• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေးညီလာခံ အမြန်ကျင်းပ၍ တိုင်းရင်းသားခေါင်းဆောင်များ စိုးရိမ်

by စောရန်နိုင်
13 August 2016
in သတင်း
A A
မလေးရှား IS က ပေးပို့သည်ဟူသော ခြိမ်းခြောက်စာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်လည်း ပါဝင်သည် / Reuters

မလေးရှား IS က ပေးပို့သည်ဟူသော ခြိမ်းခြောက်စာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်လည်း ပါဝင်သည် / Reuters

1.3k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ၏ ကျေညာချက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားတွင် မေးခွန်းများ၊ စိုးရိမ်ပူပန်မှုများ နှင့် ချီတုံချတုံ ဖြစ်ခြင်းများ မြင့်တက်လာစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ညီလာခံ မစတင်မီ အစီအစဉ် နှင့် မည်သည့်ကိုယ်စားလှယ်များ တက်ရောက်လိမ့်မည် ဆိုသည်ကို ရှင်းလင်းစွာဖော်ပြခြင်း စသည့် သင့်လျော်သော ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြသည်။ တိုင်းရင်းသား ခေါင်းဆောင်များဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်နေသေး သဖြင့် အမျိုးသား အဆင့် ညီလာခံတခု ကျင်းပရန် အချိန်စောလွန်းနေသေးသည်ဟုလည်း အချို့က ဆိုကြသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက သူတို့အနေဖြင့် ညီလာခံမတိုင်မီ မေးလိုသည့် မေးခွန်းများ ရှိနေသည်ဟု ဧရာဝတီသို့ ပြောသည်။ ညီလာခံသို့ တက်ရောက်ရေးကို UNFC က ဆုံးဖြတ်ခြင်း မပြုရသေးပါ။

“တိုင်းရင်းသား အဖွဲ့တွေ အားလုံး ပါဝင်လာမှာလား၊ ကျနော်တို့ UNFC တင်မဟုတ်ပါဘူး ၀ နဲ့ မိုင်းလား အဖွဲ့တွေလို NCA မှာလက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေ နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို စဉ်းစားထားသလဲ ဆိုတာကို ကျနော်တို့ သိချင်ပါတယ်။ အဲဒီအချက်တွေကို ရှင်းရှင်းလင်းလင်းသိရမှ ကျနော်တို့ တက်ပါမယ်” ဟု နိုင်ဟံသာက ပြော သည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များ ညီလာခံသို့ တက်ရောက်နိုင်ခြင်း ရှိမရှိက မသေချာသေးပါ။ လက်မှတ်ထိုးမထားသည့် အဖွဲ့များက ညီလာခံသို့ လေ့လာသူအဖြစ်လောက်သာ တက်ရောက်ခွင့်ရှိပြီး ပါဝင်ဆွေးနွေးခွင့် မရှိကြောင်း တိုင်းရင်းသား သတင်းအရင်းအမြစ် အချို့က ပြောသည်။

UNFC ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ညှိနှိုင်းရေး အဖွဲ့တခုတို့ ၂ ရက်ကြာဆွေးနွေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင်မှ ညီလာခံတက်ရောက်ရေးကို ဆုံးဖြတ်မှုဟု နိုင်ဟံသာကပြောသည်။ ဆွေးနွေးမှုများကို ဇူလိုင်လ ၁၂ ရက်နေ့ တွင် ရန်ကုန်မြို့၌ စတင်ပြုလုပ်သွားမည်ဖြစ်သည်။

“အားလုံးပါဝင်ဖို့နဲ့ ၃ ပွင့်ဆိုင်တွေ့ဆုံမှုတခု ဖြစ်ဖို့ ကျနော်တို့ တောင်းဆိုခဲ့တယ်။ မူဘောင်ပြန်လည်ဆန်းစစ်ဖို့ ကျနော်တို့ ဆွေးနွေးမယ်။ တကယ်လို့ သူတို့က ဒီအချက်တွေကို ရှင်းလင်းပေးနိုင်ရင် ကျနော်တို့ တက်မယ်။ မရှင်းပေးနိုင်ခဲ့ရင်တော့ ကျနော်တို့ စဉ်းစားဖို့ လိုလာပါလိမ့်မယ်” ဟု နိုင်ဟံသာကပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
284
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

တိုင်းရင်းသားနိုင်ငံရေးနှင့် ဒီမိုကရေစီဖြစ်စဉ်ကို ကာလရှည်ကြာစွာ စောင့်ကြည့်လေ့လာခဲ့သည့် စာရေးဆရာတဦး ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲနိုင် ကိုယ်စားလှယ်လည်း ဖြစ်သော ခွန်မန်းရ်ကိုဘန်းက အဓိကကျသည့် ညီလာခံတခု မကျင်းပနိုင်မီ ဆောင်ရွက်ရမည့် ပြင်ဆင်မှုမြောက်များစွာ ရှိသည် ဟုပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် က ၂၁ ရာစုပင်လုံ ညီလာခံကို ဘယ်လိုကျင်းပမလဲ ဆိုတာကျနော် သေသေချာချာ မသိပါဘူး။ ဒါပေမယ့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ရဲ့ စိတ်ဓာတ်ကိုတော့ ရောင်ပြန်ဟပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက တိုင်း ပြည်ရဲ့ အသက်သွေးကြောဖြစ်လို့ပါပဲ” ဟု ခွန်မန်းရ်ကိုဘန်းက ပြောသည်။

ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ အစိုးရ နှင့် ရှမ်း၊ ကချင် နှင့် ချင်း တိုင်းရင်းသား ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြပြီး အဓိက လူနည်းစု တိုင်းရင်း သား အချို့ကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန် ကတိပြုခဲ့သည်။ စာချုပ်လက်မှတ်ရေးထိုးပြီး တနှစ် မပြည့်မီမှာပင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည်။ သဘောတူညီချက်မှာလည်း အကောင်အထည်ပေါ်လာခြင်း မရှိတော့ဘဲ တိုင်း ပြည်တွင်လည်း ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ် ပေါ်ပေါက်လာရသည်။

အကယ်၍ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ချမှတ်ထားသည့် လမ်းကြောင်းအတိုင်းသွားမည်ဆိုပါက ညီလာခံက လမ်းကြောင်းလွဲမှားသွားနိုင်သည်ဟု ခွန်မန်းရ် ကိုဘန်းက ပြောသည်။ အဆိုပါ ကော်မတီမှာ အရပ်သားအမည်ခံ ယခင် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“ညီလာခံ မစတင်မီ သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အနေနဲ့ ဆွေးနွေးပြီး အစီအစဉ်တွေ ပြုလုပ်သင့်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ စနစ်တကျ ပါဝင်ခြင်း ခြင်းမရှိဘဲ ချမှတ်ခဲ့တယ်လို့ တချို့က စိုးရိမ်နေကြတဲ့ UPDJC ရဲ့ အစီအစဉ်ကို အခြေမခံသင့်ပါဘူး” ဟု သူက ထပ်ပြောသည်။

လုံလောက်သည့် လက်တွေ့ အခြေခံလုပ်ငန်းများကို ပထမဆုံး ချမှတ်ထားခြင်းမရှိဘဲ အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းက တိုင်းရင်းသားပြည်နယ် အသီးသီးရှိ စစ်ဘေးဒဏ်ခံနေရသည့် ဒေသများမှ အရပ်သားပြည်သူများအတွက် ခြိမ်းခြောက်မှု ဖြစ်လာမည်ကို စိုးရိမ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် အချို့ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခင်အစိုးရ လက်ထက်က ချမှတ်ခဲ့သည့် အစီအစဉ်တခု ဖြစ်သော တနိုင်ငံလုံး အတိုင်းအတာ ဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ပေါ်တွင် အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတိုင်း သွားနေသည် ဟုလည်း သူတို့က ပြောသည်။

“သူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြင်ဆင်မွမ်းမံမှုတောင်မှု မလုပ်ခဲ့ပါဘူး” ဟု အမည်မဖော်လိုသူ တိုင်းရင်းသား ခေါင်း ဆောင် တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အတွက် မစီစဉ်မီ ၎င်းတို့နှင့် ဆွေးနွေးညှိနှိုင်းခြင်း သို့မဟုတ် အတည်ပြုချက်ရယူခြင်းများ မပြုလုပ်ခဲ့သဖြင့် သူ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထက်မှ အောက်သို့ သွားသည့် ချဉ်းကပ်မှုတခု အဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ရှုမြင်ထားကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အများအပြား (အထူးသဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ထိုးမထားသည့် အဖွဲ့များ) အနေဖြင့် ညီလာခံတွင် ပါဝင်ရန် ချီတုံချတုံ ဖြစ်နေကြသည်။ အကယ်၍ ပါဝင်ခြင်း မပြုခဲ့လျှင် နောက်တွင် ကျန်ရစ်ခဲ့မည်ကိုလည်း အခြားသူများက စိုးရိမ်နေကြသည်။

Your Thoughts …
Tags: ငြိမ်းချမ်းရေးညီလာခံ
စောရန်နိုင်

စောရန်နိုင်

ဧရာဝတီ

Similar Picks:

ရမခ ဇာတ်သိမ်း အပိုင်း (၂)

ရမခ ဇာတ်သိမ်း အပိုင်း (၂)

by အေးချမ်းဆု
8 August 2024
13.3k

ဇူလိုင်လ ၂၇ ရက်ဝန်းကျင်တွင် စစ်မြေပြင်၌ ကွပ်ကဲနေသော ရမခ ဒုတိုင်းမှူးမှာ တိုက်ပွဲတွင် ကျဆုံးပြီး ဗျူဟာမှူးအချို့လည်း ကျဆုံးသည်။

ရမခ ဇာတ်သိမ်း အပိုင်း (၃)

ရမခ ဇာတ်သိမ်း အပိုင်း (၃)

by အေးချမ်းဆု
13 August 2024
7.2k

စစ်ကောင်စီ၏ လက်အောက်ခံ စစ်တိုင်း ၁၄ ခုတွင် ရမခ သည် သက်တမ်း ၅၂ ပြည့်ပွဲပင် မလုပ်နိုင်တော့ဘဲ ဇာတ်သိမ်းသွားပြီ ဖြစ်၏။

ညီလာခံလုပ်ဖို့ကိစ္စ ကျနော်တို့နဲ့ အမြင်သဘောထားတွေ ကွဲတာပေါ့

ညီလာခံလုပ်ဖို့ကိစ္စ ကျနော်တို့နဲ့ အမြင်သဘောထားတွေ ကွဲတာပေါ့

by ဧရာဝတီ
26 July 2023
5.3k

ကျနော်တို့ကတော့ အခုဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကိုတော့ မကြိုက်ဘူး။ မကြိုက်လို့ ဒါကို ဟန့်တားချင်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြေလည်ရာ ပြေလည်ကြောင်း ဆွေးနွေးချင်တယ်။ ကျနော်တို့က စားပွဲပေါ်မှာ လုံးဝဆွေးနွေးလို့ မရတော့မှသာ ရှိတဲ့ အင်အားကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြင်ထားတာပဲရှိပါတယ်။...

SSPP ၏ မဟာမိတ် UWSA တပ်သားများ / ဧရာဝတီ

သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ

by ကိုဦး
12 April 2023
57.6k

နွေဦးတော်လှန်ရေးတွင် အကျိုးအမြတ်အရှိဆုံးက UWSA ဖြစ်သည်ဟု အချို့သုံးသပ်သည်။

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ

အတုအယောင် ရွေးကောက်ပွဲဖြင့် မင်းအောင်လှိုင် အာဏာ ဆွဲဆန့်ဖို့ ပြင်

by နွေနေ
1 July 2025
3.5k

အမှန်တကယ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ရွေးချယ်စရာ ထွက်ပေါက် မရှိတော့ပါ။

အီတလီနိုင်ငံ Poggiardo မြို့က နံရံပန်းချီတခု

ဒိုင်ယာလော့၊ ဂိမ်းအိုဗာနှင့် နယူးအက်တာများ

by ဝေမင်းထွန်း
28 February 2023
4.6k

'ဒိုင်ယာလော့' ဆိုသည်က 'တွေ့ဆုံဆွေးနွေးရေး' ဟု အဓိပ္ပာယ်ရသည်။ 'ဂိမ်းအိုဗာ' ဆိုသည်က 'ကစားပွဲပြီးပြီ' ဟု ဆိုလိုခြင်းဖြစ်ပြီး 'နယူးအက်တာ' ဆိုသည်က 'သရုပ်ဆောင်သစ်များ' ဟု အနက်ရပါသည်။

Next Post
ကြမ်းခင်း ကွန်ကရစ်ငြမ်းပြိုကျမှုကြောင့် အလုပ်သမား တဦးသေဆုံးခဲ့သည် / ဟိန်းထက် / ဧရာဝတီ

"နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ ဆောက်လက်စ အဆောက်အအုံ ကွန်ကရစ်ငြမ်း ပြိုကျမှုဖြစ်ပွား"

ချစ်သုဝေ ဖေ့စ်ဘုတ်မှ

မိန်းကလေးအမြွှာမဟုတ်ကြောင်း ငြင်းဆိုတဲ့ သရုပ်ဆောင် ချစ်သုဝေ ရိုက်ကူးရေးနားမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved