• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ၏ တပ်ဆုတ်ရန် သတိပေးချက် SSPP လက်မခံ

by ဧရာဝတီ
9 June 2022
in သတင်း
A A
SSPP/SSA တပ်များ  / SSPP Info

SSPP/SSA တပ်များ / SSPP Info

5.5k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီမှ သတိပေးတောင်းဆိုနေသော်လည်း မိုင်းရှူးမြို့နယ်ရှိ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၏ တပ်စခန်း ၃ ခုကို ပြန်ဆုတ်ပေးမည်မဟုတ်ကြောင်း SSPP ဘက်က ယနေ့ သတင်း ထုတ်ပြန်သည်။

SSPP ၏ ဌာနချုပ်ကို ကာကွယ်ထားသည့် မိုင်းရှူးမြို့နယ်မြောက်ဘက် လွိုင်နိုင်းလမ်းခွဲအဝင်အနီးရှိ စခန်း ၁ ခု နှင့် မန်ဝိန်း ကျေးရွာအနီး စခန်း ၂ ခု တို့ကို ဇွန်လ ၁၀ ရက် နောက်ဆုံးထားပြီး ဆုတ်ပေးရန် စစ်ကောင်စီဘက်က ဇွန် ၄ ရက်တွင် အကြောင်းကြားလာခဲ့ခြင်း ဖြစ်ကြောင်း SSPP ဘက်က ဆိုသည်။
စစ်ကောင်စီဘက်က ပေးပို့လာသည့်စာတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် အဖွဲ့က မတ် ၁၁ ရက်တွင် လွိုင်နိုင်း-ဝမ်ဟွေ-တာဝိန်းနောင် စစ်ဆင်ရေး လမ်း‌ဖောက်လုပ်နိုင်ရန် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာ SSPP စခန်း ၃ ခုသည် သတ်မှတ်နယ်မြေ ကျော်လွန်၍ ယာယီအခြေပြုစခန်းများ တည်ဆောက်ထားသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

SSPP ၏ ယာယီစစ်စခန်း ၃ ခုတွင် စုစုပေါင်း အင်အား ၈၀ ခန့် ရှိနေပြီး ဇွန် ၁၀ ရက် နောက်ဆုံးထား ဖယ်ရှားရန် အကြောင်းကြားပါကြောင်း စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏စာတွင် ရေးသားထားသည်။

အဆိုပါ စခန်းများသည် SSPP ၏ တပ်မဟာ (၇၀၂) လက်အောက်ခံ တပ်ရင်း (၄၂၄) က ဆယ်စုနှစ်တခုစာ အခြေပြုခဲ့သည့် တပ်စခန်းနေရာများ ဖြစ်သဖြင့် တပ်ဆုတ်ပေးရန် မဖြစ်နိုင်ခြင်း ဖြစ်ကြောင်း SSPP ဘက်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလတုန်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နှင့် ဟိုပုံးမြို့နယ်ကြား ဆနင်းတောင်ကြောတွင် ရောက်ရှိ နေသော SSPP တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ကို ဆုတ်ခွာပေးရန် စစ်ကောင်စီက SSPP ထံ တောင်းဆိုခဲ့သော်လည်း SSPP ဘက်က တပ်မဆုတ်နိုင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

ယင်းနောက် SSPP ဌာနချုပ် ဝမ်ဟိုင်း၏ အရှေ့မြောက်ဘက်ရှိ SSPP လုံခြုံရေးစစ်စခန်း ၃ ခုကိုပါ ဆုတ်ပေးရန် စစ်ကောင်စီ ဘက်က ထပ်မံ အကြောင်းကြားလာခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် လွိုင်နိုင်းရွာအနီးတဝိုက်သို့ စစ်ကောင်စီ၏ တပ်ရင်း ၂၄၉၊ ၁၅၃၊ ၂၉၆၊ ၉၉ နှင့် တပ်ရင်း ၂၉၆ စသည့် တပ်များ သည် ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများ အပါအဝင် စက်သေနတ်များဖြင့် SSPP ၏ စစ်စခန်းများအနီး စစ်ရေး လှုပ်ရှားလာနေကြောင်း SSPP ဘက်က ပြောသည်။

SSPP တပ်ဖွဲ့ဝင်များဘက်ကလည်း ခံစစ်ပြင်ဆင်ထားပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာပါက တိုက်ပွဲဖြစ်ပွားနိုင် ကြောင်း SSPP စစ်ဘက်အရာရှိတဦးက မှတ်ချက်ပေးသည်။

အလားတူ မိုင်းရှူးမြို့နယ်တောင်ဘက် ဆနင်းတောင်ကြော အပါအဝင် လွိုင်လင်မြို့နယ်နှင့် မိုင်းပွန်မြို့နယ် တဝိုက်တွင်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်များနှင့် SSPP တပ်များ ဆိုင်ထားရပြီး SSPP အနေဖြင့် စစ်ကောင်စီတပ်နှင့် RCSS တပ်များ၏ နှစ်ဖက်ညှပ် တိုက်ခံရနိုင်သည့် အခြေအနေ ရှိနေကြောင်း SSPP ဘက်က ပြောသည်။

ရှမ်းပြည်တပ်မတော် (SSA) ကို ၁၉၆၄ ဧပြီ ၂၄ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ဖြစ်သည့် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်မယ်နန်းဟိန်းခမ်းက စတင် တည်ထောင်ခဲ့ပြီး ၁၉၇၁ တွင် SSPP အဖွဲ့ကို တည်ထောင်ကာ ၁၉၇၁ သြဂုတ် ၁၆ ရက်တွင် ပထမဆုံး ညီလာခံကျင်းပခဲ့သည်။

SSPP သည် ၁၉၈၉ တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးခဲ့သော်လည်း တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်မူ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

၂၀၁၀ တွင် နယ်ခြားစောင့်တပ်အဖြစ် အစိုးရက ပြောင်းလဲခိုင်းရာ ဗိုလ်မှူးကြီးစဝ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ ၁ က ငြင်းဆန်ခဲ့ပြီး SSPP/SSA ကို ပြန်အသက်သွင်းကာ လက်ရှိအချိန်ထိ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းအတွင်း လှုပ်ရှားလျက် ရှိသည်။

SSPP သည် မဟာမိတ်များ ဖြစ်သည့် ပလောင် (တအာင်း) နှင့် `ဝ’ တပ်များ၏ အကူအညီကို ရယူကာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ နယ်မြေစိုးမိုးလာသည့် RCSS တပ်များအား ၂၀၂၁ ဇွန်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့သလို တိုက်ပွဲများတွင် အရေးနိမ့်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဆုတ်ခွာလာသည့် RCSS တပ်များကိုလည်း ၂၀၂၂ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ရပ်စောက် မြို့ဝန်းကျင်အထိ SSPP ဘက်က လိုက်လံတိုက်ခိုက်မှုများ ရှိခဲ့သည်။

ယင်းနောက် SSPP သည် စစ်ကောင်စီတပ်များနှင့် RCSS တပ်များ၏ တန်ပြန်စစ်ရေး ခြိမ်းခြောက်မှုကို ကြုံလာရခြင်း ဖြစ်သည်။

SSPP သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သို့ တက်ရောက်ရန် စာရင်းပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့လည်း ဖြစ်သည်။

You may also like these stories:

စစ်ကောင်စီ တောင်းဆိုသော်လည်း SSPP တပ်ပြန်ရုပ်မည် မဟုတ်

SSPP နှင့် RCSS စစ်ရေး တင်းမာမှုကြား စစ်ဘေးရှောင်ဦးရေ ပိုတိုးလာ

စစ်ကောင်စီသည် ငြိမ်းချမ်းရေးကို “ဟန်ပြ” လုပ်နေခြင်းသာ ဖြစ်ဟုဆို

Your Thoughts …
Tags: RCSSSSPPစစ်ကောင်စီရှမ်းပြည်နယ်တောင်ပိုင်းလွိုင်နိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မေ ၂၇ ရက် စစ်တပ်က မီးရှို့မှုကြောင့် ကန့်ဘလူမြို့နယ်၊ ထန်းတောရွာမှ မီးလောင်ပြာကျသွားသည့် ပြည်သူ့နေအိမ်အချို့  / CJ

ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စတေးလိုက်ရတဲ့ အနာဂတ်များ (ရုပ်/သံ)

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စတေးလိုက်ရတဲ့ အနာဂတ်များ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved