စစ်တပ်အာဏာသိမ်းမှုနဲ့အတူ အာဏာသိမ်းမှုကိုလက်မခံဘဲ အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့သူတွေဟာလည်း ၄ နှစ်တာကာလကို ဖြတ်သန်းရောက်ရှိလာခဲ့ပါပြီ။
CDM မှာပါဝင်ခဲ့ကြတဲ့ တချို့ဟာ လက်နက်ကိုင်တော်လှန်ရေးထဲဝင်ရောက်တာ၊ တချို့က နယ်စပ် မြို့တွေမှာ တိမ်းရှောင်ပြီးရရာအလုပ်ကို လုပ်ကိုင်နေကြရတာအပြင် တဦးတယောက်စီတိုင်းဟာ ခက်ခဲတဲ့ လူနေမှုအခြေအနေတွေကို ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။
ဒီထဲမှာ စစ်တပ်အာဏာသိမ်းမှုကိုလက်မခံဘဲ CDM မှာပါဝင်ခဲ့တဲ့အပြင် မိသားစုတွေကပါ စစ်အာဏာရှင် ပြုတ်ကျရေးမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ကိုင်နေတာကြောင့် နေအိမ်တွေချိတ်ပိတ်ခံရ လိုက်လံဖမ်းဆီးတာကို ခံခဲ့ရသူတွေထဲမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒေါက်တာ အေးချမ်းမွန် လဲပါဝင်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲဆန့်ကျင်ပုန်ကန်တာဟာ မိမိကိုယ်ကိုယ်လွတ်မြောက်အောင် ကြိုးပမ်းတာဖြစ်တယ်လို့ သူကဆိုလိုက်ပါတယ်။














