဖြစ်သည့် စိုင်းဇော်က သွားရောက်မှတ်တမ်းတင်ခဲ့သည်။
(The Irrawaddy Weekly, Vol.2 No. 36 စာမျက်နှာ ၂၆နှင့် ၂၇ တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)