• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြ၍ တပ်ဆုတ်ခိုင်းခြင်း SSPP လက်ခံမည်မဟုတ်

by ဧရာဝတီ
21 December 2022
in သတင်း
A A
စစ်ရေးလေ့ကျင့်နေသည့် SSPP အမျိုးသမီးတပ်များ / SSPP Info

စစ်ရေးလေ့ကျင့်နေသည့် SSPP အမျိုးသမီးတပ်များ / SSPP Info

5.4k
VIEWS
Share on FacebookShare on Twitter

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြ၍ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တပ်များ ပင်လုံမြို့ အနောက်ဘက် ဆနင်း၊ ဖောင်းဆိုင်ဒေသမှ ဆုတ်ပေးရန် စစ်ကောင်စီ၏ တောင်းဆိုမှု အပေါ် SSPP က လက်မခံနိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ အနောက်ဖက် ဆနင်း၊ ဖောင်းဆိုင်ဒေသတွင် နယ်မြေရှင်းလင်းရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ဆောင် လိုသဖြင့် SSPP တပ်ဖွဲ့များ တပ်ဆုတ်ပေးရန် စာပို့အကြောင်းကြားလာခဲ့ခြင်း ဖြစ်သည်။

SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်ဖုန်းဟန်က “ဒီနယ်တွေထဲမှာ အရင်က RCSS (သျှမ်း ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ) ရှိခဲ့တာပဲ။ အဲဒီအချိန်တွေတုန်းက အခုလို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက် တွေ ရှိခဲ့ရဲ့လားပေါ့။ မရှိခဲ့ဘဲနဲ့ ဘာဖြစ်လို့ အခုလို RCSS မရှိတော့တဲ့ အချိန်ကျမှ ၊ ဘာပြဿနာမှမရှိဘဲ မူးယစ်ဆေးဝါး အကြောင်းပြလုပ်မယ်ဆိုတာက သံသယဖြစ်စရာဖြစ်နေတယ်”ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ဆနင်းဒေသရှိ SSPP တပ်များအား ဆုတ်ပေးရန် တောင်းဆို နေခြင်း ဖြစ်ပြီး SSPP ဘက်ကလည်း တပ်မဆုတ်ပေးနိုင်ကြောင်း ငြင်းဆန်ထားပြီး သည်။

စစ်ကောင်စီတပ်သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်းပြကာ ဆနင်းဒေသတွင် နယ်မြေစိုးမိုးရေး လုပ်ဆောင်ရန် ကြံရွယ်နေသည်ဟု SSPP ဘက်မှ သံသယရှိနေပြီး အဆိုပါ နယ်မြေတွင် အာဏာသိမ်းမှုမဖြစ်မီကတည်းကပင် ဒေသခံများ သည် အခြားသီးနှံစိုက်ပျိုးမရသဖြင့် ဘိန်းစိုက်ပျိုးမှုများရှိကြောင်း SSPP က ပြောသည်။

SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းဆုက “သူတို့က ရုံးတံဆိပ် တုံးမပါ ၊ ဘာမပါနဲ့ စာတို လိုပုံစံမျိုးပို့လာတာ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတော့ အကြောင်းပြတာပဲ။ ကျနော်တို့က လက်ခံလို့တော့ မရဘူးပေါ့” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများအား ဘိန်းအစားထိုးသီးနှံများ မပေးနိုင်ဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်မည်ဟု ဆိုနေခြင်းသည် ဒေသခံများအား ပိုမိုခက်ခဲစေနိုင်သဖြင့် လက်ခံ၍ မရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်ဖုန်းဟန်က လတ်တလောတွင် စစ်ကောင်စီ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ တစုံတရာ တုံ့ပြန်ရန် မရှိသေးဘဲ SSPP ခေါင်းဆောင်များအကြား ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျနော်တို့ဘက်မှာကတော့ ဆွေးနွေးနေတုန်းပေါ့။ တိုက်ပွဲကတော့ ဘယ်လိုပြောမလဲဗျ။ စစ်တပ်ဆိုတာက တကယ်လို့ အဖွဲ့ချင်းအတူတူ မဟာမိတ်မဖြစ်ဘူးဆိုရင်တော့ ဝင်လာရင် တိုက်တာက ဘယ်စစ်တပ်မဆိုရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။ ကျနော်တို့ ဘာလုပ်မယ်။ မလုပ်ဘူးဆိုတာကိုတော့ တုံ့ပြန်မှု မပေးသေးပါဘူး” ဟု ဆိုသည်။

SSPP သည် တအာင်းနှင့် ဝ တပ်များ၏ အကူအညီဖြင့် ၂၀၂၁ ခုနှစ်ဇွန်တွင် RCSS တပ်များကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ခိုက်ခဲ့ပြီး RCSS တပ်များစိုးမိုးခဲ့သည့် ပင်လုံမြို့အနောက်ဘက် ဆနင်းဒေသအထိ နယ်မြေစိုးမိုးမှုများ တိုးချဲ့ လုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်လာသည့်နောက်တွင် စစ်ကောင်စီတပ်သည် SSPP တပ်များအား တပ်ပြန်ဆုတ်ရန် အကြိမ်ကြိမ် တောင်းဆိုမှုများ လုပ်ခဲ့သလို စစ်အင်အားဖြည့်တင်း ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်ခဲ့သည်။

စစ်ရေးလေ့လာသူတဦးကလည်း စစ်ကောင်စီဘက်က SSPP အား တပ်ဆုတ်ပေးရန် အကြိမ်ကြိမ်ပြောနေသည်ကို ကြည့်ပါ က စစ်ကောင်စီသည် ဆနင်းဒေသကို လိုချင်နေပုံရကြောင်း၊ ဆနင်းနှင့် မိုင်းကိုင်ရှိ RCSS တပ်များကို SSPP မှ တိုက်ထုတ် ကာ နေရာယူပြီးနောက် မတ်လကုန်ခန့်တွင် စစ်ကောင်စီတပ်က ယင်းနေရာမှ SSPP တပ်များကို ဖယ်ခိုင်းကြောင်း ဆိုသည်။

၎င်းက “ ဇွန်လောက်မှာထင်တယ်။ မိုင်းရှူးဘက်က စခန်း ၃ ခုကို ဆုတ်ရမယ်။ မဆုတ်ရင် တိုက်မလိုလိုနဲ့ တပ်တွေပြင်ပြ၊ လေယာဉ်ပျံတွေ ဝဲပြလုပ်တယ်။ အဲဒီတုန်းက မိုင်းနောင်မှာ ဆွေးနွေးတယ်။ SSPP က မဆုတ်ဘူး။ တပ်ကပဲ ပြန်ဆုတ်သွား တယ်။ တိုက်မလိုလို ဘာလိုလိုနဲ့ ။ ဒီအခြေအနေတွေ ဘာလို့ ဖြစ်လာသလဲသုံးသပ်ရင် စစ်တပ်က ဒီနေရာတွေကို အရမ်းပြန်လိုချင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ ဆောင်တယ်” ဟု ဆိုသည်။

သို့သော်လည်း SSPP သည် တပ်ဆုတ်ပေးမည့် အခြေအနေမရှိဘဲ စစ်ကောင်စီတပ်များဝင်လာပါက ခုခံမည့် အနေအထား ရှိကြောင်း ၎င်းက ဆိုသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

၎င်းက ဆက်လက်၍ “စစ်တပ်က ခြိမ်းခြောက်ပြီးတော့ ဖယ်ခိုင်းတယ်ဆိုတဲ့ အဆင့်ကနေ နောက်တဆင့် တက်မလားပေါ့။ ဒါပေမယ့် စစ်ကောင်စီရဲ့ မြေပြင်တပ်ကလည်း လုံလုံလောက်လောက် ရှိတာမဟုတ်ဘူး။ ဒါကြောင့် တရုတ်ကလာတဲ့ လေယာဉ် ၆ စီးကို အားကိုးပြီး ဒီနေရာတွေကို ရှင်းဖို့ လေတပ်သုံးပြီး ကြိုးစားမှာလားလို့ စဉ်းစားစရာရှိတယ်” ဟု ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များဖြစ်သည့် နားရိုင်း ၊ S သုံးလုံး ၊ မတ်ကျန်းနှင့် မဟာဂျာ စသည့် အဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ နှင့် ပတ်သက်ဆက်နွယ်နေသော်လည်း စစ်ကောင်စီ ဘက်က အရေးယူနှိမ်နင်းမှု မရှိပေ။

ဆနင်းဒေသသည် ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမှ ကားဖြင့် ၃ နာရီခန့်သွားရပြီး ဟိုပုံးမြို့နယ်နှင့် ထိစပ်နေသလို စစ်တပ်၏ ဗထူးတပ်မြို့တည်ရာ ရပ်စောက်မြို့နယ် မိုင်းပြင်းဒေသနှင့် လဲချားမြို့နယ် သို့လည်း အလွယ်တကူ သွားနိုင်သည့် နေရာ တခုဖြစ်သည်။

ယင်းဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်းမြို့များအား စိုးမိုးနိုင်ရေးအတွက် အချက်အခြာကျသဖြင့် SSPP ဘက်က တပ်မဆုတ်ရန် စဉ်းစားထားခြင်းဖြစ်ကြောင်း လေ့လာသူများက ခန့်မှန်းသည်။

SSPP သည် ၁၉၈၉ တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးခဲ့သော်လည်း တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်မူ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
ဆက်စပ်ဖတ်ရှုရန်

You may also like these stories:

စစ်ကောင်စီ၏ တပ်ဆုတ်ရန် သတိပေးချက် SSPP လက်မခံ

အင်အားဖြည့်နေသည့် စစ်တပ်နှင့် SSPP စစ်ရေးတင်းမာ

ရှမ်းမြောက်တွင် SSPP နှင့် စစ်ကောင်စီ၊ RCSS တို့တိုက်ပွဲဖြစ်

SSPP ၏ မူဝါဒနှင့် အနာဂတ်ခြေလှမ်း ဘာလဲ

စစ်ကောင်စီ တောင်းဆိုသော်လည်း SSPP တပ်ပြန်ရုပ်မည် မဟုတ်

Your Thoughts …
Tags: SSPPစစ်ကောင်စီဆနင်းပင်လုံဖောင်းဆိုင်မူးယစ်ဆေးဝါး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၀ ပြည့်နှစ်က ရန်ကုန်တွင် တွေ့ရသော ရိုးမဘဏ်ခွဲ  /  Yoma Bank

စစ်တပ်နှင့် ပတ်သက်နေကြောင်း ဖော်ထုတ်ခံရပြီး ရိုးမဘဏ်ကို IFC လမ်းခွဲ

UN Photo / Eskinder Debebe

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ အတည်ပြု

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved