• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

BMW အမည်ခံ တရုတ်ကား Brilliance ရောင်းချခွင့် လွှတ်တော် ခွင့်မပြု

by ထက်နိုင်ဇော်
19 September 2017
in သတင်း
A A
BMW အမည်ခံ တရုတ်ကား Brilliance ရောင်းချခွင့် လွှတ်တော် ခွင့်မပြု
16k
VIEWS
Share on FacebookShare on Twitter

BMW ကုမ္ပဏီ၏ စည်းမျဉ်းများအတိုင်း ထုတ်လုပ်ထားသည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် Brilliance ကားကို မြန်မာကျပ် သိန်း ၁၃၀ ဖြင့် လွှတ်တော်အမတ်များသို့ အရစ်ကျစနစ်ပုံစံ ရောင်းချရန် Royal Naing Group ကုမ္ပဏီက ကမ်းလှမ်းခဲ့သော်လည်း လက်ခံမည် မဟုတ်ကြောင်း ပြည်သူ့ လွှတ်တော်၊ လွှတ်တော် အခွင့်အရေး ကော်မတီက ပြောသည်။

“ကားက BMW စည်းမျဉ်းအတိုင်း တရုတ်နိုင်ငံက ထုတ်တဲ့ Brilliance ကားပါ။ တရုတ်ကားပါ။ အဲဒီကားဝယ်ဖို့ လွှတ်တော်ကလည်း သဘော မတူပါဘူး။ ကုမ္ပဏီက ရောင်းချင်ရင် သူ့လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေနဲ့အညီ သွင်းလာတာကို ကိုယ်စားလှယ် တဦး ချင်းစီက ဝယ်နိုင်ပါတယ်။ သူ့ထိုက်သင့်တဲ့ အခွန်ကလည်း အများနည်းတူပဲ ပေးရမှာပါ။ လွှတ်တော် ဥက္ကဋ္ဌကလည်း ဒါကို လက်မခံပါဘူး”ဟု အထက်ပါ ကော်မတီက အတွင်းရေးမှူး ဒေါက်တာ လှမိုးက ပြောသည်။

ကိုယ်စားလှယ်များကို ကားရောင်းချရန် စည်းရုံးပြောဆိုခဲ့သည့် ကုမ္ပဏီမှာ Royal Naing Group ဖြစ်ပြီး မန္တလေး မြို့နှင့် မုံရွာမြို့တို့တွင် မန်းသစ္စာအမည်ဖြင့် ကားအရောင်းစင်တာများ ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။

ကုမ္ပဏီအနေဖြင့်လည်း ကားတင်သွင်းလိုပါက အခြား ကားရောင်းချသည့် ကုမ္ပဏီများနည်းတူ အခွန်၊ စလစ်တန်ဖိုးများ အပြည့်အဝ ပေးဆောင်ရမည် ဖြစ်ပြီး ကိုယ်စားလှယ်များကလည်း အများနည်းတူ အရစ်ကျစနစ်ဖြင့် ဝယ်ယူရမည် ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကလည်း “သူတို့ ရောင်းချင်လို့ လာကမ်းလှမ်းတဲ့ ကုမ္ပဏီ နာမည်က Brilliance ၊ သူတို့က ရောင်းချင်တော့ BMW လို့ ပြောတာပေါ့။ BMW ပစ္စည်းတွေ သူတို့ သုံးတာပါ။ BMW နဲ့ မော်ဒယ် အတူတူပါပဲ စသဖြင့်ပေါ့။ တကယ်လာပြီး ချိတ်ဆက်တာက Brilliance ပါ”ဟု ဧရာဝတီသို့ ပြောသည်။

သို့သော် လွှတ်တော် ကိုယ်စားလှယ်တချို့မှာ ၎င်းတို့ပြောသည့် ကားကို BMW ကားဟု ထင်မှတ်နေကြောင်း၊ အမှန်တကယ်တွင် BMW ကား မဟုတ်ဘဲ တရုတ်နိုင်ငံထုတ် Brilliance ကားသာ ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီသို့ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးစား နေဆဲ ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များကို အရင်ဆုံး ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း ဦးဖြိုးဇေယျာသော်က ရှင်းပြသည်။

“ကျပ်သိန်း ၁၃၀ ဝန်းကျင်ဆိုုတာ ကျသင့်မယ့် နှုန်းထားဘဲ ရှိပါသေးတယ်။ ကျန်တဲ့ အခွန်အခတွေ မပါသေးပါဘူး။ အခွန် မပေးရ ဘူးဆိုုတဲ့ကိစ္စလည်း လုံးလုံးမဆောင်ရဘူးဆိုတာ မဟုုတ်ပါဘူး။ တခုရှိတာက သူတို့ ကုမ္ပဏီက အခုမှစပြီး ဝင်လာမှာမို့ ပထမဆုံး လွှတ်တော် ကိုယ်စားလှယ်တွေကို အတတ်နိုင်ဆုံး ဈေးအချိုဆုံးဖြစ်အောင် ရောင်းပေးချင်တဲ့သဘောပါပဲ”ဟု ၎င်းက ဆိုသည်။

ကားတစီး တင်သွင်းပါက အခွန် ၃ မျိုး ပေးဆောင်ရပြီး ကိုယ်စားလှယ်များသည် အမြဲတမ်း ဝင်ငွေခွန်အပြည့် ဆောင်ရသူများ ဖြစ်၍ ငွေဖြူပြနိုုင်ပြီးသား ဖြစ်သောကြောင့် အခွန် ၃ မျိုးပေါင်းထဲမှ တစိတ်တပိုုင်း သက်သာခွင့် ရှိမလားဆိုသည့် အချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ မေးမြန်းထားခြင်းသာ ဖြစ်ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်ကလည်း “ကားတန်ဖိုး ၃၀ ရာခိုင်နှုန်း သွင်းပြီးရင် တလ ၃ သိန်းပဲ သွင်းရမှာ။ တော်တော်လည်း တန်တယ်။ ဒါပေမယ့် အများအမြင်မှာ မကောင်းနိုင်တာရယ်၊ အရင်ဝန်ကြီး ဦးစိုးသိမ်းတို့ လုပ်သွား တုန်းကလည်း ဝေဖန်မှုတွေ ရှိခဲ့တော့ ဒီအစီအစဉ်က မသေချာပါဘူး။ ဆင်ခြင်ရမယ့် အခြေအနေတွေလည်း ရှိတယ်”ဟု ပြောသည်။

“ကျနော်တို့ နားလည်တာကတော့ BMW လို့ပဲ နားလည်ထားတာ။ BMW ဆိုရင်တော့ တန်တယ်ပေါ့။ အစည်းအဝေး သွားတက်ခဲ့ တဲ့ ကိုယ်စားလှယ်တွေကလည်း BMW လို့ပဲ ရှင်းပြတာကိုး။ ကုမ္ပဏီက ရန်ကုန်-နေပြည်တော်ကို ဆီ ၈၀၀၀ ဖိုးပဲ ကုန်မယ်ဆိုပြီး တော့ ရှင်းပြသွားသေးတာ”ဟု ရန်ကုန်တိုင်းမှ ပြည်သူ့လွှတ်တော် အမတ်တဦးက ဆိုသည်။

ဧရာဝတီ၏ စုံစမ်းချက်များအရ ဂျာမနီ နိုင်ငံထုတ် ကမ္ဘာကျော် BMW ကားမဟုတ်ဘဲ BMW နည်းပညာဖြင့် တရုတ် နိုင်ငံထုတ် BMW အမည်ခံ တရုတ်ကားသာ ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များမှာလည်း နားလည်မှု လွဲမှားခဲ့ပြီး ယင်းတံဆိပ်ဆိုပါက ဝယ်ယူလိုကြောင်း ပြောဆိုသည့် ကိုယ်စားလှယ်များလည်း ရှိခဲ့ကြောင်း သိရှိရပါသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
44
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
75
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
683

တရုတ်နိုင်ငံ Shenyang မြို့ အခြေစိုက် Brilliance Auto Group သည် brilliance မော်ဒယ်လ် ကားများအပြင် BMW ကုမ္ပဏီနှင့် တွဲဖက်၍ ဖက်စပ်ကားထုတ်လုပ်မှုများလည်း ပြုလုပ်လျက်ရှိသည်။

ဆက်စပ် ဖတ်ရှုရန်- အမတ်တွေ ကျပ်သိန်း ၁၃၀ နဲ့ “BMW” ကား စီးနိုင်တော့မှာလား

Your Thoughts …
Tags: BMWလွှတ်တော်ကိုယ်စားလှယ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

by ဧရာဝတီ
3 August 2023
28.1k

ထို့ပြင် အနားပေးခံရသည့် ၆၆ ဦးထဲတွင် NLD အစိုးရလက်ထက်၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်

BMW က ပထမဆုံး ဟိုက်ဒရိုဂျင် ကားကို ၂၀၂၈ မှာ ဈေးကွက်ထဲ ပို့ဖို့ စီစဉ်နေပြီတဲ့

BMW က ပထမဆုံး ဟိုက်ဒရိုဂျင် ကားကို ၂၀၂၈ မှာ ဈေးကွက်ထဲ ပို့ဖို့ စီစဉ်နေပြီတဲ့

by ဧရာဝတီ
8 September 2024
2.6k

ထုတ်လုပ်ပြီးသား ကားမော်ဒယ်ကိုမှ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် အသုံးပြုတဲ့ အမျိုးအစား အဖြစ် ထွက်လာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ဝင်သစ်များအား စုဆောင်းစည်းရုံးနေစဉ် / Global Times

ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁

by ကိုဦး
3 March 2023
9.5k

ဖုန်ကြားရှင်တို့ ဗကပနှင့် ပေါင်းသွားသည်ကို ရင်ဆိုင်ရန် မြန်မာစစ်တပ်ကလည်း ကိုးကန့်သားတဦးကို ကာကွယ်ရေးတပ် ဖွဲ့စည်းစေပြီး ပြန်လည်ရင်ဆိုင်ခဲ့သည်။

မဲဆောက်ရောက် မြန်မာဒုက္ခသည်များထံ သွားလည်ခြင်း

မဲဆောက်ရောက် မြန်မာဒုက္ခသည်များထံ သွားလည်ခြင်း

by Kenneth Wong
24 January 2024
2k

ထိုင်းနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်သော်လည်း မဲဆောက်သည် မြန်မာစရိုက်လက္ခဏာရှိကြောင်း စာရေးသူကို ပြသလိုက်သည်။

ထိုင်း ပရီမီယံ EV ကားရောင်းချရမှု ပထမ နှစ်ဝက် အတွင်း ၃၅ ရာခိုင်နှုန်း ထိုးကျ

ထိုင်း ပရီမီယံ EV ကားရောင်းချရမှု ပထမ နှစ်ဝက် အတွင်း ၃၅ ရာခိုင်နှုန်း ထိုးကျ

by ဧရာဝတီ
27 July 2024
1.1k

ဘန်ကောက်မှာတော့ ဂျာမန် ဇိမ်ခံကား လုပ်ငန်းတခုဖြစ်တဲ့ BMW ရဲ့ Mini အမျိုးအစားထဲက ကားမော်ဒယ် အသစ်တွေနဲ့ ပတ်သက်ပြီး လူစိတ်ဝင်စား ခံနေရတဲ့ အတွက် BMW ရဲ့ EV ကား ရောင်းချမှုနှုန်းကတော့ ကောင်းမွန်နေဆဲ...

ထရမ့် ရဲ့ ဥရောပထုတ် ကားတွေ အပေါ် အခွန်တိုးမှု BMW မထိခိုက်နိုင်လို့ ဆို

ထရမ့် ရဲ့ ဥရောပထုတ် ကားတွေ အပေါ် အခွန်တိုးမှု BMW မထိခိုက်နိုင်လို့ ဆို

by ဧရာဝတီ
2 August 2025
586

BMW ဟာ အမေရိကန်မှာ စက်ရုံတွေ တည်ထားတာကြောင့် ပြိုင်ဖက်တွေထက် အသာရနိုင်မယ် လို့လည်း…

Next Post
ဘရိုက်တန်အသင်း ပဲ့ကိုင်ရှင် ဖဲဝိဇ္ဇာ Tony Bloom

ဘရိုက်တန်အသင်း ပဲ့ကိုင်ရှင် ဖဲဝိဇ္ဇာ Tony Bloom

ပြောတာတွေပဲ ရေးနော်

ပြောတာတွေပဲ ရေးနော်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved