• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

ကြိုတင်မဲများ သတိထားရန် ဒေါ်အောင်ဆန်းစုကြည် ပြော

by နန်းဆိုင်နွမ်
11 September 2015
in Election 2020
A A
NLD, ဒေါ်အာင်ဆန်းစုကြည် , လွိုင်ကော် , ရွေးကောက်ပွဲ

ယနေ့ ညနေပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ ဘောလုံးကွင်းတွင်ကျင်းပသော မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ၌ တွေ့ ရသည့် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - သော်ဟိန်းထက်/ဧရာဝတီ)

3.6k
VIEWS
Share on FacebookShare on Twitter

ရွေးကောက်ပွဲ အတွက် ကြိုတင်မဲနှင့်ပတ်သက်ပြီး သတိထားလုပ်ဆောင်ရန် အမျိုးသား ဒီမိုကရေစီ အဖွ့ဲချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ လွိုင်ကော်မြို့၌ ပြုလုပ်သည့် မဲဆွယ်စည်းရုံးရေးတွင် ပြောကြားသည်။

ကြိုတင်မဲသည် စည်းမျဉ်းစည်းကမ်း အရ ပေးရကြောင်း၊ ကြိုတင်မဲ နှင့်ပတ်သက်ပြီး နားမလည်ပါက အုပ်ချုပ်ရေးပိုင်း သို့မဟုတ် NLD ကို ဆက်သွယ်မေးမြန်းကြရန် နှင့် ကြိုတင်မဲကို အတင်းအကျပ် လာရောက် လက်မှတ်ထိုးခိုင်းပါက ဥပဒေနှင့်ငြိစွန်းကြောင်း၊ မဲရုံတွင် မဲထည့်သည့် အခါ လျှိုဝှက်နည်းဖြင့်ပြုလုပ်သဖြင့် မကြောက်ရွံ့သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကြိုတင်မဲ က ပေးချင်တိုင်း ပေးလို့မရဘူး။ ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူတွေပဲ ပေးလို့ရတာ။ အတင်းလာပြီးတော့ ကြိုတင်မဲပေးခိုင်း ရင် မလုပ်ပါနဲ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ကယားပြည်နယ်တွင် ကြိုတင်မဲနှင့်ပတ်သက်ပြီး အလွန်ကျယ်ပြန့်ခဲ့ကြောင်း၊ တချို့မဲဆန္ဒနယ်များတွင် မဲ ပေး သူ နည်းပါးပြီး ကြိုတင်မဲ ထောင်ချီရှိကြောင်း၊ ပါတီ အများစုသည် ကြိုတင်မဲဖြင့် ရှုံးနိမ့်ခဲ့ကြောင်း ကယန်း အမျိုးသား ပါတီ အထွေထွေ အတွင်းရေးမှူး ဦးနန်းရီ ကလည်း ဧရာဝတီသို့ ပြောသည်။

“ကျနော် ၂၀၁၀ တုန်းက ကြိုတင်မဲနဲ့ ရှုံးခဲ့တာ။ အစတုန်းက ကျနော် အပြတ်အသတ် နိုင်နေပြီ။ ညပိုင်းလည်း ရောက်ရော ဘယ် ကနေ ဘယ်လို ရောက်လာတဲ့ ကြိုတင်မဲလည်း မသိဘူး။ ဒီနှစ်တော့ ကျနော် စိုးရိမ်းတာကတော့ နိုင်ငံခြားမှာ ရောက်နေတဲ့ လူ ၃ သန်း ကို ကြိုတင်မဲ လုပ်လိုက်မှာ ကြောက်တယ်”ဟုလည်း ဦးနန်းရီ က ပြောဆိုသည်။

RelatedPosts

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
1
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

9 January 2026
10
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
72

ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် အစိုးရ သစ်ဖွဲ့စည်းနိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ ကယားပြည်နယ်တွင် နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ပွဲ ဖြစ်ခဲ့ပြီး မည်မျှ ဒုက္ခရောက်ကြသည်ကို ဒေသခံများ သိမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရှိမှ ပြည်သူများ၏ ဘဝ သာယာနိုင်ပြီး နိုင်ငံတော်လည်း တိုးတက်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဖားဆောင်းမြို့ဒေသခံ ဒေါ်နှင်းဖြူ က“ကျမတို့ဆီမှာ စစ်တပ်တွေ ရှိသလို ပြည်သူ့စစ်တွေလည်း အများကြီးရှိတယ်။ ငြိမ်းချမ်းရေး လက်မှတ်တွေ ထိုးထားကြတယ်လို့ပြောတယ်။ စစ်တွေ ထပ်ဖြစ်မှာ စိတ်ပူနေရတုန်းပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက ဘောလခဲမြို့ မှ ဖားဆောင်းမြို့ နှင့် လွိုင်ကော်မြို့သို့ သွားရောက်ပြီး မဲဆွယ် စည်းရုံးရေး ပြုလုပ်ခဲ့သည်။

ထို့အပြင် လွိုင်ကော်မြို့တွင် ရွှေတောင် ပရိယတ္တိ စာသင်တိုက် မှ ကျောင်းထိုင်ဆရာတော် အပါအဝင် လွိုင်ကော် သာသနာ့ ဗဟို ကျောင်းတိုက် ကက်သလစ် သာသနာ ကျောင်းမှ သင်းအုပ်ဆရာ တို့နှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

မနက်ဖြန်တွင် လွိုင်ကော်မှ ရှားတောမြို့သို့သွားရောက်၍ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

Your Thoughts …
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post

လက်ပံတန်းဖြစ်ရပ်၌ အဆင့်ကျော်လွန်ခဲ့သည့် ရဲများကို အရေးယူရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

မက္ကာမြို့က ဗလီတလုံးပေါ်သို့ ကရိန်းပြုတ်ကျ၊ လူပေါင်း ၁၀၇ ဦးသေဆုံး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved