(ခရစ္စမတ်မတိုင်မီ ရက်အနည်းငယ်က ဗမာ-အမေရိကန် စာရေးဆရာနှင့် ဘာသာပြန်ဆရာ ကက်နက် ဝေါင်းသည် တက္ကသိုလ်ကျောင်းနေဖက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ယခု အဝေးရောက်ဘဝတွင် နေထိုင်သူ ရစ်ချတ်နှင့် ပြန်လည်ဆုံစည်းရန်၊ Facebook တွင် မိတ်ဖွဲ့ထားသည့် မြန်မာတက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံ မဲဆောက်သို့ သွားခဲ့သည်။ အောက်တွင် သူပြန်ပြောပြထားသည့်အတိုင်း အိမ်ချက်ထမင်းဟင်းနှင့် အမှတ်ရစရာ မြန်မာလက်ဖက်ရည်ကြမ်းတို့ စားသောက်ရင်း၊ စကားစမြည်ပြောရင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး ဘေးကင်းလုံခြုံရာသို့ ရောက်လာသည့် လူအများအပြား၏ အန္တရာယ်များသောလမ်းကြောင်းများ၊ ရွှေ့ပြောင်းအခြေချသူများ၏ ထိုင်းနိုင်ငံနှင့်ပတ်သက်သည့် ရှုပ်ထွေးသော ခံစားချက်များနှင့် အကျင့်ပျက်ခြစားမှု ဝင်္ကဘာတွင် သွားလာလှုပ်ရှားရင်း ၎င်းတို့ဘဝကို ပြန်လည်ဖန်တီးရန် ကြိုးစားနေသည့် ဒုက္ခသည် လူမှုအသိုက်အဝန်းအကြောင်း လေ့လာသိရှိခဲ့သည်။)
မဲဆောက်သို့ရောက်သောအခါ စာရေးသူကို အံ့အားသင့်သွားစေသည်မှာ လေဆိပ်၏ အနီရောင် တောက်တောက်နံရံများတွင် မြင်သာအောင် ပြသထားသည့် မြန်မာစာလုံးများကို မြင်ရခြင်းဖြစ်သည်။ ဆိုက်ရောက်ဂိတ်ပေါက်၊ ထွက်ခွာဂိတ်ပေါက်၊ ဝန်စည်စလယ် အပ်နှံကောင်တာ နေရာများ အားလုံးတွင် အကျွမ်းတဝင်ရှိသော မျဉ်းကွေးများနှင့် လုံးဝိုင်းသော မြန်မာစာလုံးများကို ထိုင်း၊ အင်္ဂလိပ်စာများနှင့်အတူ အမှတ်အသားပြုထားသည်။ ထိုင်းနိုင်ငံ၏ အစိတ်အပိုင်းဖြစ်သော်လည်း မဲဆောက်သည် မြန်မာစရိုက်လက္ခဏာရှိကြောင်း စာရေးသူကို ပြသလိုက်သည့် ပထမဆုံး အရိပ်အမြွက်ဖြစ်သည်။
ပထမဆုံးအကြိမ်ရောက်လာသည့် ဒုက္ခသည်များသည် စာရေးသူကဲ့သို့ ၎င်းတို့မိခင်ဘာသာ စကားကို တွေ့ရခြင်းမှာ ကြိုဆိုသော လက္ခဏာမှအပ အခြားမည်သည်မျှ မဖြစ်နိုင်ကြောင်း ယူဆကြမည်ဖြစ်သည်ဟု စာရေးသူထင်မိသည်။ သို့သော် မကြာမီပင် အသိတခုဝင်လာသည်။ ဒုက္ခသည်များသည် စာရေးသူရောက်လာသည့် နည်းလမ်းဖြစ်သော ဘန်ကောက်ရှိ ဒွန်မောင်းလေဆိပ်မှ သက်သောင့်သက်သာ တနာရီ လေယာဉ်ခရီးဖြင့် ရောက်လာရန် လုံးဝနီးပါး မမျှော်လင့်နိုင်ခြင်းဖြစ်သည်။
ဒုက္ခသည်အများစုသည် မည်သူမှ မသိအောင် မဲဆောက်သို့ ခိုးဝင်ကြရပြီး မည်သည့်နိုင်ငံကူးလက်မှတ်၊ အထောက်အထား စာရွက်စာတမ်း၊ ငွေကြေးမှ မရှိကြပေ။
ထိုသို့သော နည်းလမ်းဖြင့် စာရေးသူ ရောက်လာနိုင်ခြင်းမှာ စာရေးသူသည် အမေရိကန် နိုင်ငံကူးလက်မှတ်ကိုင်သည့် ခရီးသည်တဦး ဖြစ်သောကြောင့်ပင်။ ဒုက္ခသည်အများစုသည် မည်သူမှ မသိအောင် မဲဆောက်သို့ ခိုးဝင်ကြရပြီး မည်သည့်နိုင်ငံကူးလက်မှတ်၊ အထောက်အထား စာရွက်စာတမ်း၊ ငွေကြေးမှ မရှိကြပေ။
စာရေးသူကို အံ့ဩသွားစေသည့် ဒုတိယအရာမှာ စာရေးသူ၏ အမည် ဆိုင်းဘုတ်ကို ကိုင်ထားသည့် တစုံတယောက်ကို တွေ့ရခြင်းပင်ဖြစ်သည်။ သူ၏ ဆံပင်ကို စာရေးသူကဲ့သို့ပင် အပြောင်နီးပါး ညှပ်ထားသည်။ နေခြည်မထိုးသည့် ခန်းမအတွင်း ရောက်နေသည့်တိုင် သူသည် နေကာမျက်မှန်ကို ဆက်လက် တပ်ဆင်ထားသည်။ စာရေးသူက သူ့ကို မိတ်ဆက်လိုက်သောအခါ ပီသသော အင်္ဂလိပ်စကားဖြင့် “ကျနော့်ဆရာသမားက ခင်ဗျားကို အပြင်က ကားထဲမှာ စောင့်နေတယ်” ဟု ပြောသည်။
ကျနော်လာမည်ဖြစ်ကြောင်း သူငယ်ချင်း ရစ်ချတ်ကို လွန်ခဲ့သော တရက်က စာတိုပို့လိုက်သောအခါ “ငါ မင်းကို လေဆိပ်မှာ လာကြိုမယ်။ လုံခြုံရေးအရ ငါ့နေရာကို တက္ကစီနဲ့ မလာစေချင်ဘူး” ဟု အကြောင်းပြန်သည်။
သူ၏စာတွင် သူ့လက်ထောက်တဦးနှင့် ကြိုဆိုသည့် ဆိုင်းဘုတ်အကြောင်း မပါပေ။ ပြန်ပေးဆွဲခံရတော့မည်လားဟုပင် စတင်တွေးမိသွားသည်။ လေဆိပ်ကားရပ်နားရန်နေရာသို့ ဆက်လျှောက်သွားသောအခါ စာရေးသူကို ပြုံးပြနေပြီး ကားတစီးနံဘေးတွင် ရပ်နေသည့် ရစ်ချတ်၏ အရပ်ရှည်ရှည် ပုံသဏ္ဌာန်ကို တွေ့ရမှသာ စိတ်သက်သာတော့သည်။
ရစ်ချတ် ခေါ် မြန်မာအမည် ကိုဘိုဘိုသည် ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းက ရန်ကုန်တက္ကသိုလ်တွင် စာရေးသူ၏ အတန်းဖော်ဖြစ်သည်။ စာရေးသူက ဘဝသစ်ကို ပြန်လည် စတင်ရန်အတွက် မြန်မာမှ အမေရိကန် ပြည်ထောင်စုသို့ ရွှေ့ပြောင်းအခြေချသောအခါ ရစ်ချတ်သည် ယခင်အာဏာရှင်ဟောင်း နေဝင်းကို ဆန့်ကျင်သည့် ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်သောကြောင့် ဆယ်စုနှစ် နှစ်ခုနီးပါး ထောင်တွင်းတွင် ပိတ်လှောင်ခံရပြီး ဒုက္ခခံစားခဲ့ရသည်။
အရပ်သားအုပ်ချုပ်ရေးသို့ ကူးပြောင်းသည့် ကာလ (၂၀၁၁-၂၀၂၁) တွင် ပြန်လွတ်လာပြီးနောက် သူသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က ထပ်မံ အာဏာသိမ်းသောအခါ သူသည် အလိုရှိသူစာရင်းတွင် ပါနေကြောင်း သိရှိသွားသည်။
“မနက် ၄ နာရီလောက်မှာ တယောက်ယောက်က အခန်းတံခါး လာခေါက်တယ်။ သူ့ကို သောက်စရာတခုခု ဝယ်ပေးဖို့ လာတောင်းဆိုတဲ့ ရပ်ကွက်ထဲက လူလို့ပဲ ထင်လိုက်တာ” ဟု ရစ်ချတ်က ပြန်ပြောပြသည်။ ထိုဖြစ်စဉ်သည် လွှတ်တော်ကိုယ်စားလှယ် တဦးအနေဖြင့် သူ၏မဲဆန္ဒရှင်များနှင့် ထားရှိသည့် အဆင်ပြေသော ဆက်ဆံရေးကို ပြသည့်ပုံစံဖြစ်ကြောင်း ထင်ရှားသည်။
“ငါက မထနိုင်လောက်အောင် အိပ်ချင်နေတာနဲ့ မနေ့ညက အိမ်ပြန်မလာဘူးလို့ အဲဒီလူကို သွားပြောဖို့ ဇနီးကို ပြောခိုင်းလိုက်တယ်။ နောက် ၅ မိနစ်လောက်ကြာတဲ့အခါ သူတို့ပြန်လာတယ်။ ဒီတခါ စစ်ဝတ်စုံဝတ် စစ်သား ၃ ယောက်ကို ခေါ်လာတယ်။ အဲဒီကျမှ သူတို့ ငါ့အတွက် လာတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ဒီတကြိမ်မှာတော့ တံခါးဖွင့် မပေးတော့ဘူး” ဟု သူက ရှင်းပြသည်။
ထိုနည်းသည် တစုံတရာ အလုပ်ဖြစ်သည်။ ဖမ်းဆီးမည့်သူများ စိတ်အရှုပ်မခံဘဲ ပြန်သွားကြသည်။ အာဏာသိမ်းပြီး အစောပိုင်းရက်များတွင် စစ်ကောင်စီသည် အတိုင်းအတာတခုအထိ ထိန်းချုပ်နေဆဲ ဖြစ်သည်ဟု ရစ်ချတ်က ထောက်ပြသည်။ သို့သော် လျော့ကျခြင်းမရှိသည့် ခုခံမှုနှင့် အရှိန်မြင့်မားလာသော ဆန့်ကျင်ကန့်ကွက်မှုများကို ရင်ဆိုင်လာရသောအခါ နောက်ဆုံးတွင် စစ်တပ်သည် အချို့နေရာများ၌ လူအုပ်ကိုပစ်ရန် လက်ဖြောင့်သေနတ်သမားများကို ဖြန့်ချထားကာ လူသေစေသည့် နည်းလမ်းများကို သုံးသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် လက်ရှိအချိန်တွင် ၂၅,၇၀၀ အထိရှိလာပြီး လူပေါင်း ၄,၃၃၀ ဦး သတ်ဖြတ်ခံရသည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် လက်ရှိအချိန်တွင် ၂၅,၇၀၀ အထိရှိလာပြီး လူပေါင်း ၄,၃၃၀ ဦး သတ်ဖြတ်ခံရသည်ဟု သိရသည်။ အခြေအနေကို ထိန်းချုပ်မရအောင် မဖြစ်မီ ရစ်ချတ်သည် နိုင်ငံမှ ထွက်ခွာလာခဲ့သည်။ သူ၏ဇနီးလည်း မကြာမီ သူ့နောက်လိုက်လာသည်။
“ငါ လွတ်လာတာက တသက်မှာတကြိမ် ကြုံရတဲ့ စွန့်စားခန်းပဲ။ စစ်ဆေးရေး ဂိတ်တိုင်းမှာ ငါ့အတွက် အလားအလာက ၅၀-၅၀ ပဲရှိတယ်” ဟု ၎င်းကပြောသည်။
သူလွတ်မြောက်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က သူ့ကို အန္တရာယ်ကင်းသောနေရာအထိ ရောက်အောင် ကူညီပေးခဲ့သည်။ ကရင်တိုင်းရင်းသား လူမျိုးစုများသည် မြန်မာစစ်တပ်ကို ခုခံတော်လှန်သည့် ရှည်လျားသော သမိုင်းရှိသူများ ဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံရင့်သောကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် မြို့ကြီးများမှရောက်လာသည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူငယ် တိုက်ခိုက်ရေးသမားများအတွက် KNU သည် လေ့ကျင့်ရေး ရင်းမြစ်ဖြစ်လာသည်။
မြန်မာပြည်သူများ ထိုင်းနိုင်ငံသို့ ကူးဝင်နိုင်သည့်လမ်းကြောင်း လက်တဆုပ်စာသာ ရှိကြောင်း ထင်ရှားသည်။ ထိုတရားမဝင်လမ်းကြောင်းများသည် အန္တရာယ်ကျရောက်နေသည့် အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ အနုပညာသမားများနှင့် ဘက်ပြောင်းလာသည့် စစ်သားများကို မြန်မာမှ ပြင်ပသို့ ပို့ဆောင်ရာတွင် အရေးပါသောအခန်းမှ ပါဝင်ကြသည်။ ထိုလုပ်ငန်းများတွင် ပါဝင်သူများ လုံခြုံရေးအတွက် လွတ်မြောက်ရေး ယန္တရားကို လျှို့ဝှက်အဖြစ် တင်းကျပ်စွာ ထိန်းသိမ်းထားသည်။
မြန်မာနိုင်ငံပြင်ပသို့ ရောက်နေသော်လည်း ရစ်ချတ်က သူ့ကို တာဝန်ထမ်းဆောင်ရန် ရွေးကောက်ခဲ့သည့် ကိစ္စများအတွက် ဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ထားသည့် NLD လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ကြောင်း ပြောသည်။ ရစ်ချတ်ကဲ့သို့ပင် အတိုက်အခံအဖွဲ့ဝင် အများအပြားသည် မဲဆောက်ကို ၎င်းတို့၏ဌာနချုပ်အဖြစ် အသုံးပြုကြသည်။
နောက်ပိုင်းတွင် ရစ်ချတ်က စာရေးသူ လေဆိပ်တွင် တွေ့ခဲ့သည့် သူကို ကရင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဘန်ဆင်အဖြစ် မိတ်ဆက်ပေးသည်။ ဘန်ဆင်နှင့် ရစ်ချတ်တို့သည် အလားတူ ဝရမ်းပြေး ကံကြမ္မာကို ရင်ဆိုင်နေရသူများ ဖြစ်သည်။
“သူတို့တွေက သူ့ (ဘန်ဆင်) ကို လာဖမ်းတာ မတွေ့တော့ သူ့သား ၃ နှစ်သားကို ဖမ်းတယ်။ ခင်ဗျား ယုံနိုင်ပါ့မလား” ဟု ရစ်ချတ်က ပြောသည်။
ဘန်ဆင်နှင့် သူ့သားအပါအဝင် မိသားစုသည် လွတ်မြောက်လာကြသည်။ ယခုအခါ ၎င်းတို့သည် ရစ်ချတ်နှင့် သူ့ဇနီး နေထိုင်သည့်နေရာမှ မလှမ်းမကမ်းတွင် နေထိုင်ကြသည်။ သူသည် ရစ်ချတ်၏ လူယုံ လက်ထောက်ဖြစ်သည်ဟု စာရေးသူ ခံစားရသည်။ စာရေးသူတို့ တနေရာရာသို့ ကားဖြင့်သွားလျှင် ကားနောက်ခန်းတွင် သူပါသည်။ စာရေးသူတို့ စားသောက်ဆိုင် တဆိုင်ဆိုင်သွားလျှင် အနီးတွင် သူတယောက်တည်းထိုင်ပြီး ပတ်ဝန်းကျင်မှ လူအုပ်ကို မသိမသာ စူးစမ်းလေ့လာသည်။ သူသည် ထိုင်းဘာသာဖြင့် ‘ယက်’ ဟုခေါ်ပြီး ထိုင်းတွင် နေရာတိုင်း၌တွေ့ရသည့် ဘုရားကျောင်း မုခ်ဦးစောင့် ဒဏ္ဍာရီလာ ဘီလူးယက္ခများကို အမှတ်ရစေသူဖြစ်သည်။
စာရေးသူကို ကားဖြင့်လာခေါ်သွားပြီးနောက် ရစ်ချတ်နှင့် ဘန်ဆင်တို့သည် “မြန်မာနိုင်ငံကို မြစ်တဖက်ကမ်းမှ မြင်နိုင်သည့်နေရာ” သို့ လိုက်ပို့ရန် ဆုံးဖြတ်ကြသည်။ နောက်ဆုံးတွင် ကားသည် မိုအိမြစ် သို့မဟုတ် မြန်မာလို သောင်ရင်းမြစ်ဟု ခေါ်သည့် မြစ်ကမ်းနံဘေးတွင် ရပ်သွားသည်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနယ်စပ်မြို့နှင့် မဲဆောက်ကို ခြားထားသည့် တခုတည်းသောအရာမှာ ကျဉ်းမြောင်းနောက်ကျိသော မြစ်ကလေးတခုသာ ဖြစ်သည်။ အချို့နေရာများတွင် သမ္ဗာန်နှစ်စီးကို အရှည်လိုက်ဆက်ပြီး ထိုသမ္ဗာန်များပေါ်မှ တံတားသဖွယ် လမ်းလျှောက်သွားနိုင်လောက်အောင် ကျဉ်းသည်။
မြစ်တဘက်ကမ်းတွင် မြဝတီဟု စာလုံးကြီးများဖြင့် ရေးထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနယ်စပ်မြို့နှင့် မဲဆောက်ကို ခြားထားသည့် တခုတည်းသောအရာမှာ ကျဉ်းမြောင်းနောက်ကျိသော မြစ်ကလေးတခုသာ ဖြစ်သည်။ အချို့နေရာများတွင် သမ္ဗာန်နှစ်စီးကို အရှည်လိုက်ဆက်ပြီး ထိုသမ္ဗာန်များပေါ်မှ တံတားသဖွယ် လမ်းလျှောက်သွားနိုင်လောက်အောင် ကျဉ်းသည်။
မဲဆောက်တွင် နေထိုင်သော လူငယ်တက်ကြွလှုပ်ရှားသူ မချစ်စုက သောင်ရင်းမြစ်ကို ဖြတ်ကူးရခြင်း၏ လက်တွေ့အခက်အခဲများကို စာရေးသူအား ရှင်းပြသည်။ “နေ့ဘက်မှာ ကူးလို့မရဘူး။ ညသန်းခေါင်ဖြစ်ဖြစ်၊ မနက်စောစောဖြစ်ဖြစ်မှ ကူးလို့ရတာ။ ကျမတို့ ကူးခဲ့တုန်းက လုံးဝမှောင်မည်းနေတာ။ ကွင်းပြင်တခုကို ဖြတ်ပြေးရတယ်။ ဘောလုံးကွင်းလို့ ထင်တာပဲ။ ပစ္စည်းကလည်း ကျောပိုးအိတ်တလုံးကလွဲပြီး ဘာမှ မသယ်ရဘူးလို့ ကျမတို့ကို မှာထားတာ” ဟု ပြောသည်။
ပထမအကြိမ် ထိုမြစ်ကို ဖြတ်ကူးရန် ကြိုးစားစဉ်က အဆင်မပြေခဲ့ပေ။ “ကျမတို့ရှေ့က အုပ်စုထဲက တယောက်က အရမ်းလန့်ပြီး ရေထဲကို ခုန်ချလိုက်တာ။ ချက်ချင်းပဲ နယ်ခြားစောင့်တွေရဲ့ မီးမောင်းတွေက သူတို့ပေါ်ရောက်လာပြီး အဖမ်းခံရတာ။ ဒါကြောင့် ကျမတို့ နောက်ပြန်ဆုတ်ခဲ့ရတယ်” ဟု မချစ်စုက ပြောသည်။
အဖမ်းခံရပါက မည်သို့ဖြစ်မည်ကို ထိုင်းရောက် အခြားတက်ကြွလှုပ်ရှားသူ မမေတ္တာက ပြောပြသည်။ “သွန်ချခံရမယ်” ဟု သူကပြောသည်။
သူသုံးသည့် သွန်ချသည်ဆိုသော မြန်မာစကားလုံးမှာ အမှိုက်ခြင်း၊ အမှိုက်ပုံးအား သွန်ချသည်ကို သုံးသည့် စကားလုံးဖြစ်သည်။ ထိုင်းရဲ သို့မဟုတ် နယ်ခြားစောင့်တပ်သည် ဖမ်းမိသူကို မြန်မာဘက်ကမ်းမှ ဘေးကင်းလောက်သော နေရာတခုသို့ ခေါ်သွားပြီး ထိုနေရာတွင် ထားပစ်ခဲ့ခြင်း ဖြစ်သည်။
“ဒါဆိုရင် မင်းကို မြန်မာစစ်တပ်ဆီ လွှဲမပေးတော့ဘူးပေါ့” ဟု စာရေးသူက မေးမိသည်။
“ဟုတ်တယ်။ ဒါပေမယ့် အဲဒီလို အဖမ်းခံရသူဟာ ဦးစားပေး အလိုရှိသူစာရင်းမှာ ပါနေတဲ့ ထင်ရှားသူဖြစ်ရင် အဖမ်းခံရနိုင်တယ်” ဟု မမေတ္တာက ပြောသည်။
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) ၏ အဆိုအရ ထိုင်းနိုင်ငံသည် ၁၉၈၀ ပြည့်နှစ်များအလယ်မှ စတင်ပြီး မြန်မာဒုက္ခသည် ၉၀,၀၀၀ ကို ဒုက္ခသည်စခန်း ကိုးခုတွင် ခိုလှုံခွင့်ပေးထားကြောင်း သိရသည်။ မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် နောက်ထပ် မြန်မာဒုက္ခသည် အနည်းဆုံး ၄၅,၀၀၀ ထိုင်းသို့ ထွက်ပြေးလာသည်။
စာရေးသူ၏ Facebook တွင် ရေးသားသည်များကို တွေ့သွားသောကြောင့် ခင်မင်သည့် မြန်မာမိတ်ဆွေတဦးက “အကို၊ ကျနော်လည်း မဲဆောက်မှာပဲ။ လာတွေ့ချင်တယ်။ ဒါပေမယ့် ကျနော့်မှာ ရဲကတ် မရှိလို့” ဟု စာတိုပေးပို့သည်။
ရဲရဲ့ ကိုယ်စားလှယ်ကို လစဉ် ဘတ် ၃၀၀ ( ၈ ဒသမ ၅၀ အမေရိကန်ဒေါ်လာ) လောက် ပေးရတယ်။ အဲဒါက လူသက်သက်အတွက်ပဲ။ ကျမလို ဆိုင်ကယ်စီးမယ်ဆိုရင် နောက်ထပ် ဘတ် ၆၀၀ ထပ်ပေးရတယ်။ သူတို့က အဲဒီလိုပေးတဲ့သူကို ဖုန်းနံပါတ်တခုပေးမယ်။ အပြင်ထွက်ရင်း အဖမ်းခံရရင် အဲဒီဖုန်းနံပါတ်ကိုဆက်။ သူတို့က လွှတ်ပေးလိမ့်မယ်
ရဲကတ်ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို မချစ်စုအား မေးကြည့်ရသည်။ “သူတို့က အဲဒါကို ရဲကတ်လို့ပဲ ခေါ်ကြတာ။ ဒါပေမယ့် တကယ်တော့ ကတ် မဟုတ်ဘူး။ ရဲရဲ့ ကိုယ်စားလှယ်ကို လစဉ် ဘတ် ၃၀၀ ( ၈ ဒသမ ၅၀ အမေရိကန်ဒေါ်လာ) လောက် ပေးရတယ်။ အဲဒါက လူသက်သက်အတွက်ပဲ။ ကျမလို ဆိုင်ကယ်စီးမယ်ဆိုရင် နောက်ထပ် ဘတ် ၆၀၀ ထပ်ပေးရတယ်။ သူတို့က အဲဒီလိုပေးတဲ့သူကို ဖုန်းနံပါတ်တခုပေးမယ်။ အပြင်ထွက်ရင်း အဖမ်းခံရရင် အဲဒီဖုန်းနံပါတ်ကိုဆက်။ သူတို့က လွှတ်ပေးလိမ့်မယ်” ဟု မချစ်စုက ရှင်းပြသည်။
ထိုသို့ အထပ်ထပ်ပေးနေရသော ငွေကြေးများသည် အမေရိကန် ပြည်ထောင်စုတွင် ထုံးစံအတိုင်း စားနေကျ အစားအသောက် တနပ်စာပင် မရှိသော်လည်း မချစ်စုနှင့် မမေတ္တာတို့ကဲ့သို့သော ဒုက္ခသည်များအတွက် အလွန်ကြီးမားသော ဝန်ထုတ်ဝန်ပိုးဖြစ်သည်။ ထို့အပြင် ထိုငွေသည်လည်း ၎င်းတို့ကို အကန့်အသတ်ရှိသော လွတ်လပ်မှုကိုသာ ပေးသည်။ ၎င်းတို့အနေဖြင့် ပိုမို လှုပ်ရှားသွားလာလိုပါက “ပန်းရောင်ကတ်” ရရှိသည်အထိ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းတခုတွင် “နေထိုင်ခွင့်ကတ်အတွက် လာဘ်ပေးလာဘ်ယူမှုများ (တာ့ခ်ခရိုင်) – လွန်ခဲ့သော သုံးလအတွင်း အရာရှိများသည် ရွှေ့ပြောင်းလုပ်သား ၇၀၀ ခန့်ကို နေထိုင်ခွင့် မှတ်ပုံတင် ထုတ်ပေးရာတွင် လာဘ်ယူခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို မဲဆောက်မြူနီစပယ် အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေသည် … လွန်ခဲ့သော သုံးလအတွင်း အရာရှိ သုံးဦးသည် တနေ့လျှင် နေထိုင်ခွင့် မှတ်ပုံတင်ကတ် ၁၅ ခုမှ ၂၀ ခုအထိကို တခုလျှင် ဘတ် ၄၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ တောင်းပြီး လုပ်ပေးနေသည်” ဟု ဖော်ပြထားသည်။
မမေတ္တာက “အဲဒီ ရဲကတ်၊ ပန်းရောင်ကတ်၊ အလုပ်လုပ်ခွင့် ခွင့်ပြုချက်နဲ့ တခြားကိစ္စတွေအတွက် ပေးဖို့ အလုပ်လုပ်ရင်း ကိုယ့်ကိုယ်ကို သတ်သေတဲ့၊ ဖျားနာပြီး သေတဲ့လူငယ်တွေ အများကြီး ကျမတွေ့ခဲ့ဖူးပြီ”ဟု ပြောသည်။
စာရေးသူ ရောက်ရှိပြီး နာရီပိုင်းအတွင်းတွင် မြန်မာဒုက္ခသည်များသည် မဲဆောက် လူမှုစနစ်တွင် မည်မျှအထိ အရေးပါသည်ကို စတင်သဘောပေါက်လာသည်။ စာရေးသူ တည်းမည့်ဟိုတယ်တွင် မှတ်ပုံတင်သောအခါ ဧည့်ကြိုကို စာရေးသူ၏ ထိုင်းစကားပြော ကျွမ်းကျင်မှုပြသပြီး သဘောကျသွားအောင် လုပ်ခဲ့သော်လည်း ထိုအမျိုးသမီးငယ်သည် မြန်မာမှဖြစ်နေသည်ကို တွေ့ရသည်။ ဟိုတယ် အဆောက်အအုံများအလယ် နေရောင်ရသည့် ကွင်းပြင်ကို မိုးနေသည့် ဟိုတယ်ကဖေးတွင် ကော်ဖီဘားမှ ဝန်ထမ်းက စာရေးသူကို မြန်မာဘာသာဖြင့် နှုတ်ဆက်ကြိုဆိုသည်။ အမှန်မှာ စာရေးသူ တည်းခိုသည့်ဟိုတယ်မှ ဝန်ထမ်းအများစုသည် မြန်မာမှ ဖြစ်သည်။
နှစ်ပတ်ကြာ အလည်အပတ် ခရီးအတွက် ထိုင်းဘာသာစကား ပြောတတ်ရန် အချိန် ငါးလကြာအောင်ပင် လေ့လာခဲ့သည့် စာရေးသူကို အံ့သြသည့် မြန်မာမိတ်ဆွေ အနည်းငယ် တွေ့ရသည်။ ရစ်ချတ်က “ငါ့ကို ထိုင်းစာသင်ပေးဖို့ ထိုင်းလူမျိုးတယောက်ကို တခါက ငှားခဲ့ဖူးတယ်။ အတော်ကြာတော့ သူက မြန်မာစကားကို ကောင်းကောင်း ပြောတတ်လာပြီ။ ငါက ဆာဝါဒီခပ် လောက်ကကို မတက်နိုင်ဘူး ဖြစ်နေတာ” ဟု ရှက်ရှက်နှင့် ဝန်ခံသည်။
ဒုက္ခသည် အများအပြားအတွက် ထိုင်းနိုင်ငံသည် ၎င်းတို့ရွေးချယ်သည့် ခရီးလမ်းဆုံးမဟုတ်ဘဲ ကိုယ်စီမံရာ မဖြစ်နိုင်သော အခြေအနေကြောင့် နေထိုင်ရသောနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုင်းနိုင်ငံကို အလားအလာရှိသော အခြေချနေထိုင်ရန် နေရာအဖြစ်ထက် ခရီးတထောက်နားသည့် နေရာအဖြစ် မြင်ကြသည်။
ဒုက္ခသည် အများအပြားအတွက် ထိုင်းနိုင်ငံသည် ၎င်းတို့ရွေးချယ်သည့် ခရီးလမ်းဆုံးမဟုတ်ဘဲ ကိုယ်စီမံရာ မဖြစ်နိုင်သော အခြေအနေကြောင့် နေထိုင်ရသောနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုင်းနိုင်ငံကို အလားအလာရှိသော အခြေချနေထိုင်ရန် နေရာအဖြစ်ထက် ခရီးတထောက်နားသည့် နေရာအဖြစ် မြင်ကြသည်။
မမေတ္တာက “အိမ်နီးချင်း နိုင်ငံတနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံက ကျမတို့ ဖြတ်သန်းခဲ့ရတာတွေ သိတယ်။ သူတို့ ကျမတို့ကို ဒီထက်မက ကူညီရင်ကောင်းမယ်လို့ ဆုတောင်းမိတယ်။ ဒါပေမယ့် ကျမတို့ ဒီကို ရောက်ကတည်းက အကျင့်ပျက်ခြစားတဲ့ အရာရှိတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။ အဲဒီအပြင် ထိုင်းစစ်တပ်ကိုလည်း ကျမ မယုံဘူး။ မြန်မာစစ်တပ်က ဖိအားပေးလိုက်တိုင်း သူတို့က ဝင်ရောက်စီးနင်းတာမျိုး အမြဲလုပ်တယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် လွတ်လပ်သော အာရှအသံ (RFA) က “ထိုင်းနိုင်ငံအနောက်ပိုင်း တာ့ခ်ခရိုင်မှ အာဏာပိုင်များသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို ထားသည့်နေရာဟု ယုံကြည့်ရသည့် အဆောက်အအုံများကို ဗုဒ္ဓဟူးနေ့က စီးနင်းရှာဖွေမှုအတွင်း မြန်မာနိုင်ငံသား ၁၀၈ ဦးအထိ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး စစ်လက်နက်ပစ္စည်းဟု ထိုင်းအာဏာပိုင်များပြောသည့် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်” ဆိုသည့် သတင်းကို ဖော်ပြခဲ့သည်။
မချစ်စုက “ကျမက ဘန်ကောက်စားသောက်ဆိုင်မှာ အလုပ်လုပ်ဖူးတော့ ထိုင်းစကားတတ်တယ်။ ဒါပေမယ့် ကျမ ရည်မှန်းချက်က ဒီမှာ အမြဲတမ်းနေဖို့ မဟုတ်ဘူး။ တခြားတနေရာရာမှာ ပြန်လည် အခြေချချင်တယ်။ ကျမ ခိုလှုံနေတဲ့ နိုင်ငံရဲ့ ဘာသာစကားကို သင်ယူသင့်တာ ကျမ သိတယ်။ ဒါပေမယ့် ဘာသာစကားအနေနဲ့ ပြောရရင် ကိုရီးယားဘာသာစကားကို ကျမ ပိုမိုနှစ်သက်တယ်” ဟု ပြောသည်။
နောက်တနေ့တွင် မချစ်စု၊ မြန်မာမိတ်ဆွေအချို့နှင့် တွေ့ဆုံရန် စာရေးသူသည် ရန်ကုန် လမ်းဘေးလက်ဖက်ရည်ဆိုင်တဆိုင်၏ သွင်ပြင်များဖြစ်သော အမိုးအောက်မှ သစ်သားစားပွဲနှင့် လေဟာပြင်နေရာ၊ စမူဆာ၊ ပလာတာနှင့် ဟင်း၊ မြန်မာထမင်းကြော်နှင့် ကြက်ဥကြော်၊ အကြော်စုံတို့ မီနျူးတွင် ဖော်ပြထားသော “မင်္ဂလာပါ” အမည်ရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်ခဲ့သည်။ မဲဆောက်မှ မြန်မာပြည်သူများအတွက် ထိုနေရာသည် အိမ်ပြန်ရောက်နေသည်ဟု ထင်ရစေမည့် နေရာကောင်းတခုဖြစ်သည်။ လက်ဖက်ရည်ဖိုး ပေးပြီး အတိတ်ကို အခမဲ့ပြန်လည်ရရှိခြင်း ဖြစ်သည်။
စာရေးသူက ဆိတ်သားကီးမား ပလာတာနှင့် မြန်မာလက်ဖက်ရည် ချို့ပေါ့ကျ မှာသည်။ ပတ်ဝန်းကျင်မှ အသံများကို အကဲဖြတ်ရပါက ဖောက်သည်အများစုသည် မြန်မာမှဖြစ်သည်။ ထိုနောက် မခွဲခွာမီ စာရေးသူတို့သည် မြန်မာအက္ခရာဇယားနှင့် အလှဆင်ထားသည့် နံရံကြီးတခုရှေ့တွင် ဆယ်လ်ဖီ ဓာတ်ပုံရိုက်ကြသည်။
“ဆိုင်ကယ်တက္ကစီ စီးဖူးလား” ဟု မချစ်စုက ကျနော့်ကို မေးသည်။
“မစီးဖူးဘူး။ နည်းနည်းတော့ ကြောက်တယ်။ အန္တရာယ်များမယ့်ပုံပဲ။ အထူးသဖြင့် ဘန်ကောက်လို အမောင်းကြမ်းတဲ့နေရာမှာ” ဟု စာရေးသူက ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ။ ကျမက ကျမဆိုင်ကယ်နဲ့ ကျမ လာတာ။ ဟိုတယ်ကို ပြန်ပို့ပေးမယ်” ဟု မချစ်စုက ပြောပြီး လက်ဖက်ရည်ဆိုင်ပြင်ပတွင် ရပ်ထားသည့် အဖြူ၊ အနီရောင်များ ချယ်ထားသော ကြီးမားသည့် ဆိုင်ကယ်ကြီးကို လက်ညှိုးထိုးပြသည်။
ဘန်ကောက်တမြို့လုံးမှ အဝါရောင်အင်္ကျီဝတ် ဆိုယ်ကယ်တက္ကစီသမားများကို စာရေးသူ မြင်ခဲ့ပြီး ဖြစ်သည်။ တက္ကစီကားများကဲ့သို့ မိမိတည်နေရာကို အပလီကေးရှင်းမှ ဖော်ပြပြီး လှမ်းခေါ်၍ရကြောင်း ထိုင်းမိတ်ဆွေတဦးက ပြောသည်။ တက္ကစီကားများအစား ဆိုင်ကယ်သမားများသည် သင့်ကို လာရောက်ခေါ်ဆောင်ပြီး သွားလိုရာ ပို့ပေးနိုင်ကြောင်း သူကပြောသည်။
မချစ်စုသည် အဝါရောင်ဝတ်စုံ မဝတ်ပေ။ သူသည် အမေရိကန် မိန်းကလေး ကာတွန်းဇာတ်ကောင် ဟာလေကွင်းက ဘေ့စ်ဘောတုတ် ကိုင်ထားသည့်ပုံပါသည့် အနီရောင် တီရှပ်ဝတ်ထားသည်။ မတန်တဆကြီးမားသည့် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားသော သေးငယ်သည့် မိန်းကလေးဖြစ်သည့် မချစ်စုသည် ပါဝါရိန်းဂျား အနီကောင်ပုံစံ ပေါက်နေသည်။
မချစ်စုသည် အဝါရောင်ဝတ်စုံ မဝတ်ပေ။ သူသည် အမေရိကန် မိန်းကလေး ကာတွန်းဇာတ်ကောင် ဟာလေကွင်းက ဘေ့စ်ဘောတုတ် ကိုင်ထားသည့်ပုံပါသည့် အနီရောင် တီရှပ်ဝတ်ထားသည်။ မတန်တဆကြီးမားသည့် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားသော သေးငယ်သည့် မိန်းကလေးဖြစ်သည့် မချစ်စုသည် ပါဝါရိန်းဂျား အနီကောင်ပုံစံ ပေါက်နေသည်။ မြို့တွင်းတွင် ဆိုင်ကယ်စီးရန် လစဉ်ကြေး သူပေးထားပြီးဖြစ်သည်ဟု ယုံကြည်ပြီး သူ့ဆိုင်ကယ်နောက်တွင် တက်ထိုင်လိုက်သည်။
ထိုညတွင် ရစ်ချတ်၊ သူ၏ ဇနီးတို့နှင့် ညစာစားရန် သွားသည်။ ၎င်းတို့က စာရေးသူကို ဝက်သားပုန်းရည်ကြီးဖြင့် ကျွေးမွေးဧည့်ခံသည်။ ထို့နောက် ၎င်းတို့ ခြံရှေ့ဝင်းရှိ ကမ်းခြေထိုင်ခုံများတွင်ထိုင်ရင်း ရေနွေးကြမ်း သောက်ကြစဉ် အနီးရှိ အိမ်များမှ ခရစ္စမတ်သီချင်းများ ကြားနေရသည်။
“တို့ ပတ်ပတ်လည်က အိမ်တွေအားလုံးက KNU တွေ” ဟု ရစ်ချတ်က ပြောသည်။ လေဆိပ်မှ မည်သူမှန်း မသိသည့် တက္ကစီသမားကို ငှားရန် သူ့လိပ်စာကို မည်သည့်အတွက်ကြောင့် စာရေးသူအား မပေးကြောင်း ယခုအခါ သဘောပေါက်သွားသည်။
ကရင်တိုင်းရင်းသား အများစုသည် ခရစ်ယာန်များဖြစ်ပြီး ကိုလိုနီခေတ် သာသနာပြုများ၏ အောင်မြင်မှု ဇာတ်လမ်းဖြစ်သည်။ ထိုညက ၎င်းတို့၏ သီချင်းများသည် ရက်ပိုင်းအတွင်း ကျရောက်တော့မည့် ခရစ္စမတ်ကို ကြိုဆိုခြင်း ဖြစ်သည်။ သို့သော် ထိုသို့သောသူများအကြားတွင် နေထိုင်သော ရစ်ချတ်၊ သူ၏ဇနီးနှင့် အတိုက်အခံ ခေါင်းဆောင်များအတွက် ထိုသီချင်းများ၏ အဓိပ္ပာယ်သည် ထိုမျှသာမကပေ။ ၎င်းတို့ကို အကာအကွယ်များ၊ မဟာမိတ်များက ဝန်းရံထားသည်ဟု အဓိပ္ပာယ်ရသည်။
နံရံတွင်ထောင်ထားသော ဂစ်တာကို စာရေးသူကြည့်နေသည်ကို ရစ်ချတ် သတိထားမိသည်။ “ဒါက မင်းအရင် နောက်ဆုံးတီးခဲ့တဲ့ ဂစ်တာမဟုတ်ဘူး။ အသစ်တလုံး” ဟု သူက ပြောသည်။
၂၀၁၇ ခုနှစ်က ရန်ကုန်သို့ပြန်စဉ် သူက စာရေးသူကို နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ လက်ရာများ ပြသထားသည့် သူ၏ ပန်းချီပြခန်းသို့ ဖိတ်ဖေါ်ခဲ့သည်။ ထိုစဉ်က စာရေးသူသည် NLD ခွပ်ဒေါင်း စတစ်ကာ တပ်ဆင်ထားသည် သူ၏ဂစ်တာကို ကောက်ယူတီးခတ်ခဲ့သည်။
“အဲဒီ ဂစ်တာက ဘာဖြစ်သွားတာလဲ” ဟု စာရေးသူ မေးလိုက်သည်။
“ငါထွက်လာတော့ ငါ့ပန်းချီပြခန်းကို သူတို့ ဝင်ရောက်စီးနင်းပြီး ဂစ်တာတောင် မချန်ဘဲ အရာရာကို ယူသွားတယ်” ဟု ပြောသည်။
“မင်းပေးထားတဲ့ လေရူးသုန်သုန် (Gone with the Wind) လည်း ငါထားခဲ့ရတယ်” ဟု သူက ပြောသည်။
ရစ်ချတ်သည် မာဂရက် မစ်ချယ်၏ အကောင်းဆုံးလက်ရာကို အကြောင်းတစုံတခုကြောင့် နှစ်ခြိုက်သည်။ သူသည် ထိုဝတ္တုထဲမှ အမျိုးသမီးဇာတ်ကောင် စကားလက် အိုဟာရာကို စာနာနားလည်နိုင်ကြောင်း ပြောသည်။ ပြည်တွင်းစစ်ဒဏ်ခံရသည့် အမေရိကကို သူပြောနေသည်လားဟု စာရေးသူ စဉ်းစားမိသည်။
“စကားလက်ရဲ့ စရိုက်က အမေရိကန် ပြည်တွင်းစစ်အတွင်းမှာ ပြောင်းလဲသွားတယ်” ဟု သူကပြောသည်။
မိမိတို့ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ခဲ့သည့် အစောပိုင်းနှစ်များက ရစ်ချတ်သည် ရေပန်းစားသည့် ကျောင်းသားဖြစ်သည်။ သူ့ကို အကြိုအပို့လုပ်သည့် ကားအကောင်းစားရှိသည်။ သူသည် နိုင်ငံခြားဖြစ် တီရှပ်များကို ဂျင်းဘောင်းဘီကျပ်ဖြင့် ဝတ်ဆင်ပြီး Nike ဖိနပ်စီးသည်။ ထိုပစ္စည်းများသည် ဆိုရှယ်လစ်ခေတ်အတွင်းက တန်ဖိုးကြီးသည့် အဆင့်မြင့် ကုန်ပစ္စည်းများ ဖြစ်သည်။ သူသည် အမာခံတက်ကြွလှုပ်ရှားသူနှင့် ဝရမ်းပြေး နိုင်ငံရေးသမားအဖြစ် အသွင်ပြောင်းသွားမည်ဟု ထင်သူ မရှိသလောက်ပင် ဖြစ်သည်။
မဲဆောက်တွင် စာရေးသူနေထိုင်သည့် နောက်ဆုံးနံနက်တွင် ရစ်ချတ်က စာရေးသူကို ဒုက္ခသည်တဦး ပိုင်ဆိုင်လုပ်ကိုင်နေသည် လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားသည်။ သူဆိုင်အတွင်း ဝင်သွားသောအခါ ဖောက်သည်အချို့က သူ့ကို မှတ်မိကြသည်။ သူက ဟိုဟိုသည်သည် လျှောက်သွားပြီး ၎င်းတို့ကို လက်ဆွဲနှုတ်ဆက်ကာ မိသားစုများ သာကြောင်းမာကြောင်း မေးမြန်းသည်။
စာရေးသူ၏ မျက်မှောက်တွင်ပင် ရစ်ချတ်သည် ၂၀၁၇ ခုနှစ်က တွေ့ခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ ယခုအခါ သူသည် သူ၏ မြို့နယ် NLD ရုံးမှ ကီလိုမီတာ ရာပေါင်းများစွာဝေးသည့် နေရာတွင် ရောက်နေသော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒရှင်များနှင့် ရင်နှီးကျွမ်းဝင်သော ပြည်သူ့နိုင်ငံရေးသမားတယောက် လုံးလုံးဖြစ်နေသည်။
စာရေးသူ၏ မျက်မှောက်တွင်ပင် ရစ်ချတ်သည် ၂၀၁၇ ခုနှစ်က တွေ့ခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ ယခုအခါ သူသည် သူ၏ မြို့နယ် NLD ရုံးမှ ကီလိုမီတာ ရာပေါင်းများစွာဝေးသည့် နေရာတွင် ရောက်နေသော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒရှင်များနှင့် ရင်နှီးကျွမ်းဝင်သော ပြည်သူ့နိုင်ငံရေးသမားတယောက် လုံးလုံးဖြစ်နေသည်။
ရစ်ချတ်နှင့် ဘန်ဆင်တို့က စာရေးသူကို မဲဆောက်လေဆိပ်သို့ ပို့ဆောင်ချထားပေးသောအခါ စားပွဲရှည်တခုရှေ့တွင် ထိုင်နေသည့် ထိုင်းရဲ သုံးဦးနှင့် မျက်နှာချင်းဆိုင်တွေ့ရသည်။ ထိုအဖွဲ့သည် ကြိုတင်စီစဉ်ထားသကဲ့သို့ပင် လက်ဝဲဘက်မှ ရဲအရာရှိသည် နှစ်လိုဖွယ်ပုံစံ၊ အလယ်မှ အရာရှိသည် ဂရုမစိုက်သည့်ပုံစံဖြစ်ပြီး ညာဘက်မှ တယောက်မှာ စိတ်ဆိုးနေသည် ပုံစံဖြစ်သည်။ စာရေးသူ၏ တရုတ်ပုံစံပေါက်နေသည်ကို ကြည့်ပြီး နှစ်လိုဖွယ်အရာရှိက “နိဟောင်” ဟု နှုတ်ဆက်သည်။
မဲဆောက်တွင် နေထိုင်စဉ်အတွင်း စာရေးသူတွေ့သည့်သူ အားလုံးနီးပါးသည် မြန်မာဒုက္ခသည်များသာ ဖြစ်သောကြောင့် ထိုင်းစကား ပြောခဲလှသည်။ စာရေးသူနှင့်တွေ့သည့် ထိုင်းများသည်ပင် မြန်မာစကားကို တတ်သလောက် ပြောကြသဖြင့် စာရေးသူမှာ ထိုင်းစကားလေ့ကျင့်ရန် အခွင့်အလမ်း မရပေ။ ယခုတကြိမ်သည် စာရေးသူအတွက် နောက်ဆုံးအခွင့်အလမ်း ဖြစ်သည်။
“တောင်းပန်ပါတယ်။ ကျနော် ထိုင်းစကား ကောင်းကောင်း မပြောတတ်ဘူး။ ကျနော်က အမေရိကန်ကပါ။ ဒါ ကျနော့် နိုင်ငံကူးလက်မှတ်ပါ” ဟု စာရေးသူက နားလည်လောက်သော ထိုင်းစကားဖြင့် ပြောလိုက်သည်။
နှစ်လိုဖွယ်အရာရှိက စာရေးသူ၏ ထိုင်းစကားကို ချီးကျူးသည်။ သူသည် စာရေးသူ၏ နိုင်ငံကူးလက်မှတ်ကို မကြည့်သလောက်ပင်ဖြစ်ပြီး အလယ်မှ အရာရှိသို့ ပေးလိုက်သည်။ ဂရုမစိုက်သောအရာရှိက စာရေးသူ၏ နိုင်ငံကူးလက်မှတ်ကို ကြည့်ပြီး စာရွက်အနည်းငယ် လှန်လှောကြည့်ကာ ဒေါသအရာရှိထံ ပေးလိုက်သည်။ ထိုနောက်ဆုံးအရာရှိသည် စာရေးသူ၏ နိုင်ငံကူးလက်မှတ်မှ ရောက်ရှိရက်စွဲ တံဆိပ်တုံးကို ရှည်ကြာစွာ အပြင်းအထန်ကြည့်သည်။ ထို့နောက် သူသည် စမတ်ဖုန်းကို ထုတ်ယူပြီး နိုင်ငံကူးလက်မှတ်စာမျက်နှာကို ဓာတ်ပုံရိုက်ယူသည်။ နိုင်ငံကူးလက်မှတ်ကို စာရေးသူထံပြန်ပေးပြီး လက်ဝှေ့ယမ်း နှုတ်ဆက်သည်။ စာရေးသူသည် လက်ခံနိုင်သော စာရွက်စာတမ်း မရှိသည့် ဒုက္ခသည်တဦးသာဖြစ်နေပါက မည်သို့သော အခြေအနေနှင့် ရင်ဆိုင်ရမည်ကို စဉ်းစားမိစေသည်။
မြန်မာဂျန်ဇီများ မကြာခဏ ပြောသကဲ့သို့ပင် “ငါတို့မှာ ငါတို့ပဲရှိတယ်” ဟုသာ ဆိုရမည်ဖြစ်သည်။ ထိုဆောင်ပုဒ်သည် စာရေးသူအမြင်တွင် အားကိုးရာမဲ့ခြင်းနှင့် ကိုယ့်အားကိုယ်ကိုးခြင်းနှစ်ခုလုံးကို ဖော်ပြသည့် ဆောင်ပုဒ်ဖြစ်သည်။
ဘန်ကောက်သို့ပြန်ရန် Nok Air လေယာဉ်ခရီးစဉ်ကို စောင့်နေစဉ် မမေတ္တာက သူ၏ Facebook စာမျက်နှာတွင် ဓာတ်ပုံအချို့ တင်သည်ကို သတိထားမိသည်။ သူနှင့် ဒုက္ခသည်အဖွဲ့တခုသည် ညဘက်တွင် ၎င်းတို့ ကောက်ခံထားသည့် လှူဒါန်းထားသော အရုပ်များကို ဒုက္ခသည် ကလေးများသို့ ပေးဝေရန် အနီးနားရှိ ဘုရားကျောင်းတခုသို့ ညအိပ်ခရီးသွားနေသည်။ မြန်မာဂျန်ဇီများ မကြာခဏ ပြောသကဲ့သို့ပင် “ငါတို့မှာ ငါတို့ပဲရှိတယ်” ဟုသာ ဆိုရမည်ဖြစ်သည်။ ထိုဆောင်ပုဒ်သည် စာရေးသူအမြင်တွင် အားကိုးရာမဲ့ခြင်းနှင့် ကိုယ့်အားကိုယ်ကိုးခြင်းနှစ်ခုလုံးကို ဖော်ပြသည့် ဆောင်ပုဒ်ဖြစ်သည်။
သောင်ရင်းမြစ်သို့ စာရေးသူ သွားသည့်နေ့တွင် အကွက်များဖြင့် ပုံဖေါ်ထားသည့် ရှပ်အင်္ကျီဝတ် ဆယ်ကျော်သက်ရွယ် မိန်းကလေးငယ်တဦးက အခြားတဖက်ကမ်းသို့ လှမ်းအော်နေသည်။
“ဟေး၊ အဒေါ် အိမ်ပြန်ရောက်ပြီလား။ နင့်အတွက် လက်ဆောင်ပေးလိုက်တာ ရလား” ဟု လှမ်းမေးသည်။ မြန်မာဘက်မှ ကျယ်လောင်ရှင်းလင်းသော အဖြေပြန်လာသည်။ “ပြန်ရောက်ပြီ။ မုန့်တွေနဲ့ ဆေးတွေအတွက် ကျေးဇူးတင်တယ် အမ” ဟု မြန်မာဘက်က ပြန်ဖြေသည်။
ထိုသို့ အပြန်အလှန် စကားပြောနေသည်မှာ ၁၀ မိနစ်မကကြာပြီး အသိတဦး၏ မင်္ဂလာဆောင်မှသည် ငါးခြောက်ဈေးအထိ အကြောင်းအရာ မျိုးစုံပါသည်။ စာရေးသူ ရန်ကုန်တွင် ကလေးငယ်အဖြစ် ကြီးပြင်းရချိန်က ဘေးအိမ်မှ အိမ်နီးချင်းနှင့် စာရေးသူတို့သည် နို့ဆီဗူးခွံ နှစ်ခုကို အပေါက်ဖောက်ပြီး အပ်ချည်ကြိုးဖြင့် ဆက်သွယ်ကာ ဝရန်တာမှ စကားပြောခဲ့ဖူးသည်။
သို့သော် ယခု မိန်းကလေးငယ် နှစ်ဦး၏ အပြန်အလှန်စကားပြောခြင်းသည် နိုင်ငံ နှစ်နိုင်ငံအကြား စကားပြောနေခြင်း ဖြစ်သည်။ သဘောတရားအရဆိုပါက မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်ဖြင့် မဟုတ်ဘဲ လေသက်သက်ဖြင့် နိုင်ငံတကာခေါ်ဆိုမှု ဖြစ်သည်။ မိုက်မဲသော လူသားများ၏ နိုင်ငံရေး နယ်နိမိတ်များကို ဂရုမစိုက်ဘဲ မြစ်ကိုဖြတ်ကျော်ကာ မျှော်လင့်ချက်များ၊ အိပ်မက်များကို သယ်ဆောင်ပေးသော လေဖြင့် ဆက်သွယ်ကြခြင်းဖြစ်သည်။
(မှတ်ချက် – လူအချို့၏အမည်များနှင့် ၎င်းတို့ကိုယ်ရေးအချက် အသေးစိတ်များကို လုံခြုံရေးအတွက် ကာကွယ်ပေးထားပါသည်။)
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Kenneth Wong ၏ On the Border of Freedom and Exile: Spending Time with Myanmar Refugees in Mae Sot ကို ဘာသာပြန်သည်။ ကက်နက်ဝေါင်းသည် မြန်မာ-အမေရိကန် စာရေးဆရာ၊ ဘာသာပြန်ဆရာနှင့် ဘာသာစကားသင်ဆရာ ဖြစ်သည်။ ရန်ကုန်တွင် မွေးဖွားလူလားမြောက်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုတွင် လက်ရှိနေထိုင်နေကာ ကယ်လီဖိုးနီးယား တက္ကသိုလ်-ဘာကလေတွင် မြန်မာဘာသာစကား သင်ကြားပေးသည်။ သူ၏ ရသစာတမ်းများ၊ ဝတ္တုတိုများ၊ ဆောင်းပါးများနှင့် ကဗျာဘာသာပြန်များကို San Francisco Chronicle, AGNI, Grain, The Irrawaddy, Myanmar Times, Two Lines Press နှင့် The Journal of Burma Studies အပါအဝင် အခြားစာစောင်အများအပြားတွင် ဖော်ပြခဲ့သည်။)
You may also like these stories:
မျှော်လင့်ချက်တွေကို တည်ဆောက်နေကြတဲ့ မဲဆောက်က မြန်မာဒုက္ခသည်တွေ
မြဝတီ-မဲဆောက်လမ်းမှ MoU လုပ်သားစေလွှတ်မှု ရပ်ဆိုင်း
မဲဆောက်တွင် လုံခြုံရေး တင်းကျပ်၊ ဖမ်းဆီးမှု ဆက်တိုက်လုပ်နေ
မဲဆောက်တွင် ၁၀နှစ်ခံကတ် လုပ်ပေးဆိုကာ ငွေလိမ်သည့်အဖွဲ့ ဖမ်းဆီးခံရ