မန္တလေးမြို့မှ ၁၂၆ မိုင်ကွာဝေးသော မိုးကုတ်မြို့သည် ကမ္ဘာကျော် ကျောက်မျက် ရတနာများ ထွက်ရှိပြီး ပတ္တမြားမြေ ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ကမ္ဘာကျော် ပတ္တမြားများ ထွက်သည်ဟု ခေတ်အဆက်ဆက် နာမည်ကြီး ခဲ့သည့် မိုးကုတ်မြေတွင် နီလာနှင့် တခြား ကျောက်မျက် ရတနာများလည်း ထွက်ရှိသည်။ မိုးကုတ် ဒေသ တွင် ကျောက်တွင်းများစွာ ရှိပြီး ကျောက်တူးသမား တို့၏ ဘဝနှင့် ကျောက်မျက် တူးဖော် လုပ်ကွက်များ အကြောင်းကို ဧရာဝတီ ဓာတ်ပုံ သတင်းထောက် သော်ဟိန်းထက်က မှတ်တမ်းတင် ထားသည်။
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်