• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုသိမ်တွင် ဆိုင်ကယ်ကို မိုးကြိုးထိမှန်၍ နောက်မှစီးနင်းသူ သေဆုံး

by ဆလိုင်းသန့်စင်
29 May 2017
in သတင်း
A A
ပုသိမ်- မော်တင် ကားလမ်းတွင် မိုးကြိုးထိမှန်ခဲ့သည့် ဆိုင်ကယ် / ဆလိုင်းသန့်စင်

ပုသိမ်- မော်တင် ကားလမ်းတွင် မိုးကြိုးထိမှန်ခဲ့သည့် ဆိုင်ကယ် / ဆလိုင်းသန့်စင်

41.3k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပုသိမ်- မော်တင် ကားလမ်းပေါ်တွင် မောင်းနှင်နေသည့် ဆိုင်ကယ်တစီးသည် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က မိုးကြိုးပစ်ခံရကာ ဆိုင်ကယ်စီးလာသူ ၂ ဦးအနက် နောက်မှလိုက်ပါစီးနင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့နှစ်ဦးသည် ငပုတောမြို့နယ် ကမ်းနီတမန်ချောင်းရွာ ဒေသခံများဖြစ်ပြီး မင်းထက်အောင် (ခ) ထက်ထက် ၁၇ နှစ် မောင်းနှင်၍ နေမျိုးနိုင် ၁၇ နှစ်က နောက်မှထိုင်စီးလာသော ဆိုင်ကယ်သည် ပုသိမ်မှ ကမ်းနီကျေးရွာသို့ ပြန်စဉ် ပုသိမ်မော်တင်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၆ – ၁၆/၇ ကြား ကိုင်းချောင်းတံတား အနီးတွင် မိုးကြိုးပစ်ခံရပြီး ဆိုင်ကယ် တိမ်းမှောက်ခဲ့သည်။

ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူ နေမျိုးနိုင်သည် နားနှင့် မျက်လုံးများမှ သွေးများစီးကျလျက် နေရာမှာပင် သေဆုံးခဲ့ ကြောင်း ပုသိမ်မြို့နယ် သလပ်ခွာရဲစခန်းက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
547
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

ယင်းသို့ မိုးကြိုးပစ်သည့် ဒဏ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ မင်းထက်အောင်(ခ) ထက်ထက်မှာ ခါးအောက်ပိုင်း လှုပ်ရှားမရတော့ဘဲ လက်ဝဲဘက် ဒူးခေါင်း ပွန်းပဲ့ ဒဏ်ရာများရရှိ၍ တာဝန်ရှိသူများက ပုသိမ်ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“သူတို့ဆိုင်ကယ်က ပုသိမ် – မော်တင် ကားလမ်းပေါ်မှာ မိုးကြိုးပစ်ခံရတာပါ။ တယောက်က ပွဲချင်းပြီး သေပြီး တယောက်က ဒဏ်ရာရပါတယ်။ သေမှုသေခင်း ဖွင့်လှစ်ထားပါတယ်” ဟု သလပ်ခွာရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

ယခုလ တတိယပတ်ကလည်း ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင် ကောက်ရိတ်နေသည့် အမျိုးသမီးတဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သည်။ ယခုနှစ်မိုးဦးရာသီတွင် မြန်မာနိုင်ငံ အနှံ့အပြား၌ မိုးတိမ်တောင်များကြောင့် မိုးကြိုးပစ်သည့်ဖြစ်စဉ်များ အများအပြား ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားထားသည်။

Your Thoughts …
Tags: မိုးကြိုး
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ဇွန် ၃ ရက်နေ့က မြိတ်လေတပ်စခန်းဌာနချုပ်အတွင်း လူ ၅ ဦး မိုးကြိုးထိမှန်သေဆုံးခဲ့သည် / မြတ်ထွဋ်(မြိတ်) / facebook

မြိတ် လေတပ်စခန်းဌာနချုပ် ဘောလုံးပွဲ မိုးကြိုးထိမှန် ၅ ဦးသေဆုံး

by သဇင်လှိုင်
4 June 2020
21k

မေလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင်ပင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင်လည်း မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုးကြိုးပစ်၍ မြန်မာနိုင်ငံအနှံ့တွင် နှစ်ရက်လျှင် ၁ဦးနှုန်း သေဆုံးနေ

မိုးကြိုးပစ်၍ နှစ်ရက်လျှင် ၁ ဦးနှုန်း သေဆုံး

by သဇင်လှိုင်
12 May 2017
7.9k

မိုးကြိုးပစ်သည့် အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် မိုးလေဝသသတင်းများကို ဂရုတစိုက် နားထောင်ရန်၊ လေဟာပြင် (သို့မဟုတ်) မြင့်မားသော နေရာတွင် နေထိုင်ခြင်းများကို ရှောင်ရှားရန်၊ လျှပ်စစ် စီးကူးနိုင်သော လျှပ်ကူးပစ္စည်းများနှင့် ဝေးရာတွင် နေထိုင်ရန် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်ခြားကို ဖြတ်ကျော် ပြေးနေသူမျာ / Reuters

သဟိဂ်က အမှု ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်ရှင်းထုတ်နိုင်မလဲ

by အောင်ဇော်
25 November 2019
16.8k

တပ်မတော်၏ လုပ်ရပ်များကိုကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ICJ သို့ သွားခြင်းကို မယုံနိုင်အောင် ဖြစ်ကြသည်။

မေလ ၃ ရက်နေ့က မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သည့် လပွတ္တာမြို့နယ်၊ ကန်သာယာကျေးရွာမှ မောင်ဝင်းကို /  ပြည်ထဲရေး

ဧရာဝတီတိုင်းတွင် မိုးကြိုးပစ်ခံရ၍ ၂ ရက်အတွင်း လူ ၃ ဦး သေဆုံး

by ဆလိုင်းသန့်စင်
5 May 2018
8.7k

မိုးတိမ်တောင်များကြောင့် မိုးကြိုးပစ်ခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တနှစ်လျှင် မိုးကြိုးပစ်ခြင်းကြောင့် လူ ၁၀၀ ကျော် သေဆုံးနေကြောင်း ဒေါက်တာထွန်းလွင်ဦးဆောင်သည့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုစောင့်ကြည့်ရေးအဖွဲ့ - MCCW ၏ စာရင်းများအရ သိရသည်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်တွင် ဧပြီလက တိုက်ခတ်သည့် လေပြင်းကြောင့် လူနေအိမ်တချို့ ပျက်စီးနေပုံ / MOI

ဧရာဝတီတိုင်း၌ မေလအတွင်း လေပြင်းတိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ပျက်စီး

by ဆလိုင်းသန့်စင်
6 June 2020
16.7k

ဧရာဝတီတိုင်း၌ ယခုနှစ် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း လေပြင်းတိုက်ခတ်မှုများအပြင် မိုး ကြိုး ပစ်ခတ်မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ အိမ်မဲနှင့် ကျောင်းကုန်းမြို့နယ်တို့မှ လူ ၇ ဦးသေဆုံးကာ ၄...

ပန်းတနော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်တလုံး / ဧရာဝတီ

ဧရာဝတီတိုင်းအတွင်း မိုးကြိုကာလ လေပြင်းကြောင့် အိမ်ခြေ ၂၀၀၀ နီးပါး ပျက်စီးခဲ့ ဟုဆို

by ဆလိုင်းသန့်စင်
1 August 2019
4k

လက်ရှိ ၂၀၁၉ ခုနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့် နေအိမ် အရေ အတွက်နှင့် လေဘေးဒုက္ခခံစားရသူ အရေအတွက်မှာ ၂၀၁၈ ခုနှစ်ကထက် ၈ဝ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း သိရသည်။

Next Post
Top Gun ဇာတ်ကား နောက်ဆက်တွဲရိုက်ဖို့အတည်ပြုပြောလိုက်တဲ့ တွမ်ခရုစ်

Top Gun ဇာတ်ကား နောက်ဆက်တွဲရိုက်ဖို့အတည်ပြုပြောလိုက်တဲ့ တွမ်ခရုစ်

2017 ထုတ် Lexus GX 460

ပြည်တွင်းမှာပါ လူကြိုက်များတဲ့ 2017 Lexus GX 460

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved