• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်ဆုံနှင့် လက်ပံတောင်းစီမံကိန်း အပြီးဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်မည်

by သဇင်လှိုင်
14 July 2017
in သတင်း
A A
ဆောက်လက်စ မြစ်ဆုံရေကာတာ စီမံကိန်း / ဧရာဝတီ

ဆောက်လက်စ မြစ်ဆုံရေကာတာ စီမံကိန်း / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ဒေသကြီးရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းပေးရန် တရုတ်သံရုံးရှေ့တွင် လူထုဆန္ဒ ထုတ်ဖော်ပွဲကို ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၃နာရီတွင် အရပ်ဘက် အဖွဲ့ အစည်းများနှင့် ရန်ကုန်မြို့ရှိ ပြည်သူလူထုများ ပူးပေါင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့တွင် ပါဝင်သည့် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ဦးအောင်စိုးက “မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတော် စီမံကိန်းဆိုပြီး လုပ်နေတာမှန်သမျှ အဓိကက မြစ်ဆုံနဲ့ လက်ပံတောင်း ပေါ့။ ဒီစီမံကိန်းတွေက ကိုယ့်နိုင်ငံအတွက် ဘာမှလည်းမရဘူး။ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုတွေကလည်း အများကြီး၊ ဒေသခံတွေလည်း နစ်နာဆုံးရူံးမှုတွေ အများကြီး ဖြစ်နေတာကို လျစ်လျူရူနေတဲ့ အစိုးရကို မီးမောင်းထိုးပြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်
လက်ပံတောင်း ဒေသခံများနှင့်အတူ မတရားမှုကို လက်မခံကြောင်း ပြသသည့် အနေဖြင့် လမ်းမတော်မြို့နယ်၊ ဘုန်းကြီး လမ်း စံပြရုပ်ရှင်ရုံရှေ့တွင် လူစုပြီး တရုတ်သံရုံးရှေ့သို့ ချီတက်ကာ ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

ကြေးနီစီမံကိန်း ပြုလုပ်သည့် ကုမ္ပဏီများမှ စွန့်ပစ်သော ရေများတွင် အက်စစ်ဓာတ်များ ပါဝင်နေရာ ချောင်းများနှင့် ကန်များတွင် ရှိသော ငါးများ သေဆုံးခြင်းနှင့် သီးနှံစိုက်ပျိုးပင်များ ပျက်စီးဆုံးရှုံးနေရကြောင်း၊ ယမ်းတန်ချိန်များစွာဖြင့် အဆမတန် မိုင်းခွဲနေမှုများကြောင့် စီမံကိန်း အနီးရှိ ရွာများတွင် ဖုန်မှုန့်များ ပျံ့လွင့်မှုများ ရှိနေရာ လေထုညစ်ညမ်းမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

“ပြည်သူလူထုလက်မခံတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ ၊ နောက်သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမူတွေ ဖြစ်နေတဲ့ အတွက်ကြောင့် ဆုံးရှုံးမူတွေ ဖြစ်နေတဲ့အတွက် ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ပြည်သူတရပ်အနေနဲ့ ဒေသခံတွေဘက်ကို ခံစားပေးတဲ့ သဘောနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီရဲ့ အနေအထားကို တရုတ်သံရုံးရှေ့မှာ ပြရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒ ပြရာတွင် ပါဝင်မည့် ဦးကျော်နေဝင်းက ဧရာဝတီသို့ပြောသည်။

အဆိုပါ ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီ တို့ ပူးပေါင်းကာ စတင်လုပ်ဆောင်သည့် ၂၀၁၀ ခုနှစ်မှ စ၍ ယနေ့အထိ ဒေသခံပြည်သူများ၏ မြေယာများ သိမ်းပိုက်ခြင်း၊ တောင်သူများအား အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ခြင်း၊ အက်စစ်ညစ်ညမ်းရေများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်း ၊ ကြေးနီ စီမံကိန်း အစီရင်ခံစာပါ အချက်များကို လိုက်နာမှုမရှိ၍ စီမံကိန်း အပြီးတိုင် ဖျက်သိမ်းပေးရန် တောင်းဆိုမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မည့်သူများက ပြောကြားသည်။

ထို့အပြင် မြစ်ဆုံစီမံကိန်းမှာလည်း ဧရာဝတီမြစ်နှင့် အထက်အောက် တနိင်ငံလုံးကို ထိခိုက်စေသည့်အတွက် ပြည်သူ လူထု၏ သဘောထားနှင့်အညီ အပြီးတိုင် ဖျက်သိမ်းပေးရန် လိုအပ်ကြောင်း အာဏာပိုင်များ သိရှိစေရန် ဆန္ဒပြရခြင်း ဖြစ် ကြောင်း သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

ကချင်ပြည်နယ် အင်ဂျန်းယန် မြို့နယ်အတွင်းရှိ မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံရာနေရာတွင် မြစ်ဆုံဆည် စီမံကိန်း တည် ဆောက်ရန် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) နှင့် အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့က ၂၀၀၉ ခုနှစ်တွင် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သော်လည်း ယခင်ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်သူများ၏ ကန့်ကွက်ဆန္ဒပြမှုများ ကြောင့် ၂၀၁၁ခုနှစ်၊ စက်တင်ဘာတွင် ယာယီ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

၂၀၁၆ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် သမ္မတ ဦးထင်ကျော်က ဧရာဝတီ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်က အစီရင်ခံစာ တင်ပြနိုင်ရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: စီမံကိန်း
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်သူများ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြကြစဉ် / ဧရာဝတီ

တရုတ်အကျိုးစီးပွားကို မတိုက်ခိုက်ရန် NUG ကို တရုတ် လာရောက်ဆွေးနွေး

by ဧရာဝတီ
21 January 2022
17.7k

ရန်ကုန်မြို့ရှိ တရုတ်သံရုံးက NUG ထံသို့ ဆက်သွယ်လာခြင်းဖြစ်သည်။

တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ MNDAA စာထုတ် (ရုပ်/သံ)

တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ MNDAA စာထုတ် (ရုပ်/သံ)

by ယဉ်မွန်
31 July 2024
776

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာအမျိုးသားမဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။

UK ခေတ်သစ် မဟာဗျူဟာ စီမံကိန်း ထိုင်း ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်

UK ခေတ်သစ် မဟာဗျူဟာ စီမံကိန်း ထိုင်း ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်

by ဧရာဝတီ
3 August 2025
455

ထိုင်းကုမ္ပဏီတွေ အနေနဲ့ UK မှာ လုပ်ငန်း တည်ထောင်နိုင်ဖို့နဲ့ ရှိပြီးသား လုပ်ငန်းတွေကို တိုးချဲ့နိုင်ဖို့ ရည်ရွယ်တယ်လို့…

အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိဘဲ လီဒိုလမ်းစီမံကိန်းကို တရုတ်နဲ့ MOU ထိုး (ရုပ်/သံ)

အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိဘဲ လီဒိုလမ်းစီမံကိန်းကို တရုတ်နဲ့ MOU ထိုး (ရုပ်/သံ)

by ဧရာဝတီ
19 September 2025
231

တရုတ်-မြန်မာ-အိန္ဒိယ သုံးနိုင်ငံ ဆက်သွယ်မယ့် လီဒိုလမ်းမ စီမံကိန်းကို စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြစ်ဆုံပေးပြီး တရုတ်ကျေးဇူးဆပ်မလို့လား (ရုပ်/သံ)

မြစ်ဆုံပေးပြီး တရုတ်ကျေးဇူးဆပ်မလို့လား (ရုပ်/သံ)

by ဧရာဝတီ
19 December 2025
228

ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လက်တည်ဆောက်ဖို့ နှစ်နိုင်ငံ သဘောတူပြီး ဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောလိုက်ပါတယ်။

Next Post
ကြည်လင်းအမှု ဘာကြောင့်ကြန့်ကြာ နေတာလဲ (ရုပ်/သံ)

ကြည်လင်းအမှု ဘာကြောင့်ကြန့်ကြာ နေတာလဲ (ရုပ်/သံ)

ရန်ကုန်မြို့တွင် ရောင်းချနေသည့် ထီဆိုင် တဆိုင် / ချမ်းစွန်း / ဧရာဝတီ

“အောင်ဘာလေထီ ဥပဒေကြမ်း” ပြည်ထောင်စု လွှတ်တော်သို့ တင်ပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved