• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်အင်အား ဖြည့်တင်းရေး စစ်ကောင်စီ အကျပ်အတည်းဆိုက်နေသည်

by ဇေယျ (အညာ)
11 February 2025
in သူ့အတွေး သူ့အမြင်
A A
သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ

စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် တပ်သားသစ်များကို စစ်ပစ္စည်းများ ဝေပေးစဉ် / Pro-junta Telegram channel

4.1k
VIEWS
Share on FacebookShare on Twitter

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် စစ်ကိုင်းတိုင်း၏ မြို့တော်ဖြစ်သည့် မုံရွာမြို့ကြီးသည် မြို့ပျက်ကြီးကဲ့သို့ တိတ်ဆိတ် ခြောက်ကပ်သွားသည်ကို တွေ့ရ၏။ ဈေးဆိုင်များ၊ အိမ်များ တံခါးပိတ် တိတ်ဆိတ်နေပြီး မဖြစ်မနေ အပြင်ထွက်ရန် လိုသူတချို့ မနက်ပိုင်း ခဏတဖြုတ် ခပ်သုတ်သုတ် သွားကြလာကြသည်ကို တွေ့ရ၏။ တနေကုန်နီးပါး လမ်းများပေါ်တွင် လူမရှိတော့ပေ။ မြို့အနီး ပတ်လည်ရွာများမှ ဈေးဝယ်လာသူများပင် မရှိတော့။

ဇန်နဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်အတွင်း ‌လူ ၂၀၀ ခန့် ဖမ်းဆီးခံရပြီး ၂၈ ရက်နေ့ ညနေတွင်လည်း ၆၀ ခန့် ဖမ်းဆီးခံရသည်ဟု ချင်းတွင်းရိုးမ မဟာမိတ်စစ်ကြောင်းက အသိပေးထားသည်ကို တွေ့ရ၏။ စစ်တပ်သည် နေ့ခင်းကြောင်းတောင် မြို့ပတ်နေပြီး လမ်းမပေါ်သာမက အိမ်များ၊ ဆိုင်များအတွင်းအထိပါ ကျား၊ မ မရွေး လူဖမ်းပွဲ ကျင်းပနေကြသည်ဟု မုံရွာဒေသခံများက ဆိုကြ၏။ သို့ဖြစ်ရာ မုံရွာမြို့ကြီးသည်လည်း တစ္ဆေမြို့တော်အဖြစ် တမုဟုတ်ချင်း ပြောင်းလဲသွားတော့၏။

တကယ်တော့ ထိုဇာတ်လမ်းသည် ၂၀၂၄ ခုနှစ်က စတင်သည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ စစ်သားသစ်စုဆောင်းစဉ်က စစ်သားသစ်များကို ငွေကြေးဖြင့် ဝယ်ယူအစားထိုးခြင်း၊ ဆင်းရဲ၍ မလွန်ဆန်နိုင်သည့်၊ ပြေးစရာမြေ မရှိသူများအား အတင်းအကျပ် တပ်သားသစ် စုဆောင်းခြင်းများပြုလုပ်၍ စတင်လည်ပတ်ခဲ့၏။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အခငွေကြေးပေးပြီး စစ်သားသစ် ဝယ်မရတော့ပေ။ ငွေကြေးတတ်နိုင်သူများကလည်း ပြည်ပသို့ ထွက်ခွာသွားကြရာ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းခြင်း၊ လမ်းမများ၌ ညဘက် လိုက်လံဖမ်းဆီးခြင်း၊ ညဘက် ဧည့်စာရင်းစစ်သည်ဆိုကာ ဖမ်းဆီးခြင်းတို့ ပြုလုပ်လာ၏။

သို့သော် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အခငွေကြေးပေးပြီး စစ်သားသစ် ဝယ်မရတော့ပေ။ ငွေကြေးတတ်နိုင်သူများကလည်း ပြည်ပသို့ ထွက်ခွာသွားကြရာ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းခြင်း၊ လမ်းမများ၌ ညဘက် လိုက်လံဖမ်းဆီးခြင်း၊ ညဘက် ဧည့်စာရင်းစစ်သည်ဆိုကာ ဖမ်းဆီးခြင်းတို့ ပြုလုပ်လာ၏။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ညမိုးချုပ်သည်နှင့် လမ်းပေါ်တွင် လူမရှိတော့ပေ။ တိကျစွာ ပြောရလျှင် လူငယ်များ မရှိတော့။ ညဘက်လမ်းထွက်သည့် လူငယ်များအား စစ်တပ်က အတင်းအဓမ္မ ဖမ်းဆီး၍ တပ်သားသစ် စုဆောင်းခြင်းကို ရှောင်ရှားနေရခြင်းဖြစ်၏။

၂၀၂၄ ခုနှစ်၊ ဧပြီလမှစ၍ လစဉ် တပ်သားသစ် ၅,၀၀၀ နှုန်းစုဆောင်းသည်ဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် သင်တန်းအပတ်စဉ် ရှစ်ခု ခေါ်ခဲ့၏။ အစောပိုင်းက စစ်သား ဝယ်ထည့်ခြင်း၊ မဲနှိုက်ထည့်ခြင်းတို့ဖြင့် ဖြေရှင်းခဲ့ကြ၏။ သို့သော်လည်း စစ်သား မလုပ်လိုသူ လူငယ်အများအပြားသည်လည်း နည်းလမ်းပေါင်းစုံဖြင့် ပြည်ပသို့ ထွက်ခွာတိမ်းရှောင်ကြ၏။ ငွေပေး၍ စစ်သားလုပ်လိုသူကိုပင် ဝယ်၍မရတော့။

စစ်တပ်၏ စာရင်းအရ တပြည်လုံးတွင် စစ်မှုထမ်းရမည့် အသက်အရွယ် သန်းနှင့်ချီ ရှိနေသော်လည်း စစ်တပ်သည် တိုင်းပြည်၏ တဝက်ကိုပင် ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမှုက ထင်ရှားစွာ သက်သေပြလိုက်သည်။

ထို့ပြင် စစ်မှုထမ်းနိုင်သည့် အသက်အရွယ်၊ အလုပ်လုပ်နိုင်သည့် အသက်အရွယ် လူငယ်အများအပြားသည် နိုင်ငံရပ်ခြားသို့ ရောက်နေကြသည်။ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မြန်မာ ၂ သန်း ၃ သိန်းခန့်ရှိသည်ဟု ဆိုကြသော်လည်း အချို့အရင်း အမြစ်များအဆိုအရ မြန်မာ ၄ သန်းခွဲမှ ၆ သန်းခန့် ထိုင်းနိုင်ငံတွင် ရှိသည်ဟု ခန့်မှန်းသည်ကို တွေ့ရ၏။

မလေးရှားတွင် မြန်မာ ၃ သိန်းမှ ၅ သိန်းမှသည် ၁ သန်းအထိပင် ရှိမည်ဟု ခန့်မှန်းကြ၏။ ဤကိန်းဂဏန်းများ၏ ရာခိုင်နှုန်းအများစုမှာ အလုပ်လုပ်နိုင်သည့်အရွယ်၊ စစ်မှုထမ်းနိုင်သည့် အရွယ်များဖြစ်ကြရာ ပြည်တွင်း၌ စစ်မှုထမ်းနိုင်သည့် လူဦးရေသည် စစ်ကောင်စီ ခန့်မှန်းတွက်ချက်သကဲ့သို့ မရှိနိုင်တော့ပေ။

နွေဦးတော်လှန်ရေး စတင်ပြီး မကြာခင် တပြည်လုံးအနှံ့ စစ်မျက်နှာဖွင့် တိုက်ရသည့်အပြင် ထိခိုက်ဆုံးရှုံးမှုများ တစတစ တိုးများလာရာ တပ်သားသစ် လိုအပ်ချက် တိုးလာခဲ့၏။

နွေဦးတော်လှန်ရေး စတင်ပြီး မကြာခင် တပြည်လုံးအနှံ့ စစ်မျက်နှာဖွင့် တိုက်ရသည့်အပြင် ထိခိုက်ဆုံးရှုံးမှုများ တစတစ တိုးများလာရာ တပ်သားသစ် လိုအပ်ချက် တိုးလာခဲ့၏။ ၁၉၈၈ ဝန်းကျင်ကာလများအထိ စစ်တပ်တွင် အညာသားများ၊ ရခိုင်နှင့် ချင်းလူမျိုး တပ်သားများ အများအပြား ပါဝင်ခဲ့၍ စစ်တပ် တိုက်အားကောင်းခဲ့သည်။

ဤသို့သော အခြေအနေသည် မဆလခေတ် စီးပွားရေးအခွင့်အလမ်း မရှိသဖြင့် အခြေခံ လူတန်းစားများအတွက် စစ်မှုထမ်းခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းအတွက် အဓိက ထွက်ပေါက် ဖြစ်နေသည့်အပြင် ထိုစဉ်ကာလက စစ်တပ်တွင် လစာ၊ ရိက္ခာ၊ အခမဲ့ဆေးကုသခွင့်၊ နေထိုင်စရာ စသည့် စစ်တပ်မှ အခွင့်အရေးများသည် ပြင်ပ အလုပ်သမား၊ စာရေးစာချီနှင့် နှိုင်းယှဉ်လျှင် မဆိုးလှသည့်အခြေအနေတွင် ရှိ၍ဖြစ်၏။

၁၉၈၈ နောက်ပိုင်းမှစ၍ အခြေအနေ ပြောင်းလဲသွားသည်။ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လာ၏။ ယခင် ပညာတတ်များသာ နိုင်ငံရပ်ခြားထွက်၍ အလုပ်လုပ်ကိုင်နိုင်ရာမှ အခြေခံအလုပ်သမားများပါ ပြည်ပထွက်၍ အလုပ်လုပ်ကိုင်နိုင်သဖြင့် ပြည်ပထွက်၍ အလုပ်လုပ်သူ ပေါများလာ၏။ နဝတ၊ နအဖ ခေတ်က ပြည်ပထွက်သူ များ၍ တိုင်းပြည်တွင်း လူနည်းသွားပါက အုပ်ချုပ်ရ သက်သာသည်ဟု ယူဆသည့် ဗိုလ်သန်းရွှေကြောင့်သာမက ပြည်တွင်း၌ အခြေခံ အလုပ်သမားများ၏ အခြေခံလုပ်စာ မြင့်တက် မလာသည့်အတွက် လုပ်ခလစာမြင့်သည့် ပြည်ပသို့ ထွက်ခွာသူ တနှစ်ထက်တနှစ် များပြားခဲ့၏။

တဖက်ကလည်း ယခင် မဆလခေတ်က တပ်တွင်းခံစားခွင့်သည် ပြင်ပ၌ အလုပ်အကိုင် မရှိသည့်အခြေအနေတွင် မဆိုးလှဟု ယူဆ၍ရသော်လည်း ယခုခေတ် ပြည်ပမှ လုပ်ခလစာနှင့် ယှဉ်လျှင် မပြောပလောက်ပေ။

၁၉၈၈ နောက်ပိုင်းတွင် စစ်သားလုပ်ခြင်းသည် အခြေခံလူတန်းစားများအတွက် ထွက်ပေါက် မဟုတ်တော့ပေ။ ၁၉၈၈ နောက်ပိုင်း စစ်တပ်တွင် စစ်ဗိုလ်များ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အလမ်းများကြောင့် စစ်ဗိုလ်လုပ်လိုသူ ပေါများသလောက် စစ်သားလုပ်လိုသူ မရှိတော့ပေ။ ရာထူးတက်လိုသူ စစ်ဗိုလ်များက စစ်သား ဝယ်ထည့်ရသည့် အစဉ်အလာ စစ်တပ်အတွင်း ပေါ်ပေါက်လာခဲ့သည်မှာ အနှစ် ၂၀ ကျော်ခဲ့ပြီဖြစ်၏။

နွေဦးတော်လှန်ရေး မတိုင်မီက စစ်တပ်သည် စစ်ပွဲကို နေရာ‌ဒေသ အကန့်အသတ်နှင့် တိုက်ခိုက်ခွင့်ရသဖြင့် စစ်သားပြုန်းတီးမှု နည်းပါးပြီး စစ်အင်အားဖြည့်တင်းရန် အခက်အခဲ မကြီးမားခဲ့ပေ။

နွေဦးတော်လှန်ရေး ကာလအတွင်း မြန်မာပြည် နေရာအနှံ့အပြား စစ်မျက်နှာ ဖွင့်လှစ်ရပြီး တိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များ အပါအဝင် တပ်ရင်းတပ်ဖွဲ့အများအပြား စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွား၏။

နွေဦးတော်လှန်ရေး ကာလအတွင်း မြန်မာပြည် နေရာအနှံ့အပြား စစ်မျက်နှာ ဖွင့်လှစ်ရပြီး တိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များ အပါအဝင် တပ်ရင်းတပ်ဖွဲ့အများအပြား စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွား၏။

ကျန်သည့် တိုင်း၊ တပ်မ၊ စကခ လက်အောက်ခံ တပ်ရင်း အားလုံးနီးပါး သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းမိ၊ လက်နက်ချ၊ ကူးပြောင်း စသည်ဖြင့် အင်အားအများအပြား ဆုံးရှုံးသွားခဲ့ရာ စစ်သားသစ်များ အဓမ္မ စုဆောင်းနိုင်ရန်အတွက် နအဖ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စစ်သားစုဆောင်းခြင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလမှ စတင်ခဲ့၏။

စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများ

ယခုကာလတွင် တိုင်းရင်းသား အားလုံးနှင့် ပဋိပက္ခ ပြင်းပြင်းထန်ထန် ဖြစ်နေသည့်အပြင် ဗမာများကလည်း လက်နက်ကိုင်တော်လှန်နေသည့် ကာလဖြစ်ရာ နိုင်ငံရေးအရ စည်းရုံးသိမ်းသွင်းရန်လည်း မလွယ်ကူပေ။

စစ်တပ်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကလည်း လက်တွေ့တွင် အားမကိုးရပေ။

ပြီးခဲ့သည့် နှစ်နှစ်ခန့် စစ်သားလိုအပ်မှု စတင်ခါစတွင် USDP က စစ်တပ်အတွက် တပ်သား ၅ သောင်းပေးမည်ဟု အသံကောင်းဟစ်ခဲ့ဖူး၏။ ပါတီဝင် သန်းချီရှိပြီး ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတို့တွင် လူဦးရေ သန်းနှင့်ချီ မဲပေးခဲ့သည့် USDP ပါတီသည် လက်တွေ့တွင် တပ်သားသစ် ၅ သောင်း စုဆောင်းပေးနိုင်ခြင်း မရှိပေ။

စစ်တပ်ပါတီ USDP က စစ်တပ်တပ်ထောက်ခံသူ၊ စစ်တပ်အတွက် တိုက်ခိုက်ပေးမည့်သူ ၅ သောင်းသာ စုဆောင်းပေးနိုင်ပါက စစ်တပ်အတွက် အတော်ပင် အသက်ရှူချောင်ပေလိမ့်မည်။ စစ်တပ်၏ ခြေလျင်၊ ခြေမြန် တပ်ရင်း ၅၀၀ အား တရင်းလျှင် ၁၀၀ စီ အင်အားဖြည့်တင်းနိုင်မည့်အပြင် စစ်တပ်ထောက်ခံသူ၊ စစ်တပ်အတွက် တိုက်ပွဲဝင်မည့်သူများဖြစ်သဖြင့် စစ်တပ်အတွက် တအားဖြစ်ပေလိမ့်မည်။

လက်တွေ့တွင် USDP နှင့် အမျိုးဘာသာ၊ သာသနာအတွက် ဓားဆွဲထွက်သူ ၅ သောင်းပင် မရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်ရ၏။

လက်တွေ့တွင် USDP နှင့် အမျိုးဘာသာ၊ သာသနာအတွက် ဓားဆွဲထွက်သူ ၅ သောင်းပင် မရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်ရ၏။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.4k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
643
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.7k

လက်ရှိ တပ်သားသစ်စုဆောင်းမှု အစပိုင်းကတည်းက မိမိသဘောနှင့် စစ်မှုထမ်းသူ မရှိသလောက်ဖြစ်သည်ကို တွေ့ရ၏။ သို့သော်လည်း ငွေဖြင့် ဖြေရှင်း၍ ရနေသေးခြင်းနှင့် ရုန်းမထွက်နိုင်သည့် အခြေခံလူတန်းစားများ ရှိနေသေး၍ ခံသာနေသော်လည်း ၂၀၂၄ ခုနှစ် သင်တန်း ရှစ်ပတ် လူ ၄ သောင်းခန့် စုဆောင်းအပြီးတွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင်ပင် ညမထွက်ရဲသည့်အခြေသို့ ဆိုက်ရောက်ခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမအပတ် စစ်သားသစ် စုဆောင်းချိန်မှာတွင်ပင် မုံရွာကဲ့သို့ မြို့ကြီးများမှာပင် တိတ်ဆိတ် ခြောက်ကပ်ပြီး မြို့ပျက်ကြီးကဲ့သို့ ဖြစ်သွား၏။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလထဲတွင် စစ်မှုထမ်းအသက်အရွယ် ဘောင်ဝင်သည့် ယောက်ျားလေးများအား ပြည်ပထွက်၍ အလုပ်လုပ်ကိုင်ခွင့် တရားဝင် ပိတ်လိုက်သည်ကို တွေ့ရပြီး လေဆိပ်မှ တရားဝင်ထွက်ခွာခွင့် မရှိတော့ပေ။

ထို့ပြင် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသားများ ရဟန်းဘောင်ဝင်ခြင်း ခွင့်မပြုရန် သံဃာအဖွဲ့အစည်းများသို့ စစ်တပ်က လျှောက်ထားတောင်းဆိုမှုများ ရှိသည်ဟု တွေ့ရ၏။ အကယ်၍ ရဟန်းဝတ်သည်ကို တွေ့ပါက လူဝတ်လဲ၍ စစ်မှုထမ်းခိုင်းမည်ဟု သိရ၏။ စစ်ကောင်စီ တာဝန်ရှိသူများက ငြင်းဆန်‌နေသော်လည်း အမျိုးသမီးများကို စစ်မှုထမ်းစာရင်းကောက်ခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည်ကို တွေ့ရ၏။

နယ်မြို့များသာမက ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် ရန်ကုန်မြို့၊ လှည်းတန်းတွင် ပေါ်တာဆွဲ လူဖမ်း၍ ရုန်းရင်ဆန်ခတ် ပြေးလွှားနေသည်ကို မြင်တွေ့ခဲ့ကြ၏။ ၂၀၂၅ ခုနှစ် ပထမလတွင်ပင် ဤမျှ ဝရုန်းသုန်းကားဖြစ်ပြီး စစ်သားသစ် စုဆောင်းရန် ခက်ခဲနေပါက ကျန်သည့် ၁၁ လအတွင်း၌ စစ်တပ်၏ စစ်သားစုဆောင်းမှု အခြေအနေမှာ မလွဲမသွေ ပိုမိုဆိုးဝါးလာမည်မှာ သေချာပေသည်။

စစ်ကောင်စီ စစ်မြေပြင်တွင် တပ်သားအင်အားလျော့သည်ကို အမြန်ဖြည့်တင်းနိုင်းရန် သင်တန်းဆင်း စစ်သားသစ်များအား သင်တန်းဆင်းပြီးလျှင်ပြီးချင်း ရှေ့တန်းစစ်မျက်နှာသို့ ပို့နေရာ တပ်သားသစ် စု‌ဆောင်းခံရသူများ အသေအပျောက် များနေသည်။

စစ်ကောင်စီ စစ်မြေပြင်တွင် တပ်သားအင်အားလျော့သည်ကို အမြန်ဖြည့်တင်းနိုင်းရန် သင်တန်းဆင်း စစ်သားသစ်များအား သင်တန်းဆင်းပြီးလျှင်ပြီးချင်း ရှေ့တန်းစစ်မျက်နှာသို့ ပို့နေရာ တပ်သားသစ် စု‌ဆောင်းခံရသူများ အသေအပျောက် များနေသည့်သတင်းများ၊ ထိတ်လန့်တကြား ထွက်ပြေးနေသည့် သတင်းများ ထွက်ပေါ်နေ၍ တပ်သားသစ်အဖြစ် စုဆောင်းခံရမည်ကို ပိုမိုကြောက်လန့်နေကြ၏။

ယခုအခါ ၂၀၂၄ ခုနှစ်အတွင်း တပ်သားသစ် စုဆောင်းနိုင်မှုကြောင့် တပ်မအချို့ရှိ တပ်ရင်းများတွင် တပ်ရင်းအင်အား ၂၅၀ ခန့်၊ စစ်ထွက်အင်အား ၁၅၀ ခန့်အထိ ပြန်လည် ဖြည့်တင်းနိုင်သည်ကို တွေ့ရ၏။ သို့သော် တပ်သားသစ်များသည် စစ်မြေပြင်တွင် အတွေ့အကြုံ မရှိကြသဖြင့် ထိုတပ်သားသစ်များကို ထိန်းကျောင်းရသည်မှာ အလုပ်တခု ဖြစ်လာသည်။

တပ်သားဟောင်း များသည့်တပ်တွင် တပ်သားသစ် အနည်းငယ် ထပ်ဖြည့်ပါက ထိန်းသိမ်းနိုင်သော်လည်း တပ်သားသစ်များပြီး တပ်သားဟောင်း နည်းသည့်တပ်များတွင် ထိန်းသိမ်းရန် ခက်ခဲသည်။ တပ်သားသစ်များ ထွက်ပြေးသဖြင့် တပ် မတည်ငြိမ်ဘဲ တပ်၏ တိုက်ခိုက်ရေး ကျဆင်းလာသည်။ ထွက်ပြေးသည့် တပ်သားသစ်များကို လိုက်လံ ဖမ်းဆီးရသည်က အလုပ်တခုဖြစ်လာ၏။ ယခုအခါ တိုင်းပြည်နေရာအနှံ့တွင် တပ်သားသစ်များ လက်နက်ဖြင့်လည်းကောင်း၊ လက်နက်မဲ့လည်းကောင်း ထွက်ပြေးနေသည်ကို နေ့စဉ် တွေ့မြင်ကြားသိနေရ၏။

လက်နက်ကိုင် တပ်အင်အားဖြင့် အာဏာသိမ်းထားသည့် စစ်တပ်အတွက် စစ်တပ်အင်အား မရှိခြင်းသည် အဓိက ပြဿနာဖြစ်၏။ မည်သို့ပင် လေကြောင်းအသာဖြင့် တိုက်ခိုက်နိုင်သည်ဆိုသော်လည်း မြေပြင်ကို သိမ်းပိုက်ရမည်က မြေပြင်ရှိ ‌တိုက်ခိုက်ရေးတပ်ရင်းများ ဖြစ်၏။ မြေပြင်တိုက်ခိုက်ရေး တပ်ရင်းများ အင်အား မတောင့်တင်းပါက လက်လွတ်ဆုံးရှုံးခဲ့ရသောမြို့များ ပြန်လည်သိမ်းပိုက်ရန် မဆိုထားနှင့် လက်ကျန် မြို့များ၊ တပ်စခန်းများ ဆက်လက် ထိန်းထားရန်ပင် မလွယ်ကူပေ။

လက်ရှိ စစ်တပ် ရှင်သန်ရေးအတွက် အဓိက ရင်ဆိုင်နေရသည့်ပြဿနာမှာ တပ်သားသစ်ပြဿနာဖြစ်၏။ တပ်သားသစ် ဖမ်းဆီးစုဆောင်းခြင်းသည် ၂၀၂၅ ခုနှစ်အတွင်း ပိုမိုဆိုးဝါးလာဖွယ်ရှိပြီး အသက်မပြည့်သူများနှင့် အသက်ကြီးသူများကိုပါ စုဆောင်းလာဖွယ်ရှိ၏။

အပတ် ၆ စစ်မှုထမ်းစုဆောင်းခံရသူများ စစ်ရေးလေ့ကျင့်နေစဉ်

တပ်သားသစ်ပြဿနာသည် စစ်တပ်အတွက် လက်ငင်းပြဿနာ ဖြစ်သကဲ့သို့ ဗိုလ်သင်တန်းတက်မည့်သူ အလွန်အမင်း နည်းသွားခြင်းမှာလည်း စစ်တပ်အတွက် ရေရှည်ပြဿနာဖြစ်လာပြီး အမာခံကျောရိုး မရှိတော့သည့်ပြဿနာကို စစ်တပ် မကြာခင် ကြုံတွေ့ရဦးမည်ဖြစ်၏။

လက်ရှိ စစ်ရေးအရ ခြိမ်းခြောက်ခံနေရသည့် မေမြို့ (ခေါ်) ပြင်ဦးလွင်တွင် ၁၉၅၄ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သည့် စစ်တက္ကသိုလ် (DSA) နှင့် ၁၉၉၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) တို့ကို ပျဉ်းမနားသို့ ၂၀၂၅ ခုနှစ် မကုန်မီ ပြောင်းရွှေ့ရန် ပြင်ဆင်နေရသည်ကို တွေ့ရ၏။ နှစ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့သည့် ဗိုလ်သင်တန်းကျောင်းများ ပြောင်းရွှေ့ရသည်အထိ ဖြစ်စေခဲ့သည့် ဤစစ်ရေး အခြေမလှမှုသည် စစ်ဗိုလ်လုပ်ချင်သည့်သူများအတွက် စိတ်ဓာတ်ရေးရာ များစွာ ရိုက်ခတ်မှု ရှိပေလိမ့်မည်။

စစ်တပ်သည် စစ်သားသစ်စုဆောင်းရေး၊ အရာရှိ ဖြည့်တင်းရေးတို့နှင့် ပတ်သက်၍ ၂၀၂၅ နှစ်ဆန်းမှစကာ အကျပ်အတည်းများ တွေ့ကြုံနေရသည်ကို မြင်နေရပြီး ၂၀၂၅ ခုနှစ်အတွင်း ပိုမိုဆိုးဝါးစွာ ရင်ဆိုင်ရပေလိမ့်မည်။ ထို့ပြင် ထို့ပြဿနာသည် စစ်တပ်အတွက် ကုသရန်ခက်ခဲသည့် ကင်ဆာရောဂါ ဖြစ်သွားခဲ့ပြီဖြစ်၏။

သို့ဖြစ်ရာ စစ်တပ်သည် စစ်သားသစ်စုဆောင်းရေး၊ အရာရှိ ဖြည့်တင်းရေးတို့နှင့် ပတ်သက်၍ ၂၀၂၅ နှစ်ဆန်းမှစကာ အကျပ်အတည်းများ တွေ့ကြုံနေရသည်ကို မြင်နေရပြီး ၂၀၂၅ ခုနှစ်အတွင်း ပိုမိုဆိုးဝါးစွာ ရင်ဆိုင်ရပေလိမ့်မည်။ ထို့ပြင် ထို့ပြဿနာသည် စစ်တပ်အတွက် ကုသရန်ခက်ခဲသည့် ကင်ဆာရောဂါ ဖြစ်သွားခဲ့ပြီဖြစ်၏။

၂၀၂၄ ခုနှစ်၊ ဧပြီလမှ စတင်သည့် စစ်သားသစ် အဓမ္မစုဆောင်းခြင်း၊ နေ့နေ့ညည ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း စသည့် ဖိနှိပ်မှုမျိုးစုံသည် စစ်တပ်အာဏာသိမ်းစဉ်က ၁၄ နှစ်သာ ရှိသေးသည့် ကလေးငယ်များမှ အစပြု၍ စစ်ကောင်စီထိန်းချုပ်ရာ ဒေသရှိ စစ်မှုထမ်းရမည့်အရွယ် လူငယ်များနှင့် မိသားစုဝင်များကိုပါ ပြင်းပြင်းထန်ထန် သက်ရောက်လာရာ စစ်ကောင်စီ အုပ်ချုပ်ရာဒေသများ၌ နိုင်ငံရေးအကျပ်အတည်း၊ အထွေထွေ မကျေနပ်မှုတို့သည် နိုင်ငံရေးပေါက်ကွဲမှုတခုစီသို့ ဦးတည်၍ လာနေသည်ကို တွေ့ရပေသည်။ ထိုအခြေအနေကို ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။

(ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူတဦး ဖြစ်သည်။)

You may also like these stories:

လူငယ်တွေကို ခြိမ်းခြောက်နေတဲ့ စစ်မှုထမ်းဥပဒေ (ရုပ်/သံ)

ပုဂံတွင် စစ်မှုထမ်းအကျုံးဝင် လူငယ် ၃၀ကျော် ဖမ်းဆီးခံရ

စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်

အမျိုးသမီးစစ်မှုထမ်းအတွက် စာရင်းစကောက် (ရုပ်/သံ)

စစ်မှုထမ်းဖို့ ရောင်းစားခံရတဲ့ လူငယ်တဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ

HIV နှင့် ဆေးယဉ်ပါးတီဘီ ဖြစ်နေသူများ စစ်မှုထမ်းရန် ခေါ်ခံရ

စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့

Your Thoughts …
Tags: USDPစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုနွေဦးတော်လှန်ရေးပေါ်တာဆွဲခြင်းအတင်းအကျပ် စစ်သားစုဆောင်းမှု
ဇေယျ (အညာ)

ဇေယျ (အညာ)

ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သရုပ်ဆောင် အကောင်းဆုံးဆု

သရုပ်ဆောင် အကောင်းဆုံးဆု

အတင်းအကျပ် စစ်သားစုဆောင်းမှု တနှစ်အတွင်း ဖြစ်စဉ်မှတ်တမ်း

အတင်းအကျပ် စစ်သားစုဆောင်းမှု တနှစ်အတွင်း ဖြစ်စဉ်မှတ်တမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

23 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved