• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင် ရေအားလျှပ်စစ် စီမံကိန်းသစ် ကန့်ကွက်စာ သမ္မတထံ ပေးပို့

by ဧရာဝတီ
28 September 2016
in သတင်း
A A
ချီဖွေ မြို့နယ်အတွင်း တွေ့ရသော ငေါ်ချန်းခ ချောင်း / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ချီဖွေ မြို့နယ်အတွင်း တွေ့ရသော ငေါ်ချန်းခ ချောင်း / နန်းလွင်နှင်းပွင့် / ဧရာဝတီ

2.4k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ချီဖွေနှင့် ဆော့လော် မြို့နယ်အတွင်းရှိ မေခမြစ်နှင့် ငေါ်ချန်းခ ချောင်းအပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများကို ကန့်ကွက်ကြောင်း ဒေသခံများက နိုင်ငံတော် သမ္မတ ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ လိုက်သည်ဟု သတင်းရရှိသည်။

မေခမြစ်၊ ငေါ်ချန်းခ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ချီဖွေ၊ ဆော့လော်မြို့နယ်မှ ရပ်မိရပ်ဖ ရ၇ ဦးက ဒေသခံ များနှင့် အလုပ်ရုံဆွေးနွေးပွဲ တရပ်ကို စက်တင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်တွင် ပြုလုပ်ခဲ့ပြီး ရပ်ဆိုင်းပေး ရန်နှင့် ကန့်ကွက် သည့် သဘောထား ထုတ်ပြန်ချက်နှင့် အိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကချင် ရပ်ရွာဒေသ ဖွံ့ဖြိုးရေး အသင်း ပြောရေးဆိုခွင့်ရှိသူ ဦးမုန်ရာက “ဒီစီမံကိန်းကို နယ်ခြားစောင့်တပ်က စခုန်တိန့်ယိန်း တို့ စခုန်ယိန်းဆောင်တို့ ဦးစီးမယ်လို့ သိရတယ်။ အရင် စစ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေက စာချုပ် ချုပ်ပြီးသား ဖြစ်နေ တယ်။ ဒီဆည်တွေ ဆောက်ရင် ဒေသခံတွေရဲ့ တောင်စောင်း အိ်မ်တွေ လယ်တွေ အကုန်ရေမြုပ် မယ်။ သူတို့က စဖို့ စီစဉ်နေတယ်။ ဒါ့ကြောင့် ကန့်ကွက်ကြတာပါ”ဟု ပြောသည်။

ငေါ်ချမ်းခ ချောင်းရိုးတလျှောက်တွင် ကျေးရွာပေါင်း ၆၈ ရွာ အနည်းဆုံးရှိပြီး လူဦးရေ ၃၀၀၀၀ ကျော် မှီတင်း နေထိုင် လျက် ရှိကြောင်း၊ ဒေသခံများမှာ ဘိုးဘွားစဉ်ဆက်က လုပ်ကိုင်ခဲ့သည့် လှေခါးထစ် တောင်ယာ စိုက်ပျိုးရေး နှင့် ဥယျာဉ် ခြံမြေများ လုပ်ကိုင်ကြကြောင်းလည်း သမ္မတထံသို့ ပေးပို့သည့် စာတွင် ရေးသားထားသည်။

ရပ်မိရပ်ဖ တဦးလည်းဖြစ်သူ ဦးမုန်ရာက“ကျနော်တို့ဒေသခံတွေရဲ့ တောင်စောင်းရွာတွေ အိမ်တွေက ဆည်ဆောက် တာနဲ့ ရေလွှမ်းသွားမှာ။ အခြားကို ပြောင်းရွှေ့နေဖို့ ဆိုတာက မြစ်ကြောင်းအထက်ပိုင်းမှာက ကျောက်ဆောင်တွေပဲ ဆိုတော့ နေထိုင်ဖို့ မလွယ်ဘူး ဖြစ်နေပါတယ်”ဟုလည်း ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ချီဖွေ၊ ဆော့လော်ဒေသခံများသည် မေခမြစ်ကို မျက်နှာမူ၍ ငေါ်ချန်းခချောင်းကို ကျောပေးကာ အိမ်များ ဆောက် လုပ် ပြီး မြစ်ကြောင်း၊ ချောင်းရိုးတလျောက် နေထိုင်ကြသည်ကို တွေ့ရသည်။

ဒေသခံ ရပ်မိရပ်ဖများ စုံစမ်းချက်အရ ၎င်းတို့ ဒေသတွင် ရေအားလျှပ်စစ် စီမံကိန်းအတွက် ဆည် ၄ ခုခန့် တည် ဆောက် ရန် စီစဉ်နေကြောင်း သိရှိရသည်။

ချီဖွေ၊ ဆော့လော် ဒေသခံများသည် လိမ္မော်သီး၊ သစ်ကြားသီး၊ ချဉ်ဆော်ကားသီး စသည့် နှစ်ရှည်သီးနှံပင်များကို တောင် များပေါ်တွင် လှေကားထစ်စိုက်ပျိုးရေးအဖြစ် လုပ်ကိုင်ကြပြီး အိမ်တွင်း ဝမ်းစာအတွက် တောင်ယာစပါး စိုက် ပျိုး ကြသည်။

ရေအားလျှပ်စစ် စီမံကိန်း ပြုလုပ်မည့် နယ်မြေသည် ကချင် မျိုးနွယ်စုများတွင် ပါဝင်သည့် လော်ဝေါ်၊ လချိဒ်၊ ငေ့ါချန်း နှင့် လီဆူမျိူးနွယ်စုများ နေထိုင်ပြီး အဆိုပါ မျိုးနွယ်စုများ၏ သမိုင်းကြောင်းအရ တန်ဖိုးကြီးသည့် နယ်မြေ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀၀ ကျော်က ငေါ့ချမ်းမျိုးနွယ်စုများ စတင် ဆင်းသက်နေထိုင်လာသည့် သမိုင်းဝင် နယ်မြေ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ နေထိုင်ရာ နေရာများမှ ရွှေ့ပြောင်းလိုခြင်း မရှိသကဲ့သို့ ဒေသခံများကို ရှင်းလင်း ပြောပြခြင်း တစုံ တရာ မရှိသည့် ရေအားလျှပ်စစ် စီမံကိန်းကို လိုလားခြင်း မရှိဟုလည်း ဦးမုန်ရာက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်းကလည်း ချီဖွေမြို့နယ် နှင့် ဆော့လော်မြို့နယ်အတွင်း နေထိုင်ကြသည့် ဒေသခံများ၏ လှေကား ထစ် တောင်ယာ စိုက်ခင်းများကို စီမံကိန်းဧရိယာအတွင်း ဝင်နေသည်ဟု ဆိုကာ ဒေသ အာဏာပိုင်များက ဖယ်ရှား ခိုင်းခြင်း၊ တချို့နေရာများတွင် တောင်ယာများ ဆက်လက်စိုက်ပျိုးခွင့်မပြုဘဲ အာဏာပိုင်များက ပိတ်ပင် လိုက်ခြင်း များ ပြုလုပ်ခဲ့သည်ကို ဧရာဝတီက အဆိုပါ ဒေသအတွင်း သွားရောက်ခဲ့ရာတွင် စုံစမ်း သိရှိရသည်။

ချီဖွေ နှင့် ဆော့လော်မြို့နယ်သည် မြေပြန့်မရှိဘဲ တောင်ထူထပ်သည့် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံများ ဘိုးဘွား စဉ်ဆက်အလိုက် စိုက်ပျိုးလုပ်ကိုင်နေသည့် တောင်ယာများသာ မြေသားတောင်များရှိသည်။

တောင်အများစုသည် ကျောက်တောင်များ၊ သတ္တုထွက်သည့် တောင်များ ဖြစ်ပြီး တရုတ်နိုင်ငံသားတချို့က သတ္တု တူး ဖော်ရေး လုပ်ကိုင်နေသည်ကိုလည်း တွေ့ခဲ့ရသည်။

ဒေသခံတဦးဖြစ်သူ ဦးဒေါင်ခေါန်ကလည်း “ဘိုးဘွားစဉ်ဆက် စိုက်လာတဲ့ နေရာမှာ အခြားနေရာကို အစားထိုးပေးတာ တွေ လုပ်တယ်။ ပေးတဲ့နေရာက ကျောက်တောင်တွေ လူနေလို့ မရ၊ စိုက်စားလို့မရ တချို့နေရာတွေကလည်း တောင် တခုလုံး ပြန်ရှင်းရမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”ဟု ပြောဆိုသည်။

သို့သော် ၎င်းတို့ ဒေသခံများအနေဖြင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည် ငြင်းခုံရန် ကြောက်ရွံ့သည်ဟုလည်း ဦးဒေါင်ခေါန်က ရှင်းပြသည်။

“ကျနော်တို့အတွက် ငေါ်ချန်းခ မရှိရင် သောက်စရာရေက အစ ခက်ခဲသွားနိုင်သလို ကျနော်တို့ သမိုင်းလည်း ပျောက် သွားမှာ။ နောက်ပြီး ဆည်ဆောက်ရင်လည်း နေတဲ့ နေရာတွေက ရေလွှမ်းသွားမှာ။ ကျနော်တို့ ပြောင်းပေးရမယ်တဲ့။ ဒါတွေ ကျနော်တို့ မလုပ်နိုင်ဘူး”ဟု ဦးဒေါင်ခေါန်က ဆက်ပြောသည်။

ချီဖွေ နှင့် ဆော့လော်မြို့နယ်တို့မှာ ဦးစခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ အထူး ဒေသ (၁) အတွင်းမှ မြို့နယ်များ ဖြစ်သည်။

အဆိုပါ အထူးဒေသ (၁)သည် အစိုးရ၏ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုမရှိဘဲ ဦးစခုန်တိန့်ယိန်း၏ နယ်ခြားစောင့် တပ်၊ တပ်မတော်တို့က အာဏာသက်ရောက်သည့် နယ်မြေဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဦးစခုန်တိန့်ယိန်းက နာယက အဖြစ် ပါဝင်ပြီး ဒေသခံများ မဝင်မနေရ စနစ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့စစ် တပ်ဖွဲ့လည်း ရှိသည်။

ယခု ငေါ်ချန်းခ ရေအားလျှပ်စစ် စီမံကိန်း ဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး သွားလာရန် တောလမ်း၊ မြေကြီး လမ်းသာရှိပြီး ဖုန်းလိုင်းများလည်း မမိပါ။ ဒေသခံ မဟုတ်သည့် အပြင်လူ သွားလာရန် ခက်ခဲသည့် ဒေသ ဖြစ်သည်။

အဆိုပါ ဒေသတွင် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့်ဟုဆိုကာ တရုတ်ကုမ္ပဏီတချို့က သတ္တုတူးခြင်း၊ စကျင် ကျောက် တောင်များကို တူးခြင်းများ လုပ်ကိုင်လျက် ရှိသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ထို့အပြင် ၂၀၁၄ ခုနှစ်ကလည်း တရုတ်ကုမ္ပဏီများက သတ္တုတူးခြင်းများ လုပ်ကိုင်ပြီး စွန့်ပစ် အညစ်အကြေး များကို ငေါ့ချန်းခ ချောင်း အတွင်း စွန့်ပစ်ခဲ့သဖြင့် ချောင်းအတွင်းရှိ ငါးများ သေဆုံးခြင်း၊ ချောင်းရေ ညစ်ညမ်းသွားခြင်း၊ ချောင်း ရေ ပြန်လည် ကြည်လင်လာသော်လည်း အနံများရှိနေခြင်း တို့ကြောင့် ဒေသခံများ သောက်သုံးရေ နှင့် ဟင်းစား ငါးများ ဖမ်းဆီးရန် အခက်အခဲ ဖြစ်သွားခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ဆည်တည်ဆောက်ရန် တရုတ်အင်ဂျင်နီယာများ လာရောက်ပြီး လုပ်ငန်းစီစဉ်ရန် လုပ်ဆောင်ခဲ့သော်လည်း ဒေသခံများက အင်အားဖြင့် ဆန္ဒပြမှုများ တားမြစ်မှုများ ပြုလုပ်ခဲ့သဖြင့် ပြန်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ဦးစခုန်တိန့်ယိန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဒေသခံများ၏ လုပ်ဆောင် ချက်များကို မသိရှိကြောင်း၊ ရေအားလျှပ်စစ် တည်ဆောက်မည့် ကိစ္စကိုလည်း ၎င်းအနေဖြင့် မသိရှိ ကြောင်း၊ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ရေအားလျှပ်စစ် တခုခု တည်ဆောက်မည်ဆိုပါက အတတ်ပညာရှင်များနှင့် ဗဟိုအစိုးရကသာ ဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်း ပြောသည်။

ဦးစခုန်တိန့်ယိန်းက“ဘယ်နားမှာလဲ ကျနော်လည်း မသိဘူး။ အဲ့ဒါ ကျနော်နဲ့လည်း မဆိုင်ဘူး။ ကျနော်လည်း မသိ ဘူး။ ကျနော့်ကိုလည်း လာမမေးကြဘူး။ လာလည်း မတိုင်ပင်ဘူး။ ပတ်လည်း မပတ်သက်ဘူး။ ဒီတော့ သူတို့ကို ဘာမှ လိုက်မပြောချင်ဘူး။ သဘောတူတယ်၊ မတူဘူး ပြောဖို့ မရှိပါဘူး”ဟုလည်း ပြောဆိုသည်။

ဒေသခံများက မေခမြစ်နှင့် ငေါ်ချန်းခ ရေအားလျှပ်စစ် စီမံကိန်းကိစ္စတို့နှင့် ပတ်သက်၍ အထူးဒေသ (၁) အာဏာ ပိုင်များ ဖြစ်သည့် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း တို့ကို တစုံတရာ ပြောဆိုသွားမည် မဟုတ်ဘဲ နိုင်ငံတော် အစိုးရထံတွင်သာ တိုက်ရိုက် ဆက်လက် တောင်းဆိုသွားမည်ဟု ပြောဆိုကြသည်။

ဦးမုန်ရာက “ကျနော်တို့ကို မေတ္တာနဲ့ အုပ်ချုပ်တဲ့ သမ္မတကြီးဆီကို အိတ်ဖွင့်စာပေးရင် အစိုးရက ကျနော်တို့အတွက် ကြည့်ပေးမယ်။ ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့ကြောင့် ပေးပို့တာပါ။ ဦးစခုန်တိန့်ယိန်းတို့ ဘက်ကိုတော့ ကျနော်တို့ ဘာမှ ပြောစရာမရှိပါဘူး”ဟု ပြောသည်။

ချီဖွေ၊ ဆော့လော်မြို့နယ်နေ ပြည်သူလူထုများ အပါအဝင် ဒေသခံများကို ကိုယ်စားပြုသည့် ဘာသာရေးအဖွဲ့အစည်း များ၊ အမျိုးသမီးရေးရာ ကော်မတီ ၊ ဒေသအလိုက် စာပေ နှင့် ယဉ်ကျေးမှု ကော်မတီများမှ ကိုယ်စားလှယ်များ၊ ကချင် ရပ်ရွာ ဒေသဖွံ့ဖြိုးရေး ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးက လက်မှတ်ထိုး၍ ကန့်ကွက်ကြောင်းကို အိတ်ဖွင့်ပေးစာ နှင့် အတူ ပူးတွဲတင်ပြ ထားသည်ဟုလည်း ကချင်ရပ်ရွာဒေသဖွံ့ဖြိုးရေးကိုယ်စားလှယ် တဦးဖြစ်သူ ဦးမုန်ရာက ဧရာဝတီကို ပြောသည်။

နယ်ခြားစောင့်တပ် ခေါင်းဆောင်လည်း ဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့တွင်လည်း နာယက ဖြစ်သူ ဦးစခုန်တိန့်ယိန်းမှာ ချီဖွေ မြို့နယ်၏ အမျိုးသား လွှတ်တော်အမတ်အဖြစ် အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲအတွင်း မဲလာဆွယ်သည့် NLD ကိုယ်စားလှယ်များကို ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားစွဲဆိုခံရပြီး အမတ်အဖြစ်မှ ရုပ်သိမ်းခံထားရ သည်။

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ၎င်းဒေသအတွင်းရှိ ဘိန်းခင်းများကို ကချင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) အဖွဲ့က ဝင်ရောက်ဖျက်ဆီးရာ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ၎င်းတို့ စားဝတ်နေရေး ဝင်ငွေအတွက် စိုက်ထားသည့် အခင်းများကို ဖျက်ဆီးသည်ဟု ဆိုကာ သေနတ်ဖြင့် ပစ်ခတ်၍ ဘိန်းခင်းများကို ကာကွယ်မှု ပြုလုပ်ခဲ့သေးသည်။

Your Thoughts …
Tags: ရေအားလျှပ်စစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
11 September 2023
5.1k

၂၀၃၀ ခုနှစ်တွင် အားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အလားအလာ မှေးမှိန်နေသည်ဟုလည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြသည်။

သံတွဲ သူဌေးချောင်းဆည် ကျိုးမည်ကို ဒေသခံများ စိုးရိမ်

သံတွဲ သူဌေးချောင်းဆည် ကျိုးမည်ကို ဒေသခံများ စိုးရိမ်

by ရိုးကျော်
26 July 2024
2.4k

သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်အတွင်းရှိ သူဌေးချောင်း (သဒေး) ရေအားလျှပ်စစ်မှ ဝန်ထမ်းများသည် အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများစတင်ခဲ့သည့် ဧပြီလကတည်းက စီမံကိန်းအတွင်းမှ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်

စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်

by Rebecca L. Root
30 January 2024
1.7k

ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာနှင့် လမ်းခွဲပြီး စွမ်းအင်အသွင်ကူးပြောင်းရေး နိုင်ငံအဆင့် အားထုတ်မှုများနှင့် အခြား ရာသီဥတုဆိုင်ရာ ရဉ်မှန်းချက်များ အားလုံးနီးပါးသည် ပျောက်ကွယ်သွားသည်ဟု ကျွမ်းကျင်သူအချို့က ယူဆသည်။

တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

by မောင်ကဝိ
25 June 2025
855

မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းမှာ လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံးနိုင်ငံတခုဖြစ်ပြီး စွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းဖို့ တရုတ်ကို အကြီးအကျယ် မှီခိုရပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ အမိန့်စာနဲ့ စစ်တပ်ခြေလှမ်းစ

မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ အမိန့်စာနဲ့ စစ်တပ်ခြေလှမ်းစ

by ဧရာဝတီ
27 December 2025
356

မြစ်ဆုံစီမံကိန်းအပေါ် လူထုကန့်ကွက်မှုဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ လူမှုဘဝ ထိခိုက်မှုတွေသာမက ရင်းနှီးမြှုပ်နှံမှု ငွေကြေးနဲ့ထွက်လာတဲ့ လျှပ်စစ်အတွက် မဟာဓာတ်အားလိုင်း တည်ဆောက်မှုတွေမှာ သုံးစွဲရမယ့် ငွေကြေး အတွက် တရုတ်ရဲ့ ချေးငွေ ထောင်ချောက်ထဲ ကျရောက်မယ့် အန္တရာယ်ကို ထောက်ပြတာတွေလည်းရှိနေတာ...

လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသည့် ရန်ကုန်ညမြင်ကွင်း / RFA

မီးပြတ်၊ ရေပြတ်နှင့် ပြည်သူတို့၏ အပူပေါင်းများစွာ

by ယုဇန
11 May 2023
7k

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်နောက်ပိုင်း ရှည်ကြာစွာ ဓာတ်အားပြတ်တောက်ခြင်းကြောင့် မြန်မာပြည်သူများ အထူးသဖြင့် ရန်ကုန်ကဲ့သို့သော မြို့ကြီးများမှ ပြည်သူများ၏ဘဝကို ဆိုးရွားစေသည်။

Next Post
NLD ပါတီ သဘာပတိ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်

NLD ကြေညာချက် အတုပြုလုပ်သူကို တရားစွဲမည်ဟု ဦးဝင်းထိန်ပြော

မြိုင်ကြီးငူမြို့ တွင်းပုံများ / မျိုးမင်းစိုး / ဧရာဝတီ

မြိုင်ကြီးငူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved