သတင်း

အမျိုးသမီးရေး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိစ္စများအတွက် နော်ဝေက အကူအညီပေး

Want create site? Find Free WordPress Themes and plugins.

နော်ဝေနိုုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို အကောင်အထည်ဖော်ရေးအတွက် ၎င်း၏ ကတိကဝတ်ကို ဖြည့်ဆည်းမှု အစိတ်အပိုင်းအဖြစ် ဧရာဝတီသတင်းဌာန၏ အမျိုးသမီးရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စများ ပိုမိုကောင်းမွန်စေရေးအတွက် ၁၉ လ ကြာ အကူအညီပေးမည် ဖြစ်သည်။

ထိုလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅ သည် ပဋိပက္ခများ တားဆီးဖြေရှင်းခြင်း၊ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၊ လူသားခြင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပဋိပက္ခကာလ အလွန် ပြန်လည်ထူထောင်ရေးတို့တွင် အမျိုးသမီးများ၏ အရေးပါသော အခန်းကဏ္ဍ ထပ်မံအတည်ပြုပေးပြီး ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ထိန်းသိမ်းမြှင့်တင်ရေးအားထုတ်မှုများတွင် အမျိုးသမီးများ တန်းတူညီမျှ အပြည့်အ၀ ပါဝင်နိုင်ခြင်း၏ အရေးပါမှုကို အလေးထားသည်။

ဧရာဝတီသတင်းဌာနတည်ထောင်သူနှင့် အယ်ဒီတာချုပ် ဦးအောင်ဇော်နှင့် ရန်ကုန်ရှိ နော်ဝေသံအမတ် Tone Tinnes သည် အထက်ပါအစီအစဉ်ကို အကောင်အထည် ဖော်ရန် သဘောတူညီချက်ကို ဇူလိုင်လ ၇ ရက်နေ့ က လက်မှတ် ရေးထိုးခဲ့ကြသည်။

လူမျိုးစုအမျိုးသမီးများ၏ အာဘော် ကို ကြားသိပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထည့်သွင်း စဉ်းစား လာစေရန်အတွက် ထိုစီမံချက်သည် ယခုလမှ စတင်ပြီး လူမျိုးစုအမျိုးသမီးများ၏အမြင်နှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့နှင့် သက်ဆိုင်သော ကိစ္စများကို အများပြည်သူ နားလည်လက်ခံလာအောင် ဆောင်ရွက်ရေးကို အလေးပေး ဆောင်ရွက်မည်ဖြစ်သည်။

ဧရာဝတီသတင်းဌာနသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်ရေး နှင့်ပတ်သက်ပြီး အများပြည်သူ နားလည်မှုနှင့် နိုးကြားမှု တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ကျားမတန်းတူမှုနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့နှင့် ပတ်သက်သောကိစ္စ အားလုံးတို့တွင် အမျိုးသမီးများနှင့်မိန်းကလေးများ ရင်ဆိုင်ရသော စိန်ခေါ်မှုများနှင့် ဖြေရှင်းကျော်လွှားမှုများ အပေါ် ၎င်းတို့၏ အမြင်များကို ဖော်ပြရေးအတွက် အားပေးကူညီသွားမည်ဖြစ်သည်။

အမျိုးသမီးများရေးနှင့်ကျားမတန်းတူညီမျှရေး အကြောင်းအရာများ သတင်းဖော်ပြရေးအတွက် ဧရာဝတီသတင်းဌာနကို နော်ဝေးသံရုံးက ယခင်ကလည်း ပံ့ပိုးခဲ့ပြီးနောက် အထက်ပါ စီမံချက်ကို ထပ်မံဆောင်ရွက်ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading