သတင်း

ALP ခေါင်းဆောင် ခိုင်မျိုးထွန်း စစ်တွေထောင်မှ လွတ်မြောက်လာ

Want create site? Find Free WordPress Themes and plugins.

တပ်မတော် ဂုဏ်သိက္ခာ ညိုးနွမ်းကျဆင်းစေသည်ဆိုသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခံရသည့် ရခိုင်ပြည် လွတ် မြောက်ရေး ပါတီ(ALP)မှ စည်းရုံးရေးနှင့် ပြန်ကြားရေး ဒု တာဝန်ခံ ခိုင်မျိုးထွန်း သည် ယနေ့နံနက် စစ်တွေအကျဉ်းထောင် မှ လွတ်မြောက်လာသည်။

ခိုင်မျိုးထွန်းကို စစ်တွေမြို့နယ်တရားရုံးမှ ၂၀၁၇ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က တပ်မတော် ဂုဏ်သိက္ခာ ညိုးနွမ်း ကျဆင်းစေသည်ဆိုသော စွဲဆိုမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( ခ ) ၊ ၅၀၅ ( ဂ ) တို့အတွက် ပုဒ်မ တခုလျှင် ထောင်ဒဏ် ၁ နှစ်နှင့် ၆ လ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်အား တပေါင်းတည်း ချခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ထောင်ကလွတ်လာပါတယ်၊ အကျဉ်းထောင် စည်းမျဉ်းဥပဒေနဲ့ အညီ မပေးဘူးဆိုပြီးတော့ လျော့ရက် တရက်မှတော့ မရခဲ့ဘူး။ အရင်လုပ်ခဲ့တဲ့ အလုပ်တွေကလည်း ကျနော့်ကို ရာထူးက ထုတ် ပယ်ထားတာ၊ ဆိုင်းငံ့ထားတာ မရှိတဲ့ အတွက် အဲဒီအလုပ်တွေကိုပဲ ဆက်ပြီးတော့ လုပ်သွားမယ်” ဟု ခိုင်မျိုးထွန်းက ဧရာဝတီသို့ ပြောသည်။

ခိုင်မျိုးထွန်းသည် ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ (ALP) ၏ စည်းရုံးရေးနှင့် ပြန်ကြာရေးဌာန ဒု တာဝန်ခံတဦးဖြစ်သလို ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ကွန်ရက်တွင်လည်း ပြောရေးဆိုခွင့် ရှိသူ တဦးဖြစ်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်း ဖြစ်ပွားသော လယ်သမားအရေး အမှုအတွက် ပုဏ္ဏားကျွန်းမြို့နယ် တရားရုံး ထောင်ဒဏ် ၁ လ ချမှတ်လိုက် သည့်အတွက် စုစုပေါင်း ထောင်ဒဏ် ၁ နှစ်နှင့် ၇ လ ကျခံခံရသည်ဟု သိရသည်။

၂၀၁၆ ခု ဧပြီလ ၁၆ ရက်နေ့က ရက္ခိုင့်တပ်မတော် (AA)နှင့် တပ်မတော်အကြား ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြန်ကြား ရေးဌာနက ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ရာ ရခိုင်ဒေသခံများကို တပ်မတော်မှ ပေါ်တာဆွဲခြင်း၊ ညဉ်းပန်းနှိပ်စက်ခြင်း၊ ကျေးရွာသားများ မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စား သောက်သည်ဟု ထည့်သွင်းရေးသားခဲ့သည်။

ထို့အတွက် စစ်ဌာနချုပ်(စစ်တွေ)မှ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင့်နိုင်ထွန်းက တရားလိုလုပ်၍ ပြည်သူ လူထုက တပ်မတော်အပေါ် ထင်ယောင်ထင်မှား ဖြစ်စေခြင်း ၊ တပ်မတော်၏ ဂုဏ်သိက္ခာ ညိုးနွမ်းကျ ဆင်းစေခြင်း၊ မမှန် မကန် သတင်းအချက်အလက်များကို အသုံးပြု၍ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်အောင် ကြံရွယ် လုပ်ဆောင်သည် ဟုဆိုကာ ALP စည်း/ပြန် ဒုတာဝန်ခံ ခိုင်မျိုးထွန်းအား ဥပဒေအရ အရေးယူပေးပါရန် ဒေသကွပ်ကဲမှု စစ်တွေမြို့နယ် တရားရုံးသို့ ဦးတိုက်လျှေက်ထား တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်- တပ်မတော်က တရားစွဲဆိုထားသည့် ALP ပါတီဝင်ကို ထောင်ဒဏ် ၁ နှစ် ၆ လချမှတ်

Did you find apk for android? You can find new Free Android Games and apps.
Loading