• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ညီလာခံလုပ်ဖို့ကိစ္စ ကျနော်တို့နဲ့ အမြင်သဘောထားတွေ ကွဲတာပေါ့

by ဧရာဝတီ
26 July 2023
in အင်တာဗျူး
A A
ညီလာခံလုပ်ဖို့ကိစ္စ ကျနော်တို့နဲ့ အမြင်သဘောထားတွေ ကွဲတာပေါ့

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစဝ်ဆု/SSPP Info

5.3k
VIEWS
Share on FacebookShare on Twitter

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသော ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နှင့် မိုင်းလားအဖွဲ့ဟု လူသိများသည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) တို့သည် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇူလိုင် ၂၀ ရက်နေ့မှ ၂၁ ရက်အထိ ၂ ရက်တာ ကျင်းပခဲ့သည့် အစည်းအဝေးတွင် စစ်ကောင်စီဘက်က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) အဖွဲ့အား ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တက်ရောက်ခဲ့သလို UWSP မှ ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA မှ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့နှင့် SSPP မှ ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖ တို့တက်ရောက်ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာမှတဆင့် ဇူလိုင် ၂၂ ရက်တွင် သတင်းထုတ်ပြန်သော်လည်း မည်သည့်အချက်များ သဘောတူညီခဲ့သည်ကို ရေးသားထားခြင်း မရှိပေ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီအကြား ဆွေးနွေးပွဲ၌ မည်သည့်အချက်များ သဘောတူညီခဲ့သည်ကို ပိုမိုသိရှိနိုင်ရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစဝ်ဆုအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

မေး။ ။ စစ်ကောင်စီနဲ့ ဘာတွေဆွေးနွေးခဲ့သလဲ။ ဘာသဘောတူညီချက်တွေ ရခဲ့သလဲသိပါရစေ။

ဖြေ ။ ။ ကျနော်တို့ သူတို့နဲ့ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ် သွားရောက်ပြီး ဆွေးနွေးတာတွေကို တခါသွားတာနဲ့ တခါ နဲနဲ လက်မှတ်ထိုးတာတွေ ရှိတယ်။ အဲဒါတွေကို ပြန်စုပြီးတော့ လက်မှတ်ပြန်ထိုးတာပေါ့။ နောက်တခုက သူတို့က ငြိမ်းချမ်းရေးညီလာခံ လုပ်ချင်တယ်ပေါ့။ အဲဒီကိစ္စမှာလည်း ကျနော်တို့ ကိုယ်စားလှယ်အနေနဲ့ ဒီလိုချပြဆွေးနွေးတာကို နားလည်တယ်ပေါ့။ လတ်တလောညီလာခံ လုပ်ရင်တော့ ကျနော်တို့က တက်ရောက်ဖို့ အသင့် မဖြစ်သေးဘူးပေါ့။ အဲဒါတော့ ကျနော်တို့ မတက်နိုင်ဘူးလို့ ပြောတယ်။

ကျနော်တို့က နောက်တန်းဗဟိုမှာ ကော်မတီစနစ်နဲ့ သွားတာကိုး။ ပြန်လည်တင်ပြပြီး အများသဘောတူမှ လုပ်လို့ရမယ်။ ဒါပေမယ့်သူတို့ဘက်ကတော့ တင်သွင်းလာတယ်။ ကျနော်တို့ကတော့ လိုက်ပါဆွေးနွေးတာမျိုး မလုပ်ပါဘူး။ ကျန်တာကတော့ ဒေသဖွံ့ဖြိုးရေးရယ်၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးရယ်၊ ၃ ၊ ၄ မျိုးလောက်ပါပဲ။ အရင် ၃ ၊ ၄ ခေါက်ဆွေးနွေးခဲ့တာလည်း ဖွံ့ဖြိုးရေးအပိုင်းပါပဲ။ ကျန်တာက ဥပဒေပိုင်းဆိုင်ရာရယ်၊ ငြိမ်ချမ်းရေးနဲ့ ပတ်သက်လို့ သူတို့စစ်ကောင်စီက တင်ပြဆွေးနွေးတာတွေပါ။ ကျနော်တို့ မှတ်ချက်ပေးတာလည်း မလုပ်ပါဘူး။ ပါဝင်ဆွေးနွေးတာမျိုးလည်း မလုပ်ပါဘူး။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ဒါတွေက ပါတီအလုပ်တွေဖြစ်တယ်။ လွှတ်တော်အလုပ်တွေဖြစ်တယ်။ အခုအခြေအနေမှာက နိုင်ငံရေးပါတီတွေလည်း ပေါ်ပေါ်ထင်ထင် မရှိဘူး။ လွှတ်တော်လည်း မရှိဘူးဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးကိုပဲ ဆွေးနွေးချင်တယ်ပေါ့။ နိုင်ငံရေးကိစ္စတွေတော့ ဆွေးနွေးတာမရှိပါဘူး။ သူတို့ကတော့ သူတို့တင်သွင်းချက်တွေကို မူကြမ်းအဖြစ်နဲ့ ထားရှိမယ် ဆိုပြီး ပြန်လည်စုစည်းပြီး လက်မှတ်ထိုးတာပဲ ရှိပါတယ်။

မေး။ ။ လက်မှတ်ထိုးတဲ့အထဲမှာ နိုင်ငံရေးသဘောတူညီချက်တွေ မပါဘူးလား။

ဖြေ။ ။ နိုင်ငံရေး သဘောတူညီချက် မရှိပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးလက်မှတ်ထိုးတာ မရှိပါဘူး။ အဓိကက ပစ်ခတ်တိုက်ခိုက်မှု မရှိရလေအောင်၊ တပ်မတော်လည်း ရှိ၊ ကိုယ်လည်းရှိနေတဲ့ နေရာတွေမှာ ပဋိပက္ခ မဖြစ်အောင်၊ သူ့ဂိတ် ကိုယ့်ဂိတ်ထိစပ်နေတဲ့နေရာတွေမှာ ကူးလူးဆက်ဆံသွားလာတဲ့အခါ အစစ်အဆေးတွေ ကျပ်လွန်းတာတွေ ရှိတယ်။ တချို့နေရာတွေမှာ စခန်း နီးကပ်တာတွေရှိတယ်။ အဲဒါတွေကို ဟိုဟာနဲနဲရွှေ့ပေးပါ။ ဒီလိုမျိုးတွေတော့ ရှိပါတယ်။ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆိုင်ရာအချက်တွေ ဆွေးနွေးတာ မရှိပါဘူး။ ကျနော်တို့ FPNCC မှာလည်း မူချထားတယ်။ အခုက ငြိမ်းချမ်းရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးဆိုင်ရာရယ်၊ ဒေသဖွံ့ဖြိုးရေး ကိုပဲ ဆွေးနွေးတာပါ။

မေး ။ ။ စစ်ကောင်စီက ဘာကြောင့် ဆရာတို့ မြောက်ပိုင်း EAOs တွေကို ငြိမ်းချမ်းရေး ညီလာခံမှာ ပါစေချင်တာလဲ။

ဖြေ ။ ။ ငြိမ်းချမ်းရေးညီလာခံက အဖွဲ့တိုင်းကိုပြောတာပေါ့။ ကျနော်တို့ ၃ ဖွဲ့လောက်ပဲ ပြောတာ မဟုတ်ဘူး။ သူတို့နဲ့ လာရောက်ဆွေးနွေးပြီး အကြိမ်ကြိမ်လက်မှတ်ထိုးသွားတဲ့အဖွဲ့တွေ အားလုံး၊ NCA (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) ထိုးထားတဲ့အဖွဲ့တွေရောပဲ ။ ကျနော်တို့ ၃ ဖွဲ့ကတော့ သူတို့နဲ့ လက်မှတ်ထိုးတယ် ဆိုတာကလည်း ကျနော်တို့ဘက်က တင်ပြတာတွေရှိတယ်။ အဲဒါကို သူတို့ကလည်း မလုပ်နိုင်တဲ့ဟာ မလုပ်နိုင်ကြောင်း ရှင်းပြတာပေါ့။ ကျနော်တို့က ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဖို့ ၊ စားပွဲခုံပေါ်မှာ အေးအေးချမ်းချမ်း ညှိနှိုင်းဖြေရှင်းဖို့ ဒီအချက်ကိုကိုင်ပြီး သူတို့နဲ့ မကြာခဏ သွားရောက် ဆွေးနွေးနေတာဖြစ်တယ်။

ငြိမ်းချမ်းရေးညီလာခံနဲ့ပတ်သက်လို့တော့ သူတို့ဘက်ကတော့ ပြောတာပေါ့။ အကယ်၍ လုပ်ဖြစ်ရင်ပေါ့။ အခုကတော့ သူတို့လည်း လုပ်လို့ မဖြစ်သေးပါဘူး။ သူတို့ပြောပုံအရတော့ အချိန်ထပ်ယူဦးမယ့် အခြေအနေရှိတယ်။ ကျနော်တို့ ၃ ဖွဲ့ နဲ့ စစ်ကောင်စီနဲ့ အဲဒီနေ့က ဆွေးနွေးခဲ့တာတွေကို ညီလာခံမှာ အားလုံးစုံစုံညီညီ နိုင်ငံရေးပါတီတွေရှိမယ်။ အဲဒီပါတီတွေကလည်း သူတို့ဆီမှာ မှတ်ပုံတင်ထားတဲ့ပါတီတွေပဲ။ ပြောမယ်ဆိုရင် အများရှေ့မှာလက်မှတ်ထိုးတယ် ဆိုတာမျိုးပေါ့ဗျာ။ တခြားတော့ အထူးအထွေ မရှိပါဘူး။ ညီလာခံလုပ်ဖို့ကိစ္စမှာလည်း ကျနော်တို့နဲ့ အမြင်သဘောထားတွေ ကွဲတာပေါ့။

ကွဲပေမယ့်လည်း သူတို့က လုပ်ချင်နေတယ်လေ။ ကျနော်တို့မပြောလည်း သူတို့က လုပ်မှာပဲ။ ကျနော်တို့က အဓိက မဟုတ်ဘူး။ သူတို့သဘောထားက အဓိက ဖြစ်နေတာပေါ့။ ကျနော်တို့ ပြောတာကတော့ ညီလာခံ ဆိုတာ အားလုံး စုံစုံညီညီဖြစ်မှ ညီလာခံဖြစ်တယ်ပေါ့။ အခုက လုပ်မယ်ဆိုရင် အဖွဲ့တွေက စုံစုံညီညီဖြစ်မှာ မဟုတ်ဘူး။ တက်မှာ အနည်းစုလောက်ပဲ ဖြစ်နိုင်တယ်လို့ ကျနော်တို့မှတ်ချက်ကို သူတို့ကို ပြောပါတယ်။

မေး ။ ။ ဘာကြောင့် ဆရာတို့ဘက်က ညီလာခံကို မတက်နိုင်တာပါလဲ။

ဖြေ ။ ။ ကျနော်တို့က လုံးဝမတက်ဘူးလို့တော့ မဆိုလိုပါဘူး။ အခုလတ်တလောပေါ့။ ကျနော်တို့က မီးသေအောင်တော့ မပြောလိုက်ပါဘူး။ စောင့်ကြည့်ရတာပေါ့လေ။ ညီလာခံက တနိုင်ငံလုံးအတိုင်းအတာ လုပ်နိုင်ရင် ၊ အများကလည်း လက်ခံတယ်ဆိုရင် ၊ တိုင်းပြည်အတွက်လည်း အကျိုးရှိတယ်ဆိုရင် ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ပါဘူး။ နာမည်ပဲ ရပြီး ဘာမှ အကောင်အထည် မဖော်နိုင်တာမျိုးကျတော့ ကျနော်တို့လည်း မကြိုက်ဘူး။

မေး ။ ။ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဆရာတို့အကြား ဘာတွေဆွေးနွေးပါသလဲ။

ဖြေ ။ ။ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ရင် ကျနော်တို့မှာ ကျန်းမာရေး ၊ ပညာရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ လမ်း တံတားတွေ ၊ နယ်စပ်ဆိုင်ရာ ဖွံ့ဖြိုးမှုတွေပေါ့။ ဆည်မြောင်းတို့ ဘာတို့၊ လမ်းလုပ်မယ်ဆိုရင်လည်း ကတ္တရာလို ဟာတွေ လိုမယ်။ လျှပ်စစ်မီး လိုမယ်။ ရေအားလျှပ်စစ်ကိစ္စ အဲဒီလိုမျိုးတွေ တင်ပြဆွေးနွေးတာရှိပါတယ်။ ဒါပေမယ့် သူတို့ဘက်က ဘာမှ ချက်ချင်း အဖြေမပေးနိုင်ပါဘူး။ ကျနော်တို့ကလည်း တိုင်းပြည်ဖွံ့ဖြိုးအောင် ကျနော်တို့မှာ စစ်ဘေးစစ်ဒဏ်ခံခဲ့ရတော့ ဒေသလူထုတွေ ဖွံ့ဖြိုးတိုးတက်အောင် ပြောတာပါ။ ကျနော်တို့ကတော့ အခုဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကိုတော့ မကြိုက်ဘူး။ မကြိုက်လို့ ဒါကို ဟန့်တားချင်တယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြေလည်ရာ ပြေလည်ကြောင်း ဆွေးနွေးချင်တယ်။ ကျနော်တို့က စားပွဲပေါ်မှာ လုံးဝဆွေးနွေးလို့ မရတော့မှသာ ရှိတဲ့ အင်အားကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြင်ထားတာပဲရှိပါတယ်။ အခုက သူတို့ကလည်း မကြာခဏဖိတ်ခေါ်နေတော့ ကျနော်တို့က တွေ့ဆုံဆွေးနွေးသွားမှာပါ။

မေး ။ ။ အရင်ဆွေးနွေးပွဲတွေမှာ PDF နဲ့မပတ်သက်ဖို့ စစ်ကောင်စီဘက်က ပြောတယ်ကြားပါတယ်။ ဒီတခေါက်ရော စစ်ကောင်စီဘက်က ပြောသေးလား။

ဖြေ ။ ။ ဒီတခေါက်တော့ ထည့်မပြောပါဘူး။ အဲဒီအချက်ကို ထည့် မဆွေးနွေးကြပါဘူး။

You may also like these stories:

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြ၍ တပ်ဆုတ်ခိုင်းခြင်း SSPP လက်ခံမည်မဟုတ်

ရှမ်းမြောက်တွင် SSPP နှင့် စစ်ကောင်စီ၊ RCSS တို့တိုက်ပွဲဖြစ်

လဲချားတွင် စစ်ကောင်စီတပ်နှင့် SSPP စစ်ရေးတင်းမာနေ

စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ ဖွဲ့ ဘာတွေဆွေးနွေးခဲ့ကြသလဲ

NUG၊ CRPH နှင့် PDF တို့ကို မကူညီရန် ဖိအားပေးမှု မြောက်ပိုင်းမဟာမိတ် လက်မခံ

Your Thoughts …
Tags: SSPPငြိမ်းချမ်းရေးညီလာခံနိုင်ငံရေးမြောက်ပိုင်းမဟာမိတ်သဘောတူညီချက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

by ဧရာဝတီ
19 July 2024
16.7k

တကယ်လို့ ကိုယ်သိမ်းပိုက်ထားတဲ့နယ်မြေထဲက ရှမ်းတင် မကပါဘူး၊ ကချင်လည်း ပါမယ်၊ တိုင်းရင်းသားပေါင်းစုံလူထုက TNLA သိမ်းတာကို သဘောတူညီတယ်ဆိုလို့ရှိရင် ဒါဟာအလိုလို တရားဝင်မှုဖြစ်သွားမှာပဲ။ ဒါကို နေပြည်တော်တင် မကဘူး၊ ဘယ်အဖွဲ့အစည်းမှ ဆန့်ကျင်လို့မရပါဘူး

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.8k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

ရမခ ဇာတ်သိမ်း အပိုင်း (၂)

ရမခ ဇာတ်သိမ်း အပိုင်း (၂)

by အေးချမ်းဆု
8 August 2024
13.3k

ဇူလိုင်လ ၂၇ ရက်ဝန်းကျင်တွင် စစ်မြေပြင်၌ ကွပ်ကဲနေသော ရမခ ဒုတိုင်းမှူးမှာ တိုက်ပွဲတွင် ကျဆုံးပြီး ဗျူဟာမှူးအချို့လည်း ကျဆုံးသည်။

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

by မိုးစက်ငြိမ်းချမ်း
25 January 2024
13.3k

ကံဆိုးမိုးမှောင်ကျမှုများသည် တကိုယ်တည်းမလာ၊ အဖော်အပေါင်းနှင့် လာ‌နေသည်ကို စစ်ကောင်စီတပ် ကြုံနေရပေပြီ။

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

by ကိုဦး
9 March 2024
12.1k

SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

Next Post
မြန်မာရေလုပ်သား လုပ်ငန်းခွင်၌ သေဆုံးမှု ထိုင်းအလုပ်ရှင်မှ ဘတ် ၃သောင်းဖြင့် ညှိနှိုင်း

မြန်မာရေလုပ်သား လုပ်ငန်းခွင်၌ သေဆုံးမှု ထိုင်းအလုပ်ရှင်မှ ဘတ် ၃သောင်းဖြင့် ညှိနှိုင်း

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ပြန်ထားရန် စစ်ကောင်စီ အစီအစဉ်ရှိ

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ပြန်ထားရန် စစ်ကောင်စီ အစီအစဉ်ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved